#Health_Matters
Published - 23 July 2022
-ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်ကြရမလဲ ဘာတွေရှောင်ရှားကြရမလဲ??
#Yangon_Media_Group
Published 23 July 2022
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အာရီဇိုနားပြည်နယ်မှာ လာမယ့် ရီပတ်ဘလီကင် ပထမအဆင့် ရွေးကောက်ပွဲမတိုင်ခင် ဇူလိုင် ၂၂ရက်က လူထုစည်းဝေးပွဲကြီးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ထရမ့်က အမေရိကန်ကပ္ပီတယ်လ် တိုက်ခိုက်မှုကိစ္စ ကွန်ဂယက်ကြားနာနေမှုကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ သူ့ကို ပုံစံအမျိုးမျိုးနှင့် လုပ်ကြံဖျက်ဆီးနေကြတာ ဖြစ်ပြီး ဒါဟာ လုပ်ဇာတ်သက်သက်သာဖြစ်တယ်လို့လည်းသူကပြောလိုက်ပါတယ်။
အဆိုးရွားဆုံးသမ္မတ ငါးဦးပေါင်းပြီး လုပ်ခဲ့တာတွေက ဂျိုးဘိုင်ဒင်တစ်ယောက်တည်းက တိုင်းပြည်ဖျက်စီးခဲ့တာလောက်ကိုမရှိဘူးလို့လည်း သမ္မတဘိုင်ဒင်ကို သူက တိုက်ခိုက်လိုက်ပါတယ်။
#Source_AFP
#Trump_attacks_Biden
#Arizona_Republicans_rally
#Trump_Biden
#Health_Matters
Published - 23 July 2022
- အဲဒီတိုက်ဖွိုက်က ဘယ်လောက်ကြောက်စရာကောင်းလဲ??
#Yangon_Media_Group
#Health_Matters
Published - 23 July 2022
-ဆေးစုံမတိုးတဲ့ တိုက်ဖွိုက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ
#Yangon_Media_Group
#Local_News
Published - 23 July 2022
ရန်ကုန်တွင် ကိုဗစ်ပိုးတွေ့လူနာတွေကို ပို့ဆောင်ပေးနေရဆဲဖြစ်တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းချုပ် ဥက္ကဌဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 23 July 2022
ဒီကနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းကနေစတင်ပြီး CNG gas တွေ ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီလို့ ရေနံနှင့်သဘာသဓာတ်ငွေ့၊ CNG ဌာနခွဲကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 23 July 2022
YBS ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်နီးပါးပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
" CNG ဆိုင်တွေလည်း pressure ပြန်ပြည့်လာပြီ။ အရင်နေ့တွေက pressure ကျနေတော့ ကားတွေကအကုန်အဲဒီမှာတန်းစီနေရတာ။ ပုံမှန်နီးပါးတော့ ပြန်ထွက်နေပါပြီဟု ၎င်းကပြောသည်။
ယခင်က ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆လိုင်း၊ ယာဉ်စီးရေ ၃၁၇၃စီး ဖြင့်နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေရာမှ CNG gas မရရှိမှုကြောင့် အစီးရေ ၂၀၀၀ ဝန်းကျင်သာ ပြေးဆွဲပေးနိုင်ကြောင်း သိရသည်။
CNG gas ပြတ်လပ်မှုကြောင့် YBS ယာဉ်လိုင်းများသည် ၅၀ ရာခိုင်နှုန်းသာထွက်ရှိနိုင်ကြောင်း၊ ယင်းအပြင် ယာဉ်ရှားပါးသည့်ပြသနာကြောင့် ခရီးသည်များ အခက်အခဲဖြစ်နေသည့်အတွက် ပရဟိတအသင်းအချို့မှလည်း အခမဲ့ပြေးဆွဲမှုများပြုလုပ်ပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Published-23 July 2022
ထိုင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနှင့် သူ့ရဲ့ ဝန်ကြီး၁၀ ဦးကို စနေနေ့က အယုံအကြည်မရှိ အဆို ပါလီမန်တွင် မဲခွဲရာမှာ အဆိုရှုံးနိမ့်ခဲ့ပါတယ်။ ဒါဟာ ရွေးကောက်ပွဲကျင်းပဖို့ ၁၁လ အလိုမှာ ပရာရွတ်ကို နောက်ဆုံး စမ်းသပ်ခြင်းတစ်ခုဖြစ်ပါတယ်။
အသက်၆၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထိုင်းစစ်တပ်ဦးစီးချုပ်ဟောင်းဖြစ်တဲ့ ပရာရွတ်ဟာ ၂၀၁၄ခုနှစ်က ထိုင်းမှာ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။သူ့ကို အယုံအကြည်မရှိအဆိုမှာ သူ့ကိုထောက်ခံမဲ ၂၅၆ မဲ၊ကန့်ကွက်မဲ ၂၀၆မဲ နှင့် မဲမပေးသူ ၉ ဦး ရှိခဲ့ပါတယ်။ သူ့ရဲ့ ဒုဝန်ကြီးချုပ်(၃)ဦးနှင့် ဝန်ကြီး(၇)ဦးလည်း မဲခွဲရာမှာ အနိုင်ရရှိခဲ့ကြပါတယ်။
အတိုက်အခံတွေအနေနှင့် ဝန်ကြီးချုပ်ကို ထုတ်ပယ်ပစ်ဖို့ ပါလီမန်အမတ်နေရာ ၄၇၇ ဦးမှာ အနည်းဆုံးမဲ ၂၃၉ မဲရရှိဖို့လိုအပ်ပါတယ်။
“ အခုဆိုအပြစ်တင်တဲ့ ငြင်းခုံပွဲက ပြီးဆုံးသွားပြီမို့ နိုင်ငံနှင့်ပြည်သူတွေအတွက် ကျွန်တော်တို့နှင့်လက်တွဲလုပ်ဖို့ အတိုက်အခံ တွေကို တိုက်တွန်းပါတယ်” လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ သန်နက်ခွန် ဝန်ဘွန်ကွန်ချန်နာကပြောပါတယ်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီး(၁၀)ဦးတို့ကို အဂတိလိုက်စားမှုတွေနှင့် စီးပွာရေးစီမံခန့်ခွဲမှု အလွဲအမှားတွေရှိတယ်လို့ စွပ်စွဲပြီး အတိုက်အခံတွေက (၄)ရက်တိုင်တိုင် ရုပ်မြင်သံကြားမှာ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ပြီး အခြေအတင်ပြောဆိုခဲ့ကြပါတယ်။ဒါဟာ ရွေးကောက်ပွဲမတိုင်ခင် ၁၇ပါတီညွန့်ပေါင်းအစိုးရကို သိက္ခာချဖို့ကြိုးစားခြင်း လည်းဖြစ်ပါတယ်။
ပရာရွတ် ဝန်ကြီးချုပ်ဖြစ်လာတဲ့ ၂၀၂၉ခုနှစ်ကစပြီး သူ့ရဲ့ လုပ်ရည်ကိုင်ရည်နှင့်ပတ်သက်လို့ ယခုလိုပြစ်တင်မဲခွဲခဲ့ကြတာ ဟာ ယခုအကြိမ်နှင့်ဆို လေးကြိမ်မြောက်ရှိပါပြီ။ ရွေးကောက်ပွဲဟာ သူ့ကိုအာဏာတည်မြဲအောင် အခင်းအကျင်းလုပ်ထားပြီး ကျင်းပတာဖြစ်တယ်လို့ အတိုက်အခံတွေက ပြောကြပေမယ့် သူက အဲဒါတွေကိုပယ်ချခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲဘယ်တော့လုပ်မလဲဆိုတာကို ပရာရွတ်က ယခုထက်တိုင် အရိပ်အယောင်တောင်မပြောသေးဘဲ ရှိပါတယ်။
#Source_Reuters
#Thailand_Politics
#Prayuth_Wins_No-confidence_Vote
#Thai_Government_survives
#World_Science
Published 24 July 2022
ကင်ဆာရောဂါအစောပိုင်းအဆင့်တွေမှာ ထွက်ပေါ်လေ့ရှိတဲ့ ပရိုတိန်းတစ်မျိုးကို ဆန်တာခရုဇ် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများရှာဖွေတွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာများ ပိုဆိုးမလာခင် ကင်ဆာအမျိုးအစားအားလုံးကို ရှာဖွေပေးနိုင်မယ့် သွေးစစ်ဆေးစမ်းသပ်မှုကို တီထွင်ဖန်တီးနိုင်တော့မှာဖြစ်ကြောင်း Studyfinds.org မှာ ဖော်ပြခဲ့ပါတယ်။
ထိုတွေ့ရှိမှုကို Cell Reports ဂျာနယ်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
KRAS မျိုးဗီဇမှ ထုတ်လွှတ်လိုက်တဲ့ ပရိုတိန်းဟာ RNA အတွင်းမှာ အမည်းရောင် အမှတ်အသားဖြစ်စေပြီး ဆရာဝန်တွေ ရှာဖွေတွေ့ရှိနိုင်မယ့် biomarker ဖြစ်လာနိုင်ပါတယ်။
ဒါဟာ ပန်ကရိယ၊ အဆုတ်၊ အူ စတဲ့ကင်ဆာများ အပါအဝင် အကျိတ်တွေအားလုံးမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ပြောင်းလဲမှုအမှတ်အသားတစ်မျိုးဖြစ်ပါတယ်။
အဆိုပါ တွေ့ရှိမှုများကြောင့် အသက်အရွယ်ကြီးသူတွေနဲ့ မျိုးဗီဇအရရောဂါဖြစ်နိုင်တဲ့ သူတွေမှာ ကင်ဆာဖြစ်ပေါ်လာနိုင်ချေကို စစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ်။
အကျိတ်တွေထဲကနေ သွေးကြောတွေထဲစိမ့်ထွက်လာတဲ့ မျိုးဗီဇအချက်အလက် ဓာတုပြောင်းလဲခြင်းတွေကို ရှာဖွေစစ်ဆေးတာဖြစ်ပါတယ်။
ကင်ဆာရှိနေတာကို မြန်မြန်သိရင် ကုသခွဲစိတ်မှုတွေပြုလုပ်ပေးပြီး အသက်ရှင်နိုင်ချေများ လာနိုင်ကြောင်း စာတမ်းဦးဆောင်ပြုစုသူဒေါက်တာ'ဒန်နီယယ်ကင်မ်'က ပြောပြထားပါတယ်။
"ကမ္ဘာတဝန်းမှာ ကင်ဆာရောဂါကြောင့် သေဆုံးသူ နှစ်စဉ်လူပေါင်းသန်းနဲ့ချီပါတယ်၊ ခန္ဓာကိုယ်အခြားနေရာတွေကို ကင်ဆာမပျံ့နှံခင် စောစီးစွာရှာဖွေတွေ့ရှိနိုင်မယ့် စွမ်းအားမြင့်စစ်ဆေးနည်းတွေ အရေးတကြီး လိုအပ်နေပါတယ်" လို့ ပြောပြခဲ့ပါတယ်။
UC ဆန်တာခရုဇ်သုတေသီများက ကောင်းမွန်သေးတဲ့ အဆုတ်ဆဲလ်များကို ဗီဇပြောင်းလဲထားတဲ့ KRAS မျိုးဗီဇများဖြင့် ပြုပြင်ပြောင်းလဲခဲ့ပြီး ကင်ဆာဖြစ်ပေါ်အောင်ပြုလုပ်ပြီးနောက် RNA တည်ဆောက်ပုံထဲ ထည့်သွင်းလိုက်ပါတယ်။
RNA နဲ့ ကင်ဆာကို အခြားနည်းလမ်းတစ်နည်းနည်းနဲ့ တွေးခေါ်စဉ်းစားဖို အကြံဉာဏ်ရလာစေပါတယ်လို့ စာတမ်းပြုစုသူ'ရိုမန်ရက်ဂျီယာဒို'က ဖော်ပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published - 23 July 2022
ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှာ ရှိသည့် နိုင်ငံခြားငွေများကို သိမ်းယူနေသည်ဟု ကောလဟာလမှာ မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် အမိန့်ကြော်ငြာစာ ၁၂/၂၀၂၂ ပါ ကင်းလွတ်ခွင့်မရှိသူတွေရဲ့ နိုင်ငံခြားငွေများကို AD လိုင်စင်ရ ဘဏ်တွေအနေနှင့် ဧပြီ ၃ ရက်နေ့မှ စတင်ကာ ဝယ်ယူနေခြင်းသာဖြစ်ကြောင်း ကြေညာချက်တွင် ထည်သွင်းဖော်ပြထားသည်။
ယင်းအပြင်ယခုနှစ်ကုန်ပိုင်း၌ ဒေါ်လာတန်ဖိုးနှင့်ညီမျှသည့် FEC ငွေကြေးစနစ်ပုံစံကို ပြန်လည်အကောင်အထည် ဖော်သွားမည့်အပေါ် ဗဟိုဘဏ်က ကောလဟာလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း အသိပေးအပ်ပါသည် ဟု၎င်းထုတ်ပြန်ထားသည့် အသိပေးကြေညာချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံခြားသုံးငွေလုပ်ငန်းများ၊ နိုင်ငံခြားငွေကိုင်ဆောင်ခြင်း စာရင်းဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း၊ ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာများ ပြည်တွင်း၊ ပြည်ပကို ယူဆောင်ခြင်းစသည့် ပြဌာန်းချက်များသာ ပါဝင်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 23 July 2022
ပြည်ပချေးငွေများကို ကာလတစ်ခုအထိ ဆိုင်းငံ့ရခြင်းမှာ လုပ်ငန်းရှင်များအရှိန်ယူရာ၌ အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကာ ဆိုင်းငံ့လိုပါက Repayments schedule ပြန်လည်ပေးဆပ်မည့်အစီအစဉ်အား ချေးယူသူနှင့်ချေးငှားသူ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်ကြောင်း အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ ရှင်းလင်းခဲ့သည်။
ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉-က ၊ ပုဒ်မ ၃၈-ဃ နှင့် ပုဒ်မ ၄၂-က ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၄၈ အရ ဇူလိုင် ၁၃ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်မှ ပြည်ပမှငွေသားဖြစ်စေ၊ ပစ္စည်းဖြစ်စေ ချေးငွေရယူထားသည့် ပြည်တွင်း၌ နေထိုင်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ခြင်းအား လတ်တလောကာလ၌ ဆိုင်းငံ့ထားရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်သည် ပြည်ပချေးငွေရယူထားသည့် လုပ်ငန်းရှင်များသည် ကိုဗစ်ကာလ အလွန်၌ စီးပွားရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ငွေကြေးမတည်မှုနှင့်လုပ် သားရရှိနိုင်မှုဖြစ်ကြောင်း၊ ယင်းကြောင့်နှစ်ရှည်ကျော်ဖြတ်ခဲ့ရ၍ ချိနဲ့စပြုနေသည့် လုပ်ငန်းများ ခွန်နှင့်အားနှင့် ရုန်းထရန်ဆောင်ရွက်ချိန်၌ မတည်ရင်းနှီးထားသော ငွေရင်းနှင့်ပြည်တွင်းပြည်ပမှရယူထားသည့် ချေးငွေမှာ အဓိကအချက်တွင်ပါဝင်နေ၍ ပြည်တွင်း၊ ပြည်ပချေးငွေများ ပေးဆပ်ရမည်ကို ဗဟိုဘဏ်မှကာလတစ်ခုအထိ ဖြေလျော့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် မည်သည့် Negative impact မှဖြစ်ရန် အကြောင်းမရှိပဲ ပြင်ပ၌ပျံ့နှံနေသည့် လိုရာဆွဲတွေး၍ အပျက်သဘောဆောင်သည့် မှတ်ချက်ပြုကာ ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်စေရန် ငွေဈေးနှုန်း၊ ကုန်ဈေးနှုန်းများတက်ရန် လုပ်ဆောင်နေခြင်းအားနားလည်ကြရန် ဗဟိုဘဏ်က အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 23 July 2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတွင် ကလေးမွေး(ရိုးရိုးမွေး)ပြီးနောက် ဝမ်းဗိုက်နာကျင်လာသဖြင့်ခွဲစိတ်ကုသပေးရာ ဝမ်းဗိုက်အတွင်း(၃) ပိဿလောက်ရှိသည့် အလုံးကြီးတစ်လုံးကို ဇူလိုင်လ(၂၂) ရက်က ထူးဆန်းစွာထပ်မံတွေ့ရှိရကြောင်းသိရသည်၊၊
ကျိုက်ထို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကလေးလာမွေးသည့် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဗိုက်ကပုံမှန်ထက်ကိုကြီးနေပြီး အမြွှာကလေးများ ဖြစ်မလားဆိုပြီးစမ်းသပ်ကြည့်တော့လည်းအမြွှာလက္ခဏာ မတွေ့ရပေ၊၊
အဆိုပါ အမျိုးသမီးက ကလေးကိုလွယ်လွယ်ကူကူ မွေးသွားပြီး ကလေးမွေးပြီးသော်လည်း ဝမ်းဗိုက်က သိသိသာသာကြီးနေဆဲဖြစ်သည်၊၊
ရက်အနည်းငယ် အကြာတွင် ဝမ်းဗိုက်မခံမရပ်နိုင်အောင် နာကျင်လာသည့်အတွက် ကျိုက်ထို့မြိုနယ်ဆေးရုံမှ ဆရာဝန်၊ သူနာပြုများက ခွဲစိတ်ကုသပေးရာ ဝမ်းဗိုက်အတွင်း (၃)ပိဿလောက်ရှိသည့် အလုံးကြီးတစ်ခု ထူးဆန်းစွာထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1450 of 1740