Recent geopolitical developments point toward a significant recalibration in United States foreign policy. Washington appears to be attempting to mainstream or legitimize organizations previously designated as terrorists or extremists. This trend is clearly visible in two distinct regions: the post-Assad transition in Syria and the political vacuum in Bangladesh.
Following the collapse of the Assad regime and the capture of Damascus by opposition forces, the U.S. has signaled a willingness to fundamentally alter its relationship with Hayat Tahrir al-Sham (HTS). The U.S. State Department announced it would review HTS’s designation as a terrorist organization and is considering suspending the "Caesar Act" sanctions imposed on Syria.
This move, described by the White House as an effort to facilitate a "pathway to stability and peace," involves high-level diplomatic engagements, including notable meetings between U.S. leadership and Syrian figures. Critics, however, view this as the restoration of a militant network for geopolitical interests—specifically to counter rival powers—effectively integrating a formerly blacklisted organization into the state apparatus.
A similar strategy is unfolding in South Asia. Following the 2024 uprising in Bangladesh, Washington has increased engagement with hardline Islamist parties, particularly Jamaat-e-Islami (JeI) and Islami Andolan Bangladesh (IAB). These engagements include diplomatic meetings with JeI leaders and the issuance of a U.S. visa to JeI Ameer Shafiqur Rahman, who has a history of inflammatory rhetoric.
Analysts argue that this "mainstreaming" amounts to legitimizing forces with histories of violence and sectarian extremism. They suggest these groups are being viewed as necessary stakeholders to counter Chinese influence in the Bay of Bengal.
The destabilizing effects of this policy shift pose a risk of further complicating the volatile situation in Myanmar, particularly in Rakhine State. The empowerment of Islamist groups in neighboring Bangladesh, backed by U.S. diplomatic acceptance, could create direct security threats for Myanmar.
A primary concern is that a Dhaka government influenced by Jamaat-e-Islami or IAB could reactivate "insurgency pathways" related to the Bengali issue. Rakhine State, which shares a border with Bangladesh, has long been a conflict flashpoint. The rise of Islamist politicians to power in Bangladesh creates an environment conducive to the spread of cross-border extremism and the strengthening of radical networks operating along the Myanmar-Bangladesh border.
It is argued that the U.S. strategy is creating a "broader geopolitical struggle" in the region. While Washington engages these groups to maintain influence, other nations, including Turkey, are also building relations with these Islamist movements.
For Myanmar, this situation could turn the border regions into a playground for rival foreign interests. The potential for the Pakistan Intelligence Agency (ISI) to regain a strategic foothold in Bangladesh complicates counter-terrorism cooperation and acts as a catalyst for instability spilling over into Myanmar.
The complexity arises because the U.S. theory of "moderation through engagement"—the belief that pulling Islamists into the political process reduces their extremism—is prone to failure.
In conclusion, by removing terrorist designations in Syria and legitimizing Islamist parties in Bangladesh, the U.S. appears to be unintentionally (or strategically) encouraging networks that destabilize entire regions. For Myanmar, and Rakhine State specifically, this situation signals a risk that new geopolitical rivalries in the Bay of Bengal could reopen the door for a resurgence of cross-border insurgencies.
References:
ဒေါက်တာညီလတ်
မကြာသေးမီက ဖြစ်ပေါ်လာသော ပထဝီနိုင်ငံရေး တိုးတက်မှုများသည် အမေရိကန် နိုင်ငံခြား ရေးမူဝါဒ တွင် သိသာထင်ရှားသော ပြန်လည်ချိန်ညှိမှုတစ်ခုကို ညွှန်ပြနေသည်။ ယခင်က အကြမ်းဖက် သမားများ သို့မဟုတ် အစွန်းရောက်များဟု သတ်မှတ်ခဲ့ဖူးသော အဖွဲ့အစည်းများကို ဝါရှင်တန်မှ ပင်မရေစီး ကြောင်းထဲသို့ သွတ်သွင်းရန် သို့မဟုတ် တရားဝင်မှုပေးရန် ကြိုးပမ်းလာပုံရသည်။ ဤလမ်း ကြောင်းကို ကွဲပြားသော ဒေသနှစ်ခုဖြစ်သည့် ဆီးရီးယားနိုင်ငံ၏ အာဆတ်အလွန် အကူးအပြောင်း ကာလနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးဟာကွက် အခြေအနေတို့တွင် ထင်ရှားစွာ တွေ့မြင်နေရသည်။
၁။ ဆီးရီးယားအပြောင်းအလဲ - Hayat Tahrir al Sham (HTS) ကို ပုံမှန်အဖြစ် သတ်မှတ်ခြင်း
အာဆတ်အစိုးရပြိုလဲသွားပြီးနောက် ဒမတ်စကပ်မြို့ကို အစိုးရဆန့်ကျင်ရေး အဖွဲ့များက သိမ်းပိုက် လိုက်ချိန်တွင် အမေရိကန်သည် Hayat Tahrir al Sham (HTS) နှင့် ယင်း၏ ဆက်ဆံရေးကို အခြေခံကျကျ ပြောင်းလဲရန် ဆန္ဒရှိကြောင်း အရိပ်အယောင် ပြသခဲ့သည်။ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနသည် HTSအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကို ပြန်လည် သုံးသပ်မည်ဟု ကြေညာခဲ့ပြီး ဆီးရီးယားအပေါ် ချမှတ်ထားသော "ဆီဇာ အက်ဥပဒေ (Caesar Act) ပိတ်ဆို့မှုများ" ကို ဆိုင်းငံ့ရန် စဉ်းစားနေသည်။
"တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လမ်းစ" ကို အထောက်အကူပြုရန် ကြိုးပမ်းမှုအဖြစ် အိမ်ဖြူတော်က ဖော်ပြသော ဤခြေလှမ်းတွင် အမေရိကန် ခေါင်းဆောင်ပိုင်းနှင့် ဆီးရီးယား ခေါင်းဆောင်များအကြား အထင်ကရ တွေ့ဆုံမှုများ အပါအဝင် အဆင့်မြင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများ ပါဝင်သည်။ ဝေဖန်သူများကမူ ဤလုပ်ရပ်သည် ပြိုင်ဘက် အင်အားကြီးနိုင်ငံများကို တန်ပြန်ရန်အတွက် ပထဝီ နိုင်ငံရေး အကျိုးစီးပွားကို ရှေ့ရှုကာ စစ်သွေးကြွကွန်ရက်တစ်ခုကို ပြန်လည်ထူထောင်ပေးခြင်း ဖြစ်သည် ဟု ရှုမြင်ကြပြီး၊ ယခင်က အကြမ်းဖက်စာရင်းဝင် အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်ယန္တရားထဲ သို့ ထိရောက်စွာ ပေါင်းစည်းပေးလိုက်ခြင်းဟု သုံးသပ်ကြသည်။
၂။ တောင်အာရှ လောင်းကြေး - ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ္မစ်များနှင့် ထိတွေ့ဆက်ဆံခြင်း
အလားတူ မဟာဗျူဟာတစ်ခုသည် တောင်အာရှတွင်လည်း ဖြစ်ပေါ်နေသည်။ ၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် အုံကြွမှုအပြီးတွင် ဝါရှင်တန်သည် သဘောထားတင်းမာသော အစ္စလာမ္မစ်ပါတီများ၊ အထူးသဖြင့် Jamaat-e-Islami (JeI) နှင့် Islami Andolan Bangladesh (IAB) တို့နှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့သည်။ ဤထိတွေ့ဆက်ဆံမှုများတွင် JeI ခေါင်းဆောင်များနှင့် သံတမန်ရေးရာ တွေ့ဆုံမှုများ ပါဝင်သကဲ့သို့၊ ယခင်က မီးလောင်ရာလေပင့် လှုံ့ဆော်ပြောဆိုမှု သမိုင်းကြောင်းရှိခဲ့သောJeI ခေါင်းဆောင် Shafiqur Rahman (ameer) အား အမေရိကန်ဗီဇာ ထုတ်ပေးခြင်းတို့လည်း ပါဝင်သည်။
လေ့လာ သုံးသပ်သူများက ဤကဲ့သို့ "ပင်မရေစီးကြောင်းထဲ သွတ်သွင်းခြင်း" သည် အကြမ်းဖက်မှုနှင့် ဂိုဏ်းဂဏစွဲ အစွန်းရောက်မှု သမိုင်းကြောင်းရှိသော အင်အားစုများကို တရားဝင်မှု ပေးရာရောက်သည်ဟု ငြင်းခုံကြပြီး၊ ဘင်္ဂလားပင်လယ်အော်ရှိ တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် လိုအပ်သော အကျိုးတူ ပူးပေါင်းသူများ (Stakeholders)အဖြစ် ယင်းတို့ကို ရှုမြင်နေခြင်းဖြစ်သည်ဟု သုံးသပ်ကြ သည်။
မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်အပေါ် သက်ရောက်မှု
ဤမူဝါဒပြောင်းလဲမှု၏မတည်ငြိမ်စေသော အကျိုးသက်ရောက်မှုများသည် မြန်မာနိုင်ငံအတွက်၊ အထူး သဖြင့် ရခိုင်ပြည်နယ်ရှိ မငြိမ်မသက်ဖြစ်နေသော အခြေအနေကို ပိုမိုရှုပ်ထွေးစေမည့် အန္တရာယ် ရှိနေ သည်။ အမေရိကန်၏ သံတမန်ရေးရာ လက်ခံမှုကို ရရှိထားသော အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစ္စလာမ္မစ် အစုအဖွဲ့များ အားကောင်းလာခြင်းသည် မြန်မာနိုင်ငံအတွက် တိုက်ရိုက် လုံခြုံရေး ခြိမ်း ခြောက်မှုများကို ဖြစ်ပေါ်စေလာနိုင်သည်။
သူပုန်ထလမ်းကြောင်းများ ပြန်လည်အသက်ဝင်လာခြင်း
အဓိက စိုးရိမ်ရသည့်အချက်မှာ Jamaat-e-Islami သို့မဟုတ် IABလွှမ်းမိုးမှုရှိသော ဒါကာအစိုးရ တစ်ရပ် သည် ဘင်္ဂလီကိစ္စနှင့်ဆက်နွယ်သော သူပုန်ထလမ်းကြောင်းများ(insurgency pathways) ကို ပြန်လည် အသက်သွင်းလာနိုင်ခြင်းပဲ ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည်နယ်သည် ကာလကြာရှည် ပဋိပက္ခဖြစ်ပွားရာ ဗဟိုချက် (flashpoint) ဖြစ်ခဲ့သည်။ ဘင်္ဂလား ဒေ့ရှ်တွင် အစ္စလာမ္မစ် နိုင်ငံရေး သမားများ အာဏာရ လာခြင်းသည် နယ်စပ်ဖြတ်ကျော် အစွန်း ရောက်ဝါဒ ဖြန့်ဖြူးခြင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက် လှုပ်ရှားနေသော အစွန်းရောက် ကွန်ရက်များ အားကောင်းလာစေရန် အခြေအနေပေးသော ဝန်းကျင်တစ်ခုကို ဖန်တီးပေးနေသည်။
ပထဝီနိုင်ငံရေးအရ ဝိုင်းပတ်ပိတ်ဆို့မှုနှင့် မတည်ငြိမ်မှု
အမေရိကန်၏ မဟာဗျူဟာသည် ဒေသတွင်း၌ "ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေးလုပွဲ" တစ်ခုကို ဖန်တီး နေသည်ဟုဆိုကြသည်။ဝါရှင်တန်သည် ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းရန် ဤအဖွဲ့များနှင့် ထိတွေ့ဆက်ဆံနေစဉ်တွင် တူရကီအပါအဝင် အခြားသော နိုင်ငံများသည်လည်း ဤအစ္စလာမ္မစ် လှုပ်ရှားမှုများနှင့် ဆက်ဆံရေး တည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွက်မူ ဤအခြေအနေသည် နယ်စပ်ဒေသအား ပြိုင်ဘက် နိုင်ငံခြားအကျိုးစီးပွားများ၏ ကစားကွင်းအဖြစ်သို့ ရောက်ရှိသွားစေနိုင်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ပါကစ္စတန်ထောက်လှမ်းရေး (ISI)အတွက် မဟာဗျူဟာမြောက် နေရာပြန်လည်ရရှိလာနိုင်ခြင်းသည် အကြမ်းဖက်မှု တန်ပြန်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုရှုပ်ထွေးစေပြီး မြန်မာနိုင်ငံဘက်သို့ ကူးစက်လာမည့် မတည်ငြိမ်မှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်စေနိုင်သည်။
အခြေအနေ အဘယ်ကြောင့် ပိုမိုရှုပ်ထွေးလာသနည်း
အမေရိကန်၏ "ထိတွေ့ဆက်ဆံခြင်းမှတဆင့် အစွန်းရောက်မှုကို လျှော့ချခြင်း (moderation through engagement)" ဟူသော သီအိုရီ တစ်နည်းအာဖြင့်ဆိုရလျှင် အစ္စလာမ္မစ်များကိုနိုင်ငံရေးလမ်းကြောင်းထဲ ဆွဲခေါ်ခြင်းဖြင့် ထိုသူတို့အားအစွန်းရောက်မှု လျော့ကျစေသည်ဟူသော ယုံကြည်ချက်က ကျဆုံးနိုင်ခြေ ရှိခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာရသည်။
ကမ္ဘာ့ဖြစ်ရပ်ဟောင်းများ၏ သင်ခန်းစာ- လက်ရှိ အမေရိကန်၏ မဟာဗျူဟာသည် အီဂျစ်၊ လစ်ဗျားနှင့် ယီမင်တို့တွင် ဖြစ်ခဲ့ဖူးသော ကျရှုံးမှုများကို ထပ်ဟပ်နေသည်။ ထိုစဉ်က အမေရိကန်သည် အစ္စလာမ္မစ် အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံခဲ့သော်လည်း ဒီမိုကရေစီ ဖြစ်ထွန်းမလာဘဲ နိုင်ငံရေး အစိတ်စိတ်အမွှာမွှာ ဖြစ်ခြင်း သို့မဟုတ် အစွန်းရောက် အစိတ်အပိုင်းများ ပိုမိုအားကောင်းလာခြင်းသာ ဖြစ်ခဲ့သည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်း- ဒီမိုကရေစီ ဘက်စုံဝါဒကို ဆန့်ကျင်သော အစုအဖွဲ့များကို အားပေးခြင်းအားဖြင့် အမေရိကန်သည် အိန္ဒိယနိုင်ငံ (အနောက်ဘင်္ဂလားနှင့် အာသံ) ရှိ "အစွန်းရောက် ကွန်ရက်များ" ကို မီးထိုးပေးရာ ရောက်နိုင်ပြီး လူနည်းစု အသိုင်းအဝိုင်းများအပေါ် ဖိအားများ တိုးလာ စေကာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား ပဋိပက္ခများကိုဖန်တီးပေးနိုင်သည်။
နိဂုံး
နိဂုံးချုပ်အနေဖြင့် ဆီးရီးယားရှိ အကြမ်းဖက်စာရင်းတွေ ဖယ်ရှားပေးခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ္မစ် ပါတီများကို တရားဝင်မှု ပေးခြင်းအားဖြင့် အမေရိကန်သည်ဒေသများကို မတည်မငြိမ် ဖြစ်စေသော ကွန်ရက်များကို မရည်ရွယ်ဘဲ (သို့မဟုတ် မဟာဗျူဟာအရ) အားပေးရာ ရောက်နေကြောင်း တွေ့ရှိရ သည်။ မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွက် ဤအခြေအနေ သည် ဘင်္ဂလားပင်လယ်အော်ရှိ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုအသစ်ကြောင့် နယ်စပ်ဖြတ်ကျော် သူပုန် ထမှုများ တကျော့ပြန် ဖြစ်လာနိုင်သည့် အန္တရာယ်များကို လမ်းဖွင့်ပေးသလို ရှိနေကြောင်းသုံးသပ်တင်ပြ ရပါသည်။
ကိုးကား-
1.Why Washington’s Bangladesh gamble could ignite a new Islamist surge in South Asia ( First Post)
2.US mulls removing Syria's Hayat Tahrir al Sham from its terror list (TRT World)
3.Iraqi spy chief warns of remerging threat from ISIS as its ranks swell ( The Washington Post)
နေပြည်တော်၊ ဖေဖော်ဝါရီ ၅၊၂၀၂၅
ပြည်တွင်းရွှေဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဈေးကစားခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် အသင်းတာဝန်ရှိသူ (၃) ဦးကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ယနေ့ ထုတ်ပြန်သည်။
အရေးယူခံရသူများမှာ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် (တိထ္ထံသန်း စိန်ရွှေရတနာဆိုင်)၊ ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးသူရ (အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း) နှင့် အတွင်းရေးမှူး ဦးနေမျိုးထွန်း (ရွှေစင်အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်း) တို့ဖြစ်ကြသည်။
၎င်းတို့သည် ရွှေဈေးကွက်ထိန်းသိမ်းကြပ်မတ်ရမည့် တာဝန်ရှိသူများဖြစ်သော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများကို လိုက်နာခြင်းမရှိဘဲ ပြင်ပပေါက်ဈေးဖြင့် ရွှေများကို ဝယ်ယူစုဆောင်းခြင်း၊ ဈေးတင်ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
စစ်ဆေးချက်များအရ ဦးမျိုးမြင့်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေတုံး (၇၀)၊ ဦးမျိုးသူရသည် အခေါက်ရွှေ (၉၇၀) ကျပ်သားနှင့် ဦးနေမျိုးထွန်းသည် အခေါက်ရွှေ (၃၁၉) ကျပ်သားတို့ကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူကာ အမြတ်တင်ပြန်လည်ရောင်းချခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
သို့ဖြစ်၍ ၎င်းတို့ (၃) ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျန်ရှိသော ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
#ymg/knl
-အယ်ဒီတာတစ်ဦး
အိန္ဒိယနိုင်ငံအခြေအနေ
လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။
နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။
ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့် စစ်ဆေးနေ တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။
ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။
ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။
ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံ အခြေအနေ
မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ နိုင်ခြေရှိသော နိုင်ငံ" (High-risk area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။
အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။
နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ
ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။
◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။
◾️ထန်းရည်/ဓနိရည်- လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)
◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။
◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
Source: Wire News
ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ် တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့ သည်။
ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။
ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။
ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။
"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။
တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင် သူများက ပြောကြားသည်။
အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ ပေးနေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်သည်။
၂၀ ဇူလိုင် ၂၀၂၅
နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။
ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။
"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။
Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော် လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။
"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။
Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။
အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။
North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။
MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။
"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။
Source:hindustantimes.com