Politics

SUMMARY: 2025-2026 MULTIPARTY DEMOCRACY GENERAL ELECTIONS

29 January 2026

1. Timeline and Scope

  • Phased Approach: The general election was conducted successfully in three distinct phases between December 2025 and January 2026.
  • Total Coverage: A total of 263 townships participated across all three phases.
  • Schedule:
    • Phase 1: December 28, 2025 (102 townships).
    • Phase 2: January 11, 2026 (100 townships).
    • Phase 3: January 25, 2026 (61 townships).

2. Voter Turnout and Participation

  • Eligible Voters: The total number of eligible voters was over 24.22 million.
  • Total Votes Cast: More than 13.14 million voters cast their ballots.
  • Overall Turnout: The total voter turnout was over 54% (approximately 55%).
  • Increasing Trend: Voter turnout percentages increased in each subsequent phase:
    • Phase 1: 52.13%
    • Phase 2: 55.95%
    • Phase 3: 56.48%

3. Elected Seats and Systems

The elections utilized both First-Past-the-Post (FPTP) and Proportional Representation (PR) systems for certain legislative bodies.

  • Pyithu Hluttaw (Lower House): 263 representatives were elected.
  • Amyotha Hluttaw (Upper House): 99 representatives were elected (73 via FPTP, 26 via PR).
  • Region or State Hluttaws: 326 representatives were elected (255 via FPTP, 42 via PR, and 29 for Ethnic Affairs constituencies).

4. Observation and Media Coverage

The government stated the elections were held freely and fairly in the presence of domestic and international observers.

  • International Observers: Delegations from countries including Russia, Belarus, China, India, Cambodia, Vietnam, Indonesia, and organizations like the Japan-Myanmar Association and ICAPP observed Phases 1 and 3. (Phase 2 was observed only by Yangon-based entities due to time constraints).
  • Diplomatic Observers: 133 personnel from 14 foreign embassies based in Yangon monitored all phases.
  • Media Coverage:
    • Domestic: 1,177 journalists from 52 local media groups covered the process.
    • International: Hundreds of journalists from varying numbers of international media organizations covered each phase (Phase 1: 215, Phase 2: 101, Phase 3: 135).

5. Security Challenges and Disruptions

The statement noted attempts by "terrorist and insurgent groups" to disrupt the elections using various violent methods, including drones, rockets, homemade weapons, and threats.

  • Affected Areas: Disruptions occurred in a total of 34 townships (Phase 1: 13, Phase 2: 10, Phase 3: 11).
  • Casualties: The attacks resulted in the deaths of 2 civil servants. Additionally, 9 people were injured (2 civil servants and 7 civilians).

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (၂၀၂၅/၂၀၂၆)ကျင်းပမှု အချက်အလက်မှတ်တမ်း

၂၀၂၆၊ဇန်နဝါရီ ၂၉ ရက်-

◾️ရွေးကောက်ပွဲ ကျင်းပသည့် ရက်စွဲများနှင့် မြို့နယ်အရေအတွက်

   ✔️ အပိုင်း (၁)- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (မြို့နယ် ၁၀၂ မြို့နယ်)

   ✔️  အပိုင်း (၂)- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် (မြို့နယ် ၁၀၀ မြို့နယ်)

   ✔️  အပိုင်း (၃)- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (မြို့နယ် ၆၁ မြို့နယ်)

    ✔️ စုစုပေါင်း: မြို့နယ် ၂၆၃ မြို့နယ်

◾️ရွေးကောက်ခံ နေရာများနှင့် စနစ်များ

   ✔️  ပြည်သူ့လွှတ်တော်: ၂၆၃ နေရာ

   ✔️  အမျိုးသားလွှတ်တော်:

        ▪️FPTP (မဲအများဆုံးသူ အနိုင်ရစနစ်) - ၇၃ နေရာ

        ▪️PR (အချိုးကျ ကိုယ်စားပြုစနစ်) - ၂၆ နေရာ

    ✔️ တိုင်း/ပြည်နယ်လွှတ်တော်:

        ▪️FPTP - ၂၅၅ နေရာ

        ▪️PR - ၄၂ နေရာ

       ▪️ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် - ၂၉ နေရာ

◾️မဲပေးမှု စာရင်းဇယား

        ✔️ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း: ၂၄.၂၂ သန်းကျော်

        ✔️ အပိုင်း (၁) မဲပေးမှု: ၅၂.၁၃% (မဲပေးပိုင်ခွင့် ၁၁.၆၉ သန်းကျော်၊ လာရောက်မဲပေးသူ ၆.၀၉ သန်းကျော်)

        ✔️ အပိုင်း (၂) မဲပေးမှု: ၅၅.၉၅% (မဲပေးပိုင်ခွင့် ၇.၅၉ သန်းကျော်၊ လာရောက်မဲပေးသူ ၄.၂၄ သန်းကျော်)

       ✔️  အပိုင်း (၃) မဲပေးမှု: ၅၆.၄၈% (မဲပေးပိုင်ခွင့် ၄.၉၄ သန်းကျော်၊ လာရောက်မဲပေးသူ ၂.၇၉ သန်းကျော်)

       ✔️  စုစုပေါင်း မဲပေးမှု ရာခိုင်နှုန်း: ၅၄% ကျော် (၅၅% ခန့်)

◾️စောင့်ကြည့်လေ့လာသူများနှင့် မီဒီယာ

     ✔️  နိုင်ငံတကာ လေ့လာသူများ- ရုရှား၊ ဘီလာရုစ်၊ တရုတ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ နီကာရာဂွာ၊ နီပေါ၊ အင်ဒိုနီးရှား၊ Japan-Myanmar Association နှင့် ICAPP အဖွဲ့တို့ ပါဝင်။

    ✔️ သံတမန်များ: ရန်ကုန်အခြေစိုက် သံရုံး ၁၄ ရုံးမှ ကိုယ်စားလှယ် ၁၃၃ ဦး။

    ✔️ မီဒီယာ:

            နိုင်ငံတကာ မီဒီယာအဖွဲ့

            ▪️အပိုင်း၁- အဖွဲ့၆ဖွဲ့မှ သတင်းထောက်၂၁၅ ဦး၊ အပိုင်း၂- အဖွဲ့၃၅ဖွဲ့မှ သတင်းထောက်၁၀၁ ဦး၊ အပိုင်း၃- အဖွဲ့၄၁ဖွဲ့မှ သတင်းထောက် ၁၃၅ ဦး

            ပြည်တွင်းမီဒီယာ

            ▪️၅၂ ဖွဲ့မှ သတင်းထောက် ၁၁၇၇ ဦး။

◾️ရွေးကောက်ပွဲနှောက်ယှက်ဖျက်ဆီးမှုများ

        ✔️ နှောင့်ယှက်ခံရမှု- စုစုပေါင်း ၃၄ မြို့နယ် (အပိုင်း ၁ တွင် ၁၃ မြို့နယ်၊ အပိုင်း ၂ တွင် ၁၀ မြို့နယ်၊ အပိုင်း ၃ တွင် ၁၁ မြို့နယ်)။

       ✔️  ထိခိုက်သေဆုံးမှု: နိုင်ငံ့ဝန်ထမ်း ၂ ဦး သေဆုံး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးနှင့် အရပ်သား ၇ ဦး ဒဏ်ရာရ။

       ✔️ကျူးလွန်သည့်ပုံစံများ-ဒရုန်း၊ ရှော့တိုက်ဒုံး၊မိုင်း၊ခြိမ်းခြောက်စာ၊သတင်းတုဖြန့်ဝေခြင်း

သတင်းအရင်းအမြစ်- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကတစ်ဆင့် ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်ဖို့ အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၂၆ (ဆင်ဟွာ)  မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကတစ်ဆင့် ပိုမိုကျယ်ပြန့်ခိုင်မာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်ဖို့၊ အခြေအနေတွေကို အမြန်ဆုံး လျှော့ချနိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ တတိယအဆင့် မဲပေးမှုတွေ ပြီးဆုံးသွားတာနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

"ဒီရွေးကောက်ပွဲကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ ချောချောမွေ့မွေ့နဲ့ စနစ်တကျ ရှိခဲ့သလို မဲဆန္ဒရှင်တွေလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့အတွက် တရုတ်နိုင်ငံက ဂုဏ်ယူပါတယ်" လို့ ကော်ကျားကွန်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်သလို၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လည်ရရှိလာဖို့ အပြုသဘောဆောင်တဲ့ အကူအညီတွေကို ဆက်ပြီးပေးအပ်သွားဖို့ ဆန္ဒရှိတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

Source Xinhua

Health

မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ရေး အာရုံစိုက်ဆောင်ရွက်သင့်သည့် နီပါဗိုင်းရပ်စ်

-အယ်ဒီတာတစ်ဦး

အိန္ဒိယနိုင်ငံအခြေအနေ

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။

    နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။

ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့်  စစ်ဆေးနေ    တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။

ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။

ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ  နိုင်ခြေရှိသော နိုင်ငံ" (High-risk  area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။

နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။

◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။

◾️ထန်းရည်/ဓနိရည်-    လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)

◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

Source: Wire News

တရုတ်နိုင်ငံက မူ/လယ် ကျောင်းသားများ၏ စိတ်ဖိစီးမှု လျှော့ချရန် အိပ်ချိန်ပိုပေးပြီး screen ကြည့်ချိန် လျှော့ချ

ဟောင်ကောင်၊ နိုဝင်ဘာ ၁၂ (ရိုက်တာ) - တရုတ်အာဏာပိုင်များက မူလတန်းနှင့် အလယ်   တန်းကျောင်းသားများ၏ ပညာရေးဆိုင်ရာ ဖိအားများ လျှော့ချခြင်း၊ စခရင်ကြည့်ချိန် (screen time) လျှော့ချခြင်း နှင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှစ်နာရီ မဖြစ်မနေ လုပ်ဆောင်စေခြင်းတို့ဖြင့် ကျောင်းသား  သူငယ်တို့၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်စေရန် ရည်ရွယ်သည့် အစီအမံများကို ကြေညာခဲ့  သည်။

ပညာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည့် အဆိုပါ အစီအမံများတွင် စာသင်ခန်းအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုခြင်းကို တားမြစ်ခြင်းနှင့် အင်တာနက်အပေါ် အလွန်အကျွံ မှီခိုမှုကို လျှော့ချရန် "စခရင်မကြည့်ရ" (screen-free) အချိန်ကာလတစ်ခု ထားရှိခြင်းတို့ ပါဝင်သည်။

ကျောင်းများအနေဖြင့် အိမ်စာပမာဏ စုစုပေါင်းကို "တင်းကြပ်စွာ ထိန်းချုပ်" ရမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားများအတွက် ကျောင်းဖွင့်ရက်တိုင်းတွင် ကိုယ်လက်လှုပ်ရှားမှု "အနည်းဆုံး" နှစ်နာရီ ပေးရမည်ဖြစ်သည်။

ကျောင်းများအား ကျောင်းလာချိန်နှင့် ကျောင်းဆင်းချိန်များကို "ကျိုးကြောင်းဆီလျော်သော" ပုံစံဖြင့် စီစဉ်ခြင်း၊ လုံလောက်သော နေ့လည်စာစားချိန်များ ခွင့်ပြုခြင်းတို့ဖြင့် "ကျောင်းသားများ လုံလောက်စွာ အိပ်စက်အနားယူခွင့် အသေအချာရရှိစေရန် " ကိုလည်း တိုက်တွန်းထားသည်။

"အိပ်စက်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို တင်းကြပ်စွာ အကောင်အထည်ဖော်ရန်၊ အလွန်အကျွံ စာကျက်ခြင်းကဲ့သို့သော ချိုးဖောက်မှုများကို ပြတ်ပြတ်သားသား တားဆီးရန် နှင့် အလွန်အကျွံ ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ကာကွယ်ရန်" ဟု ဝန်ကြီးဌာနက အဆိုပါ အစီအမံများကို ကြေညာ  သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အစီအမံများသည် အထူးသဖြင့် စာမေးပွဲများရှိလာသည့်ကာလတွင် ကျောင်းသားများ စိတ်ဖိစီး  မှုနှင့် စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ကူညီပေးရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အိမ်စာ ဝန်းပိခြင်းကို အများအားဖြင့် တွေ့ကြုံနေရပြီး၊ ယင်းသည် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါများ တိုးပွားလာစေသည်ဟု ကျွမ်းကျင်   သူများက ပြောကြားသည်။

အောက်တိုဘာလတွင် သီးခြား ထုတ်ပြန်ခဲ့သော အသိပေးချက်တစ်ခုတွင်လည်း ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ၏ ကျောင်းပြင်ပတာဝန်များကို ကန့်သတ်ခြင်း၊ အားလပ်ရက်များနှင့် စနေ၊ တနင်္ဂနွေများတွင် အလုပ်လုပ်ခြင်းမှ တားမြစ်ခြင်းတို့ဖြင့်ယင်းတို့၏ အလုပ်ဝန်ထုပ်ဝန်ပိုးများကို လျှော့ချ    ပေးနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အိမ်စာများ လျှော့ချရန်နှင့် အဓိက ဘာသာရပ်များအတွက် ကျောင်းချိန်ပြင်ပ ကျူရှင်များကို တားမြစ်ရန် ကြိုးပမ်းသည့် ပညာရေး ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့  သည်။ သို့သော်လည်း မိဘအများအပြားသည် တရုတ်နိုင်ငံ၏ ပြင်းထန်စွာယှဉ်ပြိုင်မှုရှိသော ပညာရေး   စနစ်တွင် သူတို့၏ ကလေးများ အသာစီးရစေရန်အတွက် ကျူရှင် ဝန်ဆောင်မှုများကို ဆက်လက် ရှာဖွေ  နေကြဆဲ ဖြစ်သည်။

 

နယူးယောက်မြို့မှ သတ္တုသံကြိုး ဝတ်ဆင်ထားသော အသက်၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး MRI စက်ထဲ အမှတ်မထင် ဆွဲသွင်းခံရပြီး သေဆုံးခဲ့ရ

၂၀ ဇူလိုင် ၂၀၂၅

နယူးယောက်ပြည်နယ်၊ ဝက်စ်ဘူရီမြို့ရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုတွင် သံလိုက်စက် ကွင်းပဲ့တင်သံ ရုပ်ပုံဖော်စက် (MRI) ထဲသို့ ဆွဲငင်ခံရပြီးနောက် လောင်းအိုင်လန်မှ အသက် ၆၁ နှစ်အရွယ် ကိတ် မက်အဲလိစ်တာ သေဆုံးသွားကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် ဗုဒ္ဓဟူးနေ့က Nassau Open MRI တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မက်အဲလိစ်တာသည် သူ၏ဇနီးဖြစ်သူ Adrienne Jones-McAllister ဒူးကို စကင်ဖတ်ရန်အတွက် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။

ဇနီးဖြစ်သူAdrienne ၏ ပြောကြားချက်အရ သူမ၏ခင်ပွန်းသည် စကင်ဖတ်သည့် စားပွဲမှ သူမ မတ်တပ်ထရပ်နိုင်ဖို့ ကူညီရန်အတွက် MRI အခန်းထဲသို့ ဝင်ရောက်သွားစဉ် အားပြင်းသော သံလိုက်စက်ကွင်းတစ်ခုက  စတင်အလုပ်လုပ်ခဲ့ကြောင်း သိရသည်။

"သူ့ကိုယ်လုံးက ပျော့ခွေသွားတယ်" ဟု News 12 Long Island သို့ သူမက ပြောကြားခဲ့သည်။ "ကျွန်မ လက်ထဲမှာ သူ ပျော့ခွေသွားတာ အခုထိ ကျွန်မ ဦးနှောက်ထဲမှာ စွဲနေတုန်းပဲ" ဟု ဆိုသည်။

Adrienne နှင့် တာဝန်ကျ MRI နည်းပညာရှင်တို့က မက်အဲလိစ်တာကို စက်မှ ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

မက်အဲလိစ်တာသည် လေးလံသော သော့နှင့် သံကြိုးကြီးကို ဝတ်ဆင်ထားခဲ့ပြီး ယင်းသံကြိုးကြောင့် အားပြင်းသော MRI သံလိုက်စက်က သူ့အား စက်ထဲသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စိုးရိမ်ရသည့် အခြေအနေကြောင့် သူ့ကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့သော်  လည်း နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

Adrienne က သူမ၏ခင်ပွန်းသည် ကိုယ်အလေးချိန် လေ့ကျင့်ခန်းများအတွက် အလေးချိန် ပေါင် ၂၀ ရှိသော သံကြိုးကို ပုံမှန်ဝတ်ဆင်လေ့ရှိပြီး ယင်းဆေးဘက်ဆိုင်ရာ အဆောက်အအုံသို့လည်း ယခင်က ရောက်ဖူးကြောင်း ပြောကြားခဲ့သည်။

"အဲ့ဒီလူ (နည်းပညာရှင်) က အဲ့ဒီသံကြိုးကို ပထမဆုံးအကြိမ် မြင်တာမဟုတ်ဘူး။ သူတို့ အရင်ကလည်း အဲ့ဒီအကြောင်း ပြောဖူးတယ်" ဟု သူမက ဆိုသည်။

Nassau ကောင်တီရဲဌာန၏ လူသတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့က အဆိုပါ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ ယခုအချိန်အထိ မည်သည့် စွဲချက်မှ မတင်ရသေးပေ။

အဆိုပါ ကြေကွဲဖွယ်ရာ ဖြစ်ရပ်အပြီးတွင် ဆေးဘက်ဆိုင်ရာ ပညာရှင်များက MRI ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ၏ အရေးကြီးပုံကို ပြောကြားခဲ့ကြသည်။

North Shore တက္ကသိုလ်ဆေးရုံမှ ဆရာဝန် Payal Sud က "အန္တရာယ်တွေက အလွန်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းရေး ကြိုတင်ကာကွယ်မှုတွေ အားလုံးကို ဘာကြောင့် လုပ်ထားရတာ လဲဆိုတာကိုလည်း ထောက်ပြနေပါတယ်" ဟု CBS New York သို့ ပြောကြားခဲ့သည်။

MRI စက်၏ ပြင်းထန်သော သံလိုက်စက်ကွင်းကြောင့် လူနာများအား MRI စကင်မဖတ်မီ လက်ဝတ်ရတနာများ၊ ခါးပတ်များ၊ အချို့အဝတ်အစားများ အပါအဝင် သတ္တုပစ္စည်းများ အားလုံးကို ဖယ်ရှားရန် လိုအပ်သည်။

"အဲဒါက သံလိုက်စက်ကွင်းရဲ့ အလယ်ဗဟိုကို ဝင်ဖို့ ကြိုးစားနေတဲ့ တော်ပီဒိုလိုမျိုးနှင့်တူသွားလိမ့်မယ်" ဟု ဆေးရုံ၏ ပုံရိပ်ဖော်ဝန်ဆောင်မှုဌာန ဒါရိုက်တာ Charles Winterfeldt က CBS New York သို့ ပြောကြားခဲ့သည်။

Source:hindustantimes.com

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.