Published 24 October 2022

သိုးအုပ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်လမ်းမတွေပေါ်မှာ နိုင်ငံမြောက်ပိုင်းက တောင်တန်းတွေဆီ ဆောင်းခိုဖို့ အတွက် စတင်ထွက်ခွာနေကြပါတယ်။ တောင်ပိုင်းက ယာခင်းတွေက ခြောက်သွေ့လာတဲ့အခါ သူတို့ဟာ မြောက်ပိုင်းကို ရွှေ့ပြောင်းလေ့ရှိကြတာဖြစ်ပါတယ်။ သိုးအုပ်တွေဟာ ကီလိုမီတာ ၁၀၀၀ကျော်(မိုင်၆၂၀ ကျော်)ခရီးကို လျှောက်လှမ်း   ခရီးနှင်နေကြတာလို့ သိုးထိန်းတစ်ဦးဖြစ်တဲ့ ဂျေဆပ် ဂါဇွန် ဟေ့ဒ်က ပြောပါတယ်။ သိုးအုပ်တွေ အုပ်လိုက်အုပ်လိုက် ခရီးထွက်သွားကြတဲ့ မြင်ကွင်းဟာ ထူးခြားအံအားသင့်စရာကောင်းလှတာကို အေအက်ဖ်ပီကမှတ်တမ်းတင်ထားပါတယ်။

Source AFP

Published 24 October 2022 သိုးအုပ်တွေဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်လမ်းမတွေပေါ်မှာ နိုင်ငံမြောက်ပိုင်းက တောင်တန်းတွေဆီ ဆောင်းခိုဖို့ အတွက်"/>