#World_Archaeology
Published 3 December 2022
ရှေးဟောင်းသုတေသနပညာရှင်များဟာ စပိန်ခေတ်မတိုင်ခင်က ဒဏ္ဍာရီလာမြင်ကွင်းများကို ပုံဖော်ထားတဲ့ နံရံဆေးရေးပန်းချီကားကို ပီရူးမြောက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- အနာကြီးရောဂါကို တစ်ဦးချင်းစီက ကာကွယ်နိုင်ပါသလား??
#Yangon_Media_Group
#Local _News
Published_3 December 2022
ငါးပုတ်သင်ကို မျိုးထိန်းသိမ်းပြီး ငါးအရေအတွက်ထွက်ရှိမှုနှုန်း ပိုမိုများပြားအောင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင်လျှက်ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- အနာကြီးရောဂါအဖြစ်အများဆုံး နံပါတ်(၁)က မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံပါ။ အဲဒီအချက်ကြောင့် မြန်မာနိုင်ငံအနေနှင့် ပိုပြီးဂရုစိုက်သင့်ပါသလား??
#Yangon_Media_Group
#DailyNews
Published _ 3 December 2022
၁။ ငါးပုတ်သင်ကို မျိုးထိန်းသိမ်း၍ ထွက်ရှိနှုန်းပိုများအောင် လုပ်ဆောင်နေ
၂။ တရုတ်သို့ စားသောက်ကုန်ပစ္စည်းများ တင်ပို့ရန် GACC တွင် မှတ်ပုံတင်ရမည်
၃။ YBS များအပေါ် အကြမ်းဖက်လုယက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် ယာဉ်များတွင် ရဲတပ်ဖွဲ့နှင့်တိုက်ရိုက်ချိတ်ဆက်သတင်းပေးပို့သည့်စနစ် စတင်လုပ်ဆောင်နေ
၄။ ရာစုနှစ်တစ်ခုတိုင်အောင် ပျောက်ဆုံးနေသည့် ပီရူးရှေးဟောင်းနံရံဆေးရေးပန်းချီအား ရှာဖွေတွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 3 Dec 2022
- ကမ္ဘာပေါ်မှာ အနာကြီးရောဂါအဖြစ်အများဆုံး(၁၀)နိုင်ငံထဲမှာ အာရှနိုင်ငံ(၄)နိုင်ငံပါ နေပါတယ်။ ဘာကြောင့်ပါလဲ??
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ပြည်တွင်း ဒေသ(၇)ခုဖြစ်သော တောင်ငူလေကြောင်းမိုးလေဝသ၊ ဧလာလေဆိပ်၊ ရမည်းသင်း၊ ပခုက္ကူ၊ ပျဉ်းမနား၊ နေပြည်တော်ဥတ္တရသီရိ နှင့် မင်းကင်းစခန်းတို့တွင် စခန်းဖွင့်ခဲ့သည့်နှစ်ကစ၍ ဒီဇင်ဘာလ ၂ ရက်ထိ ကာလအတွင်း တိုင်းတာရရှိသော အမြင့်ဆုံးအပူချိန်များ စံချိန်သစ် တင်ခဲ့ကြကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သည်၊၊
တောင်ငူတွင် လွန်ခဲ့သော(၂၃)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၈)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၆ ဒသမ ၈)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ဧလာလေဆိပ်တွင် လွန်ခဲ့သော(၁၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၆ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းတွင် လွန်ခဲ့သော(၅၈)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၅)ဒီဂရီစင်တီဂရိတ်ရာမှ ယခုအခါ စံချိန်သစ်အဖြစ် (၃၅ ဒသမ ၆)ဒီဂရီစင်တီဂရိတ်၊ပခုက္ကူတွင် လွန်ခဲ့သော(၅၆)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၅ ဒသမ ၅)ဒီဂရီစင်တီဂရိတ်၊ ပျဉ်းမနားတွင်လွန်ခဲ့သော(၅၉)နှစ်က အမြင့်ဆုံးအပူချိန် (၃၅ ဒသမ ၂) ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ်(၃၅ ဒသမ ၄)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်ဥတ္တရသီရိမြို့နယ်တွင် လွန်ခဲ့သော(၁၀)နှစ်က အမြင့်ဆုံးအပူချိန် (၃၄ ဒသမ ၅)ဒီဂရီစင်တီဂရိတ်မှ ယခုအခါစံချိန်သစ်အဖြစ် (၃၅ ဒသမ ဝ)ဒီဂရီစင်တီဂရိတ်နှင့် ၊မင်းကင်းတွင် လွန်ခဲ့သော(၅၁)နှစ်က အမြင့်ဆုံးအပူချိန် (၃၀ ဒသမ ၅)ဒီဂရီစင်တီဂရိတ်မှ ယခုအခါ စံချိန်သစ်အဖြစ် (၃၁ ဒသမ ၇)ဒီဂရီစင်တီဂရိတ် အသီးသီးရှိခဲ့ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 3 December 2022
ဒီဇင်ဘာလ (၃)ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကသာမြို့အနီးအင်အား(၃.၉)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှသိရသည်၊၊
ကသာမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကသာမြို့၏ အရှေ့တောင်ဘက် မိုင် (၂၀)ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၅၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊
မြေငလျင်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းတွင် လှုပ်ခတ်မှုများနေပြီး စစ်ကိုင်းတိုင်းအပါအဝင်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိမန္တလေး၊မိထ္တီလာ၊ ရမည်းသင်း၊ ပျဉ်းမနားနှင့်ပဲခူးဒေသများတွင် မြေငလျင်အန္တရာယ်သတိပြုဖို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးကလည်း အကြံပြုပြောကြားထားသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Publushed_3 December 2022
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၆ ခုကို ထပ်မံခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/ ၂၀၂၂) အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်နှင့် အဝတ်အထည်၊ ခြေအိတ်၊ ဖိနပ်အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်းအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းနှင့် သံမဏိပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏသည် မြန်မာကျပ် သန်း ၁၆၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၁၄၈ သန်းရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၈၅ ခုကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့်အောက်တိုဘာလတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ ခုခွင့်ပြုပေးခဲ့ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်လုပ်ငန်းတွေအပါအဝင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာ အဆောက်အဦကဏ္ဍတွေပါဝင်ကြောင်း သိရသည်။
ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအများဆုံးမှာ အာဆီယံနိုင်ငံများနှင့် ဟောင်ကောင်၊ တရုတ်တို့ဖြစ်ပြီး တရုတ်သည် တတိယနေရာတွင် ရှိနေကြောင်း အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ၅၄ ရာခိုင်နှုန်းအထိရှိပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ၁၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည့် စာရင်းများအရ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 3 December 2022
သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များသို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် (၄၅၊ ၄၆၊ ၄၇) တို့ကို လက်နက်ကိုင်အဖွဲ့တစ်ခုက နိုဝင်ဘာလ ၃၀ ရက်တွင် မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်များ ထိပ်ပိုင်းကျိုးပဲပျက်စီးခြင်းနှင့် လဲကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
အဆိုပါ တာဝါတိုင်များ လဲကျကျိုးပဲ့ခြင်းကြောင့် သင်္ကန်းညီနောင် အပါအဝင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုအခါ နစက အနေဖြင့် ယင်းလုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း လည်း ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#World_Military
Published 3 December 2022
အမေရိကန်ရဲ့ နောက်ဆုံးပေါ် နျူကလီးယားကိုယ်ပျောက်ဗုံးကျဲလေယာဉ်ကို လျှို့ဝှက်ထုတ်လုပ်လာပြီးနောက် သောကြာနေ့မှာ ပထမဆုံးထုတ်ဖော်ပြသလိုက်ပါတယ်။
တရုတ်နဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စိုးရိမ်လာကြရတဲ့အပေါ် ပင်တဂွန်က အခုလိုထုတ်လုပ်ပြသလိုက်တာ ဖြစ်ပါတယ်။
B-21 Raider ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်ရဲ့ ပထမဆုံးဗုံးကျဲလေယာဉ်အသစ် ဖြစ်ပါတယ်။
လုံခြုံရေးတင်းကျပ်စွာ ချထားတဲ့ အခမ်းအနားတစ်ခုမှာ Raider လေယာဉ်ကို အများမြင်တွေ့နိုင်အောင် ချပြခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ နောက်ထပ်လေယာဉ် ၃ စင်းကိုလည်း Raider နဲ့အတူ ပြသခဲ့ပါတယ်။
"နောက်ထပ်လေယာဉ်အသစ် ထုတ်လုပ်ရုံတင်မဟုတ်ပါဘူး၊ ကိုယ်တန်ဖိုးထားရတဲ့လူတွေကို ကာကွယ်ဖို့ အမေရိကန်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသရာရောက်ပါတယ်" လို့ ကာကွယ်ရေးဝန်ကြီးချုပ် 'လွိုက်အော်စတင်'က ပြောကြားခဲ့ပါတယ်။
အလျင်အမြန်တိုးတက်လာတဲ့ တရုတ်စစ်ရေးစစ်ရာကို တန်ပြန်မယ့်အနေနဲ့ ဆိုက်လိုပစ်လွှတ်ရေး နျူကလီးယားပဲ့ထိန်းဒုံးကျည်များနဲ့ ရေငုပ်သင်္ဘောပစ်လွှတ်ရေး ထိပ်ဖူးများပါဝင်ကာ နျူကလီးယားထောက်တိုင် ၃ တိုင်စလုံးဖြင့်ခေတ်မီဆန်းသစ်စွာ ပင်တဂွန်မှ ကြိုးစားထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
တရုတ်တို့ရဲ့ အသံထက်မြန်တဲ့ ဒုံးကျည်စနစ်များ၊ ဆိုက်ဘာစစ်ရေးများ၊ အာကာသစနစ်များနဲ့ ၂၀၃၅ မှာ နျူကလီးယားလက်နက်ပေါင်း ၁,၅၀၀ ထုတ်လုပ်မယ့် အစီအစဉ်တွေက အမေရိကန်လုံခြုံရေးနဲ့ လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာစနစ်များကို စိန်ခေါ်ထိပါးလာနိုင်တယ်လို့ နှစ်စဉ်တရုတ်ရေးရာသတင်းတင်ပို့ချက်မှာ ပင်တဂွန်က ပြောကြားလိုက်ပါတယ်။
"တရုတ်၊ ရုရှားတို့ရန်ကနေ တစ်နေ့နေ့မှာ ရင်ဆိုင်လာရမယ့် အန္တရာယ်တွေအတွက် ၂၁ ရာစုရဲ့ ဗုံးကျဲလေယာဉ်အသစ် လိုအပ်နေခဲ့တာပါ" လို့ လေတပ်မှ 'ဒီဘိုရာလီဂျိမ်းစ်'က ပြောပြသွားပါတယ်။
"လေယာဉ်အတွင်းပိုင်း လုပ်ဆောင်ပုံက အရင် B-2 ထက်စာရင် အင်မတန်အဆင့်မြှင့်ထားပြီး တွက်ချက်မှုစွမ်းရည်ကို များစွာတိုးတက်ပြောင်းလဲထားပါတယ်" လို့ လေယာဉ်တည်ဆောက်ရေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်'ကေသီဝါဒင်'က ပြောကြားလိုက်ပါတယ်။
ဒီလေယာဉ်က ရေဒါစနစ်နေ ဖမ်းမယူနိုင်ဘဲ အခြားအရာအဖြစ် ပုံပေါ်နေမည်ဖြစ်ကာ ကာကွယ်ရေးနည်းပညာများလည်း အသုံးပြုထားကြောင်း၊ အသံကြားနိုင်ပေမယ့် မမြင်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Health
Published 3 December 2022
အိမ်သာတက်ပြီးနောက် တစ်ရှူးဖြင့် ပြင်းထန်စွာသုတ်ခြင်းက ပြဿနာတွေရှိလာနိုင်ကြောင်း 'တင်ပါးဆရာဝန်'လို့လူသိများတဲ့ ကျွမ်းကျင်ပညာရှင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဩစတြေးလျမှ အူမကြီးနှင့်စအိုလမ်းကြောင်းခွဲစိတ်ဆရာဝန် 'ဘရက်ဒ်လေမောရစ်'က အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာဖြစ်ပါတယ်။
စအိုနားတဝိုက်အရေပြားမှာ အများဆုံးတွေ့ရတဲ့ပြဿနာတွေက အလွန်အကျွံသန့်ရှင်းရေးလုပ်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း၊ ထိုနေရာက အလွန်အထိမခံတဲ့နေရာဖြစ်ကြောင်း 'မောရစ်'က အင်တာဗျူးမှာပြောကြားပါတယ်။
"လူတွေကဘာလို့ တစ်ရှူးစက္ကူနဲ့ သုတ်ကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး၊ ထုံးစံဖြစ်နေတာကြီးကို ပြောင်းလဲဖို့လိုပါတယ်၊ သန့်ရှင်းဖို့ ရေပဲအသုံးသင့်ပြီး အလွန်အကျွံသုတ်ပစ်ခြင်းက အရေပြားကို ထိခိုက်စေပါတယ်" လို့ ဆိုပါတယ်။
"ပုံမှန်အလေးသွားပြီးလို့ တစ်ချက်နှစ်ချက်လောက် တစ်ရှူးနဲ့သုတ်တာက ကိစ္စမရှိပါဘူး"
ဝမ်းသွားခြင်းနဲ့ ပတ်သက်ပြီး ပုံမှန်ကဘယ်လောက်လဲဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူညီကြောင်း၊ အချို့က တစ်နေ့ကို ၃ ခါသွားတတ်ပေမယ့် တချို့ကတော့ ၃ ရက်နေမှ ၁ ခါသွားတတ်ကြောင်းရှင်းပြထားပါတယ်။
အချို့လူတွေက လူတွေနဲ့ဝေးကွာချင်လို့ အိမ်သာအကြာကြီးတက်လေ့ရှိတာမျိုးက မလုပ်သင့်ဘဲ ဒါဟာ အရေပြားကို ကျွပ်ဆတ်စေတယ်လို့ ဆိုပါတယ်။
အကြာကြီးထိုင်တဲ့အခါ သွေးထွက်တာမျိုးတွေ၊ ကြွက်သားအားနည်းခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒါ့အပြင် လေလည်ချင်တဲ့အခါ အောင့်ထားတာမျိုးလည်း မလုပ်သင့်ကြောင်း ဆိုပါတယ်။
"မနက်ပိုင်းအိပ်ရာထ တစ်နေရာရာမသွားခင်မှာ အတင်းဖျစ်ညှစ်အိမ်သာတက်တာမျိုး၊ ဒါမှမဟုတ် လမ်းသွားနေရင်းနဲ့ အိမ်သာတက်ချင်လာလို့ အတင်းအောင့်ထားရတာမျိုး၊ လူတွေရှိတဲ့နေရာမှာ လေမလည်ရဲတာမျိုးတို့က အရေပြားကိုထိခိုက်စေပါတယ်၊ ဒါတွေအားလုံးက အူထဲမှာ ဖိအားအလွန်များလာစေပါတယ်" လို့ ရှင်းပြသွားပါတယ်။
Source: New York Post
#Yangon_Media_Group
Page 1573 of 2099