စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတွေကို ထုတ်ပြန်ပေးလျှက်ရှိရာမှာ ယခုတစ်ပတ်ကစတင်ပြီး တည်ငြိမ်စပြုလာတာကိုတွေ့ရှိရပါတယ်။
#Local_News
Published 13 October 2025
#စားသုံးဆီ #စားအုန်းဆီ
#YMG/SW #Yangon_Times
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့က (၆)ကြိမ်မြောက် အာဆီယံစဉ်ဆက်မပြတ် တိုးတက်ဖွံဖြိုးမှုအရှိဆုံးမြို့ဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 13 October 2025
#ကရင်ပြည်နယ် #ဘားအံမြို့
#YMG/SW #Yangon_Times
အာရှယူ-၁၇ အမျိုးသမီးဘောလုံးပြိုင်ပွဲကိုမြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး ခြေစစ်ပွဲအောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့
မြန်မာယူ-၁၇ အမျိုးသမီးအသင်းကသိရပါတယ်။
#Local_News
Published 13 October 2025
#အာရှခြေစစ်ပွဲ #အမျိုးသမီးဘောလုံးပြိုင်ပွဲ
#YMG/NN #Yangon_Times
#Local_News
Published 13 October 2025
▪️ ASEAN New Delhi Committee (ANDC) ၏ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားသံရုံးက ကြီးမှူး ကျင်းပသည့် အာဆီယံဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်းရတနာများပါဝင်ပြသခဲ့ ကြောင်း သိရသည်။
▪️ ၂၀၂၅ ခုနှစ် အာဆီယံဈေးရောင်းပွဲတော်ကို ၁၁-၁၀-၂၀၂၅ ရက်နေ့ ၁၂:၀၀ နာရီ အချိန်တွင် နယူးဒေလီမြို့ရှိ မလေးရှားသံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးဝန်ထမ်းမိသားစုများ ပါဝင်တက်ရောက်ခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကိုယ်စားလှယ်များနှင့် အတူ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် အာဆီယံသံရုံးများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ အာဆီယံဈေးရောင်းပွဲတော်ကို နေ့လယ်(၁၂:၀၀)အချိန်မှ ညနေ(၁၆:၀၀)အချိန်ထိ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ မြန်မာ့ရိုးရာ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ပြခန်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်းရတနာများနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးစာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 13 OCtober 2025
၁။ အာရှခြေစစ်ပွဲကိုအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည်
၂။ အာဆီယံစဉ်ဆက်မပြတ် တိုးတက်ဖွံဖြိုးမှုအရှိဆုံးမြို့ဆုကို ဘားအံမြို့ ရရှိခဲ့
၃။ စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တည်ငြိမ်စပြုလာ
၄။ ဗင်နီဇွဲလားတောင်းဆိုမှုအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးဟာ သုံးရက်အတွင်း တစ်အောင်စကို (၇၀) ဒေါ်လာကျော်ဝန်းကျင်အထိမြင့်တက်လာသလို ရွှေပြင်ပပေါက်ဈေးဟာလည်း ကျပ်တစ် သိန်းကျော်အထိ ဆက်လက်မြင့်တက်လာပြီး ရွှေဈေးကွက်ထဲမှာတော့ ဝယ်လိုအားထက် ရောင်းလိုအားများနေတယ်လို့ သိရပါတယ်။
#Local_News
Published 13 October 2025
#ကမ္ဘာ့ရွှေ #ရွှေ
#YMG/NN #Yangon_Times
#Local_News
Published 13 October 2025
▪️ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်
(NCA)ချုပ်ဆိုသည့် (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ NCA (၁၀)နှစ်ပြည့်အခမ်းအနားတွင် “ငြိမ်းချမ်းသောအနာဂတ်တည်ဆောက်ခြင်း”အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ကြီးမှူး၍ကျင်းပသွားမည်ဖြစ်သည်။
▪️ ထို့အပြင် ဖိတ်ကြားထားသည့် ပြည်ပနိုင်ငံ(၈)နိုင်ငံမှ အသိပညာရှင်၊ အတတ်ပညာရှင်များမှ ဦးဆောင်၍ နိုင်ငံရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့်တို့မှ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ပြီး ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များဖော်ထုတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် လူ့စွမ်းအားအရင်းအ မြစ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင်ရွက်ရာ၌ ပထဝီစီးပွားရေးဆိုင်ရာအ ခွင့်အလမ်းများ၊ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 1 of 2195