#World_Health
Published 8 August 2022
သွေးပေါင်ချိန်တိုင်းတာတဲ့အခါ လက်မောင်းတစ်ဖက်တည်းကို တိုင်းတာတာထက် နှစ်ဖက်စလုံးကိုတိုင်းတာသင့်ကြောင်း သိပ္ပံပညာရှင်များက အကြံပြုလိုက်ပါတယ်။
လက်ရှိလူအများစုတိုင်းတာနေတဲ့အတိုင်း လက်တစ်ဖက်တည်းကိုသာ တိုင်းတာပါက သွေးတိုးရောဂါရှိမှန်းမသိလိုက်ရတဲ့ လူတွေအများကြီးရှိနေနိုင်တယ်လို့ ဆိုပါတယ်။
သွေးတိုးရောဂါရှိတဲ့အခါ နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတို့ဖြစ်နိုင်ပြီး ဒါဟာ ကမ္ဘာပေါ်မှာ သေဆုံးရတဲ့အကြောင်းအရင်းတွေထဲက အများဆုံး ၂ မျိုးဖြစ်ပါတယ်။
"သွေးတိုးရောဂါက တစ်ကမ္ဘာလုံးမှာကြုံနေရတဲ့ပြဿနာဖြစ်ပြီး သေချာမထိန်းသိမ်းနိုင်ပါက အသက်အန္တရာယ်ရှိပါတယ်" လို့ အိတ်စ်တာတက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ခရစ္စတိုဖာ ကလာ့ခ်'က ဖော်ပြခဲ့ပါတယ်။
"မည်သည့်လက်မောင်းက အတိကျဆုံးလဲဆိုတာကို မသိနိုင်တာကြောင့် နှစ်ဖက်စလုံးကို တိုင်းတာတာက အကောင်းဆုံးပါ၊ သွေးတိုးလက္ခဏာရှိတယ်လို့ မှန်မှန်ကန်ကန်သိတဲ့အခါ သင့်တော်တဲ့ကုသမှုတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
လူပေါင်း ၅၃,၁၇၂ ရဲ့အချက်အလက်တွေကို လေ့လာခဲ့ကြပြီး Hypertension ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
သွေးပေါင်ချိန်ဖိအားဆိုတာက သွေးလွှတ်ကြောတွေကို သွေးတွေက ဘယ်လောက်အထိဖိအားပေးလဲဆိုတာကို တိုင်းတာတာဖြစ်ပြီး မီလီမီတာမာကျူရီနဲ့ ဖော်ပြပါတယ်။
အပေါ်သွေးက နှလုံးကနေ တစ်ကိုယ်လုံးဆီသို သွေးညှစ်ထုတ်လိုက်တဲ့ နှလုံးရဲ့တွန်းအားကိုဖော်ပြပြီး အောက်သွေးကတော့ နှလုံးခုန်နှုန်း တစ်ချက်နဲ့တစ်ချက်ကြား နှလုံးရပ်နားသွားတဲ့အချိန်မှာ သက်ရောက်နေတဲ့ ဖိအားကို ဆိုလိုပါတယ်။
သွေးပေါင်ချိန်တစ်မျိုးမျိုးက မြင့်တက်လာတယ်ဆိုရင် သွေးကြောတွေနဲ့ အဓိကအင်္ဂါတွေ တင်းကျပ်လာစေပါတယ်။
ဆရာဝန်တွေကတော့ အပေါ်သွေးများခြင်းကို အဓိကထားဂရုစိုက်လေ့ရှိပါတယ်။
လက်မောင်းတစ်ဖက်နဲ့တစ်ဖက်ကြား အပေါ်သွေးကွာခြားချက် ပျမ်းမျှအားဖြင့် ၆.၆ မီလီမီတာမာကျူရီရှိကြောင်း ဒေါက်တာ'ကလာ့ခ်'နဲ့အဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
လက်မောင်းနှစ်ဖက်စလုံးက သွေးပေါင်ချိန်ကိုတိုင်းတာပြီးတဲ့အခါ အပေါ်သွေး ၁၄၀ မီလီမီတာမာကျူရီထက် ပိုများတဲ့သူ ၆,၅၀၀ နီးပါးကို သွေးတိုးရှိကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။
နိုင်ငံတကာမှ လမ်းညွှန်ချက်တွေမှာလည်း လက်မောင်းနှစ်ဖက်စလုံးကို တိုင်းတာသင့်ကြောင်း အကြံပြုထားပေမယ့် ဆေးရုံဆေးခန်းတွေမှာ လူနာများပြီး အချိန်သိပ်မရတာကြောင့် တစ်ဖက်တည်းကိုသာ တိုင်းတာလေ့ရှိပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published _8_August2022
မြန်မာလုပ်သားတစ်ဦး ထိုင်းနိုင်ငံ၊ စွန်ခလာခရိုင်၊ ဟတ်ရိုင်မြို့ အထည်ချုပ်သင်တန်းကျောင်းဝန်းအတွင်း ပစ္စည်းခိုးမှုဖြင့် အဖမ်းဆီးခံထားရကြောင် ထိုင်းဒေသတွင်းသတင်များကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၆ရက် ည ၁၀နာရီခန့်က ပစ္စည်းခိုးရန်
ဝင်လာစဉ်ပိုင်ရှင် ထိုင်းအမျိုးသမီးနှင့်အစ်မဖြစ်သူက မြင်တွေ့၍ ဝိုင်းဖမ်းကြရာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းလည်း သိရသည်။
သို့သော်ထွက်ပြေးသွားသည့်သူခိုး၏ ဖိနပ်နှင့်မီးခြစ်တစ်ခု ကျန်ခဲ့ခြင်း၊ စီစီတီဗီကင်မရာမှ တစ်ဆင့် မှတ်တမ်းရယူထားနိုင်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့က ရှာဖွေခဲ့ရာ ဒေသခံများ သတင်းပေးမှုကြောင့် သူခိုးဟုယူဆရသော မြန်မာနိုင်ငံသားအမျိုးသားတစ်ဦးကို ဟတ်ရိုင်မြို့အနီး ရွာတစ်ရွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူက သူ့အနေဖြင့် ထိုင်းနိုင်ငံ၊ ပတ္တာနီခရိုင်တွင်ဆောက်လုပ်ရေးအလုပ် ၆နှစ်ခန့် လုပ်ခဲ့ဖူးကြောင်း၊ လက်ရှိအလုပ်လက်မဲ့ဖြစ်နေသည့်အပြင် နေစရာမရှိလည်းမရှိသောကြောင့် ခိုးရခြင်းဖြစ်သည်ဟု ဝန်ခံထွက်ဆို ထားကြောင်းလည်းသိရသည်။
လက်ရှိတွင် အဆိုပါ မြန်မာနိုင်ငံသားအား ညအချိန်မတော် သူတစ်ပါးပိုင်အိမ်ထဲသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု၊ သူတစ်ပါးအပေါ်
ခွန်အား အသုံးပြု၍ ဒဏ်ရာရစေအောင်လုပ်မှု၊ နိုင်ငံတွင်းတရားမဝင်နေထိုင်မှုများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_8 August 2022
ရှမ်းပြည်နယ်၊ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်တွင်ယနေ့ ဩဂုတ်လ ၈ ရက်နံနက် ၃ နာရီခန့်အချိန်က ချောင်းရေမြင့်တက်၍ အိမ်ခြေ(၅၀)ခန့်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
နမ့်ကုန်ချောင်းရေမြင့်တက်မှုကြောင့် မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ နေအိမ်များကို ရေဝင်ခဲ့ရာ မန်တုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရကြောင်းသိရသည်။
အဆိုပါရေဘေးသင့်သူများအား လက်ရှိတွင်ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးထားကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#LocalNews
Published 7_August 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ နှလုံးရောဂါဖြင့် သြဂုတ်လ ၇ ရက်နံနက်က ကူမင်းလေဆိပ်၌ ရုတ်တရက်လဲကျကွယ်လွန်သွားကြောင်း သိရသည်။
သံအမတ်ကြီး ဦးမျိုးသန့်ဖေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် မြန်မာသံအမတ်အဖြစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်က ပေကျင်းမြို့၌ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Published 7 August 2022
နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်ရဲ့ တူးမြောင်းတွေမှာ ကျင်းပတဲ့ တူးမြောင်းစီတန်းလှည့်လှည်ပွဲကို ဩဂုတ် ၆ ရက်နေ့က ကျင်းပပါတယ်။
ဒီပွဲဟာ လိင်တူ LGBTQ Pride တွေဆင်နွှဲကြတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး ကိုဗစ်ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ (၂)နှစ်က မကျင်းပဖြစ်ခဲ့ဘဲ ယခုနှစ်မှပြန်လည်ကျင်းပဖြစ်ခဲ့တာပါ
ပွဲတော်လာပရိဿတ်ထောင်ပေါင်းမျာစွာဟာ တူးမြောင်းတလျောက် တန်းစီပြီး တူးမြောင်းလှည့်လှည်ပွဲတော်တော်ကို အားပေးခဲ့ကြပါတယ်။
တူးမြောင်းထဲမှာ အလှဆင်ယင်ထားတဲ့ သင်္ဘောအစီး (၈၀)ပါတဲ့ သင်္ဘောအုပ်စုကြီးတွေ လှည့်လည်နေပြီး သင်္ဘောတွေပေါ်မှာ မိုးပျံဗူဗောင်းတွေ၊သက်တန့်ရောင်စုံအလံတွေ၊ထီးတွေနှင့် လူတွေဟာ ကခုန်သီချင်းသီဆိုနေကြပါတယ်။
အဲဒီ အလှပြသင်္ဘောတွေမှာ လူ့အခွင့်အရေးအုပ်စုတွေ၊အရက်ဘားဆိုင်တွေ၊အဝတ်အထည်အမှတ်တံဆိပ်တွေနှင့် ဒတ်ချ် စစ်တပ်တွေကိုပင် ကိုယ်စားပြုလှည့်လည်ဆင်နွှဲနေကြပါတယ်။
Source : AFP
#LocalNews
Published _7August 2022
လေဖိအားနည်းပိုမိုအားကောင်းလာကာ ရန်ကုန် ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ် ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အင်ဒရာပရာ ဒေ့ရှ်မြောက်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)မှာ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိ၍အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုမိုးဇလပ ခန့်မှန်းထားခြင်းဖြစ်သည်။
နောက်(၂)ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဟု လည်း ယင်းခန့်မှန်းချက်အရသိရသည်။
ymg/mt
#Yangon _Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 7 August 2022
အမျိုးသမီးတစ်ဦးဟာ မောင်းနှင်နေတဲ့ အက်စ်ယူဗွီကားတစ်စီးရဲ့ ပြတင်းပေါက်အပြင်ထွက်ပြီး ဝမ်းဗိုက်လှုပ်အက ကရင်း လိုက်ပါလာရာကနေ မတော်တဆ ပြတင်းပေါက်က ထွက်ကျခဲ့ပေမယ့် ထူးဆန်းတဲ့ကံကြမ္မာကြောင့် အသက်အန္တရာယ်က လွတ်မြောက်ခဲ့ပါတယ်။
ပထမဆုံး အဲဒီအမည်မသိ အမျိုးသမီးဟာ မစ်ဆူဘီရှီ ပါဂျရိုးကားပြတင်းပေါက်ပေါ်ကို ထိုင်ချလိုက်တာတွေ့ရပါတယ်။
အဲဒီနောက် သူမဟာ ကိုယ်ကိုအပြင်ထုတ်ပြီး ဗိုက်လှုပ်အက ကပြီးလိုက်ပါလာတာပါ။
အဲဒီနောက် ဟန်ချက်လွတ်ပြီး ကားပြတင်ကနေ လမ်းပေါ်ကို ခေါင်းနှင့် ကျသွားပါတယ်။
သူမရဲ့ခေါင်းနှင့်လမ်းရိုက်မိပေမယ့် ကြီးကြီးကျယ်ကျယ်ထိခိုက်သွားပုံမပေါ်ပါဘူး။
သူမဟာ ကပျာကယာပြန်ထလိုက်ပြီး ပါဂျရိုးဆီအပြေးသွားပါတော့ယ်။ ကားမောင်းသူကလည်း သူမကိုကားရပ်ပေးလိုက်ပါတယ်။
ရုရှားနိုင်ငံတောင်ပိုင်းက မူစလင်တွေအများစုနေတဲ့ ဒါဂက်စတန်ပြည်နယ်ရဲ့ မြို့တော် မာခါချက်ကလာမှာ ဖြစ်ခဲ့တာပါ။
ယဉ်မောင်းဟာ အသက် ၂၄နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရှာရက်ကာဗာနော့ဗ်ဖြစ်ပြီး နောက်နောင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာပါမယ့်အကြောင်း အာဏာပိုင်တွေက သူ့ကို ဝန်ချတောင်းပန်ခိုင်းခဲ့ပါတယ်။
Source: DailyMail
Video ကြည့်ရန်...
#Local_News
Published_6 August 2022
ခရစ်နှစ် ၁၈၆၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ ကွေ့ချောင်းခံတပ်ကြီးကို လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွားတွေ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ လမ်းတွေကို ပြုပြင်ဖို့ စီစဉ်နေပါပြီ။
#Yangon_Media_Group
Published 7 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ အမြောက်တပ်ဖွဲ့တစ်ခုသည် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဝင် စွမ်းရည်များကို အကဲဖြတ်ရန် မကြာသေးမီက ခဲယမ်း အစစ် များဖြင့် ပစ်ခတ်လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါတယ်။
လေ့ကျင့်ရေးကွင်းတစ်ခုက ပြုလုပ်ခဲ့တဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ အမြောက်တပ်တစ်ခုက ပစ်ခတ်မှု အမြောက်အမြား ဆောင်ရွက်ခဲ့ပြီး ဒုံးကျည်တွေဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
တရုတ် အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းအနီး ရေပြင်နှင့်ဝေဟင်တွေမှာ တနင်္ဂနွေနေ့က တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။
Source CCTV+
#China_artillery_drill
#China_missiles_exercise
#China_Taiwan
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 7 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က သင်္ချာသန်းနိုင်နှင့်အတူ
-"ကျူရှင်ဆရာတစ်ယောက်ဖြစ်ဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက ခါးသီးခဲ့ပေမယ့် ဝါသနာပါတဲ့အလုပ်လုပ်ခွင့်ရလို့ ကျေနပ်မိကြောင်း
-ကျူရှင်ဆရာတစ်ယောက်အဖြစ် အောင်မြင်ဖို့ မေတ္တာစေတနာအပြင် သင်ကြားမှုအတက်ပညာပါလိုအပ်ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 1673 of 1992