#World_Science
Published 28 February 2026
■ တူရကီ အစ္စတန်ဘူလ်အနီး မာမရာပင်လယ်အောက်မှ မြောက်အန်နာတိုလီယန်ပြတ်ရွေ့ကြော(NAF)ဟာ နှစ်ပေါင်း ၂၅၀ ကျော်ကြာအောင် အဓိကငလျင်ကြီး မဖြစ်ခဲ့ပါဘူး။
■ ဒီအောက်မှာ ဖိအားတွေ များလာပြီး အနီးနားက အပိုင်းတွေကတော့ အနောက်ဘက်ဆီ ဖောက်ထွက်လာပါတယ်။
■ တိုကျိုသိပ္ပံတက္ကသိုလ်မှ သုတေသီတွေက လျှပ်စစ်သံလိုက် x-rays များအသုံးပြုပြီး ဒီပြတ်ရွေ့ကြောရဲ့ မမြင်ရတဲ့ အစိတ်အပိုင်းကို တွေ့ရှိခဲ့ပါတယ်။
■ မာမရာပင်လယ်အောက်ဘက်မှ ထိုအပိုင်းဟာ နောက်ထပ်ဧရာမငလျင်ကြီး အခြေပြုဖွယ်အရှိဆုံးလို့ သိပ္ပံပညာရှင်တွေ ယုံကြည်နေပါတယ်။
■ မာမရာပင်လယ်အောက်က ပြတ်ရွေ့ကြောရဲ့ ပုံစံအတိအကျကို သိပ္ပံပညာရှင်တွေ ဖန်တီးဖို့ကြိုးစားနေတာ နှစ်နဲ့ကြာပါပြီ။
■ တူရကီ Multidisciplinary Resilience သုတေသနစင်တာမှ ပရော်ဖက်ဆာ ယာဆောအိုဂါဝါနဲ့ ဘိုဂါဇီချီတက္ကသိုလ်မှ ဒေါက်တာ ကျူလေကာယာအက်ကင်တို့က မာမရာပင်လယ်အောက် မျက်နှာပြင်အောက်ဘက်နေရာရဲ့ 3D ပုံစံအပြည့်ကို ပထမဆုံး ဖန်တီးနိုင်ခဲ့ပါတယ်။
■ ကျောက်သား မာကျောတဲ့နေရာ၊ အရည်ကြောင့် ပျော့ညံ့တဲ့နေရာတွေကို တွေ့ရှိခဲ့ကြပါတယ်။
■ မျက်နှာပြင်သားတွေ အားနည်းတဲ့အပိုင်းတွေနဲ့ မာကျောတဲ့အပိုင်းတွေ ဆုံတွေ့တဲ့ နယ်နမိတ်တွေမှာ ငလျင်တွေဖြစ်လာနိုင်တယ်ဆိုတာကို လေ့လာပြသချင်တာ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်တွေကနေ တူရကီမှာ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးကိစ္စရပ်တွေ ပြုလုပ်ဖို့ အထောက်အကူ ဖြစ်လာနိုင်ပါတယ်။
Source: WION
#World_Health
Published 28 February 2026
■ သွေးလှူဒါန်းခြင်းဆိုတာက အသက်ပေါင်းများစွာကို ကယ်ဆယ်ပေးနိုင်တဲ့ ကောင်းမှုကြီးတစ်ခုဖြစ်ပါတယ်။
■ ပထမဆုံး သွေးလှူသူတွေမှာ စိုးရိမ်ပူပန်တာမျိုး ရှိတတ်ပါတယ်။
■ ဒါက ဘေးကင်းစိတ်ချရပြီး ခန္ဓာကိုယ်က ချက်ချင်းဆိုသလို သဟဇာတဖြစ်အောင် လုပ်ဆောင်ပါတယ်။
■ သွေးလှူပြီးနောက် ၂၄ နာရီအတွင်း ခန္ဓာကိုယ်ထဲ ဘာဖြစ်ပျက်သလဲဆိုတာနဲ့ ပတ်သက်ပြီး အိန္ဒိယဆေးရုံတစ်ခုမှ ဒေါက်တာ ရာဂျက်ကန့်ဂျိန်းက "နာရီပိုင်းအတွင်းမှာ ဆုံးရှုံးသွားတဲ့ အရည်တွေ ဆဲလ်တွေကို ပြန်ဖြည့်ပေးပြီး တစ်ရက်အတွင်း ကျန်းမာသူတွေဆိုရင် ပုံမှန်ပြန်ဖြစ်သွားတယ်" လို့ ရှင်းပြပါတယ်။
■ နွမ်းနယ်ခြင်း၊ အနည်းငယ်ခေါင်းကိုက်ခြင်းတို့ ခံစားရပေမယ့် ရေဓာတ်ဖြည့်ခြင်း၊ အာဟာရဖြည့်ခြင်း၊ အနားယူခြင်းတို့ဖြင့် လျင်မြန်စွာသက်သာစေပါတယ်။
■ တစ်ရှူးတွေထဲမှ အရည်တွေက သွေးကြောထဲ ဝင်သွားကာ သွေးပမာဏ၊ သွေးလည်ပတ်မှု၊ သွေးပေါင်ချိန်တို့ကို ပြန်ဖြည့်ပေးပါတယ်။
■ အသည်းကလည်း ပလတ်စ်မာပရိုတိန်းတွေ ဖြည်းဖြည်းချင်း ပြန်ဖြည့်ပေးပါတယ်။
■ သွေးနီဥဆဲလ်တွေက အချိန်ကြာမြင့်တတ်ပြီး ပလတ်စ်မာ၊ သွေးဖြူဥဆဲလ်တွေကတော့ လျင်မြန်စွာ တုံ့ပြန်လာကြပါတယ်။
■ ရိုးတွင်းခြင်ဆီက ချက်ချင်း ဆဲလ်အသစ်တွေ ထုတ်လုပ်ကာ ရက်သတ္တပတ်အတွင်း ပုံမှန်ပြန်ရောက်ပါတယ်။
■ ဒါကြောင့် သွေးအလှူရှင်တွေဟာ လှူပြီးနောက် ခဏအတွင်းမှာပဲ ပုံမှန်လှုပ်ရှားမှုတွေ ဘေးကင်းစွာ ပြန်လုပ်နိုင်တာ ဖြစ်ပါတယ်။
■ သူတစ်ပါးတွေရဲ့ အသက်တွေကို ကယ်ဆယ်ပေးနိုင်တဲ့အပြင် သွေးလှူသူတွေမှာ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ သားငံရည်စနစ်တို့ ပူးပေါင်းတုံ့ပြန်လာကြပါတယ်။
Source: Indian Express
တနင်္ဂနွေနေ့တည်းက အမေရိကန် အရှေ့မြောက်ပိုင်းတလျှောက် ဆောင်းမုန်တိုင်းကြီး တိုက်ခတ်နေရာ နယူးယော့ခ်၊ နယူးဂျာစီ၊ ကွန်နက်တီကပ်စ်တို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရပြီး အိမ်ခြေ ၄ သိန်းနီးပါး လျှပ်စစ်ဓာတ်အားမရဘဲ လေကြောင်းခရီးစဉ် ၅,၅၀၀ ကျော် ဖျက်သိမ်းထားရပါတယ်။
#World_News
Published 27 February 2025
#အမေရိကန် #နယူးယော့ခ်_နယူးဂျာစီ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 February 2026
■ တရုတ်လွှတ်တော်အမတ်တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ဗိုလ်ချုပ်ကြီး ၅ ဦးကို ပါလီမန်အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်ကော်မတီက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
■ PLA မြေပြင်တပ်မှူး လီချောင်မင်၊ PLA ရေတပ်မှူးဟောင်း ရှင်ကျင်လုံတို့ကို NPC လက်ထောက်များအဖြစ်မှ ဖယ်ရှားလိုက်ပါတယ်။
■ PLA ရေတပ်၊ လေတပ်၊ အချက်အလက်ထောက်ပို့တပ်တို့မှ နိုင်ငံရေးဝန်ထမ်းအရာရှိများ ဖြစ်ကြတဲ့ ချင်ရှင်းရှန်၊ ယူကျောင်ဖုနဲ့ လီဝေတို့ကိုလည်း ထုတ်ပယ်လိုက်ပါတယ်။
■ ဒါ့အပြင် မွန်ဂိုလီးယားအတွင်းပိုင်းဒေသ ပါတီအကြီးအကဲဟောင်း စွန်းရှောက်ချင်အပါအဝင် စစ်အရာရှိအများအပြားနဲ့ ပြည်နယ်အရာရှိအချို့လည်း ထုတ်ပယ်ခံရတဲ့အထဲ ပါဝင်ပါတယ်။
■ အကျင့်ပျက်ခြစားမှုကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရတဲ့ စစ်အကြီးအကဲလက်ထောက် ကျန်းယူရှာအပါအဝင် ထိပ်သီးစစ်ခေါင်းဆောင်များ ပါဝင်တဲ့ အဆင့်မြင့်စစ်ဆေးမှုများ ပြုလုပ်အပြီး မကြာမီမှာပဲ ဒီလိုတွေဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
■ တိုက်ခိုက်ရေးအစီအစဉ်များ ကြီးကြပ်တဲ့ ဗဟိုတပ်မတော်ကော်မရှင် ပူးတွဲစစ်ဌာနချုပ် အကြီးအကဲ လျူရှန်းလီကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
■ ဗိုလ်ချုပ် ၅ ဦးအပြင် ဒိုဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ဗိုလ်ချုပ် ၃ ဦးတို့ကိုလည်း တရုတ်ထိပ်သီးလွှတ်တော်ကနေ ဖယ်ရှားလိုက်ပါတယ်။
■ မတ်လ ၄ ရက်နေ့မှာ စတင်မယ့် နှစ်စဉ်နိုင်ငံရေးအစည်းအဝေးကြီးအတွက် တရုတ်က စတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: CNA.
#World_Health
Published 27 February 2026
■ အချိန်အပိုင်းအခြား အစာဖြတ်ခြင်းဆိုတာက ဘယ်အချိန်မှာ စားသောက်လဲဆိုတာကို ဦးစားပေးတာဖြစ်ပါတယ်။
■ များသောအားဖြင့် ၁၆ နာရီကြာအောင် အစာဖြတ်ပြီး အစာစားချိန် ၈ နာရီခန့်ရှိတတ်ပါတယ်။
■ အခြားနည်းလမ်းတွေထဲမှာတော့ တစ်ပတ်မှာ ၅ ရက် ပုံမှန်အတိုင်းစားပြီး ကျန် ၂ ရက်ကို ကယ်လိုရီအနည်းဆုံးဖြစ်အောင် စားရပါတယ်။
■ အချို့ဆိုရင် ၂၄ နာရီကြာအောင် အစာဖြတ်ကြပေမယ့် ဒါမျိုးက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။
■ ခန္ဓာကိုယ်က အစာကရတဲ့ ဂလူးကို့စ်ကို လောင်ကျွမ်းစေပြီး စွမ်းအင်ထုတ်လုပ်ပေးပါတယ်။
အချိန်ကြာကြာ မစားတဲ့အခါ ဂလူးကို့စ်တွေ ကုန်ခမ်းပြီး သိမ်းဆည်းထားတဲ့ အဆီတွေကို ပြောင်းလဲလောင်ကျွမ်းစေကာ အဆီကျစေတာ ဖြစ်ပါတယ်။
■ လေ့လာချက်တွေအရတော့ ဝိတ်ချဖို့အတွက်ဆိုရင် အချိန်အပိုင်းအခြား အစာဖြတ်ခြင်းက ကယ်လိုရီကန့်သတ်စားသောက်ခြင်းထက် သိပ်ပြီးသာလွန်တာတော့ မဟုတ်ပါဘူး။
■ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ အင်ဆူလင်ထိန်းညှိနိုင်ခြင်း၊ ဇီဝဖြစ်စဉ်ပြောင်းလဲလာခြင်းတို့ ပါဝင်ပါတယ်။
■ ဒီလိုကျင့်ကြံစားသောက်လို့ အသက်ရှည်စေတယ်ဆိုတဲ့ အထောက်အထားတော့ သိပ်ပြီးမတွေ့ရပါဘူး။
■ ဘေးထွက်အန္တရာယ်တွေအနေနဲ့ အလွန်အကျွံစားမိခြင်း၊ သွေးတွင်းသကြားဓာတ် နည်းပါးခြင်း၊ ကလေးတွေ ကိုယ်ဝန်ဆောင်တွေအတွက် မသင့်လျော်ခြင်းစတာတွေ ရှိပါတယ်။
■ ခန္ဓာကိုယ်ထဲ အဆိပ်အတောက်ဖယ်ရှားခြင်း၊ အလိုအလျောက် အဆီကျခြင်းတို့နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အထောက်အထားတော့ မရှိပါဘူး။
Source: India Today
#World_Health
Published 27 February 2026
■ ဖုန်းတွေ လက်ပ်တော့တွေကို ငုံ့ကြည့်တဲ့အခါ လည်ပင်းရိုးကို ဝန်ပိစေတယ်လို့ ဒေါက်တာ ကူနယ်ဆုဒ်က အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ သာမန်အနေအထားမှာ ဦးခေါင်းက ၁၀ ပေါင်မှ ၁၂ ပေါင်ခန့်ရှိပြီး ဖုန်းကြည့်လို့ ရှေ့သို့ငုံ့တဲ့အခါ လည်ပင်းရိုးအပေါ် သိသိသာသာ ဝန်ပိစေပါတယ်။
■ လည်ပင်းကို ၄၅ မှ ၆၀ ဒီဂရီလောက် ငုံ့လိုက်လျှင်ပင် ပေါင် ၄၀ မှ ၆၀ လောက်အထိ အလေးချိန်တိုးစေပါတယ်။
■ အချိန်ကြာလာရင် လည်ပင်းရှိ ကြွက်သားတွေနဲ့ အဆစ်တွေရဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာနိုင်ပါတယ်။
■ ခေါင်းကိုက်ခြင်းက လည်ပင်းကနေ အစပြုပေမယ့် ဦးခေါင်းမှာ ခံစားလာရပါတယ်။
ကျောနဲ့ လည်ပင်းတွေ တင်းလာပြီး လည်ပင်းလှုပ်ရှားမှု အခြေအနေ ကျဆင်းလာပါတယ်။
■ ဖုန်းမျက်နှာပြင်ကို နိမ့်လွန်းမြင့်လွန်းတဲ့နေရာမှာ ထားကြည့်ရင် ဦးခေါင်းက မူလအတိုင်းအတာကနေ တဖြည်းဖြည်း ပြောင်းလဲလာကာ လည်ပင်းရိုးအပေါ် များစွာဝန်ပိစေလာပါတယ်။
■ ဦးခေါင်းရှေ့သို့ စင်တီမီတာအနည်းငယ်မျှ စိုက်လာတာနဲ့အမျှ လည်ပင်းကြွက်သားတွေနဲ့ အဆစ်တွေအပေါ်မှာ အလေးချိန်တိုးလာစေပါတယ်။
■ အစောပိုင်းလက္ခဏာတွေအနေနဲ့ လည်ပင်းတောင့်တင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးခေါင်းလေးလံခြင်း၊ ပခုံးတင်းကြပ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
■ နားရွက်ကို ပခုံးအပေါ်ဘက်ထားတဲ့ ကိုယ်နေဟန်ထား၊ ဖုန်းကြည့်ပြီးနောက် ပုံမှန်အနားပေးခြင်း၊ သာမန်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ဦးခေါင်းအနေအထား ရှေ့ညွတ်ခြင်းကို ပြန်လည်သက်သာဖို့ ကူညီပေးနိုင်ပါတယ်။
Source: Indian Express.
၂၆ ဖေဖော်ဝါရီ၊၂၀၂၆
ဆိုဗီယက်ပြည်ထောင်စုနှင့်ရုရှားနိုင်ငံတို့ရဲ့ သူရဲကောင်းဘွဲ့တွေချီးမြှင့်ခြင်းခံခဲ့ရတဲ့ ထင်ရှားသည့် အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich သည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အာကာသနည်းပညာအကြောင်းတွေကို ဟောပြောပို့ချမှုတွေပြုလုပ်ခဲ့ပါတယ်။
သူဟာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျောင်းသူ ကျောင်းသားများနှင့် လည်းကောင်း၊ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်၌ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး အာကာသနည်းပညာနှင့် အာကာသအတွေ့ အကြုံတွေကို ဟောပြောခဲ့တာဖြစ်ပါတယ်။
Mr. KRIKALEV သည် အာကာသစူးစမ်းလေ့လာရေးခရီးစဉ် (၆) ခုအထိ လိုက်ပါခဲ့ပြီး အာကာသထဲတွင် စုစုပေါင်း ၈၀၃ ရက်၊ ၉ နာရီနှင့် ၃၉ မိနစ် အထိ နေထိုင်ခဲ့ပါတယ်။ ထိုစံချိန်ကို ၂၀၁၅ ခုနှစ်တွင် အခြား ရုရှားအာကာသယာဉ်မှူး Gennady Padalka က မချိုးဖျက်ခင်အချိန်အထိ၊ သူသည် ကမ္ဘာပေါ်တွင် အာကာသထဲ၌ အချိန်အကြာဆုံးနေထိုင်ခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။
သူသည် အမေရိကန်၏အမျိုးသားအာကာသအေဂျင်စီ(NASA) နှင့် ရုရှား၏ Roscosmos တို့ ပူးပေါင်း ဆောင်ရွက်မှုတွင် အရေးပါသူတစ်ဦးဖြစ်ခဲ့ပါတယ်။ ရုရှား၏ Soyuz အာကာသယာဉ်များသာမက၊ အမေရိ ကန်၏ Space Shuttle (အာကာသလွန်းပျံယာဉ်) များဖြင့်ပါ လိုက်ပါပျံသန်းခဲ့ဖူးသူဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ပထမဆုံးသွားရောက်နေထိုင်ခဲ့သည့် အဖွဲ့ (Expedition 1) တွင်လည်း သူပါဝင်ခဲ့ပါတယ်။
မြန်မာ-ရုရှား အာကာသပူးပေါင်းဆောင်ရွက်မှုများကဲ့သို့သော နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင် ရသည့် နည်းပညာနှင့် သင်တန်းရေးရာကိစ္စရပ်များတွင် သူသည် Roscosmos ဘက်မှ အဓိကကျသော ဦးဆောင်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်တယ်လို့သိရပါတယ်။
အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich သည် ရုရှား နိုင်ငံပိုင် အာကာသ ကော်ပို ရေးရှင်း (ROSCOSMOS) အထွေထွေညွန်ကြားရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံသို့ လိုက်ပါခဲ့တာဖြစ်ပါတယ်။
ROSCOSMOS အထွေထွေညွှန်ကြားရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသ အေဂျင်စီ (MSA) ၌ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင် တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။
Page 3 of 1125