Published 7 November 2022

အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဗလီကန်တွေကို မဲပေးကြဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲကို လက်ထရော့ဘ်မြို့မှာ နိုဝင်ဘာ (၆)ရက်က ကျင်းပခဲ့ပါတယ်။

ကွန်ဂရက်မှာ အနီရောင်းလှိုင်းလွှမ်းသွားရမယ်လို့ သူတို့ကယုံကြည်မျှော်လင့်ထားကြနေတဲ့အလျောက် ထရမ့်ဟာ လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲပေးရမယ့်သူတွေအထဲ မပါသည့်တိုင် ပင်ဆဲလ်ဗေးနီးယားက ရီပတ်ဗလီကန်တွေအတွက် အဓိကဆွဲဆောင်သူဖြစ်နေပါတယ်။

“ အင်မတန့် အင်မတန် တိုတောင်းတဲ့ကာလကလေးမှာ ခင်ဗျားတို့ပျော်လာလိမ့်မယ်လို့ ကျွန်တော်ကတိပေးတယ်” လို့ ထရမ့်ကပြောပါတယ်။

သမ္မတရွေးပွဲအပြီး(၂)နှစ်အကြာမှာ ပုံမှန်ကျင်းပရတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲဟာ လက်ရှိအိမ်ဖြူတော်မှာရှိနေတဲ့ သူတွေအတွက် ပြည်သူ့ဆန္ဒခံယူတဲ့ပွဲတစ်ခုလို အများကမြင်ထားကြပါတယ်။

ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနှင့် အခြားအရာရှိနေရာ တွေကို ဘယ်သူတွေက ထိန်းချုပ်မလဲ ဆိုတာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

အင်္ဂါနေ့ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ အနိုင်ရလျှင် ဒါဟာ ထရမ့်ကို ပြန်ပြီး အာဏာရရှိစေဖို့ လမ်းပွင့်သွားမယ်လို့ ထရမ့်ကိုထောက်ခံသူတွေက ယုံကြည်ထားကြပါတယ်။

“ သမ္မတရာထူးနှင့်ထိုက်တန်တာ သူတစ်ဦးတည်းရှိတယ်” လို့ အသက် ၃၉ နှစ်အရွယ် ဘော့စ်ဝဲလ်ကပြောပါတယ်။

Source: AFP

 

#Trump_Rally

#Save_America

#Republicans_Rally

Published 7 November 2022 အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဗလီကန်တွေကို မဲပေးကြဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့"/>