#Local_News
Published_ 4 August 2023
ရုပ်ရှင်အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန်(၃)ကြိမ်ပျက်ကွက်ခဲ့သူများသတ်မှတ်ရက်အတွင်းသက်တမ်းလာမတိုးပါကအစည်းအရုံးဝင်မှပျက်ပြယ်မည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်များအနေဖြင့် အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန် ကျန်ရှိနေသူများ အချိန်မီသက်တမ်းလာတိုးကြရန်အသိပေးကြေညာချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါကြေညာချက်တွင် မြန်မာနိုင်ငံအစည်းအရုံးဩဂုတ်လ(၂)ရက်တွင်ကျင်းပခဲ့သည့် အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ အစည်းအရုံးဝင်ကတ်သက်တမ်းတိုးရန် (၃)ကြိမ်(၆)နှစ်ကျော် ပျက်ကွက်နေသူများအနေဖြင့် အစည်းအရုံးဝင်ကတ်များသက်တမ်းတိုးရန် နောက်ဆုံးအကြိမ်တိုက်တွန်း ကြောင်းဖော်ပြထားသည်။
ယင်းပျက်ကွက်ခဲ့သူများအနေဖြင့် စက်တင်ဘာလ၃၁ရက်နေ့နောက်ဆုံးထားပြီး သက်တမ်းတိုးကြပါရန်နှိုးဆော် ထားပြီး အဆိုပါရက်ကျော်လွန်ပါက အစည်းအရုံးဝင်အဖြစ်မှ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်အသိပေးကြောင်းသိရသည်။
#Local_News #အချိန်မီသက်တမ်းလာတိုးရန်သတိပေး
#Tthl
#Yangon_Times
#Local_News
Published_ 4 August 2023
International Foundation for Arts and Culture (IFAC)မှ ကြီးမှူး၍ (၂၄) ကြိမ်မြောက် International High School Arts Festival Awards Ceremony ဆုပေးပွဲ အခမ်းအနားကို ဩဂုတ် ၂ ရက်တွင် တိုကျိုမြို့၊ The Ritz-Carlton Hotel ၌ ကျင်းပခဲ့ ပါတယ်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံနှင့် နိုင်ငံပေါင်း (၁၇) နိုင်ငံမှ ဆုရရှိခဲ့ ကြသော ကျောင်းသား၊ ကျောင်းသူများ၊ တိုကျိုမြို့ အခြေစိုက်သံရုံးအသီးသီးမှ သံရုံးအကြီး အကဲများ၊ သံတမန်များတက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီး ဦးစိုးဟန်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှ ပန်းချီကဏ္ဍတွင်ဆုရရှိခဲ့တဲ့ ဝေါမြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်း (Grade -10) ကျောင်းသူ မအိသက်ဇော်အား သံအမတ်ကြီး ဦးစိုးဟန်မှ Special Prize to the International Artists ဆုကို IFAC ကိုယ်စား ပေးအပ်ခဲ့ပါတယ်။
International High School Arts Festival Awards သည် နှစ်စဉ်ကျင်းပလျက်ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး၊ ယခုနှစ်အတွက် ဆုရရှိခဲ့ကြတဲ့ ဂျပန်နိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများအား (IFAC) ၏ တာဝန်ရှိပုဂ္ဂိုလ်များက လည်းကောင်း၊ ပြည်ပနိုင်ငံ (၁၇) နိုင်ငံမှ ဆုရကျောင်းသူ၊ ကျောင်းသားများအား သက်ဆိုင်ရာ သံရုံးအကြီးအကဲနှင့် သံရုံး တာဝန်ရှိသူများကလည်းကောင်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
#Local_News
#ygm_mnn #ဆုရကျောင်းသူကိုမြန်မာသံအမတ်ကြီးကချီးမြှင့်ပေးအပ်
#Yangon_Media_Group
မြန်မာ့လက်ရွေးစင် ယူ - ၁၂ လူငယ်အသင်း အုပ်စုမဲခွဲမှုအရ အုပ်စု ( C )မှာပါဝင်နေ
Published_ 4 August 2023
#U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲ
#YMG/my
#Yangon_Times
‘ပြတိုက်အတွင်းမှာတော့ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ရုပ်တု၊အသုံးအဆောင်၊ ကျမ်းစာအုပ်၊ ပြည်တွင်း၊ ပြည်ပဘွဲ့တွေနဲ့ မှတ်တမ်းတွေ၊အသုံးအဆောင်ပစ္စည်းတွေ၊ ဆရာတော်ကြီးရေးသားခဲ့တဲ့ ကျမ်းစာအုပ်တွေ၊ ဆရာတော်ကြီး ဖတ်ရူလေ့လာခဲ့တဲ့ ကျမ်းစာအုပ်တွေစသဖြင့် အများပြည်သူလေ့လာနိုင်အောင်ပြသထားဖို့ရှိတယ်’မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
Published 4 August 2023
#ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ရုပ်တု
#tthl
#Yangon_Times
#Local_News
Published 4 August 2023
မြန်မာနိုင်ငံတွင် လက်ရှိအချိန်တွင်ပုဂ္ဂလိကဆေးရုံ(၂၇၀)၊ ပုဂ္ဂလိကဆေးခန်း(၅၁၂၄)ခု၊ ပုဂ္ဂလိကအထူး ကုဆေးခန်း(၁၀၀၂)ခု ဖွင့်လှစ်ခွင့်ပြုထားကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ဖွင့်လှစ်ခွင့်ပြုထားသည့်အကြောင်းကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရခြင်းဖြစ်သည်။
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရန်အတွက် ကျောက်ကပ်အစား ထိုးကုသခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း၊ နှလုံးခွဲစိတ်ကုသမှုနှင့် အဆင့်မြင့်စစ်ဆေးခြင်း၊ ကင်ဆာဓာတ်ကင်ခြင်းနှင့် ဆေးသွင်းခြင်းလုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်းနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းကို ဥပဒေနှင့်အညီထိန်းကျောင်းရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင်ပြင်ပအကူသူနာပြုသင်တန်းကျောင်းများ၊ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်းများဖွင့်လှစ်နေခြင်း ကိုထိန်းကျောင်းရန်အတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများဆိုင်ရာဥပဒေ၊နည်းဥပဒေ၊အမိန့်နှင့် ညွှန်ကြားချက်များကိုပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။
ပုဂ္ဂလိကဆေးရုံဆေးခန်းများအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊နည်းဥပဒေများ နှင့်အညီဆောင်ရွက်ထားရှိရမည့်အချက်များကိုပြည့်စုံစွာထားရှိရဖြစ်ကြောင်းနှင့် မိမိတို့ဆောင်ရွက်ရမည့် ကဏ္ဍပေါင်းစုံအား ပြီးပြည့်စုံရန်ဆောင်ရွက်ထားမှသာဗဟိုအဖွဲ့အနေဖြင့်တစ်လအတွင်းလိုင်စင်ကိုခွင့်ပြုပေး နိုင်မည်ဖြစ်သည်ဟုဖော်ပြထားသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ဆေးကုသခွင့်လိုင်စင်ရရှိထားသည့် သူနာပြု၊သားဖွားများဖြစ်ရန် လိုအပ်ပြီး တည်ဆဲဥပဒေတစ်ရပ်ရပ်ငြိစွန်းထားသူများမဖြစ်ရန်နှင့်နိုင်ငံခြားသားဆရာဝန်၊သူနာပြုအနေဖြင့် အချိန်ပိုင်းဝန်ဆောင်မှုပြုလိုပါကသက်ဆိုင်ရာကောင်စီများကအသိအမှတ်ပြုထုတ်ပေးသော သီးခြားသတ်မှတ် အထူးဆေးကုသခွင့်လိုင်စင်ရှိရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရသိရသည်။
#Local_News #ပုဂ္ဂလိကဆေးခန်းနှင့် အထူးကုဆေးခန်း(၆၀၀၀)ကျော်
#tthl #Yangon_Times
#Local_News
Published 4 August 2023
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၂၀၂၃ ခုနှစ် မိုးရာသီဈေးရောင်းပွဲတော်ကို ယနေ့ ဩဂုတ် ၄ ရက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ စက်မှုထုတ်ကုန်များနှင့် လျှပ်စစ် (EV)ကား ပြပွဲကိုပါထည့်သွင်းပြသလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကို ဩဂုတ်လ (၄)ရက်မှ (၆)ရက်နေ့အထိ သုံးရက်ကြာပြုလုပ် လျက်ရှိကြောင်း သိရသည်။
ပြပွဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ထုတ်ကုန်ပစ္စည်းများသာမက အခြား တိုင်းနှင့်ပြည်နယ်များရှိ ဒေသထွက်ကုန်ပစ္စည်းများကိုပါ ထည့်သွင်းပြသ လျက်ရှိကြောင်း သိရသည်။
ယင်းပြပွဲအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်(၂၉)ဇုန်က ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ၊ MSMEs ထုတ်ကုန်ပစ္စည်းများကို ပြသလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အများပြည်သူ လာရောက်လေ့လာဝယ်ယူရာ၌ အဆင်ပြေစေရန် တန်ဖိုးသင့်ထမင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းထားရှိကြောင်း သိရသည်။
#Local_News #လျှပ်စစ် EV ကားပြပွဲ
#YMG/my #Yangon_Times
စစ်တွေမြို့မှာ (၂၀၉)ဦးနဲ့ အများဆုံးဖြစ်ပွားနေ
Published_ 4 August 2023
#သွေးလွန်တုပ်ကွေးဖြစ်ပွားသူမြင့်တက်နေ
#YMG/my
#Yangon_Times
#Local_News
Published 4 August 2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ဩဂုတ်လ ၂ ရက် (ယနေ့) နံနက်ကဖြစ်ခဲ့သည့် ယာဥ်မတော်တဆမှုတွင် ဒဏ်ရာရရှိခဲ့သည့် မူလတန်းကျောင်းသူလေး ယနေ့ထပ်မံသေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ်လ ၂ရက်က နံနက် ၈ နာရီအချိန်က ပဲခူး-ရန်ကုန် လိုင်းကားမှ ပရိုဘောက်ကားကို ရှောင်ရာတွင် လမ်းဘေး၌ရပ်ထားသောဆိုင်ကယ်ကိုတိုက်၍ လမ်းဘေးထိုးဆင်းကာ အုတ်နံရံကို ဝင်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းသူနှင့် ၁၄နှစ်အရွယ်ကျောင်းသူလေး ၁ဦးသေဆုံးခဲ့၍ ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။
ဆိုင်ကယ်ပေါ်ပါသေဆုံးသူ ၂ဦးအပြင် မူလတန်းကျောင်းသူသမီးငယ်လေး ကားအောက်ထဲတွင်ပိနေ၍ဘယ်လက်ကျိုး၊ ညာခြေထောက်ပိဒဏ်ရာ၊ ကိုယ်တွင်းထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယနေ့နံနက်တွင် သေဆုံးသွားကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့က သိရသည်။
"ဒီမနက် ခလေးအမေက "အကို သမီးလေးဆုံးပြီဆိုပြီး ဖုန်းဆက်လာတယ်။
မြောက်ဥက္ကလာပ မေဓါဝီဆေးရုံကြီးမှာ မနက် ၅နာရီ ၃၀ မှာ ကွယ်လွန်သွားပါတယ်"ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။
ထို့အပြင် ယင်းဖြစ်စဥ်ကြောင့် ခရီးသည်ကားပေါ်မှ ထိခိုက်ဒဏ်ရာ ရရှိသူ၁၀ဦးမှာမြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမှုခံယူခဲ့ရပြီး လက်ရှိတွင် ဒဏ်ရာရသူတစ်ချို့မှာကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
#Local_News #မူလတန်းကျောင်းသူလေးယနေ့ထပ်မံသေဆုံး
#Yangon_Times/PP
#Local_News
Published 4 August 2023
မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်(၃)နိုင်ငံကို ရုရှားပြည်ဝင်ခွင့်ဗီဇာကို အီလက်ထရွန်းနစ်ဗီဇာဖြင့် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ရုရှားမီဒီယာများရဲ့သတင်းများအရ မြန်မာ၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံ (၃)နိုင်ငံကို ဩဂုတ်(၁)ရက်ကစပြီး ရုရှားနိုင်ငံသို့ အီးလက်ထရွန်းနစ်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုမယ့် အမိန့်ကို ရုရှားဝန်ကြီးချုပ် မစ်ခေးလ် မီရှုစတင်က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အီးလက်ထရွန်းနစ်ဗီဇာဟာ အလည်အပတ် သို့မဟုတ် လုပ်ငန်းကိစ္စ လာရောက်သူများအတွက် တစ်ကြိမ်သုံးဗီဇာအဖြစ်ထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီအပြင် သိပ္ပံ၊ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့်နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစား အခမ်းအနားနှင့် ပွဲတွေလာရောက်သူများသည်လည်း အကျုံးဝင်တယ်လိုဆိုပါတယ်။ ဗီဇာသက်တမ်းမှာ ရက်ပေါင်း(၆၀)ဖြစ်ပါတယ်။
#Yangon_Times
#ရုရှားပြည်ဝင်ခွင့်အီးလက်ထရွန်းနစ်ဗီဇာထုတ်ပေး
#World_News
Published 4 August 2023
အမေရိကန်ရေတပ်မှ အမှုထမ်းနှစ်ဦးဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး သံသယရှိတာကြောင့် ဖမ်းဆီးထားတယ်လို့ တရားရေးဌာနက ဩဂုတ် ၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် စစ်သင်္ဘောများနဲ့ လက်နက်စနစ်များအတွက် သုံးစွဲပုံလမ်းညွှန်များအပြင် အမေရိကန်စစ်ရေးလေ့ကျင့်မှု အကြီးစားအတွက် ရေဒါစနစ်နဲ့အစီအစဉ်များရဲ့ အသေးစိတ်ပုံစံများပါဝင်တဲ့ လျှို့ဝှက်အချက်အလက်များကို တရုတ်ထံသို့ ရောင်းချခဲ့တယ်လို့ ထိုနှစ်ယောက်ကို သံသယရှိနေတာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုတွေက ကျွန်ုပ်တို့ရဲ့ ဒီမိုကရေစီကို ထိခိုက်စေပြီး ကျင့်သုံးနေတဲ့လူတွေကို ခြိမ်းခြောက်ရာရောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို သတိပေးလိုက်တာဖြစ်ပါတယ်လို့ FBI တန်ပြန်ထောက်လှမ်းရေးဌာနခွဲမှ 'ဆူဇန်တာနာ'က ပြောပြခဲ့ပါတယ်။
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံတော် လုံခြုံရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ အရေးကြီး စစ်ရေးအချက်အလက်များ ရယူရန် အဆိုပါစစ်မှုထမ်းတွေနဲ့ အပေးအယူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန်ဒီယေဂိုရှိ USS Essex ကုန်းရေနှစ်သွယ်တိုက်ခိုက်ရေးသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောသား 'ဝေဂျင်ချောင်'ဟာ သင်္ဘောများ လည်ပတ်ပုံ၊ စနစ်များအကြောင်း အသေးစိတ်ပါဝင်တဲ့ စာရွက်စာတမ်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ ဒါဇင်ကျော်ကို ပေးပို့ခဲ့တယ်လို့ တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုထဲမှာ သူ့ကိုယ်ပိုင်ရေယာဉ်ရဲ့ လက်နက်အကြောင်း ပတ်သက်တဲ့ နည်းပညာပိုင်း စက်ပိုင်းဆိုင်ရာ လမ်းညွှန်များလည်း ပါဝင်ပါတယ်။
အသက် ၂၂ နှစ်သင်္ဘောသားဟာ အဆိုပါ အချက်အလက်တွေအတွက် ဒေါ်လာထောင်ချီရယူခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။
အသက် ၂၆ နှစ်ရှိ အရာရှိငယ်'ကျောင်ဝမ်ဟန်'ကတော့ လော့စ်အိန်ဂျလိစ်မြောက်ပိုင်း ဗင်ကျူရာကောင်တီရေတပ်စခန်းကနေ တရုတ်နိုင်ငံအတွက် ၂ နှစ်နီးပါး သူလျှိုလုပ်ပေးခဲ့ကြောင်း တရားရေးဌာနက ပြောကြားလိုက်ပါတယ်။
ကုန်းရေနှစ်သွယ်ယာဉ်တွေရဲ့ တည်နေရာ အချိန်တို့အကြောင်း အသေးစိတ်တွေအပါအဝင် အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန်စစ်ရေးလေ့ကျင့်မှုကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်များပေးပို့မှုအတွက် ကျောင်ဝမ်ဟန်ဟာ တရုတ်ထောက်လှမ်းရေးအေးဂျင့်ထံကနေ ဒေါ်လာ ၁၅,၀၀၀ နီးပါးရရှိခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
အမေရိကန် စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှုရှိနေတဲ့ ဂျပန်တောင်ပိုင်းရှိ အမေရိကန်စစ်တပ်စခန်းတစ်ခုမှ ရေဒါစနစ်အတွက် ပုံကြမ်းများနဲ့ အသေးစိတ်ပုံစုံများကိုလည်း ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
"ဒီလိုမျိုး အထိခိုက်မခံနိုင်တဲ့ စစ်ရေးအချက်အလက်တွေကို ပြိုင်ဘက်နိုင်ငံခြားတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေတဲ့ ထောက်လှမ်းရေးအရာရှိဆီ ပေးပို့တာဟာ နိုင်ငံကိုကာကွယ်မယ်ဆိုတဲ့ မြင့်မြတ်တဲ့သစ္စာကို ချိုးဖောက်ရာကျကြောင်း အမေရိကန်ရှေ့နေ 'မာတင်အက်စ်ထရာဒါ'က ပြောကြားခဲ့ပါတယ်။
ကျောင်ဝမ်ဟန်အနေနဲ့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၂၀ ကျခံရဖွယ်ရှိနေပါတယ်။
#World_News #သူလျှိုလုပ်ပေးနေသူအမေရိကန်ရေတပ်သားနှစ်ဦးဖမ်းဆီးခံရ
Source: CNA
#Local_News
Published_ 4 August 2023
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ နန့်ယင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အဆင့်ရောက်ရှိနိုင်သဖြင့် ယင်းဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယနေ့ ဩဂုတ်၄ရက်နေ့ နံနက်ပိုင်း၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
နန့်ယင်း မြစ်ရေသည် နောက်ထပ် ၆ နာရီအတွင်း စိုးရိမ်ရေမှတ် အဆင့်ရောက်ရှိနိုင်သည်ဟု သတိပေးထားခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပြီဖြစ်သည်ဟု သတိပေးချက်တွင်ဖော်ပြထားသည်
ထို့ကြောင့် မိုးကောင်းမြို့အတွင်း မြစ်ချောင်းများအနီး နေထိုင်သူများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများသတိပြုကြရန် မိုးဇလက နှိုးဆော်ထားသည်။
#Local_News #နန့်ယင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
#YMG/my
#Yangon_Times
#World_Health
Published 4 August 2023
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရသူသန်းပေါင်းများစွာကို အထောက်အကူဖြစ်စေမယ့် ကုသနည်းအသစ် မကြာခင်ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။
လေစီးကြောင်းကို နှာခေါင်းအနောက်ဘက်ရှိ အာရုံကြောများဆီသို့ ပို့ဆောင်ပေးကာ မိနစ်ပိုင်းအတွင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေမယ့် ကိရိယာတစ်ခုကို သုတေသီများ စမ်းသပ်ခဲ့ကြပါတယ်။
CoolStat ဆိုတဲ့ ဆေးဘက်ဆိုင်ရာကိရိယာဟာ SPG အာရုံကြောအစုအဝေးတွေကို အေးမြမှုပေးစွမ်းနိုင်ပါတယ်။
နှာခေါင်းအနောက်ဘက်ရှိ SPG အာရုံကြောတွေက ဦးနှောက်သို့ နာကျင်မှုခံစားချက်ကို ပေးပို့တာဖြစ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းက တစ်ဦးနှင့်တစ်ဦးကွဲပြားပြီး ကုသနည်းအမျိုးမျိုးရှိပေမယ့် လူနာအများစုဟာ လုံလောက်စွာ သက်သာခြင်းမရှိကြပါဘူးလို့ မောင့်ဆီနိုင်းကျန်းမာရေးမှ အာရုံကြောလက်ထောက်ပရော်ဖက်ဆာ ဒေါက်တာ'အန်နာပေ့စ်'က ပြောပြခဲ့ပါတယ်။
SPG အာရုံကြောတွေကို ကိရိယာဖြင့် အေးမြစေတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ လျင်မြန်စွာ သက်သာစေသလားဆိုတာကို သိရဖို့အတွက် မီချီဂန်ပြည်နယ်တက္ကသိုလ်၊ ချာလော့တ်ရှိ မိုင်ယိုဆေးခန်းစကော့ဒေးလ်နဲ့ အေထရီယမ်ကျန်းမာရေးအာရုံကြောသိပ္ပံတို့မှ ဆေးဘက်ဆိုင်ရာ ပညာရှင်များက စမ်းသပ်ခဲ့ကြပါတယ်။
ဝေဒနာမကြာခဏဖြစ်တတ်သူ ၂၄ ဦးကို ဝေဒနာပေါ်တာနဲ့ ဆေးခန်းသို့လာရောက်ရန် ညွှန်ကြားခဲ့ပါတယ်။
CoolStat ကိရိယာဖြင့် ၁၅ ကုသကာ ၂ နာရီကြာပြီးနောက် ဝေဒနာခံစားရမှု ပြောင်းလဲမှုရှိ/မရှိ မေးမြန်းခဲ့ကြပါတယ်။
တစ်မိနစ်မှာ လေ ၆ လီတာရရှိတဲ့ ၈၈ ရာခိုင်နှုန်းသော လူနာတွေက ၂ နာရီကြာပြီးနောက် ကိုက်ခဲမှုသက်သာခဲ့ကာ ၄၄ ရာခိုင်နှုန်းကတော့ ကိုက်ခဲမှုမှ ကင်းဝေးခဲ့ပါတယ်။
ဒီကုသမှုက လတ်တလော ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက် အသုံးဝင်တဲ့ ကုသနည်းဖြစ်လာနိုင်ကြောင်း ပေ့စ်ကဆိုပါတယ်။
ထိုနည်းလမ်းက ထိရောက်မှုရှိပြီး လူနာတွေ ခံနိုင်ရည်ရှိတဲ့ အတိုင်းအတာဖြစ်ကြောင်း စာတမ်းပြုစုသူများ ဖော်ပြခဲ့ကြပါတယ်။
စမ်းသပ်မှုက အားရစရာကောင်းပေမယ့် လက်တွေ့မှာ အကျိုးသက်ရောက်မှုရှိလားဆိုတာတော့ မေးစရာရှိပါတယ်။
အခုအချိန်ထိ စမ်းသပ်ခံတဲ့လူနာအရေအတွက် နည်းလွန်းတာကြောင့် သက်သေပြဖို့ခက်နေပါတယ်။
#World_Health #နှာခေါင်းအနောက်ဘက်သို့လေထည့်သွင်းခြင်းနည်းလမ်း
Source: NY Post #Yangon_Times
Page 833 of 1706