ဈေးကစားသူများနှင့် ကောလဟာလများ ထုတ်လွင့်၍ ရွှေဈေးကို မြင့်တက်ရန် လုပ်သူများကိုလည်း အရေးယူဖေါ်ထုတ်သွားမည်ဟု ရန်ကုန်ရွှေအသင်းဆို
တာဝန်ရှိသူများက ရွှေဈေးကျရန် ညွှန်ကြားထားသည်၊ ရွှေဈေး ဖွင့်သူဘယ်သူလဲ ? ရွှေကိုဈေးဆွဲတင် ဆွဲချလုပ်ပြီးကစားသူ၊လမ်းကြောင်းလုပ်သူများအား ထိရောက်စွာ ဖေါ်ထုတ်အရေးယူသွားမည်။
#Yangon_Times/NN
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
မူဆယ်တွင် ကုန်သွယ်ရေးလမ်းကြောင်းပြတ်နေ၊တရုတ်ဘက်မှ ဆန်ပြန်ဝယ်ရမည့်အခြေအနေဖြစ်လာ
‘မူဆယ်ဆန်စပါးကုန်စည်ဒိုင်အနေနဲ့ ဆန်စပါးရောင်းချတာ၊တင်ပို့တာတွေ ယာယီ ရပ်ဆိုင်းထားရပြီး ဒေသခံတွေကတော့ အရင်လက်ကျန်ဆန်စပါးရိက္ခာတွေကိုသာ စားသုံးနေရတယ်။တရုတ်ဘက်မှ ဆန်စပါး ပြန်ဝယ်ယူပြီး ဒေသခံတွေကို ပြန်ရောင်းချနိုင်ပါက အဆင်ပြေသွားနိုင်ခြေရှိတယ်’ မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 17 November 2023
ဒဂုံမြို့သစ်တောင်ပိုင်း၌ ဆောက်လုပ်ထားသည့်သုခဒဂုံအငှားအိမ်ရာ၌ နေထိုင်ခွင့်ရှိသူများကို အခန်း ၂,၀၀၀ စအပ်မည်ဖြစ်ပြီး ကျန်လျောက်ထားသူများအား ထပ်မံမဲနှိုက်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)၏ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နှင့်၁၄ ရက်နေ့များ၌ စိစစ်ရွေးချယ်ထားသည့် လျှောက်ထားသူ (၆,၂၈၇) ဦးကို နှစ်သုတ်ခွဲကာ မဲနှိုက်စေခဲ့ပြီး ငှားရမ်းနေထိုင်ခွင့်ရရှိသူ ၂၀၀၀ ခန့် ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။
'ပထမအသုတ်နဲ့ဒုတိယအသုတ်မဲပေါက်ပြီး ငှားရမ်းခွင့်ရှိသူတွေအားလုံးဟာ ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေထဲမှာ နေထိုင်ခွင့်ပြုသွားမှာပါ၊အခု ကျန်နေတဲ့ ၄၀၀၀ ကျော်ရယ်။
လျှောက်လွှာထပ်ရောင်းရင် တက်လာမယ့် အုပ်စုရှိမယ်။ အဲ့အုပ်စုနှစ်ခုပေါင်းပြီး မဲနှိုက်ခွင့်ပြုသွားမယ်' ဟု အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဉီးက ပြောသည်။
ကနဦးအနေဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့၌ မဲနှိုက်သည့် ပထမအုပ်စုမှ အဖွဲ့ အားလုံးသည် ဒီဇင်ဘာလ ၁ ရက်မှာ နေခွင့်ရရှိမည်ဖြစ်ပြီးနိုဝင်ဘာ ၁၄ ရက်နေ့၌ မဲနှိုက်သည့် ဒုတိယအုပ်စုမှ အဖွဲ့ အားလုံးသည်၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းမှာ နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အငှားအိမ်ရာများနေထိုင်ခွင့်အတွက် လျှောက်ထားသူ ၆၂၀၀ ကျော်မှ ဦးရေ ၂၀၀၀ ခန့်သာ စတင် ငှားရမ်းခွင့်ပြုထားခြင်းဖြစ်ကာ ကျန်ရှိသည့် လျှောက်ထားသူ ၄၀၀၀ ကျော်အတွက် ထပ်မံပြီးစီးမည့် အငှားတိုက် ၇၁ လုံးအတွက် ထပ်မံလျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ၂၀၂၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံတြွေဖစ်ကာ အခန်းပေါင်း ၄၃၅၂ ခန်း ပါဝင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်တွင် အရောင်းဝယ်ပုံမှန်သာရှိဟုဆို
ဒေသအတွင်း သွားလာရေး အခက်ခဲတွေကြောင့် အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်လာပြီး ရန်ကုန်ဈေးကွက်မှာ အရောင်းဝယ် ပုံမှန်သာရှိနေတယ်လို့ ပွဲရုံတွေထံက သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
‘ ကျိုင်းတုံမှာ အခုငလျင်လှုပ်ခတ်မှုမှာ ဟိုအရင်ငလျင်လှုပ်တာတွေထက် ပိုယိမ်းထိုးယိုင်တာတွေရှိပြီး အဆောက်အဦးအနေနဲ့ သစ်သားအိမ်တွေ ကျိုးတာတွေရှိပြီး ပြိုကျတာမျိုးတော့မရှိဘူး’ ကျိုင်းတုံဒေသခံတစ်ဦး
‘ကျိုင်းတုံဒေသမှာ ပြတ်ရွေ့အသေးတွေအများကြီးရှိတဲ့အတွက် ငလျင်ကြီးများအပါဝင်ငလျင်ငယ်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိတယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊မြေငလျင်ဌာနခွဲမှတာဝန်ရှိသူတစ်ဦး
#Yangon_Times/tthl
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 17 November 2023
မန္တလေး လမ်း ၃၀ ၇၂-၇၃ လမ်းကြား ရှိ အောင်ရွှေဆိုင် ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ အားလုံး ယူဆောင်သွားကြောင်း မန္တလေးမြို့ရှိဒေသခံ တွေထံ က သိရသည်။
ယနေ့ နံနက် ၁၁နာရီ ဝန်းကျင် ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး လက်နက်များ ပါ ပါလာ ကာသေနတ်ပစ်ဖောက် ပြီး လုယူသွား ခြင်း ဖြစ်ကြောင်း သိရသည်။
'' သေနတ်တွေလည်း ပစ်တယ်၊လူမထိတာကံကောင်း သူတို့ကြိုတင်စီစဉ်ထားတာပါ ကားနဲ့ လာတာ မိနစ် ပိုင်း အတွင်း အကုန်ယူသွားတာ သေနတ်နဲ့လူနဲ့ ဘယ်လိုမှ မမျှဘူး''ဟု ယင်းရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
လက်ရှိ တွင် လုံခြုံရေး တပ်ဖွဲ့များ ရောက်ရှိ စစ်ဆေးလျက်ရှိပြီး တရားခံများ ကိုတော့ ဖမ်းဆီးရရှိမှု မရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် လအတွင်း ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန် ရပ်ကွက် ၈၄လမ်း ၄၁လမ်းနှင့်၄၂လမ်း ကြားရှိ ပေါ်ဦး ရွှေဆိုင်လဲ ဓါးပြ တိုက်ခံရပြီး ရွှေထည်ပစ္စည်းများ လုယူခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 17 November 2023
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေး အနီး တွင် YBS 92ယာဉ်မှ
ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ အလှူခံမဏ္ဍပ်ကို ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ေကြာင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၁နာရီ ခန့် က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး YBS 92ယာဉ်မှဘရိတ်ပေါက်ပြီး အလှူခံမဏ္ဍပ် ကို ဝင်တိုက်တာကြောင့် အလှူခံ မဏ္ဍပ် အတွင်း ထိုင်နေသည့်
အသက်ကြီး ပိုင်း အမျိုးသား တစ်ဦး တိုက်မိကာ ကားအောက်ထဲ ဝင်သွားကာသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ အမျိုးသား ကားအောက်ထဲ တွင် ညှပ်နေသော အမျိုးသား ကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက် ကူညီပေးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသား ကို မေဓါဝီဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး အလောင်း အပ်နှံ ကူညီပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published_ 17 November 2023
တရုတ်-မြန်မာဆက်ဆံရေးတွင် နစကအနေဖြင့် ကောင်းမွန်လျက်ရှိကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကစပြီး ချင်းရွှေဟော်မြို့ အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ကိုးကန့် ၊ တအာင်း နှင့် ရက္ခိုင် တို့ပါဝင်သော ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က တပြိုင် တည်း ထိုးစစ်ဆင် တိုက်ခိုက်မှု၏ နောက်ကွယ်တွင် တရုတ်နိုင်ငံအနေဖြင့် ပါဝင်ပတ် သက်မှုရှိနေကြောင်း လူမှုကွန်ရက် သတင်းများတွင် ရေးသားနေကြသည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။
“လက်ရှိတရုတ်-မြန်မာဆက်ဆံရေးအခြေအနေကောင်းမွန်လျက်ရှိပါတယ်။မြောက်ပိုင်း ကိစ္စကတရုတ်နိုင်ငံမှာ အွန်လိုင်းလိမ် လည်မှု ကျားဖျန့်ကိစ္စ ၊ ဒါပြည်သူလူထုက Pressure များနေတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကိုအချိန် ကိုက်အသုံးချသွားတာဖြစ်တယ်။
တရုတ်-မြန်မာနယ်စပ်မှာကျားဖျန့်ကိစ္စနဲ့ပတ်သက်ပြီး လုပ်ကိုင်ခဲ့ တာက အဓိကအဖွဲ့အစည်း ၃ ဖွဲ့ရှိပါတယ်။"ဝ"နယ်မြေ၊"မိုင်းလား"နယ်မြေ၊"ကိုးကန့်"နယ်မြေအတူတူပါပဲ။သို့သော်အကုန်လုံး အပြစ်မှန်သမျှကိုဒီအစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ကိုးကန့်နယ်မြေကိုလွဲချချင်တဲ့သဘော ပဲ ၊ ပြီးခဲ့တဲ့ ရက်တွေက ကျွန်တော်ပြောခဲ့သလိုပဲ အတိတ်သမိုင်းအကြောင်းတွေအရ ကိုးကန့်က ဖုန်ကျားရှင် ဆိုတာယခင်ကကျွန်တော်တို့ ဗကပ ၁၉၆၈ ခုနှစ်လောက်က ဗကပ တပ် မဟာ ၄၀၄ ခေါင်းဆောင်ဖြစ် ခဲ့ တယ်။ ဒါကြောင့်မို့ဆက် စပ်မှုတွေကတော့ရှိနေတာ ဖြစ်တယ်။အားပေးအားမြှောက်တဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်။သို့သော် တရုတ်-မြန်မာဆက်ဆံရေးကတော့ကျွန်တော်တို့အနေနဲ့ကောင်းမွန်လျက်ရှိပါ တယ်”ဟု ယင်းက ပြောသည်။
မြန်မာနိုင်ငံ ဘက်အသီး သီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲ မှုများ ကိုဖြေရှင်း၍ တွေ့ဆုံ ဆွေးနွေးမှုဖြင့် ပြန်လည် သင့်မြတ်ရေးဖော်ဆောင်ရန် အားပေးကြောင်း မြန်မာနိုင်ငံ သို့ နိုဝင်ဘာလ ၃ ရက်မှ ၅ ရက်ထိ လာရောက်ခဲ့သည့် တရုတ်နိုင်ငံ လက်ထောက်နိုင်ငံ ခြား ရေးဝန်ကြီး Mr. Nong Rong က ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ် ဘက် နယ်စပ်ပြည်သူများ တစ်ကိုယ်ရေနှင့်စည်း စိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုကြောင်း နှင့် တရုတ်နိုင်ငံနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ဆက်လက်တိုက်ဖျက်သွားလိုကြောင်း ပြောကြားခဲ့သေး သည်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှု များ၊ လူကို သွေးဆောင်ဖျား ယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင် မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူး လွန်ခြင်း၊ ကျူးလွန်ရန်အားထုတ် ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန် နေသော Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ ၄ ဦးကို ဥပဒေအရ အရေးယူရန် နိုဝင်ဘာလ ၁၅ ရက်တွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့ရာ ယင်းအထဲမှ Ming Xuechang (မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ ၃ ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၌ နိုဝင်ဘာလ ၁၆ ရက်က ဖမ်းဆီးမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
၎င်းတို့အား ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း)ကတရားမဝင်ကိုင် ဆောင်ထားသည့် ပစ္စတိုသေ နတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း ၊အထက်ပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေး အတွက် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပြီး Ming Xuechang(မြီရှောက်ချန်း) ၏ ရုပ်အ လောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွား ခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နစက အနေဖြင့် နိုင်ငံတစ်ဝှမ်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်ခြင်းများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများ မရှိစေရေး တို့အတွက် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည့်အပြင် သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
“တရုတ်နိုင်ငံဘက်မှာနယ်မြေကျယ်ပြန့်တယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရှိ တယ်။ပြည်နယ်အစိုးရရှိတယ်။ ဗဟိုအစိုးရရှိတယ်။ဗဟိုအစိုးရအနေနဲ့အားလုံးအလုံးစုံကိုသိချင်မှ သိနိုင်ပါလိမ့် မယ်။အခုဖြစ်နေတာက မြန်မာ နိုင်ငံနဲ့ကပ်နေတဲ့ဟာဆိုကြည့်လိုက်ရင် လီဆူး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့ဂျိန်းဖောကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ပြီးရင်ဒီ ၀ တို့၊ကိုးကန့်တို့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မဟုတ်ပေမဲ့ သူခရိုင်အဆင့်ပေးထားတဲ့ ဟာလေးတွေပေါ့။ပြီးရင် စစ်ဆောင်ပနားတိုင်း(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ရှိတယ်။ဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတွေအနေနဲ့ ပတ်သက်ကောင်းပတ်သက်နိုင်လိမ့်မယ်။သူကနီးစပ်တာကိုး၊အွန်လိုင်းကိစ္စနဲ့ပတ်သက်ပြီး တရုတ် ကမြန်မာကိုလိမ်တာ မဟုတ်သလိုမြန်မာ ကလည်းတရုတ်ကိုလိမ်တာမဟုတ်ဘူး။
အဓိကက ဒီမှာရောက်ရှိနေ တဲ့သူတွေအားလုံးကိုကြည့်လိုက်ရင် တရုတ်ကပြည်ပြေးတွေချည်းပဲ။တရုတ်ကပြည်ပြေးတွေ နဲ့ ပြည်ပြေးတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေ က အွန်လိုင်းလိမ်လည်မှုကိုလုပ်သွားတာဖြစ်တယ်။ ကျွန်တော် တို့တံခါးပေါက် ရှမ်း ပြည်နယ်မြန်မာ နိုင်ငံ ရဲ့တိုင်းရင်းသား လူမျိုးစုအများစုနေတဲ့နေရာဖြစ်တယ်။ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ယူနန် ပြည်နယ် တရုတ်နိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုအများဆုံးဖြစ်တယ်။ဒီအပေါ်မှာအခွင့်ကောင်းယူပြီး ထိလွယ်၊ရှလွယ်ဖြစ်တဲ့တိုင်းရင်းသားလူမျိုးတွေကိစ္စတွေကို ဆောင်ရွက်နေတာပဲဖြစ်တယ်။ဒါတွေကိုနှစ် ဖက်ပြည်သူတွေကသတိထားဖို့သိရှိဖို့လိုမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
MNDAA.TNLA နှင့် AAမြောက်ပိုင်းသုံးဖွဲ့က အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများနှင့်ပတ် သက်၍ သက်ဆိုင်ရာ ဘက်အသီးသီအနေဖြင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံ ရေးနှင့် တည်ငြိမ်ရေးကို အာမခံချက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ယင်းနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။
Mao Ning က တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာပဋိပက္ခအခြေအနေကို များစွာဂရုပြုနေကြောင်း၊ သက်ဆိုင် ရာ ဘက်သီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် အငြင်း ပွားမှုကို ဖြေရှင်းရန်၊ အခြေအနေ ပိုမိုဆိုးရွားလာမှုကို ရှောင်ရှားရန်၊ လက်တွေ့ထိရောက်သော ဆောင်ရွက် ချက်များဖြင့် တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက်ပေးရန် တိုက်တွန်းကြောင်း ယင်းသတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်များမေးမြန်းမှုအပေါ် ပြန်လည်ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ဖြတ် ကျော်လာသောစစ် ဘေး ရှောင်များအား ပြန်လည်နေရာချထားပေးရာတွင် အကူအညီ ပေးထားကြောင်း နိုဝင်ဘာလ ၁၆ ရက်က ပြုလုပ်သည့် ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်း ပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ Mao Ning က ထပ်မံ ပြောကြားခဲ့သည်။
“မြန်မာဘက်ကနေ တရုတ်ဘက်ကို စစ်ပွဲရှောင်ဖို့ ဝင်လာ သူတွေကို လူသားချင်းစာနာမှု၊ မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့ ခင်မင်မှု တွေကြောင့် တရုတ်ဘက်က ကောင်းကောင်းမွန် မွန် ပြန်လည်နေရာချထားပေးထား ပါတယ်၊ နာမကျန်းသူတွေနဲ့ ဒဏ်ရာရထားသူတွေကိုလည်း ကုသပေးဖို့ ကြိုးပမ်း ဆောင်ရွက်ထားတယ်၊ ရွှေ့ပြောင်းလာသူတွေရဲ့ နေအိမ်တွေကို အမြန်ဆုံးပြန်နိုင်ဖို့၊ ပုံမှန်ဘဝ ပြန်လုပ်ဖို့ တိုက်ပွဲတွေ မြန်မြန်ရပ်ဖို့ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို တရုတ်အစိုးရက တိုက်တွန်းပါ တယ်” ဟု သူက ပြောသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တစ်မြို့ ဖြစ်သော လောက်ကိုင်တွင် MNDAA အဖွဲ့အနေဖြင့် ဩဇာ အာဏာပြန်လည်တည်ဆောက်ရန်အတွက် တိုက်ခိုက်မှု များကို လုပ်ဆောင်ရန်၂၀၂၂ ခုနှစ် မှစတင်၍ ကြို တင်ပြင်ဆင်မှုများဆောင်ရွက် ခဲ့သည်ဟုသိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားခဲ့သည်။
#Yangon_Times/PP
#Local_News
#Published_ 17 November 2023
#YMG #Yangon_Times #Yangon_Media_Group
Published 17 November 2023
အဆီကျဆေး Wegovy ဟာ ပြင်းထန်တဲ့ နှလုံးရောဂါပြဿနာများ ဖြစ်နိုင်ချေကို ၂၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကာ ကိုယ်အလေးချိန်ချဖို့အပြင် အခြားနေရာတွေမှာလည်း အသုံးပြုနိုင်မယ့်လမ်းစ ထွက်ပေါ်လာပြီလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကိုယ်အလေးချိန်ချတဲ့ ကုထုံးကနေ နှလုံးသွေးကြော ပြဿနာများ ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်တဲ့ ကုထုံးဖြစ်လာနိုင်တယ်လို့ ကလိဗ်လန်းဆေးရုံမှ လေ့လာမှုဦးဆောင်သူ ဒေါက်တာ မိုက်ကယ်လင်ကော့ဖ်က ပြောပြခဲ့ပါတယ်။
Wegovy နဲ့ Ozempic ထုတ်လုပ်သူ Novo Nordisk တို့မှ သုတေသနပြုလုပ်ရာမှာ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လူပေါင်း ၁၇,၆၀၀ ပါဝင်စမ်းသပ်ခံခဲ့ပါတယ်။
စမ်းသပ်ခံတွေက အသက် ၄၅ နှစ်နဲ့အထက်ဖြစ်ပြီး နှလုံးသွေးကြောရောဂါ အခံရှိကြကာ BMI ၂၇ နဲ့အထက်၊ ဆီးချိုမရှိဖူးသူများ ဖြစ်ပါတယ်။
လူနာတဝက်ကို Wegovy ထိုးဆေးပေးပြီး ကျန်တဝက်ကို အာနိသင်မရှိတဲ့ဆေး ထိုးပေးကာ အချိန်ကာလ ၃ နှစ်ကျော် စောင့်ကြည့်ခဲ့ပါတယ်။
Wegovy ဆေးထိုးတဲ့လူတွေထဲက ၆.၅ ရာခိုင်နှုန်းဟာ နှလုံးနဲ့ပတ်သက်တဲ့ အခြေအနေ တစ်မျိုးမျိုးကြောင့် သေဆုံးသွားခဲ့ပြီး အာနိသင်မရှိတဲ့ဆေး ထိုးတဲ့သူတွေထဲမှာတော့ ၈ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။
Wegovy ထိုးတဲ့သူတွေဟာ ကိုယ်အလေးချိန် ပျမ်းမျှအားဖြင့် ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စမ်းသပ်ကာလတလျှောက် ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ရောင်ရမ်းခြင်း၊ ကိုလက်စ်ထရောလ်၊ သွေးတွင်းသကြားဓာတ်၊ သွေးပေါင်ချိန်တို့မှာလည်း တိုးတက်လာတာကို မြင်တွေ့ခဲ့ရကြောင်း လော့စ်အိန်ဂျလိစ်မှ နှလုံးအထူးကု ဒေါက်တာမာသာဂူလာတီက မှတ်ချက်ပြုလိုက်ပါတယ်။
ဒီရလဒ်တွေဟာ ကိုယ်အလေးချိန် ကျခြင်းကြောင့် ဖြစ်တာလား ဒါမှမဟုတ် ဆေးရဲ့အာနိသင်ကြောင့် ဖြစ်တာလားဆိုတာ သေချာမသိကြသေးပါဘူး။
Wegovy ဆေးရဲ့အညွှန်းမှာ နှလုံးအတွက် အကျိုးပြုစေတယ်ဆိုတာကို ထည့်သွင်းခွင့်ရဖို့ Novo Nordisk က အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးထံ တောင်းဆိုထားပါတယ်။
ဒါပေမဲ့ ဒီဆေးတွေကြောင့် ဘေးထွက်ဆိုးကျိုးများ ခံစားရတယ်လို့ ဖော်ပြလာကြပါတယ်။
မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် စမ်းသပ်ခံသူ ၁၇ ရာခိုင်နှုန်းက Wegovy ကို ဆက်လက်အသုံးမပြုတော့ပါဘူး။
Source: New York Post.
#World_Health
#YMG #Yangon_Times #Yangon_Media_Group
၁၆ နိုဝင်ဘာ ၂၀၂၃
တရုတ်နိုင်ငံဘက်မှ Online လိမ်လည်မှုများနှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသူ ၃ ဦးအား လောက်ကိုင်တွင် ဖမ်းဆီးရမိကာ တရုတ်နိုင်ငံသို့လွှဲပြောင်းပေးမှု၊ ၁၆-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ရခိုင် ပြည်နယ် ပေါက်တောမြို့ တို့တွင် တိုက်ပွဲဖြစ်ပွားမှုများ ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်း ပြောကြားချက်ကို မီဒီယာများသို့ ဖြန့်ဝေပေးခဲ့ပါတယ်။အဆိုပါပြောကြာချက် အပြည့်အစုံမူရင်းကို ဖော်ပြပေးအပ်ပါတယ်၊
-ymg/knl
၁၆ နိုဝင်ဘာ ၂၀၂၃
ဖမ်းဝရမ်းထုတ်ထားပြီး လောက်ကိုင်တွင်ဖမ်းဆီးရမိသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် ရဲတပ်ဖွဲ့ထံသို့ ယနေ့ နိုဝင်ဘာ (၁၆) ရက် တွင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဝရမ်းထုတ်ထားသူများအနက် Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping. (မြီရှောက်ဖျင်း)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
တရားခံများအား ဖမ်းဆီးစဉ် Ming Xuechang(မြီရှောက်ချန်း) သည် ၎င်းတရားမဝင်ကိုင် ဆောင်ထားရှိသည့် ပစ္စတိုသေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူနိုင်ရေး အတွက် ယနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်း နယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပါတယ်။ သို့ရာတွင် Ming Xuechang (မြီရှောက်ချန်း) ၏ ရုပ်အလောင်းအား တရုတ်နိုင်ငံဘက်သို့ ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Online လိမ်လည်မှု များ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင် မှုများ၊ ခြောက်လှန့်တောင်းယူမှု များကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ် ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန် နေသော Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping(မြီကော်ဖျင်း)(ခ)Ming Xiaoping (မြီရှောက်ဖျင်း)၊ Ming Julan (မြီကျွီလန်) နှင့် Ming Zhenzhen(မြီကျိန်းကျိန်း)တို့ကို ဥပဒေအရ အရေးယူရန် အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဖျားယောင်းမှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေး ကူညီခြင်းများကို ကျူးလွန်ခြင်းများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများ မရှိစေရေး တို့အတွက် သက်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။
-ymg/knl
Page 837 of 1858