၂၃ဧပြီ၊၂၀၂၆-- မြန်မာသမ္မတသစ် ဦးမင်းအောင်လှိုင်က ဖမ်းဆီးထိန်းးသိမ်းခံထားရသော ဒေါ်အောင် ဆန်းစုကြည်အတွက် "ကောင်းမွန်သောအရာများ" ကို စဉ်းစားပေးနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်ပတ်သက်၍ မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိုင်း ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖောင်ကက်ကီယိုတို့ တွေ့ဆုံစဉ် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုနေကြောင်း ဆီဟာဆတ်က ဆက်လက်ပြောကြားပြီးနောက် အသက် ၈၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်အား "ကောင်းစွာ စောင့်ရှောက်ထားကြောင်း" သမ္မတဦးမင်းအောင် လှိုင်က သူ့အား အသိပေးခဲ့သည်ဟု ဆီဟာဆတ်က ပြောသည်။
"အာဆီယံနိုင်ငံအများအပြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြပါ တယ်။ သူတို့အနေနဲ့ ကောင်းမွန်တဲ့အရာတွေကို စဉ်းစားနေတယ်လို့ သူကပြောတဲ့အတွက် ဒါဟာ ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်နိုင်ပါတယ်" ဟု ဆီဟာဆတ်က ပြောကြားခဲ့သည်၊ သို့သော် ဦးမင်းအောင်လှိုင် က အသေးစိတ် မပြောခဲ့ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြင်းထန်သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန်နှင့် အာဆီယံနှင့် ဆက်ဆံရေးပြေလျော့ရန် ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် အသင့်ရှိကြောင်း ဆီဟာဆတ်က ပြော ကြားခဲ့သည်။
"သူတို့က ပိုကောင်းတဲ့ ဦးတည်ချက်ဆီကို ရွေ့လျားနေတယ်ဆိုတာကို ပြသဖို့ ကြိုးစားနေပါတယ်" ဟု ထိုင်းအစိုးရက မီဒီယာများထံ မျှဝေထားသော ဗီဒီယိုတစ်ခုတွင် သူက မှတ်ချက်ပေး ပြောကြားခဲ့သည်။
"ဒီအရာတွေက မရှိမဖြစ် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အာဆီယံကို ပြန်လာစေ ချင်လို့ပါ။ ကျွန်တော်တို့က သူတို့ကို ကူညီချင်ပေမယ့် သူတို့ကိုယ်သူတို့ မကူညီနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ကူညီနိုင်မှာ မဟုတ်ပါဘူး။" ဟုသူကဆက်ပြောသည်။
Source Reuters
NAYPYITAW, April 22 — Myanmar President U Min Aung Hlaing and Thailand’s Deputy Prime Minister and Minister of Foreign Affairs, Mr. Sihasak Phuangketkaew, met in Naypyitaw this morning to discuss bolstering bilateral cooperation on border stability, trade promotion, and Myanmar's ongoing peace processes.
During the meeting held at the Presidential Guest House, the leaders addressed key border challenges facing the two neighboring countries. The discussions focused heavily on joint efforts to eradicate online scams and illegal gambling operations, combat illicit drug trafficking, and resolve the persistent issue of cross-border transboundary haze. Furthermore, both sides deliberated on reopening trade routes to enhance cross-border commerce and economic exchange.
On the political and peacebuilding fronts, the dialogue covered Myanmar's cooperation in providing humanitarian assistance in accordance with the ASEAN Five-Point Consensus. The Myanmar administration elaborated on its recent invitations for internal peace dialogues, while exploring potential avenues for Thailand to assist and participate in Myanmar's broader peace initiatives.
The high-level meeting aimed to further elevate the long-standing diplomatic relations and good neighborly cooperation between the two nations. As part of the contextual briefing, Myanmar officials informed the Thai delegation about the convening of multiparty democratic general elections and the government's stated commitment to continuing its path toward democracy.
The meeting was attended by a high-level Myanmar delegation, including Union Minister for the President's Office U Khin Maung Yi, Union Minister for Foreign Affairs U Tin Maung Swe, Union Minister for National Planning, Investment and Foreign Economic Relations U Aung Kyaw Hoe, and Union Minister for Electric Power and Energy U Ko Ko Lwin. The Thai delegation included advisors to the Foreign Minister, Mr. Kallayana Vipattipumiprates and Gen. Nothapol Boonngam, alongside officials from the Royal Thai Embassy in Myanmar.
Concluding the talks, both nations agreed to further solidify their diplomatic ties and mutual friendship. They committed to expanding multifaceted cooperation across various key sectors, including agriculture, livestock, investment, electricity and energy, and manufacturing.
နေပြည်တော်၊ ဧပြီ ၂၂ - နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Sihasak Phuangketkaew တို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် မြန်မာ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိမ်နီးချင်း နှစ်နိုင်ငံအကြား အဓိကရင်ဆိုင်နေရသည့် နယ်စပ်ရေးရာ စိန်ခေါ်မှုများကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများ ပပျောက်ရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ ဖြေရှင်းရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ရေးကိုလည်း ပြောဆိုခဲ့ကြသည်။
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။ မြန်မာအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖိတ်ခေါ်မှုများနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံဘက်မှ ပါဝင်ကူညီမည့် အခြေအနေများ ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
ယခုတွေ့ဆုံမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်း ပူးပေါင်း ဆောင် ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်သည့် တွေ့ဆုံမှုတစ်ခု ဖြစ်သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့မှုနှင့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေမှု အခြေအနေများကိုလည်း အသိပေး ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စ ုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသား စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့ တက်ရောက် ခဲ့ကြသည်။ ထိုင်းနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်များ ဖြစ်ကြသည့် Mr. Kallayana Vipattipumiprates နှင့် Gen. Nothapol Boonngam တို့အပါအဝင် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယခု တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ဆက် လက်ခိုင်မာစေရေးအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။
-END-
မနီလာ၊ ၃ မတ်၊၂၀၂၆ – အရှေ့အလယ်ပိုင်းက တင်းမာမှုတွေကြောင့် ကမ္ဘာ့ရေနံဈေးတွေ ရုတ်တရက် တက်လာခဲ့ရင် အရေးပေါ် ဝင်ရောက်ကုစားဖို့ အစိုးရက ပြင်ဆင်နေတဲ့အချိန်မှာပဲ အစိုးရရုံးတွေအနေနဲ့ စွမ်းအင်ချွေတာရေး အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အင်္ဂါနေ့မှာ အမိန့်ပေးလိုက်ပါတယ်။
မာလာကန်နန်း သမ္မတနန်းတော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွမ်းအင်ဖူလုံရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ဘဏ္ဍာရေး ရေရှည်တည်တံ့ရေးတွေကို မျှမျှတတဖြစ်အောင် လုပ်ဖို့လိုတယ်လို့ မားကို့စ်က ထည့်သွင်းပြောသွားခဲ့ပါတယ်။ ပဋိပက္ခတွေ ဆက်မဖြစ်ဖို့ သူက မျှော်လင့်ထားပေမယ့် ရေနံ ဈေး အတက်အကျဒဏ်တွေ ဆက်ရှိနေမယ်ဆိုရင်တော့ အရေးပေါ် အစီအမံတွေကို ချမှတ်ထား ပြီးပြီလို့လည်း သူက ဆိုပါတယ်။ ဒါ့အပြင် အစိုးရဌာနတွေအားလုံး စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ ညွှန်ကြား ထားသလို စွမ်းအင်ချွေတာနိုင်မယ့် နည်းလမ်းတွေရှာဖို့လည်း မှာကြားထားတယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကားကြုံလိုက်စီးတာ၊ မလိုအပ်ဘဲ ခရီးမသွားတာနဲ့ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးစနစ်ကို အဓိကထား အသုံးပြုတာစတဲ့ စွမ်းအင်ချွေတာရေး အလေ့အကျင့်တွေ လုပ်ကြဖို့ ကိုလည်း မေတ္တာရပ်ခံထားပါတယ်။ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို သုံးဖို့ သူက တိုက်တွန်း ထားပြီး ကိုယ်ပိုင်ကားသုံးမယ်ဆိုရင်တောင် တစ်ယောက်တည်းမစီးဘဲ လူအပြည့်တင်စီးကြဖို့ကိုလည်း ထပ်လောင်းပြောဆိုထားပါတယ်။
ပြည်တွင်းမှာ လောင်စာဆီ လုံလုံလောက်လောက် ရှိနေသေးပေမယ့် သုံးစွဲမှုလျှော့ချတာက ကမ္ဘာ့ ဈေးကွက်မှာ ဈေးတက်လာတဲ့အခါ အိမ်ထောင်စုတွေအပေါ် သက်ရောက်လာမယ့် ရိုက်ခတ်မှုတွေကို သက်သာစေနိုင်တယ်လို့ မားကို့စ်က ပြောပါတယ်။
ကမ္ဘာ့ရေနံစိမ်းဈေးက တစ်စည်ကို ကန်ဒေါ်လာ ၈၀ ကျော်သွားမယ်ဆိုရင်တော့ အစိုးရရဲ့ လောင်စာဆီ ထောက်ပံ့ကြေး အစီအစဉ်ကို အလိုအလျောက် စတင်သွားမှာဖြစ်ပြီး ရေနံဈေးအတက်အကျကြောင့် အထိခိုက်ဆုံး ကဏ္ဍတွေကို ပစ်မှတ်ထား ကူညီသွားမှာပါ။ ဒီလိုကူညီတဲ့အခါမှာ ပို့ဆောင်ရေးနဲ့ စိုက်ပျိုး ရေးကဏ္ဍတွေဟာ အမျိုးသားဘတ်ဂျက်အောက်မှာရှိတဲ့ လက်ရှိ လောင်စာဆီအကူအညီပေးရေး အစီ အစဉ်တွေအရ ထောက်ပံ့မှုရဖို့ မျှော်လင့်ရတဲ့အထဲမှာ ပါဝင်နေပါတယ်။
ဈေးတက်တာတွေ ကြာလာမယ်ဆိုရင်တော့ လောင်စာဆီ ယစ်မျိုးခွန်တွေကို ပြင်ဆင်သတ်မှတ်ဖို့ အစိုးရ က လေ့လာနေတယ်လို့လည်း သမ္မတက ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ လိုအပ်တဲ့ ရေနံအားလုံးနီးပါးကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်လို့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေလိုမျိုး ကမ္ဘာ့ရေနံဖြန့်ဖြူးမှုနဲ့ ဈေးနှုန်းအပေါ် သက်ရောက်စေတဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အလွယ်တကူ ထိခိုက်နိုင်ခြေ ရှိနေတာပါ။
စွမ်းအင်ချွေတာရေး အစီအမံတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးတာတွေကို လာမယ့်ရက်ပိုင်း အတွင်း အစိုးရက ထပ်မံထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။ (PNA)
NAY PYI TAW, MYANMAR — February 15, 2026
The Ministry of Foreign Affairs of Myanmar has officially ordered the expulsion of the Chargé d’Affaires a.i. of Timor-Leste, Mr. Elisio do Rosario de Sousa. In a statement released today, the Myanmar government instructed the diplomat to leave Myanmar territory no later than February 20, 2026, citing “unconstructive engagement” with opposition groups and interference in Myanmar’s internal affairs.
Key Drivers of the Conflict The diplomatic fallout stems from the activities of the President of Timor-Leste regarding the Chin Human Rights Organization (CHRO). Myanmar authorities condemned a January 14, 2026 meeting between the President of Timor-Leste and CHRO members, who have filed criminal complaints against the Myanmar Armed Forces.
Myanmar’s Ministry of Foreign Affairs described the engagement as a violation of the ASEAN Charter and the Treaty of Amity and Cooperation in Southeast Asia (TAC), specifically the principles of non-interference and respect for sovereignty.
Timeline of Escalation
Official Stance Citing Article 9 of the Vienna Convention on Diplomatic Relations (1961), Myanmar declared the diplomat persona non grata. The Ministry stated that despite warnings, Timor-Leste's leadership has "frequently interfered in the internal affairs of Myanmar."
The statement concluded by asserting Myanmar's commitment to maintaining friendly relations with nations that uphold the principles of equality and non-interference enshrined in the ASEAN Charter.
#knl/ymg
ပေကျင်း၊ ဇန်နဝါရီ ၂၆ (ဆင်ဟွာ) မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကတစ်ဆင့် ပိုမိုကျယ်ပြန့်ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်ဖို့၊ အခြေအနေတွေကို အမြန်ဆုံး လျှော့ချနိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ တတိယအဆင့် မဲပေးမှုတွေ ပြီးဆုံးသွားတာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။
"ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ချောချောမွေ့မွေ့နဲ့ စနစ်တကျ ရှိခဲ့သလို မဲဆန္ဒရှင်တွေလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့အတွက် တရုတ်နိုင်ငံက ဂုဏ်ယူပါတယ်" လို့ ကော်ကျားကွန်းက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လည်ရရှိလာဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေကို ဆက်ပြီးပေးအပ်သွားဖို့ ဆန္ဒရှိတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။
Source Xinhua
၂၀၂၆၊ဇန်နဝါရီ ၂၂-
အခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ကာလကြာရှည် ရပ်တန့် နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒီတစ်ပတ်ထဲမှာပဲ မြန်မာ နိုင်ငံက "အရေးပါတဲ့ နိုင်ငံရေး အင်အားစုတွေ" ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို လက်ခံ ကျင်းပခဲ့ တယ်လို့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောပါတယ်။
ဒီအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၊ တဂေးတေး (Tagaytay) မြို့မှာ ပြုလုပ်ခဲ့တာပါ။ အာဆီယံ အထူးကိုယ်စားလှယ်အသစ်အဖြစ် တာဝန်ယူထားတဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ လာဇာရို (Ma. Theresa Lazaro) ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး၊ အဓိကအားဖြင့် ပဋိပက္ခတွေ လျှော့ချဖို့၊ လူသား ချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝန်ကြီး လာဇာရိုကတော့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သက်ဆိုင်သူတွေအနေနဲ့ တက်ကြွပြီး အပြုသဘောဆောင်တဲ့ သဘောထားအမြင်တွေကို မျှဝေ ဆွေးနွေး ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် (X) စာမျက်နှာမှာ ရေးသားထားပါတယ်။ သူဟာ ဒီလ အစောပိုင်းတုန်းကလည်း မြန်မာပြည်ကို လာရောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ ပါသေးတယ်။ အဲဒီခရီးစဉ်မှာလည်း နွေးထွေးပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ မနီလာဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ဘယ်သူတွေ တက်ရောက်ခဲ့သလဲ
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ အတည်ပြုချက်အရ ဒီအစည်းအဝေးမှာ မြန်မာအစိုးရဖက်က ကိုယ်စားလှယ်တော့ မပါဝင်ခဲ့ပါဘူး။ တက်ရောက်လာသူတွေက သူတို့နာမည်ကို ထုတ်မပြောဖို့ မေတ္တာရပ်ခံထားတဲ့အတွက် "အရေးပါတဲ့ နိုင်ငံရေး အစုအဖွဲ့တွေ တက်ရောက်ခဲ့တယ်" လို့ ပဲ ဖိလစ်ပိုင်ဘက်က ပြောဆိုထားပါတယ်။
ဒါပေမဲ့ အိန္ဒိယနယ်စပ်အနီးမှာ နယ်မြေစိုးမိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကတော့ သူတို့ ဒီပွဲကို တက်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။ CNF ပြောခွင့်ရ ဆလိုင်း ဗန်က "ဒါဟာ အပြုသဘောဆောင်တဲ့ အစည်းအဝေးတစ်ခု ဖြစ်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌသစ်အနေနဲ့ တာဝန်ယူပြီး တစ်လအတွင်းမှာပဲ အခုလို သက်ဆိုင်သူတွေနဲ့ တွေ့ဆုံနိုင်ခဲ့တဲ့အတွက် အခြေအနေအပေါ် အကောင်းမြင်ပါတယ်" လို့ မှတ်ချက်ပြုထားပါတယ်။ မြန်မာအစိုးရပြောခွင့်ရသူနဲ့ NUG ဘက်ကိုတော့ ဆက်သွယ်မေးမြန်းပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။
သတင်းအရင်းအမြစ်-ရိုက်တာ
Page 1 of 152