၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို လာမယ့် စက်တင်ဘာ ၂၈ ရက်ကစပြီး လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 20 September 2026
#တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ
#YMG/SW #Yangon_Times
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရာကနေ ယမန်နေ့အထိ အ.ထ.က(အိုင်သပြု) အပါအဝင် အခြေခံပညာကျောင်း (၁၅)ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ လေးမျက်နှာမြို့နယ်ပညာရေးမှူးရုံးကနေသိရပါတယ်။
#Local_News
Published 19 September 2026
#လေးမျက်နှာ
#YMG/NN #Yangon_Times
ဝါးထုတ်လုပ်မှုဟာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ကို အထောက်အကူပြုသလို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ သဘာဝအရင်းအမြစ်တစ်ခုဖြစ်တာကြောင့် ဝါးကဏ္ဍဖွံဖြိုးရေး နယ်ပယ်သစ်များချဲ့ထွင်ဖို့အတွက် ယမန်နေ့ကနေပြည်တော်မှာ ကျင်းပတဲ့ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနားမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
#Local_News
Published 19 September 2026
#ဝါး
#YMG/SW #Yangon_Times
အစိုးရ၊ပုဂ္ဂလိက၊တောင်သူ ပူးပေါင်းမှုဖြင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးနဲ့လိုအပ်သော မြေနေရာအကျယ်အဝန်းရရှိနိုင်တဲ့ မြစ်ကြီးနားနဲ့ မိုးညှင်းမြို့နယ်မှာ ပဲပုပ်ဆီကြိတ်စက်ရုံတည်ဆောက်ဖို့ လျာထားတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ် ။
#Local_News
Published 19 September 2026
#မြစ်ကြီးနား #ပဲပုတ်ဆီ
#YMG/NN #Yangon_Times
#Daily_News
Published 19 September 2026
၁။ လေးမျက်နှာ၌ အခြေခံပညာကျောင်း(၁၅)ကျောင်း ပြန်လည်ဖွင့်လှစ်၊(၂၄)ကျောင်း ပြန်လည်ဖွင့်လှစ်ရန်ကျန်ရှိ
၂။ ဝါးကဏ္ဍဖွံ့ဖြိုးရေး နယ်ပယ်သစ်များချဲ့ထွင်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း
၃။ မြစ်ကြီးနားနှင့်မိုးညှင်းတွင် ပဲပုတ်ဆီကြိတ်စက်ရုံများ တည်ထောင်ရန်ပြည်နယ်အစိုးရလျာထား
၄။ လျှပ်စစ်ကားများအတွက်နိုင်ငံတကာစံချိန်စံညွှန်းအသစ် တရုတ်ကျွမ်းကျင်သူများထုတ်ပြန်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 September 2026
■ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ လင်းရွာကျေးရွာမှ ဦးထိန်လင်းဦးက အလေးချိန် ၁.၀၃၈ ဂရမ်ရှိ ပျူခေတ်ရွှေခြင်းလုံးငယ်တစ်လုံးကို နိုင်ငံတော်ပိုင်အဖြစ် လာရောက်အပ်နှံခဲ့သည့်အတွက် ငွေကျပ် ၅၄၉,၅၂၅ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု၌ ကျင်းပခဲ့ပြီး ဌာနတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားတွင် သရေခေတ္တရာဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ရှေးဟောင်းပစ္စည်းများသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ဖော်ထုတ်ရာတွင် အရေးပါသည့် အထောက်အထားများဖြစ်သဖြင့် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
■ ထို့ပြင် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားမဝင်ရောင်းချခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း၊ ရှေးဟောင်းပစ္စည်းများကို နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် တာဝန်သိစိတ်ဖြင့် အပ်နှံသူများအား သတ်မှတ်ချက်များနှင့်အညီ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေများပါ တွက်ချက်၍ ချီးမြှင့်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
■ ယင်းနောက် ပျူခေတ်ရွှေခြင်းလုံးငယ်ကို လာရောက်အပ်နှံခဲ့သည့် ဦးထိန်လင်းဦးအား ငွေကျပ် ၅၄၉,၅၂၅ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
.
#Local_News
Published 19 September 2026
■ ချင်းပြည်နယ်ရှိ ဖလမ်းမြို့ကို တပ်မတော်ကထိန်းချုပ်ပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများသည် မေ ၆ ရက်မှ စတင်ကာ နေရပ်သို့ နေ့စဉ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာလတ်တ လောတွင် ဖလမ်းမြို့ပေါ် လူဦးရေ၏ ၂၁ ဒသမ ၆၄ ရာခိုင်နှုန်း ပြန်လည်နေထိုင်နေပြီဖြစ် ကြောင်းသိရသည်။
■ စက်တင်ဘာလ ၁၇ ရက်နေ့က ဖလမ်းမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒေသခံပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်နှင့်တာဝန်ရှိသူများက ကျင်မွာလ်ရပ်ကွက် လွတ်လပ်ရေးစေတီ၌ ကြိုဆိုကြသည်။
■ ထို့နောက် သက်ဆိုင်ရာ ဌာနဆိုင်ရာများက နေရပ်ပြန်လာသူ ဒေသခံပြည်သူ ၁၁၁ ဦးအား အချက်အလက်ကောက်ယူမှုကို ကြည့်ရှုအားပေးပြီး ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
■ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဖလမ်းမြို့တွင် အခြေခံအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ၊ နေရပ်ပြန်ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိပြီး ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်လျက်ရှိကြောင်း သိရသည်။
■ ထို့အတူ ယမန်နေ့က အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဖလမ်းမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရှလွယ်ခန်းမ၌ ကျင်းပသည်။
■ အဆိုပါပြိုင်ပွဲသို့ ဖလမ်းမြို့ ပေါ်ကျောင်းများမှ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလ တန်းအဆင့်ပြိုင်ပွဲဝင် ကျောင်သား ကျောင်းသူ ၅၉ ဦး ပါဝင်ယှဉ်ကြပြီး ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုကို ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
■ ပြိုင်ပွဲအပြီးတွင် မြို့ပြနှင့်အိုးအိမ်ဦးစီးဌာန လေးခန်းတွဲနှစ်ထပ်အိမ်ရာ နှစ်လုံးပြုပြင်နေမှု၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 1 of 2499