#Local_News
Published _6 August 2022
မှတ်ပုံတင်အတုဖြင့် ရန်ကုန်သို့ လေယာဉ်ဖြင့် သွားမည့်သူများအားဖမ်းမိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
ဖမ်းဆီးခံရသူများမှာ နူရ်မိုဟာမောက်(၂၉ နှစ်)၊ မဖဲလ်ဘာနူ (၂၀ နှစ်)နှင့် မရွှေနု (၂၁ နှစ်)ဆိုသူတို့ဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင်စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လိုက်ပါရန် ပြင်ဆင်နေစဉ် စစ်တွေလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့ကိုင်ဆောင်ထားသည့် (ပြု)နိုင်ငံသားစိစစ်ရေးကတ်များတွင် မြေပုံမြို့နယ် တောင်ပေါ်ရပ်ကွက်ဟု ဖော်ပြထားသည်ကို မသင်္ကာဖြစ်သည့်အတွက် သက်ဆိုင်ရာ မြို့နယ်လဝကရုံးနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကွဲလွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးခဲ့ရာ နူရ်မိုဟာမောက်၏ အမည်ရင်းမှာ မာမွတ်တာဟဲရ်၊ ရွှေနု၏ အမည်ရင်းမှာ ဖာတေမာနှင့် မဖဲလ်ဘာနူ၏ အမည်ရင်းမှာ မူစတော်ကာမာတိုဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အူခီးယားမြိုနှင့် တက္ကနာပ်ဖ်မြိုရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသူများသာ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းတို့ ၃ ဦးအနက် မာမွတ်တာဟဲရ်သည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ဖြစ်ပြီး အမျိုးသမီး ၂ ဦးမှာ မလေးရှားနိုင်ငံ၌ အိမ်ထောင်ပြုရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်တောင်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်းသို့ ဇူလိုင်လ ၁၅ ရက်က စက်လှေဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊
စစ်တွေမြို့သို့ ရောက်ရှိချိန်တွင် မှတ်ပုံတင်အတုရရှိခဲ့ပြီး လမ်းခရီးကုန်ကျစရိတ် အားလုံးကို မလေးရှားနိုင်ငံ၌နေထိုင်သည့် မာမွတ်တာဟဲရ်၏ အစ်ကို အာစ်တာရ်ကာမန်နှင့် အမျိုးသမီး ၂ ဦး၏ ခင်ပွန်းလောင်းများက ငွေထုတ်ပေးကာ ချိတ်ဆက်ခေါ်ယူခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ယင်းတို့ ၃ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_6 August 2022
တေးသံရှင် အိမ့်ချစ် ၏ သမီးဦးလေးကို ယနေ့ နံနက်၇နာရီ ၁၃မနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်ရှိ အာယုဆေးရုံကြီး၌ မွေးဖွားခဲ့ပြီ ဖြစ်သည်။
သမီးလေး၏အမည်ကို"အမရာ"ဟုအမည်ပေးထားပြီး မွေးဖွားချိန်တွင် ၆ ပေါင် ၁၂ အောင်စရှိကြောင်း သိရသည်။
လက်ရှိတွင် မိခင်ရောကလေးပါကျန်းမာကြကြောင်း ယင်း၏ မိသားစုဝင်များက ဆိုသည်။

ymg/mt
#Yangon_Media_Group
#Local_News
Published_6 Aungust 2022
မလေးရှားနိုင်ငံတွင် တံတားပေါ်မှပြုတ်ကျခဲ့သည့် သားအဖလေးယောက်ဖြစ်စဉ်မှ ဒဏ်ရာရ ၃ နှစ်သားကလေးငယ်အသက်ရှူပုံမှန် ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း မလေးရှား မြန်မာလူမှုကူညီရေးအသင်း ကသိရသည်။
"ကလေး Shadrah Vabeichopha ရဲ့ နောက်ဆက်တွဲအခြေအနေကတော့ မနေ့က သြဂုတ်လ ၅ ရက်နေ့မှာ အသက်ရှူပုံမှန် ပြန်ဖြစ်နေပြီ၊ Oxygen ကိုလည်း ဖြုတ်ထားပြီးပြီ။ ကွဲပြီးတော့ ကြေသွားတဲ့ ခြေရိုးကိုလည်း ဆက်လက်ပြီး ခွဲစိတ်ကုသနေပါတယ်။ သူ့မိခင်နဲ့လည်းတွေဆုံခွင့်ပေးထားပါတယ်"ဟု အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။
ဒဏ်ရာရ ကလေးငယ်မှာ Shadrah Vabiechopha အမည်ရှိ ၃ နှစ်အရွယ် ယောင်္ကျားလေးဖြစ်ပြီး လက်ရှိတွင် ဆလာယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နံနက်၅နာရီခွဲခန့်အချိန်က မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသား အသက် ၃၈ နှစ်အရွယ်ရှိဖခင်ဖြစ်သူ Cholei က အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose နှင့် ၃ နှစ်အရွယ် သား Shadrah Vabiechopha တို့ကို မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှ အရင်ဆုံးပစ်ချကာ သူ့ကိုယ်သူလည်း ခုန်ချမှု ဖြစ်ပွားခဲ့သည်။
ယင်းကြောင့် ဖခင်ဖြစ်သူ Cholei နှင့် အသက် ၈ နှစ်အရွယ် သမီး Vadetisoh ၊ အသက် ၆ နှစ်အရွယ် သား Vabiechose တို နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသောကြောင့် သြဂုတ်လ ၄ ရက်က စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင် ဆုတောင်းပွဲကျင်းပကာ မြေသို့ အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ပြီး ဖြစ်သည်။
photo-Kepongfreefuneralservices
ymg/mt
#Yangon_Media_Group
#World_Health
Published 6 August 2022
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် နှာခေါင်းအနံ့အာရုံယိုယွင်းလာခြင်းက ရေရှည်မှာ မှတ်ဉာဏ်ချို့ယွင်းမှုဖြစ်လာနိုင်တဲ့ အလားအလာကို ရည်ညွှန်းနိုင်ဖွယ်ရှိနေကြောင်း အာဂျင်တီးနားလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
သုတေသီများက အသက် ၆၀ အထက်လူပေါင်း ၇၆၆ ဦးကို စမ်းသပ်ခဲ့ကြပြီး ထိုလူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ကိုဗစ်ရောဂါကူးစက်ဖူးသူတွေ ဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူ ၃ ပုံ ၂ ပုံမှာ မှတ်ဉာဏ်ချို့ယွင်းခြင်း အချို့တွေ့ရှိခဲ့ပြီးနောက် သုံးလမှ ခြောက်လအကြာမှာ ရုပ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းနဲ့ အာရုံကြောဆိုင်ရာ စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။
တစ်ဦးချင်းစီရဲ့ အခြားလက္ခဏာများကိုပါ ထည့်တွက်ပြီးနောက် anosmia လို့ခေါ်တဲ့ ဆိုးဆိုးရွားရွားအနံ့ပျောက်ခြင်းဟာ အသိဉာဏ်ချို့ယွင်းမှုအလားအလာကို ညွှန်ပြနေကြောင်း သုတေသီများက တနင်္ဂနွေနေ့မှာ တင်ပြခဲ့ကြပါတယ်။
"ကိုဗစ်ရောဂါကူးစက်ခြင်းကြောင့် ရေရှည်မှာ အသိဉာဏ်ချို့ယွင်းမှုဖြစ်စေရတဲ့အကြောင်းအရင်း ဒါမှမဟုတ် ထိုဝေဒနာမျိုးကို ဘယ်သူတွေခံစားရနိုင်ချေရှိလဲဆိုတာကို အနည်းဆုံးခန့်မှန်းနိုင်မယ်ဆိုရင်တောင် လိုက်လံစောင့်ကြည့်ပြီးတော့ ထိုလက္ခဏာတွေကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းများ ဖော်ထုတ်နိုင်ပါလိမ့်မယ်" လို့ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရီးစ်မှ သုတေသနစာတမ်းပြုစုသူ 'ဂေဘရီယဲလ်ဂွန်ဇာလက်ဇ်အယ်လီမန်'က ကြေညာခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
Published 5 August 2022
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့သည့် အပေါ် တုန့်ပြန်သည့် အရေးယူမှု အသစ် (၈)ခုအဖြစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အချို့ကို ပယ်ဖျက်ဆိုင်းငံ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက် သောကြာနေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။
တရုတ်ရဲ့ ပြင်ထန်တဲ့ကန့်ကွက်မှုတွေအပေါ် အလေးမထားခဲ့တဲ့အတွက် ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မှုအပေါ် ယခုလိုတုန့်ပန် ဆောင်ရွက်မှုတွေလုပ်ခဲ့ရတာလို့ တရုတ်ကပြောပါတယ်။
ထပ်မံအရေးယူလုပ်ဆောင်မှု(၈)ခုကတော့
၁။ တရုတ်-အမေရိကန်စစ်တိုင်းမှူးများဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၂။ တရုတ်-အမေရိကန် ကာကွယ်ရေးမူဝါဒ ဆွေးနွေးပွဲ ပယ်ဖျက်ခြင်း
၃။ တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်း တိုင်ပင်ဆွေးနွေးမှုသဘောတူညီချက်အစည်းအဝေး ပယ်ဖျက်ခြင်း
၄။တရုတ်-အမေရိကန် တရားမဝင်ရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဆိုင်းငံ့ခြင်း
၅။တရုတ်-အမေရိကန် ရာဇဝတ်အရေးကိစ္စဆိုင်ရာ ဥပဒေ အထောက်အကူပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဆိုင်းငံ့ခြင်း
၆။ တရုတ်-အမေရိကန် နိုင်ငံဖြတ်ကျော် မူခင်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၇။ တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း
၈။ တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဆိုင်းငံ့ခြင်း တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: CCTV+
#China_countermeasure_against_Pelosi’s_Visit
#China_US
#China_Taiwan
#Local_News
Published_5 August 2022
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနဲ့ သက်မွေးပညာသင်တန်းစင်တာ ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#World_Geology
Published 5 August 2022
အတ်တာကာမာ သဲကန္တာရရှိ ကြေးနီမိုင်းတွင်းအနီးမှာ တင်းနစ်ကွင်းတစ်ကွင်းထက် အရွယ်အစားပိုကြီးမားတဲ့ တွင်းနက်ကြီးတစ်တွင်းပေါ်လာခဲ့တာကြောင့် ချီလီနိုင်ငံရှိကျွမ်းကျင်ပညာရှင်များက အင်္ဂါနေ့မှာ စုံစမ်းဖော်ထုတ်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published_5 August 2022
ပုဂ္ဂလိကအနေနဲ့ ဝယ်ယူထားတဲ့ နိုင်ငံပိုင်ရုပ်ရှင်ရုံတွေကို တခြားစီးပွားရေးလုပ်ငန်းတွေအတွက် အသုံးမပြုကြဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားတယ်လို့ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
#Yangon_Media_Group
#Local_News
Published_5 August 2022
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းယားလမ်းနဲ့ သထုံလမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့် ပညာဦးစီးဌာနပိုင် အဆောက်အဦး ဩဂုတ် ၅ ရက်မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်၊၊
#Yangon_Media_Group
#Local_News
Published -5 August 2022
အစာကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်လာတာကြောင့် ပြည်ပကိုတင်ပို့ဖို့ ငါးမွေးမြူရေးလုပ်ငန်းတွေအနေနဲ့တွက် ခြေမကိုက် ဖြစ်နေတယ်လို့ ငါးမွေးမြူရေးလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 5 August 2022
၁။ အစာကုန်ကြမ်းဈေးမြင့်၍ ပြည်ပတင်ပို့မည့်ငါးမွေးရန် တွက်ခြေမကိုက်ဟုဆို
၂။ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့်ပညာဦးစီးဌာနပိုင် အဆောက်အဦးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား
၃။ ပုဂ္ဂလိကဝယ်ယူထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများကို တခြားစီးပွားရေးလုပ်ငန်းအတွက် အသုံးမပြုရန် သိပေးထား
၄။ တင်းနစ်ကွင်းထက် ပိုကြီးမားသည့်တွင်းနက်ကြီး ချီလီတွင်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published -5 August 2022
ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၄၂၅၀၀၀ အထိ စံချိန်တင် မြင့်တက်နေတယ်လို့ ပြည်တွင်း ရွှေဆိုင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1641 of 1956