#World_Wildlife
Published 4 August 2022
ကမ္ဘောဒီးယားနိုင်ငံ အန်ကာဝတ်ဘုရားကျောင်းအနီးက သစ်တောထဲကနေ မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ မျောက်မျိုးစိတ်တွေရဲ့အသံတွေကို ကြားနေရပါတယ်။
#Yangon_Media_Group
Published 4 August 2022
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း အရှေ့ပိုင်းကမ်းခြေမှာ စပမ်းဝေလငါးကြီးတစ်ကောင် သောင်တင်ပြီး သေဆုံးနေတာ တွေ့ကြရပါတယ်။ အဲဒီဝေလငါးကြီးဟာ ၅၆ ပေ ရှည်လျားပြီး အစပထမမှာ ဆိပ်ကမ်းတစ်ခုအနီး အသက်ရှင်လျက် သောင်တင်နေတာတွေ့ခဲ့ကြရပြီး နောက်တစ်ရက် ဒေသခံတွေက ကယ်တင်ဖို့ ရောက်မလာခင် မှာ သေဆုံးသွားတာဖြစ်ပါတယ်။
Source AFP
#Sperm_Whale
#Java_Indonesia
#Nature
#Local_News
Published _4 August 2022
အမေရိကန် ဒေါ်လာဈေးမြင့်တက်လာမှုနဲ့အတူ ပို့ကုန်တင်ပို့မှု မူဝါဒ ကန့်သတ်ချက်တွေကြောင့် ပြည်ပကို တင်ပို့ရန်ကျန်ရှိနေသေးတဲ့ ပြောင်းတန်ချိန် စုစုပေါင်း ၂သိန်းကျော် ပြောင်းကုန်သည်တွေဆီ ကျန်ရှိနေသေးတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA အဖွဲ့ဝင်တွေက ဖမ်းသွားတာ နှစ်ညရှိပြီ ဖြစ်ပေမဲ့ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို အခုထိ မသိရသေးဘူးလို့ ALP ရဲ့ တာဝန်ရှိသူက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းအတွင်းမှာ သံဃာတော်တစ်ပါးရဲ့ ရုပ်အလောင်းကို မနေ့က သြဂုတ်လ ၃ ရက်နေ့မှာ သန့်ရှင်းရေးလုပ်သားတွေက တွေ့ရှိခဲ့တာပါ။
#Yangon_Media_Group
Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
#DailyNews
Published - 4 August 2022
၁။ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်း၌ သံဃာတော်တစ်ပါး၏ ရုပ်အလောင်းတွေ့ရှိ
၂။ ALP ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနှင့် ကျောင်းသားတစ်ဦးအဖမ်းခံရသည့် ကိစ္စအကြောင်းရင်း မသိရသေး
၃။ ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိသည့် ပြောင်းတန်ချိန် ၂ သိန်းကျော် ပြည်တွင်း၌ ကျန်ရှိနေ
၄။ ကမ္ဘောဒီးယားအန်ကာဝတ်တောထဲတွင် မျိုးသုဉ်းအန္တရာယ်ရှိနေသည့် မျောက်လွှဲကျော်မျိုးစိတ် ပြန်လည်ရှင်သန်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_4 August 2022
ဝေဘာဂီဆေးရုံကြီးမှာ HIV ပိုးရှိတဲ့ ကလေးတွေကို ARTဆေး အခမဲ့ထုတ်ပေးနေတယ်လို့ ဝေဘာဂီဆေးရုံကြီးက ကလေးအထူးကုဆရာဝန်ကြီးဒေါက်တာခင်ခင်ထားက ပြောပါတယ်၊၊
#Yangon_Media_Group
Published 4 August 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်(၄)ရက် ယနေ့တွင် နေပြည်တော် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPဟာ ၁၀ဖွဲ့မြောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
#Senior_General_Min_Aung_Hlaing
#SSPP
#Myanmar_NCA




#Local_News
Published_4 Aungust 2022
မလေးရှားနိုင်ငံတွင် တစ်ပြိုင်နက်တည်း သေဆုံးသွားကြသည့် မြန်မာသားအဖသုံးဦးကို ယနေ့ သြဂုတ်လ ၄ ရက်တွင် သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း မလေးရှားနိုင်ငံမြန်မာလူမူကူညီရေးအသင်းက သိရသည်။
သြဂုတ်လ ၂ ရက်က မလေးရှားနိုင်ငံ ကပုန်းမြို့နယ် (Taman Desa jaya)လမ်းထိပ်ရှိ ဟိုင်းဝေး မိုးပျံတံတားပေါ်မှပြုတ်ကျသေဆုံးခဲ့သော အဆိုပါ သားအဖတို့၏ ကျန်ရစ်သောခန္ဓာကိုယ်ကို ဒေသဆိုင်ရာ ချင်းအမျိုးသားများ ကွန်မြူနတီအဖွဲ့အစည်းစုံ မိသားစုများနှင့် ပူးပေါင်း၍ စလန်းကောပြည်နယ် (စမုံညှင်းမြို့) ခရစ်ယာန်သင်္ချိုင်းတွင်ဆုတောင်းပွဲကျင်းပကာ မြေသို့အပ်နှံသင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။
ယင်း၏ ထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပုန်းမြို့နယ်တွင် နေထိုင်သည့် ချင်းပြည်နယ် မတူပီမြို့ ၊ (Meisakatla) ကျေးရွာမှ (Mara)ချင်းအမျိုးအနွယ်စု မိသားစုဝင်များဖြစ်သော
ဖခင် အသက် ၃၈ နှစ်အရွယ် ( Cholei)၊ အသက် ၈ နှစ်အရွယ် သမီးကြီး( Vatetisoh)နှင့် အသက် ၆ နှစ်အရွယ် သားလတ်(Vabiechose)တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ သတင်းဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ်လ ၃ ရက်က Yangon Media Group ၏ သတင်းစာမျက်နှာတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။






photo-Kepongfreefuneralservices
ymg/mt
#Yangon_Media_Group
#Local_News
Published -4 August 2022
အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်သူ မမြင့်မြင့်ခိုင်အမှုမှ ပြစ်မှုကျူးလွန်သည့် ထိုင်းနိုင်ငံသားကို ကဘင်ဘူရီတရားရုံးက ထောင်ဒဏ် နှစ် ၅၀ အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘင်ဘူရီတရားရုံးတွင် သြဂုတ် ၂ ရက်က အမိန့်ချလိုက်ခြင်းဖြစ်ပြီး ယင်းရုံးချိန်းကို ပြစ်မှုကျူးလွန်သူ တက်ရောက်လာခြင်းမရှိဘဲ ဗီဒီယိုမှတစ်ဆင့် ကြားနာအမိန့်ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လတွင် ကဘင်ဘူရီတရားရုံး၌ မမြင့်မြင့်ခိုင် သေဆုံးမှုအတွက် သက်သေသုံးဦး၏ ထွက်ဆိုချက်များအား ကြားနာခဲ့ရာ အထောက်အထား ၁၈ ခုရရှိပြီး တရားခံမှ ပြစ်မှုခြောက်ခုအတွက် ဝန်ခံခဲ့သဖြင့် ယင်းရာဇဝတ်မှုအား ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် တရားခံ ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်အတွက် အမိန့်ချမှတ်မည်ဟု တရားရုံးက ကြေညာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဘက် ပရာကျင်ဘူရီခရိုင် ကဘင်ဘူရီမြို့နယ် ကဘွန်ကျေးရွာအုပ်စု ဘန်ကလောင် ကဘန်ကျေးရွာ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး မမြင့်မြင့်ခိုင်သည် နိုဝင်ဘာ ၁၄ ရက် နံနက်တွင် နေအိမ်အိပ်ခန်းမှပျောက်ဆုံးခဲ့ပြီးနောက် နိုဝင်ဘာ ၁၈ ရက်၌ ယင်း၏အလောင်းကို တွေ့ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် ထိုင်းအမျိုးသား Boonlai Buaman ကို နိုဝင်ဘာ ၁၈ ရက်ညပိုင်းတွင် ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_4 August 2022
ဂျပန်မှတ်တမ်းသတင်းထောက် Toru Kubota ကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း နစက သတင်းပြန်ကြားရေးအဖွဲက ယနေ့ သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းမှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြရေးသားချက်အရ သိရသည်။
အဆိုပါ ဂျပန်နိုင်ငံသားသည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက် တွင် Tourist Visa ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ကာ ဇူလိုင်လ ၃၀ ရက် ညပိုင်းက ဒဂုံမြို့သစ်တောင်းပိုင်း City max အနီး လူ ၁၀-၁၅ ဦးပါဝင်သည့် ဆန္ဒပြမှုကို ဖုန်းကင်မရာများဖြင့် မှတ်တမ်းတင်နေစဉ် ထိန်းသိမ်းခံခဲ့ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Toru Kubota ကိုယ်တိုင် ထွက်ဆိုချက်အရ ဇူလိုင်လ ၂၉ ရက် က ဆန္ဒပြမှုတွင် ပါဝင်မည့်သူများနှင့် ဆက်သွယ်၍ ဆန္ဒပြမည့်နေရာ၌ ချိန်းဆိုခဲ့ကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအခါ ယင်းကို လဝက ဥပဒေ ၁၃ (၁) ၊ Visa စည်းကမ်းချိုးဖောက်ဖျက်မှု နှင့် ၅၀၅(က)တို့အရ တရားစွဲဆိုခံထားရကြောင်း လည်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1643 of 1956