#Health_Matters
Published - 16 July 2022
-သူ့ကြောင့် ကိုဗစ်လှိုင်းအသစ်တွေ ထပ်ပေါ်လာနိုင်ပါသလား??
#Yangon_Media_Group
Published 16 July 2022
သတင်းစာဆရာ ဂျာမေးလ်ခါရှိုဂီကို သတ်ဖြတ်တဲ့ကိစ္စလို အမှားတွေကို ဆော်ဒီအာရေဗျအနေနှင့် တားဆီးဖို့ ဆောင်ရွက်ခဲ့တယ်။ဒါပေမယ့် အမေရိကန်ကလည်း အီရတ်ကိစ္စ အပါအဝင် အမှားတွေလုပ်ခဲ့တာပဲလို့ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ပြောခဲ့တယ်လို့ ဆော်ဒီအရာရှိတစ်ဦးရဲ့ ပြောစကားအရသိရပါတယ်။
ရိုက်တာကိုပေးပို့တဲ့ ခေါင်းဆောင်နှစ်ဦး သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တာတွေနှင့်ဆိုင်တဲ့ သတင်းထုတ်ပြန်ချက်မှာ အခြားနိုင်ငံတွေကို အချို့တန်ဖိုးတွေ အတင်းအဓမ္မ သွတ်သွင်းတာဟာ ရလဒ်ပြောင်းပြန်ဖြစ်သွားနိုင်တယ်လို့ ဆော်ဒီဘုရင့်နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်က ပြောကြားခဲ့တဲ့အကြောင်း ဖော်ပြပါရှိပါတယ်။
မင်းသား မိုဟာမက်က အနောက်ဘက်ကမ်းခြေကို အစ္စရေးတွေ ဝင်ရောက်စီးနင်းစဉ်က ပါလက်စတိုင်း-အမေရိကန် သတင်းစာဆရာ ရှီရင်း အာဘူအက်လက် အသတ်ခံရတာကိုပါ ပြောဆိုခဲ့ပြီး အီရတ်က အာဘူဂရက် အကျဉ်းထောင်ကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ အဲဒီတစ်နှစ်တည်းမှာပဲ ကမ္ဘာ့အခြာနေရာတွေမှာ အခြားသတင်းစာဆရာတွေ အသတ်ခံရတဲ့ ဝမ်းနည်းစရာ အဖြစ်တွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် အာဘူဂရက် အကျဉ်းထောင်ဖြစ်ရပ်လိုမျိုး အမှားတွေ အများကြီး ကျုးလွန်ခဲ့တယ်” လို့ အိမ်ရှေ့မင်းသားကပြောပါတယ်။
“ ကမ္ဘာ့အခြားနိုင်ငံတွေ အထူးးသဖြင့် အမေရိကန်နှင့် ဆော်ဒီတို့ဟာ နှစ်ဘက်သဘောတူထားတဲ့ တန်ဖိုးတွေကို အတူတူ မျှဝေကြမှာဖြစ်ပြီး သဘောမတူတဲ့ တန်ဖိုးတွေလည်ရှိနေတာဖြစ်တယ်”လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ ဒါပေမယ့် ဒီတန်ဖိုးတွေကို အတင်းအကျပ် သွတ်သွင်းဖို့ကြိုးစားတာဟာ ဆန့်ကျင်ဖက် အကျိးသက်ရောက်မှုတွေပဲဖြစ်စေနိုင်တယ်။ အီရန်နှင့် အာဖဂန်နစ္စတန်မှာ အမေရိကန်မအောင်မြင်ခဲ့ရတာတွေလိုဖြစ်တယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်မှုဖြစ်ပြီးနောက်ကမ္ဘာ့အဆိုးရွားဆုံး လောင်စာအကျပ်အတည်းပေါ်ပေါက်လာတဲ့အလျောက် အမေရိကန်ဟာ ဆော်ဒီအာရေဗျအပေါ် ရပ်တည်ချက် ပျော့ပြောင်းခဲ့ပါတယ်။
#Source_AFP
#Saudi_US
#Biden_Visit_Saudi
#ဆော်ဒီအာရေဗျ_အမေရိကန်
Published 16 July 2022
မက္ကဆီကို အနောက်မြောက်ပိုင်း လော့စ် မိုချစ်ဒေသမှာ စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၁၄ ဦးသေဆုံးခဲ့ပါတယ်။ မူးယစ်ရာဇာ ရာဖယ်လ်ကာရို ကွင်တာရိုကို ဖမ်းဆီးတဲ့ မစ်ရှင်ကို အကူအညီပေးပြီးနောက် ပျက်ကျခဲ့တာဖြစ်တယ်လို့ မက္ကဆီကို သမ္မတ အင်ဒရေးစ် မန်နျူယယ် လိုပက်ဇ် အောဘရာဒေါက ပြောပါတယ်။
#Source_AFP
#Helicopter_crash
#Mexico_Helicopter_Accident
#မက္ကဆီကို
#Health_Matters
Published - 16 July 2022
-Centaurus အိုမီခရွန်ဆိုတဲ့ မျိုးကွဲအသစ်အကြောင်း
#Yangon_Media_Group
#Loacl_News
Published_16 July 2022
ထိုင်းနိုင်ငံအချုပ်အသီးသီးမှ မြန်မာနိုင်ငံသား ၁၆၈ ဦး ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် နေရပ်ပြန်ခွင့်ရပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်းရှိ အချုပ်ခန်းများတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ကြောင်း၊ ယင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီး ၅၃ ဦး ပါဝင်ကြောင်း၊ ယင်းတို့အား ရနောင်းမြို့ကနေ စက်လှေဖြင့် ကော့သောင်းမြို့သို့
ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ထိုင်းအချုပ်များမှ ကော့သောင်းဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သား ၆၅၆ ဦးအထိ ရှိပြီဖြစ်ကြောင်း၊ ကော့သောင်းမြို့ဘက်တွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက စစ်ဆေးမှုများ၊ အသိပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အထက်ထိုးပြီးသူများအား RTT ဖြင့် စစ်ဆေး၍ နေရပ်ချက်ခြင်း ပြန်ပို့ပေးသော်လည်း ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်နှင့် လုံးဝကာကွယ်ဆေးမထိုးရသေးသူများအနေဖြင့် ကွာရန်တင်း ၅ ရက် နေကြရမည် ဖြစ်ကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published_16 July 2022
ပြည်ပချေးငွေကို အတိုးရော အရင်းပါ ပြန်မဆပ်ဘဲ ယာယီရပ်ထားဖို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်တာကြောင့် ပြည်သူတွေ စိုးရိမ်မှုဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 July 2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်၊ တွံတေး၊ ကော့မှူးမြို့နယ်တွေမှာ စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်း Agricultural tourism ဖော်ဆောင်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနောင်းနောင်းဟန်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_16 July 2022
တရားမဝင် မြန်မာနိုင်ငံသားတင်ဆောင်လာသော ပစ်ကပ်တစ်စီးနှင့် ကုန်တင်ယာဉ်တို့ ဇူလိုင်လ ၁၅ ရက် ည ပိုင်းက ဘန်ကောက်မြို့အဝင် ထနွန်ဖေစ်ကစေန်လမ်း ဓန်းတချန်းဂိတ်အနီး ထခမ်းခရိုင်ခွဲ ထဆဲ့ခရိုင် ဆွမ်ဖုံပြည်နယ်တွင် တိုက်မိ၍ ၃ ဦး သေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ဆုံဖုံလူမှုကယ်ဆယ်ရေးပရဟိတအဖွဲ့၏ သတင်းများအရ သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ကော့သောင်း ရနောင်းဘက်မှ တရားမဝင်လာရောက်ကြသူများ တင်ဆောင်လာသည့် အဆိုပါ ပစ်ကပ်ယာဉ်မှာ ဖေစ်ကစေန် ထချန်းစစ်ဆေးရေးဂိတ် မရောက်မီ စစ်ဆေးရေးဂိတ်ကျော်ဖြတ်ရန် လမ်းကိုကွေ့ပတ်ရှောင်၍ အရှိန်ဖြင့်မောင်းနှင်စဉ် လမ်းမကြီးမှ လာသောကုန်တင်ယာဉ်နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်စဉ် ယာဉ်အတွင်း ပိတ်မိနေသော မြန်မာနိုင်ငံသားများအား ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကယ်ထုတ်ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ထိုင်းနိုင်ငံသား ၁ ဦး ၊ မြန်မာနိုင်ငံသား ၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၈ ဦး အမျိုးသမီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။



ymg/mt
#Yangon_Media_Group
#Local_News
Published - 16 July 2022
ကိုဗစ်လူနာတွေကို သက်ဆိုင်ရာ တိုက်နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံ၊ ဗဟိုဆေးရုံ၊ တိုင်းဒေသကြီးပြည်နယ် ဆေးရုံတွေမှာ လက်ခံကုသပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 July 2022
ဇူလိုင်လအတွင်း စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၆ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းအရ ရန်ကုန်တိုင်းအတွင်း တစ်လီတာလျှင်ငွေကျပ် ၁၇၀၀ အထိကျဆင်းလာကြောင်း စာရင်းများအရ သိရသည်။
မန္တလေးတိုင်း၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ထားဝယ်၊ မုံရွာ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ လားရှိုး၊ တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာလျှင် ငွေကျပ် ၁၇၀၀ အထက်၌ရှိနေကြောင်း သိရသည်။
"ဆီစျေးတွေဆက်တိုက်ကျလာပြီဆိုတော့ အဆင်ပြေတာပေါ့။ ခရီးသည်ကိုလည်း ကားမောင်းရင်းပတ်ရှာလိုရပြီ။ အရင်ကဆီစျေးတွေတတ်တော့ ကားကဘယ်လိုမှမောင်းလို့အဆင်မပြေဘူး"ဟု အငှားယာဥ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်ဦးက ပြောသည်။
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 တစ်လီတာလျှင် ၁၇၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၃၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာမူ ယမန်နေ့စျေးနှုန်းအတိုင်း တစ်လီတာလျှင် ၂၁၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ထားသည်။
ယင်းအပြင်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း၌ 92 တစ်လီတာလျှင် ၁၆၀၉ ကျပ်၊ 95 တစ်လီတာလျှင် ၁၆၅၆ ကျပ်အထိကျဆင်းခဲ့သည်။
ymg/sth
Yangon_Media_Group
#Local_News
Published - 16 July 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအချို့တွင် ယခင်ပုံသေယာဉ်စီးခ ကောက်ခံနေရာမှ ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
အဆိုပါ ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံမှုကို YBS ယာဉ်လိုင်း ၄ ခုခန့်တွင် ကနဦး စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ခရီးအကွာအဝေးအလိုက် ပြောင်းလဲကောက်ခံမည့် ယာဉ်လိုင်းများတွင် ကတ်စနစ်ကို တပ်ဆင်ထားမည်ဖြစ်ပြီး ခရီးစဉ်အကွာအဝေးအလိုက် ကောက်ခံမှာဖြစ်သည့်အတွက် အတက်တစ်ကြိမ်၊ အဆင်းတစ်ကြိမ် ကတ်ဖြတ်ပေးရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
YBS-၁၁ (အောင်မင်္ဂလာအဝေးပြေး-သမိုင်း-လသာ)၊ YBS-၁၁၅ (အောင်မင်္ဂလာအဝေးပြေး-နဝဒေး-ဆူးလေ)၊ YBS-၈ (ဒဂုံဆိပ်ကမ်း-သာကေတအဝိုင်း-လသာ)၊ YBS-၁၀ (သာကေတ(ကန်ကြီးဒေါင့်) -ဇဝန-ဒဂုံတက္ကသိုလ်)စသည့် ယာဉ်လိုင်းများတွင် ယာဉ်စီးခပြောင်းလဲကောက်ခံမှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆လိုင်း၊ ယာဉ်စီးရေ ၃၁၇၃ စီး ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 July 2022
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ Panko Bago CMP အထည်ချုပ်စီမံကိန်းများကို ယခုနှစ် မတ်ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းအပိုင်း ၁ သည် အဝတ်အထည်အမျိုးမျိုးထုတ်လုပ်၍ လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး လက်ရှိအကောင်အထည်ဖော်နေသော စီမံကိန်းအပိုင်း ၂ သည် ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
"CMP စနစ်နဲ့ ချုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံစီမံကိန်းတွေ ဖြစ်ပါတယ်။ အပိုင်း ၁ ကတော့ လုပ်သား ၂၅၀၀ နဲ့ လည်ပတ်နေပြီ။ အခု အကောင်အထည်ဖော်နေတဲ့ အပိုင်း ၂ ပြီး ရင်လည်း လုပ်သား ၂၅၀၀ လောက်အလုပ်အကိုင်ရမှာဖြစ်ပါတယ်"ဟု စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
အထည်ချုပ်စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်လျက်ရှိပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ရင်းနှီးငွေ ပမာဏ ကန်ဒေါ်လာ ငါးသန်းခန့်ရှိကြောင်း သိရသည်။
ယင်းအထည်ချုပ်စီမံကိန်းသည်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၌ တည်ဆောက်လျက်ရှိပြီး စက်ရုံအနေဖြင့် အထည်ချုပ်လုပ်ငန်းများ အတွက် ကုန်ကြမ်းများကို ပြည်ပမှ ရာနှုန်းပြည့် တင်သွင်းဆောင်ရွက်ပေးလျက်ရှိသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင်၊ စက်ရုံ၏ ကိုယ်ပိုင်ထုတ်လုပ်မှုနှင့် ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Page 1571 of 1849