၂၀ အောက်တိုဘာ ၂၀၂၅၊

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ မှ ၂၈ အထိ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရှိ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံ နိုင်ငံတော်ယာယီသမ္မတ ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ဖို့ရှိနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်များက သတင်းဖော်ပြကြပါတယ်။

▪️ထိပ်သီးအစည်းအဝေးသို့  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအားလုံး၊ အဓိကကမ္ဘာ့ ခေါင်း   ဆောင်အချို့နှင့် အဓိက ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ အတူတကွ စုရုံးရောက်ရှိ  လာကြ မယ်လို့သိရပါတယ်။ တက်ရောက်ရန် အတည်ပြုထားသူတွေကတော့-

အာဆီယံ နိုင်ငံခေါင်းဆောင်တွေဖြစ်ကြတဲ့-

▪️ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆာနယ်လ် ဘိုကီယာ

▪️ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်

▪️အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို

▪️လာအိုဝန်ကြီးချုပ် ဆိုနက်ဆေး စီဖန်ဒုံ

▪️မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆီယီ အန်ဝါ အီဘရာဟင်

▪️မြန်မာယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

▪️ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ

▪️စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်

▪️ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်

▪️တီမောလက်စ်တီနိုင်ငံမှ ဂျို့စ် အလက်ဇန္ဒား ဂတ်စ်မိုင်ယို

▪️ဗီယက်နမ် ဝန်ကြီးချုပ် ဖန်မင်းချင်း

နိုင်ငံတကာ ခေါင်းဆောင်တွေဖြစ်ကြတဲ့-

▪️အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

▪️ဘရာဇီးလ်သမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗား

▪️တောင်အာဖရိကသမ္မတ စီရီလ် ရာမာဖိုဆာ

▪️ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး

▪️အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ

▪️ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်များ

▪️တရုတ်သမ္မတ ရှီကျင့်ဖျင် (တက်ရောက်ရန် မျှော်လင့်ထားသော်လည်း တရားဝင် အတည်မပြုသေး)

▪️အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ

▪️ဆိုက်ပရပ်စ်သမ္မတ နီကိုးစ် ခရစ္စတိုဒူလိုက်ဒ်စ် နှင့်

▪️ဖင်လန်ဝန်ကြီးချုပ် ပက်တဲရီ အော်ပိုတို့တက်ရောက်မယ်လို့ သိရပါတယ်။

▪️ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်လား မသိရသေးသော်လည်း နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ရန်အတည်ပြုထားပါတယ်။

▪️ဤခေါင်းဆောင်များနှင့်အတူ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး၊ အဖွဲ့ဝင်သစ်ဖြစ်လာမည့် တီမောလက်စ်  တီနိုင်ငံ၊ နှင့် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ နှင့် ရုရှားတို့ကဲ့သို့ အာဆီယံ၏ အဓိက ဆွေးနွေးဖက်နိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ နှင့် အဆင့်မြင့်ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ကြဖို့စီစဉ်ထားပါတယ်။

▪️ယခုထိပ်သီးစည်းဝေးပွဲသည် အရှေ့တောင်အာရှဒေသတွင် ယခုနှစ်အတွင်း ကျင်းပသော အကြီးမား  ဆုံးနှင့် အထင်ရှားဆုံး နိုင်ငံတကာ စုဝေးမှုများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုခံနေရပါ တယ်။

ထိပ်သီးအစည်းအဝေးမှာ အဓိကတင်ပြဆွေးနွေးမယ့် အရေးကြီးအကြောင်းအရာတွေက

▪️အာဆီယံ Vision 2045 ကို တည်ဆောက် အကောင်အထည်ဖော်ရေး နှင့် ဒေသတွင်းပေါင်းစည်းမှု  များကို တိုးတက်မြှင့်တင်ရေး

▪️ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ အဓိက အာဆီယံ-အမေရိကန် စီးပွားရေးသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် 3.0 ကို တိုးချဲ့ခြင်း

▪️သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်  ထူးခြားတဲ့ တာဝန်ယူမှုအဖြစ် Zero Emission Community မဟာဗျူဟာ ကို မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းအကောင် အထည်ဖော်ခြင်း

▪️တီမောလတ်စတေးနိုင်ငံကို အာဆီယံ ၁၁ ကြိမ်မြောက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုခြင်း

▪️တီထွင်ဆန်းသစ်မှုနဲ့ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးအရ တိုးတက်မှုများမြှင့်တင်ရေး စသည် တို့ ဖြစ်ကြပါတယ်။

Source: Regional Media and news websites