#World_Science
Published 09 August 2026
■ သုတေသီတွေက နဂါးငွေ့တန်းဂလက်ဆီ ဗဟိုအနီး ကြယ်ကြားတိမ်တိုက် G+0.693 မှာ ကာဗွန် ၄ ခုပါတဲ့ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ erythrulose ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ အဆိုပါ သကြားဓာတ်ဟာ ရိုးရှင်းတဲ့ သကြားဓာတ်တွေထက် ၈ ဆကနေ ၁၇ ဆအထိ ပိုမိုကြွယ်ဝကြောင်း အာကာသဓာတုပညာရှင် အီဇာကွန်ဂျီမီနက်ဇ်ဆယ်ရာ ဦးဆောင်တဲ့ သုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ဒီသကြားဓာတ်ဟာ ရောင်ခြည်ဖြာထွက်မှုကြောင့် ကာဗွန် ၂ ခုပါဝင်တဲ့ မူလဒြပ်ပေါင်းမော်လီကျူးများကြား ဓာတ်ပြုမှုဖြစ်ပေါ်ကာ အေးခဲနေတဲ့ ကြယ်ကြားဖုန်မှုန့်အမှုန်များပေါ်မှာ ဖြစ်တည်လာခြင်း ဖြစ်ပါတယ်။
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံခန့်က အာကာသဖုန်မှုန့်များနဲ့ ဥက္ကာပျံများ ကျရောက်မှုကြောင့် ရှေးဟောင်းကမ္ဘာပေါ်သို့ သကြားဓာတ်တန်ချိန် သန်း ၅၀ အထိ ရောက်ရှိလာခဲ့ပါတယ်။
■ ဒါဟာ ကမ္ဘာဦးသက်ရှိများရဲ့ အစာချက်လုပ်မှုနဲ့ မျိုးပွားမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် လိုအပ်ပြီး အရေးပါတဲ့ အခြေခံဒြပ်ပစ္စည်းများ ပံ့ပိုးပေးခဲ့ပါတယ်။
■ သကြားဓာတ်တွေက ဆဲလ်များရဲ့ မရှိမဖြစ်လိုအပ်တဲ့ တည်ဆောက်ပုံ အစိတ်အပိုင်းများအဖြစ် ဆောင်ရွက်ပေးပြီး DNA နဲ့ RNA လိုမျိုး အရေးကြီးတဲ့ မျိုးဗီဇပစ္စည်းများရဲ့ ပင်မဖွဲ့စည်းပုံကို ဖြစ်ပေါ်စေပါတယ်။
■ တွေ့ရှိချက်များအရ ကြယ်ကြားတိမ်တိုက်များဟာ စကြဝဠာရဲ့ အခြားသော အစိတ်အပိုင်းများသို့လည်း သက်ရှိများဖြစ်တည်ရန် လိုအပ်တဲ့ အခြေခံဒြပ်ပစ္စည်းများကို အလားတူ ဖြန့်ကျက်ပေးခဲ့နိုင်ကြောင်း ညွှန်းဆိုနေပါတယ်။
Source: WION
၂၀၂၆ ဇွန်လအထိ တရုတ်နိုင်ငံရဲ့ စုစုပေါင်းလျှပ်စစ်ကား အားသွင်းနေရာပေါင်း ၂၃.၀၆ သန်းအထိ ရှိလာခဲ့ပြီး ယခင်နှစ်ထက် ၄၃.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။
#Asia_Business
Published 08 August 2026
#တရုတ် #လျှပ်စစ်ကား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 August 2026
■ တောင်ဆူဒန်နဲ့ မြန်မာနိုင်ငံတို့မှ လူပေါင်းများစွာကို အမေရိကန်မှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ ယာယီပြည်နှင်ဒဏ် ကင်းလွတ်ခွင့်ကို သမ္မတဒေါ်နယ်ထရမ့် အစိုးရအုပ်ချုပ်ရေးအဖွဲ့ ရပ်ဆိုင်းနိုင်ရန် ဖက်ဒရယ်တရားသူကြီးနှစ်ဦးက သောကြာနေ့မှာ လမ်းဖွင့်ပေးလိုက်ပါတယ်။
■ ဟေတီနဲ့ ဆီးရီးယားတို့မှ လူထောင်ပေါင်းများစွာအတွက် အလားတူ ကာကွယ်ပေးမှုများကို အစိုးရအဖွဲ့က ရပ်ဆိုင်းခွင့်ပြုလိုက်ပြီးနောက် ယာယီကာကွယ်စောင့်ရှောက်ခွင့် အဆင့်အတန်း ဆက်လက်ထိန်းသိမ်းထားရန် နောက်ဆုံးကြိုးပမ်းမှုများကို ဇွန်လကလည်း ပယ်ချခဲ့ပါတယ်။
■ ထရမ့်လက်ထက်မှာ ယာယီကာကွယ်စောင့်ရှောက်ခွင့်တွေကို နိုင်ငံပေါင်း ၁၂ ခုအတွက် ရပ်ဆိုင်းရန် အောက်ခြေတရားရုံး တရားသူကြီးများ ပြန်လည်သုံးသပ်နိုင်တဲ့ အခွင့်အာဏာ ကန့်သတ်လိုက်ခြင်း ဖြစ်ပါတယ်။
■ ဒီကာကွယ်ခွင့်ဟာ သဘာဝဘေး၊ ပဋိပက္ခများ၊ ဆိုးရွားသောဖြစ်ရပ်များမှ ကြုံတွေ့နေရတဲ့ နိုင်ငံသားများကို ပြည်နှင်ဒဏ်မှ ယာယီကာကွယ်ပေးခြင်း၊ အလုပ်ပါမစ်များ ပေးအပ်ခြင်းတို့ ပါဝင်ပါတယ်။
■ ယခုဆောင်ရွက်ချက်ကြောင့် တောင်ဆူဒန်နိုင်ငံသား ၂၃၂ ဦးခန့်နဲ့ မြန်မာနိုင်ငံသား ၄ ထောင်ခန့်ဟာ ကာကွယ်စောင့်ရှောက်ခံရရှိမှု ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။
■ ပြည်ထဲရေးလုံခြုံရေး အခွင့်အာဏာသာမက ကာလရှည်ကြာ အခွင့်အာဏာကပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
■ ကလင်တန်ခန့်အပ်ခဲ့တဲ့ တရားသူကြီး ကင်နယ်လီကလည်း မြန်မာအမှုမှာ အလားတူကောက်ချက်မျိုး ပြောခဲ့ပါတယ်။
■ အုပ်ချုပ်ရေးဆိုင်ရာ ရပ်ဆိုင်းအမိန့်များ အသက်ဝင်နေတဲ့ နေ့တိုင်းဟာ အမေရိကန်ပြည်သူတွေ မဲပေးရွေးချယ်တဲ့ ရလဒ်ကို ငြင်းပယ်တဲ့နေ့ပဲလို့ ပြည်ထဲရေး ဥပဒေအကြံပေး ဂျိမ်းစ်ပါဆီဗယ်က ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 08 August 2026
■ အပေါ်ယံအရေပြားမှာ လက္ခဏာတွေ ပြတယ်ဆိုတာဟာ ခန္ဓာကိုယ်အတွင်းထဲမှာလည်း ပြဿနာတွေ ရှိတယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။
■ ခြေထောက်နဲ့ ခြေဖဝါးဖောရောင်ခြင်းလက္ခဏာက နှလုံးကနေ သွေးကို ထိရောက်စွာ မညှစ်ထုတ်နိုင်ခြင်းကြောင့် အရည်များစုပြုံလာတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။
■ အသားအရေနဲ့ ခြေချောင်းများ ခရမ်းရောင်သန်းတာဟာ သွေးကြောပိတ်ဆို့မှုကြောင့် သွေးလှည့်ပတ်မှု မကောင်းခြင်း၊ အောက်ဆီဂျင်ချို့တဲ့ခြင်းကို ညွှန်ပြနေပါတယ်။
■ မျက်လုံး၊ အဆစ်များပတ်လည်မှာ အဝါရောင်အဖုများ ပေါ်လာခြင်းက ကိုလက်စထရောပမာဏ အန္တရာယ်ရှိလောက်အောင် မြင့်မားနေခြင်းကို ဖော်ပြပါတယ်။
■ လက်သည်းအောက်မှာ အနီရောင်၊ အညိုရောင် လိုင်းသေးသေးလေးများ ပေါ်ခြင်းက နှလုံးအမြှေးပါး ရောဂါပိုးဝင်ခြင်းလိုမျိုး နှလုံးကူးစက်ရောဂါများကို ညွှန်ပြနေပါတယ်။
■ လက်ချောင်း၊ ခြေချောင်းများမှာ နာကျင်တဲ့ အဖုငယ်များ ဖြစ်ခြင်းက နှလုံးအဆို့ရှင် ရောဂါပိုးဝင်ခြင်းရဲ့ နောက်ထပ်သတိပေးလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
■ လက်သည်းကွေးလာပြီး ထိပ်ပိုင်းရောင်ရမ်းလာခြင်းဟာ သွေးတွင်းအောက်ဆီဂျင်ရရှိမှု ရေရှည်နည်းပါးနေခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
■ ကွန်ရက်ပုံစံ ခရမ်းရောင်အရေပြားကွက်များကတော့ သွေးကြောငယ်လေးများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။
■ အကြောင်းအရင်းမရှိဘဲ အသားအရေပြောင်းလဲမှုများ ဖြစ်ပေါ်ပါက ဆရာဝန်တွေနဲ့ ပြသပြီး နှလုံးရောဂါများကို စောစီးစွာ သိရှိနိုင်မှာ ဖြစ်ပါတယ်။
Source: Today
#World_Science
Published 08 August 2026
■ p-tau217 ပရိုတိန်းကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုတစ်ခုဟာ ကျန်းမာရေးကောင်းမွန်တဲ့ လူကြီးတွေမှာ ရောဂါလက္ခဏာများ မပြမီ ၁၀ နှစ်အလိုတည်းက အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။
■ ပါဝင်စမ်းသပ်ခံသူ ၂,၇၀၀ ကို လေ့လာဆန်းစစ်ထားရာမှာ p-tau217 အလွန်မြင့်မားသူတွေဟာ ၁၀ နှစ်အတွင်း မှတ်ဉာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း လျော့ကျလာနိုင်ခြေ ၇၈ ရာခိုင်နှုန်း ရှိပါတယ်။
■ p-tau217 ဟာ tau tangles နဲ့ amyloid beta ပရိုတိန်းစုပြုံမှု နှစ်ခုစလုံးကို ဖော်ပြပေးနိုင်သဖြင့် ပုံမှန်ဦးနှောက်ဓာတ်မှန်ရိုက်ခြင်းနဲ့ မျိုးရိုးဗီဇစစ်ဆေးခြင်းများထက် ပိုမိုထိရောက်တဲ့ ကြိုတင်ခန့်မှန်းမှု ပေးနိုင်ပါတယ်။
■ FDA ခွင့်ပြုချက်ရရှိထားတဲ့ ဒီစစ်ဆေးနည်းဟာ ရောဂါဖြစ်နိုင်ခြေ ဆန်းစစ်မှုကို ဆေးခန်းများထ့ ပြောင်းလဲပေးနိုင်တဲ့အပြင် ဆေးဝါးစမ်းသပ်မှုများအတွက် စေတနာ့ဝန်ထမ်း စုဆောင်းခြင်းကိုလည်း ပိုမိုမြန်ဆန်စေမယ်လို့ ကျွမ်းကျင်သူများဆိုပါတယ်။
■ စောစီးစွာ သိရှိခြင်းကြောင့် သွေးတိုးခြင်း၊ အိပ်စက်ခြင်း၊ လှုပ်ရှားအားကစားပြုလုပ်ခြင်း စတဲ့နေထိုင်မှုပုံစံများကို စောစီးစွာ ပြုပြင်ပြောင်းလဲစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
■ သေချာတဲ့ ပျောက်ကင်းကုသဆေး မရှိသေးသမျှ ကာလပတ်လုံး ရောဂါလက္ခဏာမရှိဘဲ ကျန်းမာနေသူများကို ပုံမှန်စစ်ဆေးခြင်းမပြုလုပ်ရန် ဦးဆောင်သုတေသီ ဒေါက်တာ ရေချယ်ဘက်ကလေက သတိပေးပါတယ်။
■ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ လူမျိုးစု သီးခြားကွဲပြားမှု စတဲ့အကြောင်းအရင်းများဟာ ရလဒ်များအပေါ် သက်ရောက်မှုရှိသဖြင့် ပိုမိုကျယ်ပြန့်တဲ့ လူများအပေါ် သုတေသနများ ပြုလုပ်ရန်လိုအပ်ကြောင်း အလေးပေးပြောထားပါတယ်။
Source: Newsweek
EngineAI ကုမ္ပဏီရဲ့ စီအီးအို ကျောက်တုံယန် ယင်းတို့ကုမ္ပဏီမှ ပြုလုပ်ထားတဲ့ လူသားပုံသဏ္ဍာန်စက်ရုပ်ရဲ့ အလဲထိုးခြင်းကို ခံရတဲ့ဗီဒီယို အွန်လိုင်းမှာ ပျံ့နှံသွားပါတယ်။
#Asia_Technology
Published 07 August 2026
#စက်ရုပ် #EngineAI
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 August 2026
■ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မွေးရာပါ နိုင်ငံသားဖြစ်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်ပြီး သမ္မတအမိန့်သစ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
■ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းရန် ထရမ့်အစိုးရက ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းမှုကို တရားလွှတ်တော်ချုပ်က ပယ်ချခဲ့ပြီးနောက် ယခုညွှန်ကြားချက်များ ထပ်မံထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
■ ပထမအမိန့်က အမျိုးအစားများ ပိုမိုကျယ်ပြန့်စေပြီး အချို့သော နိုင်ငံခြားအစိုးရ ဝန်ထမ်းများရဲ့ သားသမီးများ၊ ဖက်ဒရယ်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မသတ်မှတ်ထားတဲ့ အမေရိကန်ပိုင်နက်နယ်မြေများမှ ကလေးများနဲ့ နိုင်ငံခြား အကြမ်းဖက်သမားများရဲ့ သားသမီးများ ပါဝင်စေပါတယ်။
■ ဒါ့အပြင် မိဘဖြစ်သူက နိုင်ငံသားခွင့်ရရှိရန် လိမ်လည်လှည့်ဖြားမှုများပြုလုပ်ထားပါက ယင်းတို့ရဲ့ သားသမီးများ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ရန်လည်းပါဝင်ပါတယ်။
■ ဒုတိယအမိန့်က အမေရိကန်မှာ ကလေးမွေးဖွားနိုင်ရန် ခရီးစဉ်စီစဉ်ပေးတဲ့ စီးပွားရေးလုပ်ငန်းများကို အရေးယူရန် ဖက်ဒရယ်အေဂျင်စီများကို ညွှန်ကြားခြင်းဖြင့် မွေးဖွားမှုဆိုင်ရာ ခရီးသွားလုပ်ငန်းကို ပစ်မှတ်ထားပါတယ်။
■ အချက်အလက်များအရ မွေးဖွားမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ အမေရိကန်ရဲ့ နှစ်စဉ် ကလေးမွေးဖွားမှု အရေအတွက်ရဲ့ ၁ ရာခိုင်နှုန်းအောက်သာရှိပြီး ခရီးသွားဗီဇာဖြင့် ကလေးမွေးရန် သီးသန့်လာရောက်ခြင်းဟာ တည်ဆဲဥပဒေအရ အမိန့်မထုတ်မီကပင် တရားမဝင်ပါဘူး။
■ ACLU အပါအဝင် လူ့အခွင့်အရေး အဖွဲ့အစည်းများက ယင်းအမိန့်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေကြောင်း ပြစ်တင်ရှုတ်ချခဲ့ကြပြီး တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
Source: Reuters
Page 1 of 1203