#Local_News
Published - 8 September 2022
ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ကိုဗစ်ပိုးတွေ့ခဲ့သည့် ကျောင်းသူလေးနှင့်ထိစပ်ခဲ့သည့် ကျောင်းဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ပိုးစစ်ဆေးရာ ဆရာမ(၃)ဦး ကျောင်းသား(၁)ဦး၊ကျောင်းသူ(၁)ဦး စုစုပေါင်း(၅)ဦး၌ ကိုဗစ်ပိုးထပ်မံတွေ့ရှိရကြောင်း သိရသည်၊၊
အထက(အုတ်တွင်း)နှင့် အထက(ဗောဓိကုန်း ကျောင်း)ရှိ ဆရာ/ဆရာမ ကျောင်းသား/သူ (၅၂၆)ဦးအား ကိုဗစ်ပိုးစစ်ဆေးရာအထက(ဗောဓိကုန်းကျောင်း)မှ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦးတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိရခြင်းဖြစ်သည်၊၊
"အုတ်တွင်းမြို့ကြက်သွန်ခင်း(၂)ရပ်ကွက်က ကျောင်းသူတစ်ဦး ကစားနေရင်း မူးလဲသတိလစ်သွားလို့ ဦးဇင်းတို့ပရဟိတအသင်းကဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်၊၊ ကွယ်လွန်သွားတဲ့ အဲဒီ့ကျောင်းသူလေးကို ကိုဗစ်ပိုးစစ်ဆေးရာ COVID (positive) တွေ့ရှိခဲ့ပါတယ်၊၊ စက်တင်ဘာလ (၆)ရက်ကျောင်းသူနဲ့ ထိစပ်တဲ့မိသားစုဝင်များ Contact (10)ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးက RDT နဲ့ကိုဗစ်စစ်ဆေးတာ All Negative ထွက်တယ်၊၊ စက်တင်ဘာလ(၇) ရက်မှာအထက(အုတ်တွင်း)နှင့် အထက(ဗောဓိကုန်း ကျောင်း)က ဆရာ/ဆရာမ ကျောင်းသား/သူ (၅၂၆)ဦးကိုစစ်ဆေးတော့ အထက(ဗောဓိကုန်း ကျောင်း)ကဆရာမ(၃) ဦး ကျောင်းသား(၁)ဦး/ကျောင်းသူ (၁)ဦး စုစုပေါင်း(၅)ဦး ကိုဗစ်ပိုးထပ်တွေ့ရပါတယ်၊၊ လာရောက်စစ်ဆေးပေးတဲ့ အုပ်ချုပ်ရေးကသူတွေ မြို့နယ်ဆရာဝန်ကြီးတွေနဲ့တိုင်းကျန်းမာရေး အဖွဲ့တွေကိုကျေးဇူးတင်ပါတယ်၊၊ ဒါမှလည်း ဦးဇင်းတိုက တိတိကျကျသိရမှာပါ"လို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းနာယက ဆရာတော်ဦးတေဇသီရိက YMG ကို ပြောသည်၊၊
၄င်းပိုးတွေ့သူ(၅)ဦးမှာ ကိုဗစ်ကာကွယ်ဆေး(၂)ကြိမ်/၃(ကြိမ်)(၄)ကြိမ်ထိထိုးနှံထားသည့်အတွက် ကိုဗစ် ဆိုင်ရာရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခံစားရခြင်းမရှိသဖြင့် ကျန်းမာရေးညွှန်ကြားချက်အရ Home Quaratine ထားရှိထားပြီဖြစ်ကြောင်း အုတ်တွင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်၊၊
ကိုဗစ်ပိုးတွေ့လူနာများကို ပို့ဆောင်ပေးခဲ့သော ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းကပရဟိတသမားများကို ကိုဗစ်ပိုးစစ်ရန်လိုအပ်ပါက စစ်ဆေးမှုခံယူသွားမည်ဖြစ်ကြောင်း ပရဟိတအသင်းသားတိုင်းကိုဗစ်ကာကွယ်ဆေးထိုးထားသလို အကာအကွယ်များဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်ဦးတေဇသီရိထံမှ သိရသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 8 September 2022
Visa/Master Card ဖြင့် ပေးဆောင်ရွက်မှုများကို ပိတ်ထားခြင်းမရှိသကဲ့သို့ လက်ရှိ Visa/Master Card များဖြင့် ပေးချေသုံးစွဲနေသောသူများလည်းရှိကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က MOI ရဲ့မေးမြန်းမှုကို ဖြေကြားထားပါတယ်။
ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဈေးသတ် မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှာ နိုင်ငံခြားငွေ ထည့်သွင်း အသုံးပြုရသည့် Visa/Master Card မှလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကတ်အသစ်လျှောက်ထားမှုကို ယာယီပိတ်ထားခြင်းရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဗဟိုဘဏ်သည် မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက်သည့် အခါ Retail ငွေပေးချေမှုအဆင်ပြေစေရန်နှင့် ငွေကြေးသယ်ဆောင်ခြင်း အခက်အခဲလျော့နည်းစေရန်၊ International Card ထုတ်ဝေခွင့်ကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဘဏ်များအနေဖြင့် Visa/Master Card စသည်များဖြင့် ကတ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ၏ လူမှုဘဝတွင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ Personal Expense ကိစ္စရပ်များအတွက် ကတ်ပေးချေမှုမှတစ်ဆင့် အဆင်ပြေစွာပေးချေနိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဘဏ်များအနေဖြင့် ကတ်အသစ်လျှောက်ထားခြင်းကိုလည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။ Master/ Visa ကုမ္ပဏီတိုဖြင့်လည်း အဆင်ပြေချောမွေ့စွာလုပ်ငန်း ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဗဟိုဘဏ်က ဆိုပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_ 8 September 2022
ယဉ်ကျေးမှုပစ္စည်းများ အကာအကွယ်ပေးရေး နိုင်ငံတကာညီလာခံ-ယဉ်ကျေးမှုပစ္စည်းများ တရားမဝင်ရောင်းဝယ်မှု တားဆီးရေး-အာဆီယံရှုထောင့် နိုင်ငံတကာညီလာခံကို စက်တင်ဘာ ၇ နေ့ကျင်းပရာ မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကိုကိုဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အဆိုပါ ညီလာခံကို ကမ္ဘောဒီးယားနိုင်ငံ၊ ယဉ်ကျေးမှုနှင့်အနုပညာဝန်ကြီးဌာနမှ ကြီးမှူး၍ကျင်းပတာဖြစ်ပြီး အစည်းအဝေးတွင်ယဉ်ကျေးမှုအမွေအနှစ်ပိုင်ဆိုင်မှု ကာကွယ်မြှင့်တင်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို မျှဝေကြပြီး ယဉ်ကျေးမှု အမွေအနှစ်များ တရားမဝင်ရောင်း ဝယ်ဖောက်ကားမှု လျော့ပါးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ကြပါတယ်။
အာဆီယံနိုင်ငံများမှ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဝန်ကြီးများက ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူး နယ်ပယ်များကို ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးဦးကိုကိုက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝပြီး ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်၍ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ်မှု မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက်သွားရန်၊ ခိုးယူခြင်း သို့မဟုတ် တရားမဝင်တင်ပို့သော ယဉ်ကျေးမှုဆိုင်ရာ အရာဝတ္ထုများနှင့် ပတ်သက်သည့် UNIDROIT ကွန်ဗင်းရှင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် ယူနက်စကို အဆင့်တွင်သာမက အာဆီယံအဆင့်တွင်လည်း ပိုမိုပူးပေါင်းပါဝင် လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Health
Published 8 September 2022
လူတွေရဲ့ ရုပ်ခန္ဓာကျန်းမာရေးက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ တိုက်ရိုက်သက်ရောက်နေပါတယ်။
ခန္ဓာကိုယ်နဲ့ပတ်သက်တာ တစ်ခုခုပြုလုပ်လိုက်တိုင်း စိတ်ပိုင်းဆိုင်ရာကိုသာမက ကျန်းမာရေးကိုအဘက်ဘက်ကနေ သက်ရောက်စေပါတယ်။
TikTok ပေါ်မှ ဘွဲ့ရအာရုံကြောသိပ္ပံပညာရှင်'ကိုဒီအစ္စဘဲလ်'က စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေအောင် သတိထားသင့်တဲ့ အရေးအကြီးဆုံး ၅ ချက်ကို ဖော်ပြသွားပါတယ်။
(၁) နှစ်ခြိုက်စွာအိပ်စက်ရန်
အိပ်ချိန်နည်းရင် ဘဝသက်တမ်းတိုတောင်းနိုင်တယ်လို့ 'အစ္စဘဲလ်'က ရှင်းပြထားပါတယ်။
အိပ်စက်ခြင်းဖြင့် နေ့စဉ်လှုပ်ရှားတွေးခေါ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ ဦးနှောက်ရောင်ရမ်းခြင်းများကို လျှော့ချပေးနိုင်ပါတယ်။
လုံလောက်စွာ မအိပ်စက်ရတဲ့အခါ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါစတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၂) အချိန်မှန်မှန် တရားထိုင်ပေးခြင်း
စိတ်ကိုဖြေလျှော့ရာမှာ တရားထိုင်ခြင်းက အလွယ်ကူဆုံးနည်းလမ်းဖြစ်ပြီး စိုးရိမ်ပူပန်မှုကိုလျှော့ချပေးခြင်း၊ စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်းတို့ ပြုလုပ်ပေးပါတယ်။
တစ်နေ့ကို ၁၀ မိနစ်ခန့်တရားထိုင်ပေးသင့်တယ်လို 'အစ္စဘဲလ်'က အကြံပြုထားပါတယ်။
တရားထိုင်ခြင်းနဲ့ ဦးနှောက်ရောင်ရမ်းမှုလျော့ကျခြင်းတို့က တိုက်ရိုက်မပတ်သက်နေပေမယ့် ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းနဲ့ ဖြစ်လာတဲ့ရောဂါတွေကို လျှော့ချရာမှာ တရားထိုင်ခြင်းက အကူအညီပေးပါတယ်။
(၃) အရက်သေစာရှောင်ရှားခြင်း
အရက်က ဦးနှောက်ကို တိုက်ရိုက်ရောင်ရမ်းခြင်းဖြစ်စေပြီး စိတ်ကျဝေဒနာဖြစ်စေနိုင်ပါတယ်။
အရက်အလွန်အကျွံသောက်တဲ့အခါ ခန္ဓာကိုယ်ကိုထိခိုက်စေပြီး ကျန်းမာရေးဆိုးရွားစေကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဖော်ပြထားပါတယ်။
အရက်က ဦးနှောက်ထဲက သတင်းပို့ပစ္စည်းများကို နှောင့်ယှက်ကာ ခံစားချက်၊ အတွေးအခေါ်၊ အမူအကျင့်တို့ကို သက်ရောက်စေပါတယ်။
(၄) လှုပ်ရှားလေ့ကျင့်ခန်း
မအားလို့ အချိန်မရလို့ဆိုပြီး အလေးမ'မဘဲနေတာမျိုး၊ လေ့ကျင့်ခန်းမလုပ်ဘဲနေတာမျိုး မလုပ်သင့်ပါဘူး။
လေ့ကျင့်ခန်းလုပ်တဲ့အခါ BDNF ဆိုတဲ့ ပစ္စည်းထွက်လာပြီး ဦးနှောက်ရောင်ရမ်းခြင်းကို လျှော့ချပေးကာ အာရုံကြောကိုကျုံခြင်း ဆန့်ခြင်း ပြုလုပ်ပေးပါတယ်။
ဦးနှောက်ထဲမှာ မှတ်ဉာဏ်စွမ်းရည်အတွက်အရေးကြီးတဲ့ အာရုံကြောမျှင်များ ဆက်လက်တည်ရှိဖို့ အကူအညီဖြစ်စေပါတယ်။
(၅) ဆုံးဖြတ်ချက်ပြတ်သားခြင်း
လူတွေရဲ့ဦးနှောက်တွေက စဉ်းစားဆုံးဖြတ်ပြီး ပြုလုပ်လေ့ရှိတယ်။
ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး သင်ယူလာတတ်ကြတယ်။
ကျရှုံးမှုတွေကနေ သင်ခန်းစာယူခြင်းက ရင့်ကျက်လာစေတယ်လို့ ဆိုကြသူတွေရှိသလို ဆန့်ကျင်ဘက် ထင်မြင်တဲ့သူတွေလည်းရှိပါတယ်။
ကျရှုံးတဲ့အခါ သင်ယူချင်စိတ်မရှိတော့ဘဲ ဆက်မလုပ်ကြတာမျိုးဖြစ်တတ်တယ်လို့ တွေ့ရှိထားတာတွေရှိပါတယ်။
လူတွေက ကျရှုံးသူတွေထက် အောင်မြင်သူတွေကိုသာ ရှေးရှုမြင်တတ်ကြတာပါ။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _ 7 September 2022
မြန်မာနိုင်ငံက ကုန်တင်ကားတွေ ထိုင်းနိုင်ငံ မဲဆောက်ထိ ဝင်ရောက်ပြီး ကုန်တင်ကုန်ချ လုပ်နိုင်ဖို့ကိစ္စကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားတာ မရှိသေးဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#World_Pets
Published 7 September 2022
'ကက်စီးယပ်စ်'နဲ့ 'ရိုစီ'ဆိုတဲ့ ခွေးတွေဟာ ဟောင်ကောင်ခွေးဂေဟာတစ်ခုမှာ မွေးစားမယ့်ပိုင်ရှင်အသစ်တွေကို စောင့်မျှော်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published-7 Setember 2022
ဒီနေ့စက်တင်ဘာလ ၇ ရက်နေ့မှာ အောက်တိန်း ၉၂ တစ်လီတာဟာ ၂၄၅၀ ကျပ် မြင့်တက်လာပြီး အောက်တိန်း ၉၅ တစ်လီတာကလည်း ၂၅၆၀ ကျပ်ထိ မြင့်တက်လာကာ ဒီဇယ်ဈေးနှုန်းတွေကတော့ အနည်းငယ် ပြန်လည်ကျဆင်းလာတာကိုတွေ့ရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 7 September 2022
ပြည်ပတင်ပို့တဲ့ ဈေးကွက်ဝင် ကုန်းမြင့်ကော်ဖီတွေကို မြန်မာနိုင်ငံတွင်းမှာ ဧက၂သိန်းထိ ပြည့်မှီအောင် စိုက်ပျိုးဖို့ရည်ရွယ်ထားပြီး ကော်ဖီစိုက်ပျိုးမယ့်ကဏ္ဍမှာ ရင်းနှီးဆောင်ရွက်လိုတဲ့သူတွေကို စိုက်ပျိုးမယ့်ဧရိယာတွေအတွက် မြေအသုံးပြုခွင့် ပုံစံ(၇)ထုတ်ပေးဖို့ရှိနေတယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားထားပါတယ်။
#Yangon_Media_Group
Published 7 Sept 2022
ဗီယက်နမ်တောင်ပိုင်းက ကာရာအိုကေဘားတစ်ဆိုင် စက်တင်ဘာ ၆ ရက်က မီးလောင်ခဲ့တဲ့အတွက် လူ ၁၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားပါတယ်လို့ အရာရှိတွေကပြောပါတယ်။
အင်္ဂါနေ့ညပိုင်းမှာ အဲဒီကာရာအိုကေဘားဆိုင်ရဲ့ ဒုတိယထပ်နှင့် တတိယထပ်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ဆိုင်ကို လာရောက်ကြတဲ့ ဖောက်သည်တွေနှင့် ဝန်ထမ်းတွေဟာ ပိတ်မိနေခဲ့ပါတယ်။ မီးခိုးတွေဟာ လှေကားတစ်လျောက်ပိတ်မှောင်သွားပြီး အရေးပေါ်ထွက်ပေါက်ပါပိတ်ဆို့သွားတယ်လို့ နိုင်ငံပိုင်မီဒီယကပြောပါတယ်။
တော်တော်များများဟာ လသာဆောင်ဘက်ကို အပြေးအလွှားထွက်ပြေးကြပါတယ်။ အဲဒီအခါမှာ သစ်သားအတွင်းခန်းတွေမှာ မီးကကြီးလာပြီး အချို့ဟာ အဆောက်အအုံကနေ ခုန်ချကြတယ်လို့ သတင်းတွေကဆိုပါတယ်။
အဲဒီကာရာအိုကေဘားဟာ ဟိုချီမင်းမြို့တော် ရဲ့ မြောက်ဘက် သူယမ်အန်းမြို့က လူနေထူထပ်တဲ့ ရပ်ကွက်ထဲမှာ မှာတည်ရှိပါတယ်။
ဒေသအရာရှိတစ်ဦးက လူ၁၂ ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရတယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်သူတွေ ဆက်လက်ရှာဖွေနေပြီး မီးလောင်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်နေတယ်လို့လည်း သူယမ်အန်မြို့ ကွန်မြူနစ်ပါတီအရာရှိတစ်ဦးကပြောပါတယ်။ အဲဒီကာရာအိုကေဘားအနီးနေထိုင်သူ ငုယင်ဆန်းကလည်း မီးသတ်ကားတွေရောက်လာချိန် အထဲမှာ လူ(၄၀)လောက်ပိတ်မိနေတယ်လို့ ဧည့်ကြိုတစ်ဦးက ပြောတယ်လို့ ပြန်ပြောပြပါတယ်။
အချို့က အပူဒဏ်မခံနိုင်လို့ခုန်ချကြတဲ့အတွက် လက်တွေ ခြေထောက်တွေကျိုးကုန်တယ်လို့ ဆန်းက ဆက်ပြောပါတယ်။
ယခုမီးလောင်မှုဟာ ၂၀၁၈နှစ်ကတည်းကဆိုရင် အဆိုးရွားဆုံးဖြစ်ပါတယ်။ ၂၀၁၈တုန်းကတော့ ဟိုချီမင်းက လူနေအိမ်တွဲတစ်ခုမီးလောင်လို့ လူ၁၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က ဟနွိုင်းမြို့တော် က ကာရာအိုကေဘားတစ်ခုယခုလိုပဲမီးလောင်လို့ လူ၁၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လက ဟနွိုင်းက အခြားကာရာအိုကေတစ်ခုမီးလောင်လို့ မီးငြှိမ်းသတ်တဲ့ မီးသတ်သမားသုံးဦးသေဆုံးခဲ့ရကြောင်းသိရပါတယ်။
Source AFP
#Vietnam_Karaoke_Bar_Fire
#Vietnam_Thuan_An_city
#Vietnam
#Local_News
Published _ 7 September 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံဗောတံတားတစ်စင်းကို စတင်တည်ဆောက်ဖို့ လုပ်နေကြပါပြီ။
#Yangon_Media_Group
#DailyNews
Published _ 7 September 2022
၁။ ရင်းသားကျေးရွာတွင် တည်ဆောက်နေသည့် ဆိပ်ခံဗောတံတား ၆ လအတွင်းပြီးစီးမည်
၂။ ကောက်ဖီစိုက်ပျိုးရင်းနှီးမည့်သူများကို စိုက်ပျိုးမြေအသုံးပြုခွင့် ပုံစံ(၇) ထုတ်ပေးမည်
၃။ ဓာတ်ဆီတစ်လီတာပျမ်းမျှ ၂၅ ကျပ်မြင့်တက်လာ၊ ဒီဇယ်ဈေးအနည်းငယ်ပြန်ကျလာ
၄။ ဟောင်ကောင်မှနေထိုင်သူအများအပြား ထွက်ခွာသွား၍ စွန့်ပစ်ခံရသည့် အိမ်မွေးခွေးများ တိုးများလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 7 September 2022
မြန်မာ့သနပ်ခါးကို အချောထည်တွေထုတ်လုပ်ပြီး ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို တင်ပို့သွားဖို့အစီအစဉ်တွေရှိတယ်လို့ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
Page 1617 of 1992