၁၂ မေ၊၂၀၂၆

ထိုင်းနိုင်ငံအတွင်း မြင့်တက်လာနေသော နိုင်ငံခြားသားများ၏ ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က အဆင့်သုံးဆင့်ပါဝင်သော နှိမ်နင်းရေးစီမံချက်တစ်ရပ်ကို ချမှတ်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားသားများ အခြေချနေထိုင်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ကော်မတီယန္တရားများ ဖွဲ့စည်းရေး ဆွေးနွေးလျက်ရှိကာ အာဏာပိုင်များအနေဖြင့် တိုက်ဖျက်ရေး  လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီဖြစ်သည်။

အမျိုးသားရဲချုပ် ရဲဗိုလ်ချုပ်ကြီး Kittharath Punpetch က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် နိုင်ငံခြား သားများ၏ အခြားတရားမဝင် လှုပ်ရှားမှုများကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်၍ အရေးပေါ် သုံးလတာ စီမံချက်အပါအဝင် တင်းကျပ်သော အစီအမံများကို အင်္ဂါနေ့တွင် အမိန့်ပေး ထုတ်ပြန်ခဲ့သည်။

ယင်းအစီအမံများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းနိုင်ငံ  အား ရာဇဝတ်မှုများအတွက် ကြားစခန်း သို့မဟုတ် ပုန်းခိုရာနေရာအဖြစ် အသုံးချခြင်းတို့ကို တားဆီးရန် အဓိကထားကြောင်း၊ ထို့ပြင် ပြည်သူတို့၏ လုပ်ကိုင်စားသောက်မှုနှင့် နိုင်ငံတော် တည်ငြိမ်ရေးကို ထိခိုက်   စေသည့် တရားမဝင် အလုပ်အကိုင်များနှင့် အမည်ခံ (Nominee) စီးပွားရေးလုပ်ငန်းများကိုလည်း တား   ဆီးသွားမည်ဖြစ်ကြောင်း ရဲပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲဗိုလ်ချုပ်ကြီး Trairong Piwpan က ပြောကြား  ခဲ့သည်။

နှိမ်နင်းရေးတွင် အဆင့်သုံးဆင့် ပါဝင်ကြောင်း ဒုတိယရဲဗိုလ်ချုပ်ကြီး Trairong က ဆိုသည်။ ချက်ချင်း လုပ်ဆောင်မည့် ၃ လတာ အစီအမံများအနေဖြင့် တပ်ဖွဲ့ဝင်အားလုံးကို မိမိတို့၏ စီရင်ပိုင်ခွင့် နယ်မြေ အတွင်းရှိ နိုင်ငံခြားသားများအား စစ်ဆေးရန်၊ အချက်အလက်များ စုဆောင်းရန်နှင့် မူးယစ်ဆေးဝါး၊ စီးပွား ရေးရာဇဝတ်မှု၊ အခွန်၊ ဆိုက်ဘာရာဇဝတ်မှု၊ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေသူများ၊ တရားမဝင် လူဝင် မှုကြီးကြပ်ရေး ကွန်ရက်များ၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးမှု စသည်တို့နှင့် ဆက်နွှယ်နေသည့် ပစ်မှတ်ထား နိုင်ငံခြားသားအုပ်စုများကို ဖော်ထုတ်ရန် ညွှန်ကြားထားသည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဗဟိုဌာနအား မူဝါဒပိုင်းနှင့် ပြည်နယ်အဆင့် လုပ်ငန်းစဉ်များကို မောင်းနှင် နိုင်ရန် စီးပွားကူးသန်း၊ ဘဏ္ဍာရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၊ ဗဟိုဘဏ်၊ အကောက်ခွန်၊ ယစ်မျိုး နှင့် မြေစာရင်းဦးစီးဌာန အစရှိသည့် သက်ဆိုင်ရာ အေဂျင်စီများနှင့် "ပူးပေါင်းလုပ်ငန်းအဖွဲ့" တစ်ရပ် ဖွဲ့စည်းရေး စဉ်းစားရန် ညွှန်ကြားထားသည်။ နှိမ်နင်းရေးလုပ်ငန်းစဉ်များတွင် အရေးတကြီး ပစ်မှတ်ထား ရမည့် ဒေသများကို ဦးစားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ရေလတ်ပိုင်း အစီအမံများ (၆ လမှ ၉ လအထိ) တွင် လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်း၍ နိုင်ငံခြားသား အချက်အလက်များကို စစ်ဆေးခြင်း၊ အထောက်အထားများ စိစစ်ခြင်း၊ ဗီဇာသက်တမ်းတိုး တောင်းဆိုမှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် နိုင်ငံခြားသားများ၏ စီးပွား  ရေး လုပ်ငန်းလည်ပတ်မှုများကို စစ်ဆေးခြင်းတို့ကို ဦးဆောင်မည်ဖြစ်သည်။ ပြစ်မှုကျူးလွန်ကြောင်း တွေ့  ရှိပါက ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအေဂျင်စီများက တည်ဆဲဥပဒေများကို စတင်အရေးယူမည်ဖြစ်ပြီး နိုင်ငံ   တွင်း ဆက်လက်နေထိုင်ခွင့်ပြုထားမှုကို ပယ်ဖျက်ရန် စဉ်းစားမည်ဖြစ်သည်။ အာဏာပိုင်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေများကို လေ့လာရန်နှင့် နိုင်ငံခြားသား ရာဇဝတ်ကောင်များ အခွင့်ကောင်းယူနေသည့် ဥပဒေကွက်လပ်များကို ပိတ်ဆို့နိုင်ရေး အဆိုပြုချက်များ တင်ပြရန် ညွှန်ကြားထားသည်။ နိုင်ငံတစ်ဝန်း "အမြစ်ပါမကျန် ဆွဲနှုတ်ချေမှုန်းရေး" ချဉ်းကပ်မှုဖြင့် ရဲတပ်ဖွဲ့အား စုံစမ်းစစ်ဆေးမှုများ တိုးချဲ့  လုပ်ဆောင်  ရန် အမိန့်ပေးထားပြီး နိုင်ငံတော်အရာရှိများ ပါဝင်ပတ်သက်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်သည်။

ရေရှည် အစီအမံများ (၁) နှစ်မှ (၂) နှစ်အထိ အနေဖြင့် အာဏာပိုင်များသည် ပြည့်စုံသည့် နိုင်ငံခြားသား အချက်အလက် စနစ်တစ်ခုကို တည်ဆောက်ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ One Police စနစ်နှင့် ပေါင်းစပ် သွားမည်ဖြစ်သည်။ ဤစနစ်သည် ဒေသန္တရအဆင့်အထိ အချက်အလက်များကို ချိတ်ဆက်ပေးမည်ဖြစ် ကာ နိုင်ငံခြားသားများ၏ မိခင်နိုင်ငံများနှင့် သတင်းအချက်အလက် ဖလှယ်မှုများကိုလည်း တိုးမြှင့်သွား   မည်ဖြစ်သည်။ ဤအစီအမံများသည် အစိုးရ၏ ခရီးသွားလာရေး မူဝါဒနှင့် လျော်ညီစွာ ကိုက်ညီမှုရှိမည်ဟု ဆိုသည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနသည် အမည်ခံ (Nominee) စီးပွားရေး အစီအစဉ်များကို ကိုင်တွယ် ဖြေရှင်း ရန်အတွက် အမျိုးသားမူဝါဒ ကော်မတီနှင့် ဒေသန္တရအဆင့် ယန္တရားများ ဖွဲ့စည်းရေးကို အစိုးရအဖွဲ့ထံ အဆိုပြုရန် ပြင်ဆင်နေသည်။ ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် Passakorn Boonyalak က နိုင်ငံခြားသားများ အခြေချနေထိုင်မှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများကို ကြီးစိုးလာမှု ပြဿနာအား ဖြေရှင်းရေး အင်္ဂါနေ့တွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ဆွေးနွေးခဲ့သည်။

ကမ္ဘာ့ဒေသအသီးသီးတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ဗီဇာကင်းလွတ်ခွင့် မူဝါဒများကြောင့် နိုင်ငံ တွင်းသို့ ဝင်ရောက်မှု ပိုများလာကြောင်း သူကဆိုသည်။ နိုင်ငံခြားသားများက ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominee) အဖြစ် အသုံးပြုကာ မြေယာဝယ်ယူခြင်း၊ ဒေသခံများနှင့် ယှဉ်ပြိုင်သည့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် စိုးရိမ်မှုများ ရှိနေသည်။ ထိခိုက်ခံရသော လုပ်ငန်းများတွင် ဟိုတယ်၊ ဆေးရုံ၊ ပုဂ္ဂလိက တက္ကသိုလ်၊ စားသောက်ဆိုင်နှင့် ဝန်ဆောင် မှု လုပ်ငန်းများ ပါဝင်  သည်။

အစိုးရအနေဖြင့် ဤပြဿနာများသည် သြဇာခံအုပ်စုများ ဖွဲ့စည်းလာခြင်း၊ ရာဇဝတ်မှုများနှင့် နိုင်ငံကို တရားမဝင် လုပ်ငန်းများအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုခြင်း စသည့် အခြားဆိုးကျိုးများဆီသို့ ဦးတည်သွားနိုင်သောကြောင့် အလျင်အမြန် အရေးယူရန် လိုအပ်သောအရေးပေါ်ကိစ္စရပ်များအဖြစ် ရှုမြင် ထားသည်။ ထို့ကြောင့် အင်္ဂါနေ့ အစည်းအဝေးတွင် ခိုင်မာ၊ စနစ်ကျသော ယန္တရားများ တည်ဆောက်နိုင် ရေး သက်ဆိုင်ရာ အေဂျင်စီများ ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး တက်ရောက်လာသူများသည် နိုင်ငံခြားသားများ အခြေချနေထိုင်မှုနှင့် နိုင်ငံခြားသားများ စီးပွားရေး  ကြီးစိုးမှုကို ဖြေရှင်းရန်နှင့် ဆိုင်ရာဥပဒေများ ပြင်ဆင်ရန် ဆပ်ကော်မတီ နှစ်ခုပါဝင်မည့် မူဝါဒ ကော်မတီတစ်ရပ် ခန့်အပ်ရေး ဝန်ကြီးချုပ်ရုံး၏ အမိန့်မူကြမ်းကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြသည်။

Source Bangkok Post