#World_Health
Published 26 August 2022
ခရမ်းချဉ်သီးတုပ်ကွေးရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်အသစ်ဟာ အိန္ဒိယနိုင်ငံ ကီရယ်လာပြည်နယ်ရှိ ကလေးအများစုမှာ ကူးစက်လျက်ရှိကြောင်း အိန္ဒိယနဲ့ ဩစတြေးလျတိုမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက The Lancet Repsiratory Medicine ဂျာနယ်မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။
ခရမ်းချဉ်သီးတုပ်ကွေးကို ဒေသတွင်းကူးစက်တတ်တဲ့ ရောဂါအဆင့် သတ်မှတ်ထားပြီး အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ပါဘူး။
သူ့ရဲ့လက္ခဏာတွေကတော့ ကိုယ်ပူခြင်း၊ နွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ အနီစက်များထွက်ခြင်းတို့ ဖြစ်ပါတယ်။
ကလေးတွေမှာ သွေးလွန်တုပ်ကွေးဖြစ်ပြီးနောက်ပိုင်း ခရမ်းချဉ်သီးတုပ်ကွေး ဆက်လက်ဖြစ်ပွားတာဖြစ်နိုင်သလို ခြေလက်၊ ပါးစပ်ရောဂါတို့ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ရောဂါလည်း ဖြစ်နိုင်ပါတယ်။
ခရမ်းချဉ်သီးတုပ်ကွေးလို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ ခန္ဓာကိုယ်အနှံမှာ နာကျင်တတ်တဲ့အနီအစက်အဖုတွေ ထွက်လာကာ တဖြည်းဖြည်းနဲ့ ခရမ်းချဉ်သီးအရွယ်အစားအထိ ကြီးမားလာတာကြောင့် ဖြစ်ပါတယ်။
အဆိုပါ အဖုအစက်တွေက မျောက်ကျောက်ရောဂါမှာ ဖြစ်လေ့ရှိတဲ့ပုံစံနဲ့ ဆင်တူပါတယ်။
ထိုတုပ်ကွေးကို ၂၀၂၂ မေလ ၆ ရက်နေ့မှာ ကီရယ်လာပြည်နယ် ကိုလ်လမ်ဒေသ၌ ပထမဆုံးတွေ့ရှိခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့အထိ အသက် ၅ နှစ်အောက်ကလေး ၈၂ ယောက်ကူးစက်ခဲ့ပါတယ်။
အိုဒီရှာပြည်နယ်မှာ အသက် ၁ နှစ်မှ ၉ နှစ်အတွင်း ကလေးငယ် ၂၆ ဦးကူးစက်ခဲ့ပြီး အခြားပြည်နယ်တွေမှာတော့ ကူးစက်ကြောင်း သတင်းမရရှိပါဘူး။
အခုအချိန်ထိတော့ ရောဂါသက်သာစေမယ့် ဆေးဝါးမပေါ်ပေါက်သေးဘဲ သူ့အလိုလိုပျောက်ကင်းသွားကြပါတယ်။
ခရမ်းချဉ်သီးတုပ်ကွေးက အလွန်ကူးစက်မြန်ပြီး ရောဂါကူးစက်သူတွေကို သေချာသီးသန့်ခွဲနေထိုင်စေကာ ကြိုတင်ကာကွယ်ရေးများဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာများက သတိပေးထားပါတယ်။
လူနာများကို ရောဂါလက္ခဏာစတင်ပေါ်ပေါက်ချိန်မှစပြီး ၅ ရက်မှ ၇ ရက်လောက်အထိ သီးခြားခွဲထားသင့်ပါတယ်။
တုပ်ကွေးဖြစ်ရခြင်းအကြောင်းအရင်းကို သက်ဆိုင်ရာက မဖော်ပြသေးပေမယ့် ကလေးအထူးကုဆရာဝန်'ဆူရက်ရှ်ကူမာပါနူဂန်တီ'ကတော့ ဒီတုပ်ကွေးဟာ ကလေးငယ်တွေမှာဖြစ်တတ်တဲ့ ခြေလက်၊ ပါးစပ်ရောဂါတိုနဲ့ ဆက်စပ်တဲ့ဗိုင်းရပ်တစ်ခုဖြစ်တဲ့ Coxsackievirus A16 ကြောင့် ဖြစ်ပွားတာဖြစ်ကြောင်း The Hindu သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 25 Aug 2022
ရုရှားစစ်တပ်က ဒွန်ညက်အပါအဝင် ယူကရိန်းတပ်ရဲ့ တိုင်းစစ်စခန်းတွေနှင့် လက်နက်သိုလှောင်ရုံ နေရာတော်တော်များများကို ဆက်လက်ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။
ယူကရိန်းတပ်တွေဟာ ရှေ့တန်းက တိုက်ခိုက်ရေးအုပ်စုတွေကို ပြန်ခေါ်ယူခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။
ပဋိပက္ခဟာ အလှည့်အပြောင်းကိုပြသနေပြီး သူ့တပ်ဖွဲ့တွေဟာ အခြားလမ်းကြောင်းကနေ တန်ပြန်တိုက်စစ်ဆင်မှုတွေ လုပ်နေပြီလို့ ယူကရိန်းဘက်ကလည်း ပြောပါတယ်။
အထူးစစ်ဆင်ရေးတွေ အရှိန်လျှော့ချတဲ့အကြောင်းရင်းက အရပ်သားတွေထိခိုက်သေဆုံးမှုတွေ လျှော့ချပေးဖို့ဖြစ်ပြီး စစ်ဆင်ရေးက စီစဉ်ထားတဲ့အတိုင်း ဆက်သွားမှာသာဖြစ်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဆာဂေး ရှိုအိဂူက ဗုဒ္ဓဟူးနေ့က ပြောပါတယ်၊
အခြေအနေဟာ အဆိုးရွားဆုံးအခြေအနေကနေ လွန်မြောက်ခဲ့ပြီး အခု စစ်ပွဲမှာ တည်ငြိမ်တဲ့အဆင့် ရောက်နေပြီလို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စီရီနစ်ကော့က စီအင်န်အင်န်ကိုပြောကြောင်း ယူကရိန်းအစိုးရမီဒီယာ ယူကရင်ဖောင်းသတင်းအေဂျင်စီကပြောပါတယ်။
Source: CCTV+
#Russia_Ukraine
#Special_Military_operation
#Geo_Politicss
#Local_News
Published- 25 August 2022
ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာတာကြောင့် မြန်မာကုန်သည်တွေအနေနဲ့ ထိုင်းသွင်းကုန် တင်သွင်းမှုတွေလျော့ကျလာတဲ့အပြင် တချို့ကုန်သည်တွေကတော့ ရပ်နားမှုတွေရှိလာတယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 25 Aug 2022
အသက်၁၇နှစ်သာရှိသေးတဲ့ ဗြိတိန်-ဘယ်လ်ဂျီယမ် မက်ရူသာဖို့ဒ်ဟာ ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ အပေါ့စားလေယာဉ်ငယ်ကလေး ဘူဂေးရီးယားကို ဆင်းသက်ပြီးနောက် တစ်ဦးတည်း
ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်တဲ့ အသက်အငယ်ဆုံးလေယာဉ်မှူး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
သူဟာ ဘူဂေးရီးယားကနေ မတ်လက စတင်ပျံသန်းထွက်ခွာခဲ့တာဖြစ်ပြီး ငါးလနှင့်တစ်ရက်အကြာမှာ မြို့တော်ဆိုဖီယာကနေ တစ်နာရီကြာသွားရတဲ့ ရာဒိုမီယာမြို့ရဲ့ လေဆိပ်အသေးလေးတစ်ခုကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
“ လူငယ်တွေဟာ ကိုယ့်စိတ်ကူးအိပ်မက်နောက်ကိုလိုက်ပါဆောင်ရွက်ရုံမျှနှင့် ခြားနားမှုတွေလုပ်နိုင်ကြပါတယ်ဆိုတာကို ကျွန်တော့် ဒီခရီးစဉ်နှင့်ပြသဖို့ကြိုးစားတာပါ” လို့ သူက လေယာဉ်ဆင်းသက်ပြီးပြီးချင်းပြောပါတယ်။
သူဟာ မိုင်ပေါင်း ၃၄,၀၀၀ ရှိတဲ့ နိုင်ငံပေါင်း ၃၀ကို ပျံသန်းချိနန် ၂၂၁နာရီနှင့် ဖြတ်ကျော်ပျံသန်းခဲ့တာဖြစ်ပါတယ်။
Source: AFP
#Mack_Rutherford
#Youngest_Pilot
#Fly_around_the_world
#World_Climate
Published 25 August 2022
ခရီးသွားဧည့်သည်အများအပြားဟာ ဂရင်းလန်းဒေသရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ရေခဲစိုင်များနဲ့ သဘာဝအလှတရားများကို ကြည့်ရှုခံစားဖို့ လာရောက်လည်ပတ်လေ့ရှိကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 25 August 2022
မွေးမြူရေး ကြက်ပေါက်ဈေးနှုန်းနှင့် ကြက်အစာဈေးတက်နေလို့ ကြက်သားတစ်ပိဿာကို ကျပ် ၉၀၀၀ ကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်ဈေးကွက်ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_24August 2022
လတ်တလောမှာ သန်လျင်သဘာဝတရားရိပ်သာမှာ လာရောက်ခိုလုံသူတွေ များပြားနေတဲ့အတွက် ရိပ်သာအတွင်းကုတင်အပြည့်လူအပြည့်ဖြစ်နေပြီး နေရာအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရိပ်သာအုပ်ချုပ်ရေးမှူးဒေါ်ခင်စမ်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_25 August 2022
ကာတာနိုင်ငံကနေ ဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းတွေအတွက် မြန်မာလုပ်သားတွေခေါ်ယူနေတယ်လို့ ပြည်ပအေဂျင်စီတွေက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 25 August 2022
၁။ ကာတာနိုင်ငံက မြန်မာလုပ်သားများ ခေါ်ယူနေ
၂။ သဘာဝတရားရိပ်သာတွင် ကုတင်အပြည့်လူအပြည့်နှင့် ထားစရာနေရာအခက်အခဲများဖြစ်ပေါ်နေ
၃။ မွေးမြူရေး ကြက်ပေါက်ဈေးနှင့် အစာဈေးတက်လာ၍ ကြက်သားတစ်ပိဿာ ၉၀၀၀ ကျော်အထိရှိနေ
၄။ ရေခဲစိုင်များအရည်ပျော်လာသည့် ဂရင်းလန်းဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု လျှော့ချထိန်းချုပ်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_25 August 2022
ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 August 2022
မလေးရှားနိုင်ငံတွင် သြဂုတ်လ ၂၄ ရက်က တရားမဝင်မြန်မာလုပ်သားများ တင်လာသည့်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ကို မောင်းနှင်သူမှာ ရင်းဂစ် ၁၂၀၀ အခကြေးငွေယူကာ Guahang Pahang ရှိ Chiku မြို့ကတစ်ဆင့် တရားမဝင်မြန်မာနိုင်ငံသားများအား ခိုးသွင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း၊ အိပ်ငိုက်၍ ရှေ့မျက်နှာချင်းဆိုင်ကလာသော ယာဉ်နှင့်တိုက်မိခြင်းဖြစ်ကြောင်းလည်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားစဉ် ယင်းနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့သည့် လူ ၉ ဦးအနက် ၃ ဦးကို ဒေသခံများက ဖမ်းဆီးပေးခဲ့ကြကြောင်း၊ ဒဏ်ရာရသွားသော မြန်မာနိုင်ငံသားတစ်ဦးကို Besut ဆေးရုံကို ပို့ဆောင်ထားကြောင်း၊ ယာဉ်မောင်းကိုလည်း ဆေးရုံ၌ စစ်ဆေးစဉ် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စိစစ်တွေ့ရပြီး မြင်းဆေးပြားဟု ယူဆရသော အနီရောင်ဆေးပြား ၄ ပြားနဲ့ လက်ကိုင်ဖုန်း ၆ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားများအား မလေးရှားနိုင်ငံအတွင်းပို့ဆောင်ပေးရန် ထိုင်းနိုင်ငံသားတစ်ဦးက ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ယာဉ်မောင်းနှင်သူအား လုံခြုံရေးအက်ဥပဒေ ပုဒ်မ၊ မူးယစ်ဆေးဝါး ပုဒ်မဖြင့် စုံစမ်းစစ်ဆေးနေပြီး ဖမ်းမိထားသော မြန်မာနိုင်ငံသားများအား လဝက ပုဒ်မများဖြင့် တရားစွဲထားကြောင်း၊ အဆိုပါဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ အသက်၁၉ နှစ်မှ ၄၇ နှစ်အရွယ်ကြား ရှိပြီး ၆ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် မလေးရှားရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published_ 25 Aug 2022
တရုတ်နိုင်ငံ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ Yuan Longping High-tech Agriculture Co., Ltd မှ တာဝန်ခံကျင်းပတဲ့ မြန်မာနိုင်ငံစပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ရေးနည်းပညာလေ့ကျင့်ရေးသင်တန်းကို သြဂုတ်လ ၂၄ ရက်နေ့တွင် Online မှဖွင့်လှစ်ခဲ့ပါတယ်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ ဟူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ Yuan Longping High-tech International Training Institute မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံစိုက်ပျိုးရေးဌာနမှ သင်တန်းသား သင်တန်းသူပေါင်း အယောက် ၄၀ တို တက်ရောက်ခဲ့ကြပါတယ်။
ယခုအကြိမ်လေ့ကျင့်ရေးသင်တန်းကာလမှာ ၃၅ ရက်ဖြစ်ပြီး စပ်မျိုးစပါးမျိုးစေ့ ပျိုးထောင်ရေးနည်းပညာ၊ မျိုးစေ့ထုတ်လုပ်ရေးနည်းပညာ၊ အထွက်နှုန်းမြင့်မားသော စိုက်ပျိုးရေးနည်းပညာစသည့် သင်ခန်းစာများ ပါဝင်မှာ ဖြစ်ပါတယ်။

ygm_mnn
#Yangon_Media_Group
Page 1640 of 1992