Politics

တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုး အာဏာပိုင်များထံ အဖမ်းခံ

၁၅ ဇန်နဝါရီ ၊၂၀၂၅
▪️စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုးကို ယနေ့ ဇန်နဝါရီ ၁၅ရက် ဗုဒ္ဓဟူးနေ့မှာ တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ သူ့ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့်ပတ်သက်ပြီး ပုန်ကန်သောင်းကျန်းမှုစွပ်စွဲချက်နှင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
▪️ဗုဒ္ဓဟူးနေ့မနက်ခင်းမှာ သူ့ရဲ့ အိမ်တော်ထဲကို ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ကျော် သူ့ကိုဖမ်းဆီးဖို့ ဝင်ရောက်လာပြီးနောက် သူ့အနေနှင့် အကြမ်းဖက်မှုတစ်စုံတစ်ရာဖြစ်မှာကိုရှောင်ရှားလိုလို့ သူ့ကို စုံစမ်းစစ်ဆေးနိုင်ရန် သူ့ကိုယ်သူ အဖမ်းခံလိုက်တယ်လို့ ယွန်က ကြေညာချက်မှာဖော်ပြထားပါတယ်။
▪️“ သူတို့ဟာ လုံခြုံရေးဧရိယာထဲ မီးသတ်ကိရိယာတွေအသုံးပြုချိုးဖောက်ဝင်ရောက်လာတာ ကျွန်တော် တွေ့ရပါတယ်။ အဲဒါကြောင့်သွေးထွက်သံယိုမှုတွေကို ဟန့်တားနိုင်အောင် စုံစမ်းစစ်ဆေးမှုကိုခံယူဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်”လို့ ယွန်ကပြောပါတယ်။
Source Reuters

သမ္မတကျမ်းကျိန်ပွဲတွင် အမေရိကန်အလံ တိုင်တစ်ဝက်လွှင့်ထားမည်ကို ဒီမိုကရက်တွေပျော်ရွှင်နေဟု ထရမ့်က မကျေမချမ်းဖြစ်

၅ ဇန်နဝါရီ ၊၂၀၂၅

အမေရိကန်ရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သူ သမ္မတအဖြစ် ကျမ်းကျိန်မယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်အလံ တိုင်တစ်ဝက်ဆက်လက်လွှင့်ထူထားမယ့်ကိစ္စကို ပြီးခဲ့တဲ့သောကြာနေ့က အပြစ်တင်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၉ရက်က ကွယ်လွန်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာအတွက် ဝမ်းနည်းခြင်း  အထိမ်းအမှတ်အဖြစ် အမေရိကန်အလံကို ရက်ပေါင်း ၃၀ တိတိ တိုင်တစ်ဝက်လွှင့်ထူဖို့ သမ္မတဘိုင်ဒင်က အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၉ရက်နေ့မှာ ဝါရှင်တန်မှာပြုလုပ်မယ့် ကာတာအတွက်အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်မယ်လို့ ကြေညာထားတဲ့ ထရမ့်က သမ္မတအသစ်အဖြစ် သူကျမ်းသစ္စာကျိန်ဆိုနေစဉ်အတွင်း အမေရိကန်အလံ တိုင်တစ်ဝက်လွှင့်ထူထားရှိနေမယ့် အပေါ် သူ့ရဲ့ ထရု ဆိုရှယ်မီဒီယာပေါ်ကနေ သောကြာနေ့က ပို့စ်တစ်ခုရေးတင်ခဲ့ပါတယ်။

“ ဒီမိုကရက်တွေဟာ ကျွန်တော်တို့ရဲ့ အံ့ချီးဖွယ်အမေရိကန်အလံကို ကျွန်တော်ကျမ်းကျိန်နေစဉ်အတွင်း တိုင်တစ်ဝက် ဆက်လွှင့်ထားနိုင်ဖို့အရေး အတော်စိတ်လှုပ်ရှားနေကြတယ်” လို့ ထရမ့်ကရေးခဲ့ပါတယ်။

“ သူတို့က အဲဒါကို သိပ်ကောင်းတယ်ပေါ၊ ပြီးတော့ ဒါကို သိပ်ပျော်နေကြတာ။ သူတို့ ကျွန်တော်တို့ နိုင်ငံကို မချစ်ဘူး။ ကိုယ့်ကိုကိုယ်ပဲချစ်ကြတာ” လို့ထရမ့်ကပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ကာတာသေဆုံးခဲ့ရတဲ့အတွက် အမေရိကန်အလံဟာ အနာဂတ်သမ္မတရဲ့ ကျမ်းကျိန်ပွဲ မှာ ပထမဆုံးအဖြစ် တိုင်တစ်ဝက်လွှင့်ထူလိမ့်မယ်” လို့ ထရမ့်ကပြောပါတယ်။

ဘယ်သူမှ ဒါကိုမမြင်ချင်ဘူး။ အမေရိကန်တွေက အဲဒီအတွက် ပျော်ရွှင်မှာမဟုတ်ဘူး။ ဘာဖြစ်မလဲ ကြည့် ကြတာပေါ့ လို့ထရမ့်ကဆိုပါတယ်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရ ကာရင်း ယွန်းပီယဲက သူတို့အနေနှင့် ဆုံးဖြတ်ချက်ကိုပြန်ပြင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။

Source Reuters

အကျဉ်းသား ၆၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေးသည့်ကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြား

၄ ဇန်နဝါရီ ၂၀၂၅

ယနေ့လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ခက်အောင်ပါဝင်တယ်လို့သိရပါတယ်။ထို့အပြင် ပုဒ်မ ၅၀၅ဖြင့်အကျဉ်းချခံရသူများထဲမှ  လူ ၆၀၀ ခန့်လည်းလွတ်မြောက်လာမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်   ဇော်မင်းထွန်းကပြောပါတယ်။

#knl/ymg

 

Health

၂၀၂၄ခုနှစ်သည် အပူဆုံးနှစ်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့က ကြေညာ

၁၁ ဇန်နဝါရီ၊ ၂၀၂၅

ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာအေဂျင်စီဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဟာ ကမ္ဘာကြီးရဲ့ အပူနွေဆုံးနှစ်အဖြစ် စံချိန်ချိုးသွားခဲ့တယ်လို့ သောကြာနေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာကြီးဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ၁.၅၅ ဒီဂရီ ဆဲလ်ဆိယတ်စ် မြင့်တက်ခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားမွေးမြူရေးခြံများတွင်H5N3ငှက်တုပ်ကွေးအပါအဝင်တိရိစ္ဆာန်ရောဂါများပျံ့ပွားလျက်ရှိ

Published 16 October 2024

တောင်ကိုရီးယား ဂျော်လာစီရင်စု ဂွန်ဆန်ရှိ မန်ဂျောင်မြစ်ကနေ ရရှိတဲ့ ငှက်မစင်တွေထဲကနေ အလွန်ကူးစက်မြန်တဲ့ H5N3 ငှက်တုပ်ကွေးရောဂါပိုးများ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ကျေးလက်နဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

Source CCTV

စမ်းသပ်မှုတစ်ခုတွင် လူနှစ်ဦးအိပ်မက်ထဲ၌ ဦးနှောက်လှိုင်းများဖြင့်ဆက်သွယ်နိုင်ခဲ့

Published 16 October 2024
ကယ်လီဖိုးနီးယား REMspace ကုမ္ပဏီမှ သိပ္ပံပညာရှင်များက လူနှစ်ယောက်အိပ်ပျော်နေစဉ် အိပ်မက်ထဲမှာ အပြန်အလှန် ဆက်သွယ်စေနိုင်ခဲ့ပါတယ်။
ထိုအချိန်မှာ အိပ်မက်တွေက ရှင်းလင်းပြတ်သားစွာ မက်နေကြပြီး REM အိပ်စက်အဆင့်အတွင်း ဖြစ်ပျက်ကြပါတယ်။
စမ်းသပ်ခံတဲ့သူတွေဟာ အိပ်မက်မက်ခဲ့တာကို ရှင်းလင်းစွာ မှတ်မိနိုင်တဲ့သူတွေ ဖြစ်ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့မှာ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး မအိပ်ခင်မှာ ဦးနှောက်လှုပ်ရှားမှုတွေနဲ့ အိပ်စက်မှုပုံစံတွေကို တိုင်းတာစောင့်ကြည့်နိုင်ရန် အထူးကိရိယာများဖြင့် ချိတ်ဆက်ခဲ့ကြပါတယ်။
သူတို့ရဲ့ အိပ်မက်မက်တဲ့အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗဟိုစနစ်တစ်ခုသို့ အချက်အလက်များ ပေးပို့ခဲ့ပါတယ်။
အိပ်မက်ပြတ်သားစွာ မက်နေတဲ့အချိန်မှာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲတာကို တွေ့ရှိခဲ့ပြီး ကျပန်းစကားလုံးတစ်လုံး ပေါ်ပေါက်လာကာ စမ်းသပ်ခံသူက ထိုစကားလုံးကို ကြားယောင်ပြီး အကြိမ်ကြိမ် အော်ပြောနေခဲ့ပါတယ်။
ဒုတိယတစ်ယောက်ဟာလည်း အိပ်မက်ပြတ်သားစွာ မက်တဲ့အဆင့်ကို ရောက်နေကာ ဦးနှောက်လှုပ်ရှားမှု ပြောင်းလဲမှုတွေ့ခဲ့ပြီး ထိုစကားလုံးကိုပဲ ပေးပို့ခဲ့ပါတယ်။
ယင်းဟာလည်း အိပ်မက်ထဲမှာ ထိုစကားလုံး ကြားယောင်ခဲ့ပြီး အကြိမ်ကြိမ်ပြောနေခဲ့ပါတယ်။
နိုးလာတဲ့အခါမှာ အိပ်မက်ထဲက စကားလုံးအတိုင်း ပြောနိုင်ခဲ့ပြီး လူနှစ်ဦး အိပ်မက်မက်နေစဉ် ပထမဆုံးအနေဖြင့် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့ပါတယ်။
ဒီအောင်မြင်မှုဟာ အိပ်စက်မှုဆိုင်ရာသိပ္ပံပညာ တိုးတက်ဖို့ အလားအလာ ဖြစ်နေပါတယ်။
ဒီနည်းပညာကို စိတ်ကျန်းမာရေး ကုသမှု၊ စွမ်းရည်တိုးတက်မှု၊ အခြားနေရာတွေမှာလည်း အသုံးချသွားနိုင်ဖို့ REMspace စီအီးအို မိုက်ကယ်ရေဒူဂါက မျှော်မှန်းထားပါတယ်။
Source: NDTV 

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.