NAY PYI TAW, October 11, 2025
Myanmar's Ministry of Energy and Thailand's PTTEP International Limited will collaborate on the new Aung Theing Kha offshore gas project , aiming to begin the first extraction of natural gas in 2028.
Union Minister for Energy U Ko Ko Lwin revealed this information during a meeting with Mr. Montri Rawanchaikul, CEO of PTTEP International Limited, and his delegation on October 10 at the ministry office in Naypyidaw.
According to a press release from the Ministry of Energy, the Union Minister stated that they are working to begin natural gas extraction by 2028. He added that the ministry is coordinating to finalize the necessary agreements as quickly as possible.
The Aung Theing Kha offshore project is a new initiative designed to supply natural gas for domestic electricity production.
Mr. Rawanchaikul also presented plans to drill new wells to increase natural gas production at the declining Yadana and Zawtika offshore projects. In response, the Union Minister urged PTTEP to strive to begin production from the new Zawtika wells in early 2026.
The Union Minister also invited PTTEP to invest in new, promising offshore projects and in the import, storage, and distribution of LNG (liquefied natural gas) from the Kanbauk area in the Tanintharyi Region to both domestic and Thai markets.
#ymg/knl
၁၁ အောက်တိုဘာ ၂၀၂၅
မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက်အသစ် အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ထိုင်းနိုင်ငံ၊ PTTEP International Limited တို့ အကျိူးတူပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါ တယ်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် အောက်တိုဘာ ၁၀ ရက်က ထိုင်းနိုင်ငံ PTTEP International Limited ၏ အမှုဆောင်အရာချုပ်ဖြစ်သူ Mr. Montri Rawanchaikul နှင့်အဖွဲ့ကို နေပြည်တော်ရှိ ဝန်ကြီးဌာနတွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အဆိုပါကိစ္စ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
၂၀၂၈ ခုနှစ်တွင် ပထမဦးဆုံး သဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီး စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက် လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဆက်လက် ပြောကြားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါကမ်းလွန် အောင်သိင်္ခစီမံကိန်းသည် ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ် ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်တယ်လို့သိရပါတယ်။
PTTEP အမှုဆောင်အရာရှိချုပ်က အထွက် နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့် ဇောတိကစီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေကို တင်ပြခဲ့ရာ ဇောတိက စီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးက အာမခံ ချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှပ်နှံနိုင်ရန် အခွင့်အလမ်းများ ရှိကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကံပေါက်ဒေသမှ တစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံရန်လည်း PTTEP ကို ဖိတ်ခေါ်ခဲ့ပါတယ်။
#ymg/knl
NAYPYIDAW – October 9, 2025 – Malaysia's Foreign Minister, Dato' Seri Utama Haji Mohamad Bin Haji Hasan, has announced that his country will send observer missions for Myanmar's upcoming general election. The statement was made during a meeting with Myanmar's Acting President and Chairman of the State Security and Peace Commission, Senior General Min Aung Hlaing, at the Military Guest House in Naypyidaw on the morning of October 9th.
During the meeting, the Malaysian Foreign Minister expressed his satisfaction with Myanmar's preparations for a multi-party general election. He affirmed that ASEAN would cooperate to best support Myanmar's efforts and advised that the election be inclusive, according to a statement from the Myanmar government.
Senior General Min Aung Hlaing noted that the announcement for the multi-party general election was first made in 2024 to provide ample preparation time for political dissidents and parties. He stated that the registration of political parties has been conducted in accordance with the law. He informed the minister that 57 legally registered political parties with over 5,000 candidates are expected to compete in the upcoming election.
The Senior General also discussed ongoing peace efforts, stating that ethnic armed organizations have been invited to join the political process. He highlighted that the military has issued 27 ceasefire declarations since 2018 and has extended three invitations to those involved in violent activities due to political disagreements to return to the political path.
Furthermore, he announced that a ceremony for the anniversary of the Nationwide Ceasefire Agreement (NCA) will be held on October 15th. Leaders from NCA signatory ethnic armed groups, some leaders from non-signatory groups, and international witnesses are expected to attend.
The two officials also engaged in a frank discussion on a range of topics, including the current political developments in Myanmar and plans to ensure a free and fair election through the use of Myanmar Electronic Voting Machines (MEVMs). They also discussed holding the election in phases, the invitation of observer groups from neighboring countries and the international community, and Myanmar's commitment to continue on the democratic path post-election. The talks also covered Myanmar's positive cooperation within ASEAN, collaboration on humanitarian aid, and the promotion of international cooperation.
The meeting was attended by the Secretary of the Commission and Joint Chief Executive Officer, General Ye Win Oo, and by a Commission member and Union Minister for Foreign Affairs, U Than Swe. The Malaysian delegation included the Special Envoy of the ASEAN Chair to Myanmar, Tan Sri Othman Hashim, and other officials.
#ymg/knl
၉ အောက်တိုဘာ ၂၀၂၅
▪️မလေးရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Dato' Seri Utama Haji Mohamad Bin Haji Hasan က ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးအဖွဲ့များ ကိုလည်းစေလွှတ်ပေးသွားမယလို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားပါတယ်။
▪️ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော်ရှိ တပ်မတော်ဧည့်ဂေဟာ၌ အောက်တိုဘာ ၉ ရက် မနက်က လက်ခံတွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့တာဖြစ်ပါတယ်။
▪️မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်နေမှုများအား တွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့လည်း အကြံပြုခဲ့ တယ်လို့ မြန်မာအစိုးရ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ဗိုလ်ချုပ်မှူးကြီးကလည်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်အတွက် ၂၀၂၄ ခုနှစ်ကပင် စတင်အသိပေးပြောကြားခဲ့ ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရသဘောထား ကွဲလွဲသူ များ၊ နိုင်ငံရေးပါတီများ ကို ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ရွေးကောက်ပွဲတွင် ဥပဒေနှင့်ကိုက်ညီသည့် နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ရှိတယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။
▪️ယင်းအပြင်တိုင်းရင်းသား ง လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး အတွက် ငြိမ်းချမ်းရေးရရှိအောင် ဖိတ်ခေါ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး က ပြောကြားပြီး ၂၀၁၈ ခုနှစ်မှစတင် ၍ယနေ့အချိန်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန် ချက် ၂၇ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်နေသူများကိုလည်း နိုင်ငံရေးလမ်းကြောင်းပေါ်တွင်ပါဝင် လာနိုင်ရေး အတွက် ၃ ကြိမ်ဖိတ်ခေါ်ခဲ့တယ်လို့လည်း ထပ်မံပြောကြားပါတယ်။
▪️ယခုလ ၁၅ ရက်နေ့တွင် NCA နှစ်ပတ် လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး NCA လက်မှတ်ရေးထိုး ထား သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ NCA လက်မှတ် မရေး ထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်အချို့နှင့် နိုင်ငံ တကာမှအသိသက်သေများ တက်ရောက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆွေးနွေး ပြောကြားပါတယ်။
▪️အဲဒီနောက် နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး တို့သည် မြန်မာနိုငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲဖြစ်စေရေး မြန်မာအီလက် ထရောနစ် မဲပေးစက်(MEVM)များဖြင့် ဆန္ဒမဲပေးခြင်း များဆောင်ရွက် သွားမည့်အခြေအနေများ၊ ရွေးကောက်ပွဲအား အပိုင်းလိုက်စနစ်ဖြင့် ကျင်းပပြုလုပ်သွား မည့်အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာမှရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် ဒီမို ကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်း ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာ နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အပြုသဘောအား ဆောင်သော ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက် လျက်ရှိမှုအခြေ အနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
▪️ယခုတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှုးကြီးနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံ ဆိုင်ရာအထူး ကိုယ်စားလှယ် H.E. Tan Sri Othman Hashim နှင့် တာဝန်ရှိသူတွေ တက် ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။
#ymg/knl
▪️ပတ္တာနီ၊၇ အောက်တိုဘာ၊၂၀၂၅ — အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ဒေသ၊ ပတ္တာနီပြည်နယ် ယာရန်ခရိုင်ရှိ ဖာတိုနီတက္ကသိုလ်တွင် သေနတ်ကိုင်အဖွဲ့တစ်ဖွဲ့က ATM စက်ကို ဖောက်ခွဲပြီး လုံခြုံရေး အစောင့်များ၏ သေနတ်များကို လုယူသွားခဲ့ကြသည်။
▪️ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲမှုဌာန (Isoc) ၏ ပြောကြားချက်အရ သေနတ်ကိုင်အဖွဲ့ဝင် ငါးဦး အထိ ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။
▪️နံနက် ၁၂ နာရီ ၅၃ မိနစ်ခန့်တွင် ထိုသူတို့သည် ခါအိုတွမ်ရပ်ကွက်တွင်ရှိ တက္ကသိုလ်၏ နောက်ဘက် တောင်ကုန်းတစ်ခုမှ လမ်းလျှောက်ဆင်းလာကြသည်။ ၎င်းတို့သည် ကျောင်းဝင်းရှေ့လုံခြုံရေးဂိတ်ရှိ အစောင့်နှစ်ဦးကို ခြိမ်းခြောက် ကြိုးတုပ်ကာ ၎င်းတို့၏ သေနတ်များကို လုယူခဲ့ကြသည်။
▪️ထို့နောက် တိုက်ခိုက်သူများသည် တက္ကသိုလ်ဂိတ်ဘေးရှိ အစ္စလမ်မစ်ဘဏ်၏ ATM စက်ကို ပေါက်ကွဲ စေတတ်သောပစ္စည်းအသုံးပြုပြီး ဖောက်ခွဲခဲ့ကြသည်။ သို့သော်လည်း စက်ကို ဖွင့်နိုင်ခြင်း မရှိသည့် အတွက် သေတ္တာအတွင်းရှိ ငွေသားများကို မယူဆောင်သွာနိုင်ခဲ့ကြကြောင်းသိရသည်။
နောက်ဆုံးတွင် ၎င်းတို့သည် အရှုံးပေးကာ လုံခြုံရေးအစောင့်များထံမှ ခိုးယူလာသော သေနတ်များကိုသာ ယူဆောင်လျက် တောင်ကုန်းပေါ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
▪️စစ်သွေးကြွများသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ထောက်ပံ့ရန်အတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို ဂရုမစိုက်ဘဲ ငွေကြေးကို အသည်းအသန်ဖြစ်နေကြကြောင်း သူတို့၏ မအောင်မြင်သော တိုက်ခိုက်မှုက ပြသနေသည်ဟု Isoc က ပြောသည်။ အဆိုပါဂိုဏ်းကို စုံစမ်းစစ်ဆေးပြီး လိုက်လံ ရှာဖွေနေဆဲဖြစ်ကြောင်း Isoc ၏ တောင်ပိုင်းဌာနခွဲက ပြောကြားခဲ့သည်။
▪️ဤမအောင်မြင်သော ATM တိုက်ခိုက်မှုသည် ကပ်လျက် နာရာသီဝပ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေခိုးမှုကြီးပြီးနောက် နှစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါဖြစ်ရပ်သည် သူပုန်လှုပ်ရှားမှုများ ကို ထောက်ပံ့ရန်အတွက် ရည်ရွယ်သည်ဟု အာဏာပိုင်များက ယုံကြည်ကြသည်။ ဩဂုတ်လကATM လုယက်မှုများနှင့် ၂၀၁၉ ခုနှစ်က ဆုန်ခလာတွင် ဖြစ်ပွားခဲ့သော ရွှေဆိုင်တိုက်ခိုက်မှုကြီးတို့တွင်လည်း ၎င်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Source: Bangkok Post
NAY PYI TAW, Myanmar (September 19, 2025)-In a significant diplomatic gesture, Timor-Leste has pledged to the Myanmar government that it will not allow organizations opposing the government to open offices or conduct illegal protest activities within its borders. The promise was made by Mr. Bendito dos Santos Freitas, Timor-Leste's Minister of Foreign Affairs and Cooperation, during a working visit to Myanmar's capital.
The commitment was reportedly given to Myanmar’s Foreign Minister U Than Swe on September 18, according to an official press release from Myanmar’s Ministry of Foreign Affairs. The statement also noted that Minister Freitas extended an invitation for Myanmar to open an embassy in Dili, the capital of Timor-Leste.
During the meeting, the two foreign ministers emphasized their shared commitment to enhancing diplomatic relations based on the principles of the ASEAN Charter. They agreed to bolster ties while strictly adhering to the principle of non-interference in each other’s internal affairs.
Discussions also included potential agreements to boost cooperation, such as a visa exemption agreement for diplomatic and special passport holders and a separate visa exemption agreement to promote tourism between the two nations.
Minister Freitas and his delegation were in Myanmar for a working visit from September 17 to September 19, 2025.
#knl/ymg
၉ စက်တင်ဘာ ၂၀၂၅
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောင်ဒဏ် တစ်နှစ် ပြန်လည်ကျခံဖို့ ထိုင်းတရား ရုံးချုပ်က ယနေ့ စက်တင်ဘာ ၉ရက် က ဆုံးဖြတ်လိုက်ပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ရဲဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာကြောင့် အကျဉ်းချခံရတဲ့ ရက်တွေကို ပြီးမြောက်ခဲ့တယ်လို့ မယူဆကြောင်း တရားရုံးချုပ်ရဲ့ နိုင်ငံရေး ရာထူးများ လက်ရှိ ထမ်းဆောင်သူများဆိုင်ရာ ပြစ်မှုဆိုင်ရာဌာနက ကောက်ချက်ချပါတယ်။
"ရဲဆေးရုံမှာ နေထိုင်ခဲ့တဲ့ အချိန်ကာလကို ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရက်အဖြစ် သတ်မှတ်လို့မရပါဘူး" ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
"ထို့ကြောင့် တရားခံဟာ တော်ဝင်အမိန့်အရ ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ကို ကျခံရမှာဖြစ်ပါတယ်" ဟုလည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်အပြီးတွင် သက်ဆင်က တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း လူမှုမီဒီယာပေါ်တွင် ရေးသားဖော်ပြခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ်ရှိတဲ့ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ၁၅ နှစ်ကျော်ကြာ ကိုယ်တိုင် ပြည်နှင်ဒဏ်ခံယူပြီးနောက် ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ရောက်ရောက်ချင်းမှာပဲ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှု သုံးခုအတွက် ၈ နှစ်ထောင်ဒဏ် ကျခံဖို့ အကျဉ်းချခံခဲ့ရပြီး နောက်ပိုင်းမှာ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁ နှစ်အထိ လျှော့ချခံခဲ့ရပါတယ်။
သူဟာ ၂၄ နာရီပင် ထောင်ထဲမှာ မနေရဘဲ အရေးကြီး ကျန်းမာရေးအခြေအနေ အကြောင်းပြချက်ဖြင့် သူ့ကို ဘန်ကောက်အကျဉ်းထောင်ကနေ ရဲဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ပါတယ်။
Source Xinhua
Page 1 of 150