Published 9 Sept 2022
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ ဗြိတိသျှတွေကို တော်လှန်ခဲ့တဲ့ အိန္ဒိယရဲ့ လွတ်လပ်ရေးသူရဲကောင်း ဆူဘတ်စ် ချန်ဒရာဘို့ရဲ့ ရုပ်တုဖွင့်ပွဲကို ကြာသပတေးနေ့က တက်ရောက်ခဲ့ပါတယ်။ ဆူဘရာချန်ဒရာဘို့စ်ဟာ မဟတ္တမ ဂန္ဒီနှင့် ခေတ်ပြိုင်ထင်ရှားသူနှင့် ဩဇာကြီးမားသူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
သူ့ကို နီတာဂျီ ဒါမှမဟုတ် ခေါင်းဆောင်ကြီးလို့လည်း ခေါ်ကြာပါတယ်။ သူ့ရဲ့ရုပ်တုကို နယူးဒေလီမြို့တော်ရဲ့ စစ်အထိမ်းအမှတ်အိန္ဒိယဂိတ်အနီးမှာ ထုလုပ်စိုက်ထူလိုက်တာဖြစ်ပါတယ်။ အဲဒီနေရာမှာ ယခင်က ဗြိတိန်ဘုရင် ဂျော့ -၅ George V ရဲ့ ရုပ်တုရှိခဲ့ပြီး အဲဒီရုပ်တုကိုဖြိုချခဲ့ပြီးနောက် နီတာဂျီးရုပ်တုကို အစားထိုးစိုက်ထူလိုက်တာပါ။
ယခုနှစ်မှာကျရောက်တဲ့ အိန္ဒိယရဲ့ ၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အုပ်ချုပ်ရေးမြို့တော်မှာ ကာလရှည်ကြာကတည်းက စရိတ်မြင့်မားတဲ့ မွမ်းမံပြင်ဆင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ဘို့စ်ရဲ့ ရုပ်တုဟာ အဲဒီပြုပြင်မွမ်းမံမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
“ ဒီကနေ့ ကျွန်တော်တို့ အတိတ်ကို နောက်ဘက်မှာထားရစ်ခဲ့ကြပြီ” လို့ ရုပ်တုဖွင့်ပွဲမှာ မိုဒီက ပြောပါတယ်။
“ နိုင်ငံမှာ ယနေ့ နီတာဂျီရဲ့ ရုပ်တုကို စိုက်ထူလိုက်ပြီဖြစ်တယ်။ ဒီရုပ်တုဟာ ခေတ်မီပြီးလွတ်လပ်တဲ့ ယုံကြည်မှုရှိတဲ့ အိန္ဒိယကို ဖွံ့ဖြိုးတိုးတက်မှုတွေပေးစွမ်းခဲ့တယ်” လို့ သူကပြောပါတယ်။
မိုဒီရဲ့အာဏာရပါတီဖြစ်တဲ့ ဘီဂျေပီ ပါတီဟာ သန်မာတဲ့ ဟိန္ဒူမျိုးချစ်ဝါဒကို ထောက်ခံအားပေးထားပါတယ်။ ဒီဝါဒဟာ ပြင်ပဩဇာလွှမ်းမိုးမှုနှင့်ကြီးစိုးမှုကိုဆန့်ကျင်တဲ့ သမိုင်းဆိုင်ရာပုဂ္ဂိုလ်ကြီးတွေပေါ်ပေါက်ခဲ့စေပါတယ်။
ဘီဂျေပီဟာ ဘို့စ် ကို ကိုလိုနီဆန့်ကျင်ရေးသူရဲကောင်းအဖြစ် အမွှမ်းတင်ထားပြီး အိန္ဒိယရဲ့ အဓိကအတိုက်အခံပါတီနှင့် နှီးနွယ်နေတဲ့ ဂန္ဒီနှင့် ဝန်ကြီးချုပ်ဟောင်းနေရူးတို့ကို မှိန်ထားခဲ့ပါတယ်။
မိုဒီဟာ ဒေလီရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Red Fort မှာ ၂၀၁၉ခုနှစ်က ဘို့စ်ရဲ့ပြတိုက်ဖွင့်လှစ်ပေးခဲ့ပါသေးတယ်။ ဒီနှစ်ဆန်းမှာ သူ့ကို လွတ်လပ်ရေးရဲ့ကြီးမြတ်တဲ့ သူရဲကောင်းကြီး” လို့ မိုဒီက ဂုဏ်ပြုခေါ်ဆိုခဲ့ပါတယ်။
ဘိုစ့်ရဲ့ ဖက်ဆစ်နိုင်ငံတွေနှင့်ချစ်ကြည်မှုကြောင့် သူ့ပုံရိပ်ပျက်ခဲ့ပေမယ့် သူ့ကို အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုနေကြတုန်းပဲဖြစ်ပါတယ်။ အချိန်မတိုင်ခင် သူသေဆုံးခဲ့ရတာကလည်း ကြံစည်မှုတစ်ခု အဖြစ် ထင်မြင်နေကြပါတယ်။ ၁၉၄၅ခုနှစ်မှာ သူဟာ ထိုင်ဝမ်မှာရှိနေတုန်း ဂျပန်တစ်ဦးရဲ့ ဗုံးခွဲမှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အိန္ဒိယပြည်သူတော်တော်များများက သူဟာ တကယ်မသေခဲ့ဘူး။ ဗြိတိသျှအာဏာပိုင်တွေက သူ့ကို ရာဇဝတ်သားအဖြစ် ဖမ်းဝရမ်းထုတ်ထားခံရတဲ့အတွက် မြေအောက်လှုပ်ရှားမှုထဲသွားလို့ရအောင် ဇာတ်လမ်းဆင်ခဲ့တာလို့ အများက ယုံကြည်နေကြဆဲပါ။
ဆယ်စုနှစ်များစွာလွန်မြောက်ခဲ့ပေမယ့် တော်တော်များများက ဘို့စ်ဟာ အသက်ရှင်နေတုန်းပဲဆိုပြီး များစွာသော သီအီုရီတွေထုတ်ပြနေကြပါတယ်။ အဲဒီအထဲမှာ ဆိုဗီယက် ဂူလက်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတာကအစ အိန္ဒိယကို တိုးတိုတိတ်တိတ်ပြန်လာပြီး မထင်မရှားနေထိုင်နေတယ်အဆုံး ပါဝင်ကြပါတယ်။
Source: AFP
#Subhas_Chandra_Bose
#Narendra_Modi
#India_Independence_Heroes
#Local_News
Published - 9 September 2022
ရန်ကုန်တိုင်းအတွင်းမှာ ကိုဗစ်လူနာတွေသာမက ကိုဗစ်လူနာနဲ့ ထိစပ်ခဲ့သူတွေ၊ နေမကောင်းဖြစ်လို့ ဆေးရုံဆေးပေးခန်းပြသနေရသူတွေကိုပါ နေ့စဉ်ပို့ဆောင်ပေးနေရတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းဥက္ကဌ ဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
Published - 9 September 2022
မြန်မာ-ဒူဘိုင်းနှစ်နိုင်ငံရဲအဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့်လူကုန်ကူးသူတရားခံအားလွှဲပြောင်းပေးပြီးလူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး (၇)ဦးအား ကယ်တင်ပေးနိုင်ပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ယူပေးနိုင်ခဲ့ကြောင်းသိရသည်၊၊
ဒူဘိုင်းတွင်အမြဲတမ်းနေထိုင်ခွင့်နှင့်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဖွဲ့သည် ဒူဘိုင်းတွင်လစာ ကောင်းကောင်းဖြင့်အလုပ်လုပ်ရမည်ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသားအမျိုးသမီးငယ်များကို ခေါ်ယူပြီး ဒူဘိုင်းကိုရောက်ရှိသည့်အခါ အီရန်၊အီရတ်၊ကာတာ၊ဘာရိန်း ၊ကူဝိတ်၊ဆော်ဒီ၊ရီမင်၊ဂျော်ဒန်နဲ့အိုမန်အော်နိုင်ငံများသို့အတင်းအကြပ်စေလွှတ်ရောင်းစားမှုများသတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၂၀၂၂ခုနှစ်သြဂုတ်လဆန်းမှစပြီး လေ့လာစုံစမ်းမှုများ ဆောင်ရွက်ခဲ့သည်၊၊
သြဂုတ်လ(၂၅)ရက်က ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး (၇)ဦးအဖွဲ့ကFacebook လူမှုကွန်ရက်ပေါ်ကတစ်ဆင့်liveလွှင့်ပြီးအကူအညီတောင်းခံခဲ့ရာ မြန်မာ-ဒူဘိုင်းနှစ်နိုင်ငံရဲအဖွဲ့များပူးပေါင်းဆောင်ရွက်မှုဖြင့်ဒူဘိုင်းတွင်နေထိုင်သည့်လူကုန်ကူးတရားခံအမျိုးသမီးကေသီမြင့်နှင့်မြန်မာနိုင်ငံမှဒူဘိုင်းကိုပို့ဆောင်ပေးနေသည့် တရားခံအမျိုးသမီးနှစ်ဦးကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်စပ်ဆက်ပူးပေါင်းကာ လူကုန်ကူးသူများ၊လူကုန်ကူးမှုကိုအားပေးသူများ၊တရားမဝင်အလုပ်အကိုင်များရှာဖွေပေးနေသည့်အဖွဲ့များ အားဆက်လက်ဖော်ထုတ်လျက်ရှိသည်ဟုဆိုသည်၊၊
လူကုန်ကူးတရားခံအမျိုးသမီးကေသီမြင့်သည် ၂၀၂၁ခုနှစ် မှ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံသားအမျိုးသမီးများစွာကို ဒူဘိုင်းခေါ်ယူပြီး တရားမဝင်အလုပ်အကိုင်များရှာဖွေပေးခြင်း၊တတိယနိုင်ငံသို့ခြိမ်းခြောက်စေလွှတ်ရောင်းစားခြင်း၊ လျှော်ကြေးငွေနှင့်လစာများခေါင်းပုံဖြတ်ရယူခြင်း၊လူကုန်ကူးပြစ်မှုကျူးလွန်ခြင်းများကိုကျူးလွန်ခဲ့သည့်အတွက် ဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်းသိရသည်၊၊
ဒူဘိုင်းတွင် လူကုန်ကူးခံရပြီး ဒုက္ခရောက်နေသည့် မြန်မာအမျိုးသမီး (၇)ဦးနှင့်တရားခံကေသီမြင့်တို့ကို နိုင်ငံတော်မှ အကုန်အကျခံပြီး မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်းနှင့် မြန်မာအမျိုးသမီး (၇)ဦးကိုအမှုနှင့်ပတ်သက်သည့် လိုအပ်သည့်မေးခွန်းများမေးမြန်းပြီးပါက မိဘဆွေမျိုးများထံစနစ်တကျပြန်လည်အပ်နှံပေးမည်ဖြစ်ကြောင်းသိရသည်၊၊
ymg/tthl
Yangon_Media_Group


#Local_News
Published - 9 September 2022
အခု ဘဏ္ဍာနှစ် ၅ လနီးပါးအတွင်းမှာ ရေထွက်ကုန် ပြည်ပတင်ပို့မှုကနေ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၆၀ ကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုစာရင်းဖော်ပြချက်တွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 9 September 2022
၁။ ရေထွက်ကုန် ပို့ကုန်ဝင်ငွေ ဒေါ်လာ သန်း ၂၆၀ ကျော် ရရှိ
၂။ ရန်ကုန်တိုင်းတွင် ကိုဗစ်လူနာများသာမက ထိစပ်ခဲ့သူများ၊ ဆေးရုံဆေးခန်းပြသနေရသူများပါ နေ့စဉ်ပို့ဆောင်ပေးနေရ
၃။ ကားအရောင်းအဝယ် ပုံမှန်အတိုင်းပြန်ဖြစ်နေ
၄။ ဝိုင်အဆင့်သတ်မှတ်ခွဲခြားခြင်းက အကောင်းဆုံးဝိုင်ထွက်ရှိရာ ပြင်သစ်ရွာကို စည်းလုံးမှုပျက်ပြားစေခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-9 Setember 2022
မကြာခင်ဆန်သစ်ပေါ်လာတော့မှာဖြစ်ပြီး တချို့ဆန်သစ်တွေကလည်း ဈေးကွက်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 September 2022
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းပူဆွေးမှုကို အများပြည်သူများအနေဖြင့် ဗြိတိသျှသံရုံးရန်ကုန်၌ ဝမ်းနည်းမှတ်တမ်းလာရောက်ရေးသားနိုင်ကြောင်း သိရသည်၊၊
ဝမ်းနည်းမှတ်တမ်းစာအုပ်ကို ယနေ့စက်တင်ဘာလ (၉) ရက် ညနေ (၅) နာရီအထိ အမှတ် ၈၀ ၊ ကမ်းနားလမ်း ဗြိတိသျှသံရုံးရန်ကုန်၌ ဖွင့်လှစ်ထားပြီး စက်တင်ဘာ (၁၂) ရက်မှစက်တင်ဘာလ (၁၅) ရက်နေ့ နံနက် (၉) နာရီမှ ညနေ(၅)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်၊၊
အွန်လိုင်းမှတဆင့် ရေးသားလိုသူများအတွက် ဝမ်းနည်းခြင်း မှတ်တမ်းစာအုပ်ကို https://www.royal.uk/send-message-condolence တွင်ဖွင့်လှစ်ပေးထားကြောင်း သိရသည်၊၊
ဘုရင်မကြီးကွယ်လွန်ခြင်းအတွက် ဝမ်းနည်းရကြောင်းကို ဗြိတိသျှသံရုံးရန်ကုန်မှအကြီးအကဲရူရစ်ခ် မာစ်ဒန်ကလည်း"ဘုရင်မကြီး ကွယ်လွန်ခြင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိပါတယ်။ သူမသည် ဘဝတစ်လျှောက်လုံးကို တိုင်းပြည်အတွက် အလုပ်လုပ်ပေးခဲ့သည်သာမက စစ်မှန်တဲ့ ကရုဏာ၊ အကြင်နာတရားနဲ့ ဉာဏ်ပညာအစရှိတဲ့ သမိုင်းဝင်အမွေအနှစ်တွေကိုပါ ချန်ထားခဲ့ပါတယ်။ တော်ဝင်မိသားစုဝင်အားလုံးအတွက် စိတ်ထဲရင်ထဲမှလာသော ဝမ်းနည်းမှုမျိုးဖြင့် ဝမ်းနည်းမိပါကြောင်း ဗြိတိသျှသံရုံး ရန်ကုန်ကိုယ်စားဖော်ပြအပ်ပါတယ်"ဟု ရေးသားထုတ်ပြန်ခဲ့သည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published _9 September 2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုထုတ်သည့် စက်၊ငွေစက္ကူအတုနှင့်အတူ အမျိုးသား ၃ ဦးကို စက်တင်ဘာလ ၈ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မောင်ပိုင်လင်းထွေး(ခ)ကာရံဖြိုး ၊အသက် ၂၇ နှစ်အရွယ် ပိုင်စိုးသူ(ခ)ကမား တို့နှစ်ဦးကို ငွေတစ်သောင်းတန်အတု ၂၇ ရွက်၊ YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန်အတု အရွက် ၁ဝဝ ပါ ၄ အုပ်၊ ငါးထောင်တန်အတု အရွက် ၁ဝဝ ပါ တစ်အုပ်၊ ဖုန်းနှစ်လုံးနှင့်တူ ကနဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ ထွက်ဆိုချက်အရ အသက် ၂၁ နှစ်အရွယ် အောင်သူရဆိုသူထံမှ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန်အတု ၃၉၂ ရွက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် အဆိုပါ သုံးဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published - 9 September 2022
ယူကေနိုင်ငံတွင် မြန်မာနိုင်ငံသားများ စရိတ်ငြိမ်းဖြင့် တစ်နှစ်တာမဟာဘွဲ့တက်ရောက်နိုင်ရန် အတွက် Chevening ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ ထုတ်ပြန်လိုက်သည်၊၊
အဆိုပါ Chevening ပညာတော်သင်ဆုရရှိနိုင်ရန်အတွက် လိုအပ်သည့်အကြံဉာဏ်ကောင်းများရရှိရန်လာမည့် စက်တင်ဘာလ (၁၃)ရက်ညနေ (၅)မှ (၇)နာရီအထိ zoomဖြင့် webinar တစ်ခုပြုလုပ်သွားမည်ဖြစ်သည်၊၊
ယင်း webinarကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီးhttps://bit.ly/3qfYoEPတွင် စာရင်းသွင်းနိုင်မည် ဖြစ်သည်၊၊
Chevening ပညာတော်သင်ဆုအကြောင်း သိကောင်းစရာများကို Webinar တွင် မြန်မာနိုင်ငံမှ Ma Yu Wai၊ U Kyaw Moe Aung ၊ Ma Hnin Thazinsoe တို့မှ ဟောပြောကြမည်ဖြစ်ပြီး "Chevening ပညာ တော်သင်ဆု ရရှိအောင် ဘာတွေဆောင်ရွက်ရမလဲနှင့် ယူကေ၌ ပညာသင်ယူခြင်း"ဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်၊၊
Chevening ပညာတော်သင်ဆုတွင် အသက်အရွယ် ကန့်သတ်မှု၊ကိုးကွယ်မှုများ ခွဲခြားထားခြင်းမရှိဘဲ ရည်မှန်းချက်အောင်မြင်လိုသူများ၊ Leadership ပိုင်း စိတ်ဝင်စားသူများနှင့် မိမိနိုင်ငံအတွက် ကောင်းမွန်သော တိုးတက်မှုများရရှိအောင် ဆောင်ရွက်လိုသူများ အနေဖြင့်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published - 8 September 2022
ကလေးငယ်များ အပါအဝင် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျပြီး လွတ်ရက်စေ့လာသည့် မြန်မာရွှေ့ပြောင်း ၃၄၀ ကျော်ကို နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
အဆိုပါ မြန်မာရွေ့ပြောင်း လုပ်သား ၃၄၀ ကျော်ကို ရနောင်းကနေ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့မှ ယခု စက်တင်ဘာ ၈ ရက်နေ့တို့တွင် ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၉၃ ဦးအပါအဝင် ကလေးငယ် ၁၉ ဦးကို ထိုင်းနိုင်ငံမှာရှိသည့် အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ (၂၁) စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံသို့တရားမဝင် သွား ရောက်လုပ်ကိုင်သူ များပြာလာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံထဲသို့ တရားမဝင်ဝင်ရောက်သည့် အလုပ်သမားများကို တစ်လထက်မကျော်အချုပ်ထောင်ထဲတွင် နေရကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 9 Sept 2022
အဲလစ်ဇဘက် ဘုရင်မကြီး ကွယ်လွန်တဲ့ သတင်း ကြာသပတေးနေ့က ထွက်ပေါ်လာပြီးနောက် ဘာကင်ဟမ်နန်းတော်အပြင်ဘက်မှာ မျက်ရည်တွေနှင့် လူအုပ်ကြီးဟာ ခိုကိုးရာမဲ့” "God Save the Queen" ဘုရားသခင် ဘုရင်မကြီးကို ကယ်တင်ပါ ဆိုတဲ့ တေးသီချင်းကို အော်ဟစ်သီဆိုကြပါတယ်။
လန်ဒန်က ဘုရင်မကြီးအိမ်တော်မှာ ယူနီယံဂျက်အလံ တိုင်ဝက်လျှော့ချတဲ့အခါ လူတွေက မျက်ရည်တွေကျလာပြီး တိတ်ဆိတ်စွာနေပေးကြပါတယ်။
လန်ဒန်မြို့ပြင်က ဝင်ဆာရဲတိုက်ကြီးမှာ အလံကိုတိုင်တစ်ဝက်လျော့ချတဲ့အချိန်မှာ သက်တန့်ကြီးပေါ်ထွန်းလာတယ်လို့ အေအက်ဖ်ပီကသတင်းရေးပါတယ်။
Source: AFP
#God_Save_the_Queen
#Queen_ Elizabeth_II
#Britain_Queen_Died
#World_Government
Published 9 September 2022
ဗြိတိန်ထီးနန်းကို ချားလ်စ်ဘုရင်ဆက်ခံလိုက်ပြီးနောက် နိုင်ငံရေးသမားများနဲ့ တက်ကြွလှုပ်ရှားသူများက ကာရစ်ဘီယံဒေသရှိ ကိုလိုနီနယ်ဟောင်းများအတွက် နိုင်ငံအုပ်ချုပ်သူအဖြစ်မှ ဘုရင်စနစ်ကိုဖယ်ရှားပေးရန်နဲ့ ဗြိတိန်အနေနဲ့ ကျွန်လျော်ကြေးပေးဆပ်ရန် ထပ်မံတောင်းဆိုလိုက်ပါတယ်။
ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ သက်တမ်းနှစ် ၇၀ အုပ်စိုးခဲ့တဲ့ ဘုရင်မကြီး'အဲလိဇဘက်'ကွယ်လွန်ပြီးနောက် သားဖြစ်သူ'ချားလ်စ်'က ထီးနန်းဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ဂျမေကာဝန်ကြီးချုပ်က ဘုရင်မကြီး'အဲလိဇဘက်'အတွက် ဝမ်းနည်းပူဆွေးနေဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အန်တီဂွာနဲ့ ဘာတူဒါဝန်ကြီးချုပ်တို့ကလည်း မီးသင်္ဂြိုဟ်တဲ့နေ့မတိုင်ခင်အထိ အလံတိုင်တွေမှာ အလံတဝက်နှိမ့်ချထားရန် အမိန့်ပေးထားပါတယ်။
အချို့လူတွေကြား ၂၁ ရာစုမှာ ဝေးလံတဲ့နေရာဒေသမှ ဘုရင်စနစ်အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး မလိုလားတဲ့သူတွေ ရှိနေပါတယ်။
ယခုနှစ်အစောပိုင်း ရဝမ်ဒါထိပ်သီးအစည်းအဝေးတုန်းက ဓနသဟာယခေါင်းဆောင်အချို့ဟာ ဘုရင်မကြီး'အဲလိဇဘက်'ထံမှ ၅၄ နိုင်ငံဦးဆောင်အုပ်ချုပ်ခွင့်ကို 'ချားလ်စ်'ထံ လွှပြောင်းမှုအား မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
မတ်လတုန်းက လက်ရှိထီးနန်းအရိုက်အရာခံ အိမ်ရှေ့မင်းသား'ဝီလီယမ်'နဲ့ ကြင်ယာတော်'ကိတ်'တို့ဟာ ဘီလစ်ဇ်၊ ဂျမေကာ၊ ဘဟားမားတို့ထံ ၈ ရက်တာခရီးသွားစဉ်တုန်းက ကျွန်လျော်ကြေးပေးဆပ်ရန် တောင်းဆိုခံခဲ့ရပါတယ်။
"အုပ်ချုပ်သူပြောင်းသွားပြီဆိုတော့ ဒီနေရာဒေသရဲ့ ကျွန်လျော်ကြေးအကြောင်းအရာများကို တိုးမြှင့်ဆွေးနွေးဖို့ အခွင့်အရေးမျှော်လင့်နေပါတယ်"လို့ ဘဟားမားအမျိုးသားလျော်ကြေးရေးရာ ကော်မတီဥက္ကဌ 'နိုင်ယမ်ဘီဟောလ်ကမ်းဘဲလ်'က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
'ဟောလ်ကမ်းဘဲလ်'က ဘုရင်မကြီးမိသားစုထံ ဝမ်းနည်းကြောင်းအသိပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဗြိတိန်အုပ်စိုးချိန်ကျော်လွန်ကာ ဘာဘဒိုစ်က ပြည်သူ့သမ္မတနိုင်ငံဖြစ်လာတဲ့ အချိန်မှာ ကျွန်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကို ချားလ်စ်က အသိအမှတ်ပြုခဲ့တယ်လို့ ဆိုလိုက်ပါတယ်။
'ချားလ်စ်'က ကျွန်လျော်ကြေးအတွက် တရားမျှတမှုကို ဦးဆောင်လမ်းပြနိုင်မယ်လို့ ယုံကြည်ထားကြောင်း 'ဟောလ်ကမ်းဘဲလ်'က ဆိုပါတယ်။
၁၅ ရာစုနဲ့ ၁၉ ရာစုနှစ်တွေတုန်းက အာဖရိကလူမျိုး ၁၀ သန်းကျော်ကို ဥရောပနိုင်ငံတွေက အတ္တလန်တိတ်ကျွန်များအဖြစ် ရောင်းဝယ်ခေါ်ဆောင်ခဲ့ပြီး ကြမ်းတမ်းလှတဲ့ ခရီးစဉ်အတွင်း အသက်ရှင်ခဲ့သူများကို ကာရစ်ဘီယံနဲ့ အမေရိကတို့မှာ စိုက်ပျိုးရေးအတွက် အဓမ္မစေခိုင်းခဲ့ပါတယ်။
နန်းတက်လာတဲ့ဘုရင်အသစ်ကတော့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခြင်း မရှိသေးပါဘူး။
ဘုရင်မကြီးရဲ့ မြေးမြစ်တွေက လျော်ကြေးရေးရာပြောဆိုခွင့်ရှိနေကြောင်း ဂျမေကာလျော်ကြေးရှေ့နေ'ရိုဆယ်လီယာဟာမီလ်တန်'က ဆိုပါတယ်။
"တော်ဝင်မိသားစုထဲက ဘယ်သူပဲနန်းတက်သည်ဖြစ်စေ အာဖရိကလူမျိုးလျော်ကြေးများပေးဖို့ တောင်းဆိုခံရမှာဖြစ်ပါတယ်၊ ဗြိတိန်တော်ဝင်မျိုးနွယ်တွေ ကျွန်တော်တိုနိုင်ငံတွေကို အုပ်ချုပ်နေတာကို ဖယ်ရှားဖို့လုပ်ဆောင်သင့်ပါတယ်"လို့ ကာရစ်ဘီယံငြိမ်းချမ်းရေးလှုပ်ရှားမှု အထွေထွေအတွင်းရေးမှူးချုပ်'ဒေးဗစ်ဒန်နီ'က ပြောကြားလိုက်ပါတယ်။
ဩဂုတ်လက စစ်တမ်းကောက်ယူရာမှာ ဂျမေကာလူမျိုး ၅၆ ရာခိုင်နှုန်းက ဗြိတိန်ဘုရင်အုပ်ချုပ်ရေးစနစ်ကို ဖယ်ရှားဖို့ ဆန္ဒရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
Page 1574 of 1952