#Local_News
Published 12 August 2025
▪️ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ရိုက်ကူးကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရိုက်ကူးရန်အတွက် တရုတ်နိုင်ငံ ကွမ်ရှီး ရုပ်သံရိုက်ကူးရေးအဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိလာကြောင်း သိရသည်။
▪️ အဆိုပါ ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ကိုပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံနန်နင်းမြို့ ကွမ်ရှီး အသံလွှင့်နှင့် ရုပ်မြင်သံကြားတို့ ပထမဦးဆုံး အကြိမ်ပူးပေါင်း၍ စီစဉ်ရိုက်ကူးကြမည်ဖြစ်ပြီး မဲခေါင်-လန်ချန်း ခြောက်နိုင်ငံတို့ အတူတကွပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြစ်သကဲ့သို့ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနိုင်ရန်အတွက် စီစဉ်ရိုက်ကူးခြင်းဖြစ်ကြောင်း၊ အဆိုပါရိုက်ကူးရေးအဖွဲ့သည် တရုတ်နိုင်ငံတွင် လုပ်ငန်းထူးချွန်မှုအမြင့် ဆုံးဆုရရှိထားပြီး နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် ရိုက်ကူးကြမည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီးတို့နှင့်လည်း တွေ့ဆုံမေးမြန်း ရိုက်ကူးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအသစ်တစ်ခု ဖြစ်ကြောင်းလည်းသိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 12 August 2025
▪️ ပင်လယ်ကြယ်ငါးတွေဟာ အသိစိတ်မရှိဘူးလို့ ယခင်က ယုံကြည်ခဲ့ကြပေမယ့် ယခုအခါမှာတော့ ဒီသတ္တဝါတွေဟာ ဒီလိုမဟုတ်ဘူးလို့ သုတေသီတွေ အံ့အားသင့်ဖွယ် တွေ့ရှိထားပါတယ်။
▪️ အချက်ပြလက္ခဏာတွေအသုံးပြုပြီး သူတို့ရဲ့အပြုအမူကို ထိန်းကျောင်းကာ ရွေ့လျားလုပ်ဆောင်နိုင်စေတဲ့ အသိစိတ်မျိုး ဖြစ်ပေါ်စေပါတယ်။
▪️ သူတို့က ဦးနှောက်နဲ့သွေးမရှိဘဲ ဓာတုစိတ်ထိန်းချုပ်မှုကို အသုံးပြုပြီး လှုပ်ရှားအမဲလိုက်ကြတာ ဖြစ်ပါတယ်။
▪️ သူတို့ရဲ့ ကျောရိုးတွေကအာရုံခံအနေနဲ့ရော ထုတ်လွှတ်အရာအနေနဲ့ပါ အသုံးပြုကာ COTSP လို့ခေါ်တဲ့ ပရိုတိန်းပစ္စည်းတွေကို ထုတ်လွှတ်ပြီး
အနီးနားမှ ကြယ်ငါးများရဲ့အပြုအမူကို လွှမ်းမိုးစေပါတယ်။
▪️ ကြယ်ငါးတွေက အန္တရာယ်မပေးတဲ့ သတ္တဝါများသာဖြစ်ပေမယ့် အပျက်အစီးများစေနိုင်တဲ့ သားကောင်တွေဖြစ်ပြီး လပိုင်းအတွင်း သန္တာကျောက်တန်းဧကအလိုက်ကို ဝါးမြိုနိုင်ပါတယ်။
▪️ ထုတ်လွှတ်တဲ့ ပရိုတိန်းတွေက ဆက်သွယ်တဲ့ကိရိယာလိုဖြစ်ပြီး ကျောက်တန်းတွေဆီ ပူးပေါင်းချီတက်စေပါတယ်။
▪️ သိပ္ပံပညာရှင်တွေက ဒီငါးတွေကို ဓာတ်ခွဲခန်းကန်ထဲမှာထည့်ပြီးစောင့်ကြည့်ရာ သူတို့ဘာသာထိန်းညှိသွားလာကြပြီး ညွှန်ကြားချက်တစ်ခုအောက်မှာ တန်းတန်းမတ်မတ်ကြီး စုပေါင်းသွားလာကြပါတယ်။
▪️ ဒီတွေ့ရှိချက်ကြောင့် တစ်ကောင်ချင်းစီထက်စာရင် အုပ်လိုက်ကြီးကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သဘောပေါက်လာစေမှာ ဖြစ်ပါတယ်။
▪️ သုတေသီတွေက ဓာတုအချက်ပြမှုများကို ထုတ်လုပ်ထားပြီးဖြစ်ကာ ကြယ်ငါးတွေကို ထောင်ချောက်ထဲ မျှားခေါ်ပါတယ်။
▪️ ဒီလိုနည်းလမ်းဖြင့် သန္တာကျောက်တန်းတွေ ပျက်စီးခြင်းကို ဟန့်တားနိုင်မှာဖြစ်ပါတယ်။
Source: WION.
#World_Health
Published 12 August 2025
▪️ အနီးမှုန်သူတွေ မျက်မှန်ကို အားကိုးစရာမလိုတော့မယ့် ပထမဆုံးမျက်စဉ်းရည်ကို အမေရိကန်အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးက အသိအမှတ်ပြုလိုက်ပါတယ်။
▪️ LENZ ဆေးဝါးကုမ္ပဏီမှထုတ်လုပ်တဲ့ VIZZ မျက်စဉ်းဟာ တစ်နေ့တစ်ကြိမ်ခတ်ရပြီး အနီးမှုန်ခြင်းကို အချိန် ၁၀ နာရီလောက်အထိ သက်သာစေပါတယ်။
▪️ အလားတူမျက်စဉ်းတွေနဲ့မတူတာက VIZZ ဟာ ဘေးထွက်ဆိုးကျိုးတွေ မရှိတဲ့ပုံ ပေါ်ပါတယ်။
▪️ အနီးမှုန်ခြင်းလက္ခဏာဟာ အမေရိကန်ရှိ လူပေါင်း ၁၂၈ သန်းကျော်မှာ ဖြစ်ပွားနေပြီး အများစုက အသက် ၄၅ နှစ်အထက်တွေ ဖြစ်ပါတယ်။
▪️ ဒီပြဿနာအတွက်များသောအားဖြင့် စာကြည့်မျက်မှန်တပ်ခြင်း၊ အနီးကြည့် အဝေးကြည့်မျက်ကပ်မှန်များ လဲတပ်ခြင်းတို့ ပြုလုပ်ကြပါတယ်။
▪️ ၂၀၂၁ ခုနှစ်က FDA အသိအမှတ်ပြုခဲ့တဲ့ Vuity ကတော့ မျက်လုံးသူငယ်အိမ်ကို လှုံ့ဆော်ပေးပါတယ်။
▪️ ဒါပေမဲ့ အဝေးကိုကြည့်ရာမှာ မှုန်ဝါးလာပြီးအသုံးပြုသူတွေရဲ့ မြင်ကွင်း မှေးမှိန်သွားတတ်ပါတယ်။
▪️ တစ်ခါတရံမှာ မျက်ခုံးလေးလံခြင်းမျိုး ဘေးထွက်ဆိုးကျိုးတွေ ခံစားရတယ်လို့ ပြောကြပါတယ်။
▪️ VIZZ ကတော့ pilocarpine hydrochloride အစား aceclidine အသုံးပြုတာကြောင့် ဒီလိုပြဿနာတွေမဖြစ်နိုင်ပါဘူး။
▪️ စမ်းသပ်ခံသူပေါင်း ရာနဲ့ချီအပါအဝင် စမ်းသပ်ချက်ကြီး ၃ ခု ပြုလုပ်အပြီးမှာတော့ FDA က အသိအမှတ်ပြုလိုက်ပါပြီ။
▪️ LENZ က မျက်စဉ်းတွေကို ၂၀၂၅ နောက်ဆုံး (၃) လလောက်မှာ ဖြန့်ချိနိုင်ဖို့ ရည်မှန်းထားပါတယ်။
Source: Popular Science Tuesday
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ မြေအောက်ရေပြတ်လပ်လာသဖြင့် ရေပြဿနာ ပိုမိုဆိုးရွားနေပါတယ်။
ဒါက ပြဿနာပိုမိုကျယ်ပြန့်လာကာ လူတွေက နေ့စဉ်လိုအပ်ချက်အတွက် ရေကိုဝယ်ယူနေကြရပါတယ်။
#World_Crisis
Published 11 August 2025
#အာဖဂန်မြို့တော် #ကဘူးလ်မှာမြေအောက်ရေပြတ်လပ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 11 August 2025
၁။ရန်ကုန်-ပဲခူး DEMU ရထားခရီးစဉ်များထပ်တိုးပြေးဆွဲ
၂။ ဝိုင်စပျစ်စီးပွားဖြစ်စိုက်ပျိုးရန် Contract farming စနစ်ဖြင့်ဆောင်ရွက်နိုင်
၃။အိုင်စီအာရ်စီ၏ မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုရယူလိုသူများ ဆက်သွယ်နိုင်
၄။ အာဖဂန်မြို့တော်၌မြေအောက်ရေပြတ်လပ်သဖြင့် ရေဝယ်ယူသုံးစွဲနေရပြီ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၃) နဲ့ဆောင်ရွက်တဲ့ ဆိုလာအသေးစားဓာတ်အားပေးစနစ်နဲ့ရေပေးဝေရေးလုပ်ငန်းပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 11 August 2025
#မဲခေါင်-လန်ချန်း #ဆိုလာအသေးစားဓာတ်အားပေးစနစ်
#YMG/SW #Yangon_Times
#Local_News
Published 11 August 2025
▪️ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးများ ဆက်တိုက်တက်လာခြင်းကြောင့် ပြင်ပရောင်းဈေးတက်လာမည်ကို အိမ်ရှင်မအများစုက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
▪️ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ထုတ်ပြန်ထားသည့် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၆၂၈၅ ကျပ် ဖြစ်ကြောင်းသိရသည်။
▪️ “ ရည်ညွန်းဈေးကျရင်သာ ပြင်ပပေါက်ဆေးကမကျတာ တက်ရင် ပြင်ပပေါက်ဈေးကလိုက်တက်တတ်တော့ ပိုတက်လာမှာစိုးရိမ်တာ။ ဆီစာအုပ်နဲ့ ထုတ်တာကမလောက်တော့ အပြင်ကဝယ်ရတဲ့အခါ ပေါက်ဈေးကနှစ်ဆဆိုတော့ များများဝယ်ရတဲ့အခါဆိုမကိုက်ဘူး” ဟု ဒလမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
▪️ စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသောစားသုံးဆီများကို သင့်တင့်သော ဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဩဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၆၂၈၅ ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
▪️ အဆိုပါဈေးနှုန်းအရ စားအုန်းဆီရည်ညွန်းဈေးမှာ ယခင်အပတ်ကထက် တစ်ပိသာလျှင် ၄၅ ကျပ် ထပ်မံတက်လာခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အိုင်စီအာရ်စီရဲ့ မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှုရယူလိုသူတွေအနေနဲ့ အိုင်စီအာရ်စီရုံးသို့ တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 11 August 2025
#အိုင်စီအာရ်စီ #မိသားစုခရီးစရိတ်ပံ့ပိုးကူညီမှု
#YMG/SW #Yangon_Times
#Local_News
Published 11 August 2025
▪️ ဒီပလိုမာစာရင်းကိုင်သင်တန်း (Diploma in Accountancy) ကိုဘွဲ့ရများလျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ ရန်ကုန်) နှင့် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့်ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းတို့၌ စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
▪️ သင်တန်းကာလ – ၂ နှစ် (ပထမပိုင်း + ဒုတိယပိုင်း)ကို နိုဝင်ဘာ ၆ ရက်
တွင် သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းများကို ဩဂုတ် (၂၅)နောက်ဆုံးလျှောက်လွှာလက်ခံမည် ဖြစ်ကြောင်းသိရသည်။
▪️ မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ရန်ကုန်၊ နေပြည်တော် သင်တန်းကျောင်းတွင် လျှောက်လွှာကြေး – ၁,၀၀၀ ကျပ်၊ ကျောင်းအပ်မှတ်ပုံတင်ကြေး – ၈,၀၀၀ ကျပ်၊ သင်တန်းကြေး – ၃၀,၀၀၀ ကျပ်၊ စာမေးပွဲကြေး – ၁၀,၀၀၀ ကျပ် စသဖြင့် ရှိ ကြောင်းသိရသည်။
▪️ သင်ကြားရမည့် ဘာသာရပ်များသင်တန်းရက်နှင့် အချိန်အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) တွင် တက်ရောက်ရမည့် သင်တန်းချိန်မှာ ပထမပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များနှင့်စနေနေ့တွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ ဒုတိယပိုင်းသင်တန်းအတွက် ရုံးဖွင့်ရက်များတွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိ၊ စနေနေ့များတွင် နံနက် ၇:၀၀ နာရီမှ ၁၀:၅၀ နာရီအထိ ဖြစ်သည်။
▪️ သင်တန်းတက်ရောက်ချိန် (၆၀%) မပြည့်မီသည့် သင်တန်းသားများသည် နောင်ပညာသင်နှစ်တွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်/ရန်ကုန်) သို့မဟုတ် မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများတွင် ပြန်လည် တက်ရောက်ရန် လိုအပ်မည်ဖြစ်ပြီး သင်တန်းသားအဖြစ် မပျက်မကွက် ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်သည်။
▪️ ထို့အပြင် စာမေးပွဲအောင်မြင်ခြင်းမရှိသည့် သင်တန်းသားများဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲမဖြေလိုက်ရသည့် သင်တန်းသားများဖြစ်စေ နောင်ပညာသင်နှစ်တွင် ကိုယ်တိုင်လေ့လာဖြေဆိုမည့် သင်တန်းသားအဖြစ် ပြန်လည်မှတ်ပုံတင်နိုင်သည်။
▪️ တက်ရောက်ခွင့်ရသူများ၏စာရင်းကို စက်တင်ဘာ(၅)ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်နှင့် ရန်ကုန်) တို့ရှိ ကြော်ငြာသင်ပုန်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး website: www.oagmac.gov.mm တို့တွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
▪️ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဖုန်းနံပါတ် ၀၁-၂၃၀၂၆၅၉၊ ၀၉-၇၅၈၃၈၃၁၅၉၊ ၀၉-၆၇၃၆၇၂၅၂၅၊ ၀၉- ၆၈၉၉၃၈၉၁၉ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စပျစ်စိုက်တောင်သူတွေအနေနဲ့ ဝိုင်ထုတ်လုပ်တဲ့စပျစ်ကို စီးပွားဖြစ် စိုက်ပျိုးကြပြီး ဈေးကွက်ရရေးအတွက်လည်း ဝိုင်လုပ်ငန်းရှင်များ ပေါင်းစပ်ပေးပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေဖို့ Contract farming စနစ် နဲ့ ဆောင်ရွက်နိုင်တယ်လို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောပါတယ်။
#Local_News
Published 11 August 2025
#ဝိုင်စပျစ် # ဝိုင်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
ရန်ကုန်-ပဲခူးပြေးဆွဲနေတဲ့ Diesel Electric Multiple Units DEMUs ( DEMU ) ရထားခရီးစဉ်တွေကို ဒီကနေ့ကနေ စတင်ပြီးထပ်တိုးပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ် ။
#Local_News
Published 11 August 2025
# ရန်ကုန်-ပဲခူး #DEMUရထားခရီးစဉ်
#YMG/NN #Yangon_Time
#World_News
Published 11 August 2025
▪️ တောင်ကိုရီးယား စစ်သည်အင်အားဟာ ပြီးခဲ့တဲ့ ၆ နှစ်တာအတွင်း ၂၀ ရာခိုင်နှုန်းကျဆင်းလာကာ ၄ သိန်းခွဲသာ ကျန်ပါတော့တယ်။
▪️ တောင်ကိုရီးယားက ကမ္ဘာပေါ်မှာ ကလေးမွေးဖွားနှုန်း အနည်းဆုံးဖြစ်နေသလို မဖြစ်မနေ စစ်မှုထမ်းစနစ်အတွက် ယောက်ျားဦးရေကလည်း သိသိသာသာ လျော့နည်းလာပါတယ်။
▪️ စစ်မှုထမ်းစနစ်အတွက် အကျုံးဝင်တဲ့ ယောက်ျားအရေအတွက် အတော်လေးကျဆင်းလာတာက အရာရှိအရေအတွက်လည်း ကျဆင်းလာစေရာ ဒီလိုသာဆက်ဖြစ်နေပါက စစ်ရေးလည်ပတ်မှုတွေမှာ အခက်အခဲရှိလာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြထားပါတယ်။
▪️ ၂၀၀၀ ခုနှစ်အစောပိုင်းကစလို့ စစ်ရေးအင်အား ပုံမှန်ကျဆင်းလာကာ ၆၉၀,၀၀၀ ခန့် ဖြစ်လာပါတယ်။
▪️ ၂၀၁၀ နှောင်းပိုင်းမှာ ကျဆင်းနှုန်းမြန်လာပြီး ၂၀၁၉ မှာ စစ်မှုထမ်းနဲ့ အရာရှိအရေအတွက် ၅၆၃,၀၀၀ ခန့် ဖြစ်လာပါတယ်။
▪️ ရန်ဘက်မြောက်ကိုရီးယားကတော့ ၂၀၂၂ ခန့်မှန်းချက်အရ စစ်မှုထမ်းအင်အား ၁.၂ သန်းရှိမယ်လို့ ယူဆရပါတယ်။
▪️ စစ်မှုထမ်းစနစ်အတွက် အကျုံးဝင်တဲ့ အသက်အရွယ်အပိုင်းအခြားဖြစ်တဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားဦးရေဟာ ၂၀၁၉ နဲ့ ၂၀၂၅ အတွင်းမှာ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
၂၀၂၅ မှာ တောင်ကိုရီးယား စစ်အသုံးစရိတ်က ၆၁ ထရီလီယံဝမ်ကျော် ရရှိထားပြီး မြောက်ကိုရီးယားစီးပွားရေးထက် ပိုများနေပါတယ်။
▪️ ကာကွယ်ရေးအဆင်သင့် ထိန်းသိမ်းနိုင်ရေးအတွက် လုံလောက်တဲ့ တပ်သားအင်အားရရှိဖို့ ၅ သောင်းခန့် လျော့နည်းနေဆဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားက ကမ္ဘာပေါ်မှာ သက်ကြီးအရေအတွက် အများဆုံးတွေထဲက တစ်နိုင်ငံဖြစ်ပြီး ၂၀၂၄ အတွင်း အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်းက ၀.၇၅ သာရှိပါတယ်။
▪️ ၂၀၂၀ မှာ လူဦရေး ၅၁.၈ သန်းရှိခဲ့ရာကနေ ၂၀၇၂ အရောက်မှာ ၃၆.၂ သန်းအထိ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။
Source: Reuters
Page 184 of 1919