Published_ 21 September 2022
အကြမ်းဖက်မှုနှင့်လက်နက်မှောင်ခိုမှု ချိတ်ဆက်နေသဖြင့် တစ်ပေါင်းတည်း တိုက်ဖျက်ရန်လိုအပ်တယ်လို့ ပြည်ထဲရေးဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်မူဘောင်မှ နိုင်ငံဖြတ်ကျော်မှုခင်း များ တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အာဆီယံ အဖွဲဝင်နိုင်ငံများတွင် အဆိုပါအစည်းအဝေးကို နှစ်စဉ်ကျင်းပလျက်ရှိရာ (၁၆) ကြိမ်မြောက် AMMTC နှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ 16th AMMTC အစည်းအဝေးကို အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီးအဆင့် AMMTC ခေါင်းဆောင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ASEANAPOL ၊ DGICM တိုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ဦးဆောင်၍ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် ရဲအရာရှိကြီးများက နေပြည်တော်မှ တက်ရောက်ခဲ့ကြပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Samdech Kralahorm Sar Kheng က အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံဒုတိယအတွင်းရေးမှူးချုပ် H.E. R.M. Michael Tene က အာဆီယံဒေသတွင်း လတ်တလော ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံမူဘောင်များနှင့် ကိုက်ညှိ၍ AMMTC လုပ်ငန်းစဉ် ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။
မြန်မာအဖွဲခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က လက်နက်မှောင်ခိုမှုခင်းများသည် ဒုစရိုက်ဂိုဏ်းများ၊ အကြမ်းဖက် သမားများ၊ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲများကဲ့သိုသော Non-State Actor များအတွက် အထောက်အကူပေးနိုင်ရုံသာမက လူ့အသိုင်းအဝိုင်းများ၏ လုံခြုံဘေးကင်းမှုအပေါ်တွင် လည်း ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
16th AMMTC စုံညီအစည်းအဝေးတွင် လူကုန်ကူးမှု၊ အထူးသဖြင့် အမျိုးသမီး များနှင့် ကလေးသူငယ်များကို လူကုန်ကူးမှုတိုက်ဖျက်ရေး အာဆီယံကွန်ဗင်းရှင်း (ACTIP) အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် လုပ်ငန်းလမ်းညွှန်(TOR)နှင့် (၁၆) ကြိမ်မြောက် AMMTC အစည်းအဝေး ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့ကြောင်း သတင်းရရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
Published_ 21 September 2022
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင် အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့တဲ့ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေတဲ့ ဆောင်ရွက်မှုမျိုး နှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက် အဝန်းအတွင်းသို့ ယူဆောင်လာခြင်းမပြုရန်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ပေးပါရန် ဝန်ကြီးက အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိတဲ့ ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်၌ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက် အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group

Published 21 Sept 2022
အမေရိကန်ပြည်ထောင်စုဟာ တရုတ်နှင့် စစ်အေးတိုက်ပွဲ ဒါမှမဟုတ် ပဋိပက္ခဖြစ်ဖို့ မကြိုးစားပါဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
“ ဘယ်နိုင်ငံတစ်နိုင်ငံကိုမှ အမေရိကန်နှင့် အခြားပါတနာတစ်နိုင်ငံကို မရွေးချယ်ခိုင်းပါဘူး” လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source AFP
#Biden
#US_China
#UN_General_Assembly
#Local_News
Published_21 Sept 2022
ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ Yi Cai အထည်ချုပ်စက်ရုံတစ်ခုကို ယာယီအားဖြင့် နှစ်လနားမယ်လို့ စက်ရုံတာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#World_Archaeology
Published 21 September 2022
အစ္စရေးလ်ရှေးဟောင်းသုတေသီများက တစ်သက်တာမှာ တစ်ခါသာတွေ့ရနိုင်တဲ့ အုတ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 September 2022
မိုဘိုင်းငွေပေးချေမှုအသုံးပြုသူတွေ အနေနဲ့ ငွေလွှဲအကောင့်တွေကို Level 2 အဆင့်မြှင့်တင်ထားကြဖို့နဲ့ သတ်မှတ်ကာလအတွင်း အချိန်မီ အဆင့်မမြှင့်တင်နိုင်တဲ့ အကောင့်တွေကို ဖျက်သိမ်းပစ်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာလ ၁၆ ရက်နေ့က ကြေညာထားပါတယ်။
#Yangon_Media_Group
#Local_News
Published-21 Setember 2022
လူမှုကွန်ရက်ကနေတစ်ဆင့် ငွေကြေးလိမ်လည်သူတွေဟာ ပိုများလာတယ်လို့ လူမှုကွန်ရက်သုံးစွဲသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 21 September 2022
ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ကစပြီး ဒေါ်လာဈေးနဲ့ ရွှေဈေးတွေက ဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published _21 September 2022
၁။ ဒေါ်လာဈေးကျသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ယခုချိန်ထိ ကျဆင်းမှုမရှိဟုဆို
၂။ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်သူပိုများလာ
၃။ Level 2 မြှင့်ထားပြီး အမည်ပေါက်အကောင့်များ အပိတ်ခံရမှုတွေ ဆက်တိုက်များပြားနေ
၄။ ရှေးဟောင်းအီဂျစ်ဖာရိုးဘုရင်လက်ထက်က အုတ်ဂူအား အစ္စရေးလ်တွင် ရှားရှားပါးပါးတူးဖော်တွေ့ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_21 Sept 2022
လျှပ်စစ်မဂ္ဂါဝပ် တစ်ထောင်ကျော်လျော့နည်းနေတာကြောင့် မီးမှန်ဖို့ မဖြစ်နိုင်သေးဘူးလို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Pubblished- 21 September 2022
ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာကျပ် ၉၀၀၀ အထိပြန်လည်မြင့်တက်လာကြောင်း လက်လီလက်ကားရောင်းချနေသည့် ဆီဆိုင်များမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအထိ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၈၀၀၀ အောက်အထိကျဆင်းခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် စက်တင်ဘာလ ၁၉ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၆၉၀ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။
“စားအုန်းဆီဈေးက ပြီးခဲ့တဲ့ရက်ပိုင်းအထိကို ကျနေသေးတာ။ အခုမှပြန်တက်လာတာ။ ဈေးကမငြိမ်ဘူး။ အမျိုးမျိုးကိုပြောင်းနေတာ။ စားအုန်းဆီဈေးနှုန်းက ပြည်တွင်းကထုတ်တဲ့ ပဲဆီ၊နှမ်းဆီဈေးတွေကို အမှီလိုက်သလိုဖြစ်နေတာ” ဟု လက်လီလက်ကားရောင်းချသည့်ဆိုင်မှ မအေးအေးအောင်က ပြောသည်။
ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာလည်း ကုန်ကြမ်းရှားပါးမှုကြောင့်ဈေးမြင့်တက်လာကြောင်း ၊ လက်ရှိရန်ကုန်ဈေးကွက်တွင် နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၃၅၀၀ ကျပ်အထိဈေးရှိကြောင်းသိရသည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန်၁၀ သိန်းကျော်အထိရှိသောကြောင့် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်းသိရသည်။
ယင်းအပြင် ဈေးကွက်ထဲတွင် ဈေးကစားခြင်းပြုလုပ်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။
#ymg/STH
#Yangon_Media_Group
#Local_News
Pubblished- 21 September 2022
ယနေ့စက်တင်ဘာလ (၂၁) ရက်တွင် ဒေါ်လာအတု ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် စွဲချက်တင်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို မဲဆောက်-မြဝတီပြန်လည်ပေါင်းစည်းရေးဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးမှ သိရသည်။
ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် တရားမဝင်ပို့ဆောင်ခြင်းခံရသူ မလင်းလင်းဝေ၊ မခင်ယုမေတို့အား ထောင်ဒဏ် ၂၅ နှစ်ကျခံရမည့်အခြေအနေမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မိသားစုများ၊ ဆွေမျိုးများသည် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ သုဝဏ္ဏဘူမိလေဆိပ်မှ တစ်ဆင့် ဝင်/ထွက်သွားလာမှုများ ရှိနေပြီး ၎င်းတို့အနက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဝေယံထူးအေဂျင်စီအတုမှ လေကြောင်းလိုင်းဖြင့် ပို့ဆောင်ခြင်း ခံရသောမသန်းယုမေ၊ မဖြိုးဇာဝေ၊ မလင်းလင်းဝေ၊ မခင်ယုမေတို့သည် လေဆိပ်လူဝင်မှုကြီးကြပ်ရေးစစ်ဆေးသည့်ကောင်တာတွင် Show Money အဖြစ် ဒေါ်လာအတုပြသမှုဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စမုပရာကန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျဉ်းကျကာ အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
မြန်မာပြည်ရှိ မိသားစုများနှင့် အဆက်အသွယ်မရရှိဘဲ ဧပြီလ ၈ ရက်နေ့တွင် အလုပ်သမားသံအရာရှိရုံးမှသိရှိပြီး ထိုင်းရှေ့နေများ၏ အကူအညီဖြင့် မသန်းယုမေ၊ မဖြိုးဇာဝေ ၂ ဦးအား ဒဏ်ငွေနှင့် အကျယ်ချုပ်/ပြည်နှင်ဒဏ်အဖြစ် ၂ နှစ် ၆ လ ချမှတ်ထားခြင်းမှ သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ စမုပရာကန်အကျဉ်းထောင်-ဗန်ကောက်ဒုက္ခသည်စခန်းတို့မှ ကယ်ယူနိုင်ခဲ့ပြီး လိုအပ်သော ခရီးစရိတ်များ ထောက်ပံ့ကာ မေလ ၃၀ ရက်နေ့တွင် မဲဆောက်နယ်စပ်မှ တစ်ဆင့် မြဝတီသို့ ပို့ဆောင်နိုင်ခဲ့သည်။
ယင်းအပြင် ဖမ်းဆီးခြင်းခံရသည့် လေးဦးအနက် မလင်းလင်းဝေ၊ မခင်ယုမေတို့ ၂ ဦးအား ဒေါ်လာလက်ဝယ်ထားရှိမှုအပြင် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်ပါ စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး လေကြောင်းလိုင်းမှ လာရောက်သော မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် နေထိုင်မည့် လိပ်စာ၊ Show Money တစ်ဦးချင်း ဘတ် ၂ သောင်း၊ မိသားစု ဘတ် ၄ သောင်း(သိုမဟုတ်)၎င်းငွေပမာဏနှင့် ကိုက်ညီမည့် ဒေါ်လာတို့ လိုအပ်မည်ဖြစ်ပါကြောင်း အလုပ်သမားသံအရာရှိရုံးမှ အသိပေးထားသည်။

#ymg/STH
#Yangon_Media_Group
Page 1446 of 1846