Politics

NCA Anniversary Address: 12 Key Points on Peace, Dialogue and Federalism

In his address marking the 11th anniversary of the Nationwide Ceasefire Agreement (NCA) on 15 October 2026, President U Min Aung Hlaing outlined the government’s approach to peace, national unity and federalism. He reiterated invitations for peace talks without preconditions, urged the resolution of differences through dialogue, and emphasized respect for minority rights and existing agreements. The following 12 key points highlight the principal statements, proposals and priorities presented in his speech.

The key points from the speech marking the 11th anniversary of the Nationwide Ceasefire Agreement (NCA) are:

1. NCA remains the foundation of the peace process. The President described it as both a ceasefire agreement and a political commitment to resolve armed conflicts through dialogue and build a Union based on democracy and a federal system.

2. Peace talks are open without preconditions. He reiterated the invitation to both NCA signatories and non-signatories, specifically calling on the KNU, CNF and ABSDF to participate.

3. PDF groups were urged to return to the legal fold. He called on them to pursue democratic objectives through non-violent means.

4. Differences should be resolved through negotiation. He urged armed organizations, political parties, civil society organizations and citizens to seek practical, achievable solutions through dialogue.

5. Existing peace commitments should be honoured. He called for continued implementation of the NCA and further efforts to encourage non-signatory ethnic armed organizations to sign.

6. Previous agreements will be taken forward. He said the 43 proposed constitutional amendment points and Parts I, II and III of the Union Accord would be discussed and approved in the Pyidaungsu Hluttaw and implemented in phases.

7. Federal provisions of the 2008 Constitution will be implemented. He outlined federalism as a constitutional division of executive, legislative and judicial powers, enabling regional and state self-administration.

8. Democracy must respect minority rights and differing views. He emphasized that majority rule should give due regard to minorities and called for avoiding discrimination, personality cults and treating political opponents as enemies.

9. States should represent all their inhabitants. He said states belong collectively to all ethnic communities living within them and urged joint consideration of state names that reflect this diversity.

10. Peace institutions have been reorganized. The central, working and negotiation committees will coordinate the process, with the Working Committee setting timelines and strategies and the Negotiation Committee carrying out implementation.

11. Talks aim ultimately to convene a Peace Conference. He outlined continued informal, formal and bilateral discussions to strengthen ceasefires and prepare for official meetings under the NCA.

12.Peace and development should advance together. He linked lasting peace with rehabilitation, regional development, education, healthcare and livelihoods, presenting these efforts as a responsibility to future generations.

 

 

ငြိမ်းချမ်းရေးသဘောတူညီချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်းများကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်

နေပြည်တော်၊ အောက်တိုဘာ ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့်ဆက်စပ်၍ ဆွေးနွေးသဘောတူထားသည့် အချက် ၄၃ ချက်နှင့် ပြည်ထောင်စုသဘောတူညီချက် (Union Accord) အပိုင်း ၁၊ ၂၊ ၃ တို့ကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အစိုးရတာဝန်ယူသည့် ငါးနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်မည်ဟု လွှတ်တော်၌ ပြောကြားထားပြီးဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သူများနှင့် လက်တွဲသွားမည်ဖြစ်ကာ လက်တွဲဆောင်ရွက်၍ မရသူများနှင့်ပတ်သက်၍လည်း နည်းလမ်းရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းသည်။

အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်များမှာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး တိုင်းရင်းသားအားလုံး ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ရောယှက်နေထိုင်ကြသဖြင့် ဒေသတစ်ခုသည် ထိုဒေသတွင် နေထိုင်သူအားလုံးနှင့် သက်ဆိုင်သည်ဟူသည့် သဘောထားနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အလေးထားကြရန်လည်း တိုက်တွန်းခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးနောက် နိုင်ငံရေးတွင် ပါဝင်လိုပါက ဥပဒေနှင့်အညီ ပါတီတည်ထောင်နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။ ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုသူများအတွက် တပ်မတော်နှင့်ပူးပေါင်း၍ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့် အရပ်သားအဖြစ် နေထိုင်လိုသူများအတွက် ဥပဒေအကာအကွယ်အောက်၌ လုံခြုံစွာနေထိုင်နိုင်ရန် လမ်းကြောင်းများကို ယခင်ကတည်းက ပြောကြားထားကြောင်း ထည့်သွင်းဆွေးနွေးသည်။

တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက NCA လက်မှတ်ရေးထိုးမှုမှ စတင်ခဲ့သည့် လမ်းကြောင်းအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပြီး လက်နက်ကိုင်အဖွဲ့များအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးတွင် ပါဝင်ကြရန်နှင့် အေးချမ်းစွာနေထိုင်လုပ်ကိုင်လိုသည့် ပြည်သူများနှင့်အတူ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ဒေသဖွံ့ဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့် အဆင့်မြင့်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်သူများ ပိုမိုများပြားလာရေး ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းသည်။ ထို့ပြင် လက်နက်ကိုင်အဖွဲ့များအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများမှ ကင်းရှင်းရန်လိုအပ်ပြီး ယင်းလုပ်ရပ်များကို ဥပဒေနှင့်အညီ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ခဲ့သူများနှင့် ပြုလုပ်သည့် ယင်းတွေ့ဆုံပွဲသို့ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ ALP၊ DKBA၊ LDU၊ NMSP၊ RCSS၊ KNU/KNLA-PC၊ SSPP နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီတို့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ အစိုးရဘက်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဝင်ရိုးစုံကမ္ဘာတွင် မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေး — BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၏ အလားအလာ

ကေစီရှာမား ရေးသားသည်

နိုင်ငံတကာစီးပွားရေး အခင်းအကျင်းသည် အရေးပါသော အပြောင်းအလဲများကို ဖြတ်သန်းလျက်ရှိသည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍများတွင် ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများအား မိမိတို့၏ ပြည်ပမိတ်ဖက်ဆက်ဆံရေးများကို ပြန်လည်သုံးသပ်ရန် တွန်းအား ပေးလျက်ရှိသည်။ ရှိနှင့်ပြီးဖြစ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ BRICS ကဲ့သို့သော နိုင်ငံအစုအဖွဲ့များသည်လည်း ဝင်ရိုးစုံကမ္ဘာစနစ်၊ ဖွံ့ဖြိုးရေးဘဏ္ဍာငွေနှင့် ကမ္ဘာ့စီမံအုပ်ချုပ်မှုစနစ်တွင် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏ ပါဝင်ကိုယ်စားပြုမှုတို့နှင့် ပတ်သက်သည့် ဆွေးနွေးမှုများ၌ ပိုမိုအရေး ပါလာသည်။

မြန်မာနိုင်ငံအတွက် အဆိုပါအပြောင်းအလဲများသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ နိုင်ငံ၏ ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို အကောင်အထည်  ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ရေး၊ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးနှင့် ယုံကြည် စိတ်ချရသော စွမ်းအင်ထောက်ပံ့မှုရရှိရေးတို့သည် အရေးပါသော ရည်မှန်းချက်များအဖြစ် ဆက်လက်  တည်ရှိနေသည်။ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေးအပါအဝင် BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံပူး ပေါင်းခြင်းသည် ဘဏ္ဍာရေး၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နောက်ထပ် လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်သည်။

ဤသို့ ပူးပေါင်းဆောင်ရွက်ရန် စဉ်းစားသင့်သည့် အခြေခံအကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ ရွေးချယ်စရာ များကို ပိုမိုကျယ်ပြန့်စေနိုင်ခြင်းဖြစ်သည်။ ယင်း၏ အကျိုးတန်ဖိုးသည် ပါဝင်ဆောင်ရွက်နိုင်မည့် အတိုင်းအတာ၊ အလားအလာရှိသော မိတ်ဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် သံတမန်ရေး ဆက်ဆံမှုမှတစ်ဆင့် လက်တွေ့အကောင်အထည်ဖော်နိုင်သော စီမံကိန်းများ ဖော်ဆောင်နိုင်မည့် မြန်မာ နိုင်ငံ၏ စွမ်းဆောင်ရည်တို့အပေါ် မူတည်မည်ဖြစ်သည်။ ထို့ကြောင့် BRICS နှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကို ပိုမိုကျယ်ပြန့်သော စွမ်းအင်လုံခြုံရေးမဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် သုံးသပ်သင့်သည်။

ဘဏ္ဍာရေးနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်း

မြန်မာနိုင်ငံ၏ စွမ်းအင်ဦးစားပေးလုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေ သည်။ အခြေခံအဆောက်အအုံများ ခေတ်မီတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိရန် လိုအပ်သည်။ တစ်ချိန်တည်းတွင် လက်ရှိပိတ်ဆို့အရေးယူမှုများနှင့် ပြောင်းလဲလျက်ရှိသော ပြည်တွင်း အခြေအနေများသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ဆက်ဆံပူးပေါင်း  မှု အရှိန်အဟုန်နှင့် အတိုင်းအတာတို့အပေါ် သက်ရောက်နိုင်သည်။ ဘဏ္ဍာရေးမိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့ခြင်းက နိုင်ငံ၏ အခြေခံအဆောက်အအုံနှင့် စွမ်းအင်ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အထောက် အကူပြုနိုင်သည်။

BRICS နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဆက်ဆံ  မှုများကို ပိုမိုစုံလင်စေနိုင်သည်။ ကုန်သွယ်ရေး၊ ဘဏ္ဍာငွေရရှိရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အစီအစဉ်များ ထပ်မံဖော်ဆောင်ခြင်းက ပြည်ပဆက်သွယ်ဆောင်ရွက်ရေး လမ်းကြောင်းအနည်းငယ်  အပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပြီး ရေရှည်မိတ်ဖက်ဆက်ဆံမှုများ တည်ဆောက်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။

BRICS တွင် အီရန်နိုင်ငံ ပါဝင်လာခြင်းသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေ ရသော နိုင်ငံများက အဆိုပါအစုအဖွဲ့အတွင်း ဆက်ဆံရေးများ တိုးချဲ့ရန် စိတ်ဝင်စားကြောင်း ပြသသည့် ဥပမာတစ်ခုဖြစ်သည်။ သို့သော် အီရန်၏ အတွေ့အကြုံကို မြန်မာနိုင်ငံအတွက် တိုက်ရိုက်  အသုံးချနိုင်သော ပုံစံတစ်ခုဟု ယူဆ၍မရပါ။ ပူးပေါင်းဆောင်ရွက်မှုမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးအခြေအနေ၊ အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များနှင့် အခြား  ပါဝငသည့် နိုင်ငံများအကြား ဆက်ဆံရေးတို့အပေါ် မူတည်မည်ဖြစ်သည်။

အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ပံ့ပိုးပေးရာတွင် ပါဝင်သည့် အခန်းကဏ္ဍကြောင့် ဖွံ့ဖြိုး ရေးဘဏ်သစ် (New Development Bank—NDB) သည်လည်း ဤဆွေးနွေးမှုနှင့် ဆက်စပ်နေသည်။ BRICS နှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခြင်းက အနာဂတ်တွင် အဆိုပါဘဏ်နှင့် ဆက်စပ်သော ပူးပေါင်း ဆောင်ရွက်မှုများအတွက် အထောက်အကူဖြစ်နိုင်ခြင်း ရှိ၊ မရှိကို မြန်မာနိုင်ငံအနေဖြင့် လေ့လာနိုင်သည်။ သို့သော် ယင်းအလားအလာများကို သက်ဆိုင်ရာအခြေအနေများနှင့် ချိန်ဆသုံးသပ်ရမည်ဖြစ်ပြီး မိတ်ဖက် နိုင်ငံအဆင့်အတန်း ရရှိခြင်းကို NDB ဘဏ္ဍာငွေ အလိုအလျောက်ရရှိခွင့်နှင့် တူညီသည်ဟု မဖော်ပြ သင့်ပါ။

နိုင်ငံသုံးငွေကြေးများဖြင့် ဘဏ္ဍာငွေ ပံ့ပိုးပေးရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သည့် အခြေအနေတွင် ယင်းက ငွေပေးချေမှုအစီအစဉ်များကို ပိုမိုစုံလင်စေပြီး နိုင်ငံခြားငွေလဲနှုန်းနှင့် ဆက်စပ်သော အန္တရာယ်အချို့ကို လျှော့ချနိုင်သည်။ ထိရောက်မှုမှာ ငွေကြေး တည်ငြိမ်မှု၊ ငွေဖြစ်လွယ်မှုနှင့် ငွေချေးသူများ၊ ပစ္စည်းပေးသွင်းသူများ၏ လိုလားချက်တို့အပေါ် မူတည် မည်ဖြစ်သည်။

အလားတူ ရှင်းလင်းစွာ သတ်မှတ်ထားသော စီမံကိန်းဖွဲ့စည်းပုံများနှင့် သင့်လျော်သော အငြင်းပွားမှု ဖြေရှင်းရေး အစီအစဉ်များက ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သည်။ ယင်းယန္တရား များကို သေချာစွာ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပြီး နိုင်ငံရေး၊ ဘဏ္ဍာရေး သို့မဟုတ် လုပ်ငန်း လည်ပတ်မှုဆိုင်ရာ အန္တရာယ်များကို အလုံးစုံဖယ်ရှားပေးနိုင်မည်ဟုတော့ မယူဆသင့်ပါ။

နိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေး

BRICS ၏ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်တွင် ဖော်ပြထားသော စွမ်းအင်ဆိုင်ရာ ချဉ်းကပ်မှု၏ အဓိက လက္ခဏာတစ်ရပ်မှာ နိုင်ငံအသီးသီး၏ အခြေအနေများနှင့် ဖွံ့ဖြိုးရေးဦးစားပေးလုပ်ငန်းများကို ထည့်သွင်း  စဉ်းစားသည့် စွမ်းအင်ကူးပြောင်းရေးကို အလေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွက် ဤမူသည် လက်တွေ့အရ ဆက်စပ်အရေးပါသည်။ စွမ်းအင်မူဝါဒသည် လက်ရှိလျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ရေရှည်ခေတ်မီတိုးတက်ရေးနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိုလည်း အထောက်အကူပြုရမည်ဖြစ်သည်။

ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် အိမ်ထောင်စုများ၏ လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် စွမ်းအင်ကူးပြောင်းရေး မူဝါဒ များတွင် ကုန်ကျစရိတ်ကို တတ်နိုင်ခြင်း၊ ထောက်ပံ့မှုအဆက်မပြတ်ရှိခြင်းနှင့် နည်းပညာအသစ်များကို လက်ခံအသုံးချနိုင်မည့် လျှပ်စစ်ဓာတ်အားစနစ်၏ စွမ်းရည်တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဤမူဘောင်အတွင်း ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့အပါအဝင် သမားရိုးကျလောင်စာများသည် အဆင့်လိုက်ကူးပြောင်းရေးကာလတွင် ဆက်လက်ပါဝင်နေဖွယ်ရှိသည်။ ယင်းတို့ကို ဆက်လက်အသုံးပြု ခြင်းနှင့်ပတ်သက်၍ ထောက်ပံ့မှု၏ ယုံကြည်စိတ်ချရမှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု၊ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုနှင့် အစားထိုးရွေးချယ်စရာများ ရရှိနိုင်ခြင်းတို့နှင့် ချိန်ဆသုံးသပ်သင့်သည်။

တဖြည်းဖြည်းချင်း ကူးပြောင်းသည့် ချဉ်းကပ်မှုက မြန်မာနိုင်ငံအား လျှပ်စစ်ဓာတ်အားကွန်ရက် အားကောင်းစေရန်၊ ပိုမိုသန့်ရှင်းသော ဓာတ်အားထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန်နှင့် စွမ်းအင်အသုံးချမှု ထိရောက်စေရန် အချိန်ပေးနိုင်သည်။ သို့သော် လက်ရှိလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွက် သည့် အစီအမံများက နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးလိုအပ်ချက်များကိုပါ အထောက်အကူပြုစေရန် အဆင့် လိုက်ဆောင်ရွက်မှုတွင် ရှင်းလင်းသော ရည်မှန်းချက်များ ပါရှိသင့်သည်။

BRICS နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့ အကြုံဖလှယ်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ မူဝါဒပိုင်းအရ ရရှိနိုင်မည့် အကျိုးကျေးဇူးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ကုန်ကျစရိတ်တတ်နိုင်ပြီး စနစ်တကျရှိသော စွမ်းအင် ကူးပြောင်းရေးကို ပိုမိုပြောင်းလွယ်ပြင်လွယ် ရေးဆွဲနိုင်ခြင်းဖြစ်သည်။

စွမ်းအင်နည်းပညာများ ရရှိနိုင်မှု တိုးချဲ့ခြင်း

သမားရိုးကျစွမ်းအင် လိုအပ်ချက်များကို အသိအမှတ်ပြုခြင်းနှင့်အတူ BRICS နိုင်ငံများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားနည်းပညာများဆိုင်ရာ အင်အားကောင်းသော စွမ်းဆောင်ရည်များလည်း ရှိနေသည်။ အစုအဖွဲ့၏ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး လမ်းပြအစီအစဉ်တွင် ပူးတွဲသုတေသန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဖော်ပြထားသည်။

အဆိုပါစွမ်းဆောင်ရည်များသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် ဆက်စပ် နေသည်။ တရုတ်နိုင်ငံသည် ဆိုလာပစ္စည်းထုတ်လုပ်မှု၊ ဘက်ထရီနှင့် ဆက်စပ်ထောက်ပံ့ရေး ကွင်းဆက်များတွင် အားကောင်းသော အနေအထားရှိသည်။ ရုရှားနိုင်ငံတွင် အဆင့်မြင့်နျူကလီးယား  နည်းပညာများ ရှိပြီး ဘရာဇီးနိုင်ငံတွင် ဇီဝလောင်စာဆိုင်ရာ အတွေ့အကြုံများစွာ ရှိသည်။ ယင်းနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားနိုင်သော နည်းပညာနှင့် စက်ကိရိယာအမျိုးအစားများကို ပိုမိုကျယ်ပြန့်စေနိုင်သည်။

သို့သော် ယင်းတို့ကို ရရှိအသုံးချနိုင်ခြင်းသည် တိကျသော သဘောတူညီချက်များ၊ ဘဏ္ဍာငွေဆိုင်ရာ အစီအစဉ်များနှင့် စီမံကိန်း၏ သင့်လျော်မှုတို့အပေါ် မူတည်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နည်းပညာများကို ကုန်ကျစရိတ်၊ လိုအပ်သော အခြေခံအဆောက်အအုံ၊ အကောင်အထည်ဖော်ရန် ကြာ ချိန်နှင့် ပြည်တွင်းလုပ်ငန်းလည်ပတ်နိုင်စွမ်းတို့အပေါ် အခြေခံ၍ သုံးသပ်ရန် လိုအပ်သည်။

ဥပမာအားဖြင့် လျှပ်စစ်ဓာတ်အားရရှိမှု တိုးတက်စေရေး အစီအစဉ်များအတွင်း ဆိုလာ ဓာတ်အားထုတ်လုပ်မှုနှင့် စွမ်းအင်သိုလှောင်မှုတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ဇီဝလောင်စာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြည်တွင်းအရင်းအမြစ် အခြေအနေများနှင့် ချိန်ဆသုံးသပ်နိုင်သည်။ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက်မူ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်၊ ဘဏ္ဍာငွေနှင့် ရေရှည်လုပ်ငန်းလည်ပတ်မှု တာဝန်များကို အထူးဂရုပြု သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။

နည်းပညာပူးပေါင်းဆောင်ရွက်ရေး၏ အခိုင်မာဆုံး အခြေခံမှာ ပြည်ပကျွမ်းကျင်မှုများကို ရှင်းလင်းစွာ သတ်မှတ်ထားသော နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီစွာ အသုံးချခြင်းဖြစ်သည်။ ကုန်ကျစရိတ်  တတ်နိုင်သော စက်ကိရိယာများသည် ကျွမ်းကျင်မှုဖွံ့ဖြိုးရေး၊ ပြုပြင်ထိန်းသိမ်းနိုင်စွမ်းနှင့် ရေရှည်လည်  ပတ်မှုကို အထောက်အကူပြုသည့် အစီအစဉ်များနှင့် တွဲဖက်လာသည့်အခါ ပိုမိုအကျိုးရှိမည်ဖြစ်သည်။

ထောက်ပံ့ရေးကွင်းဆက်များ၏ ခံနိုင်ရည် အားကောင်းစေခြင်း

BRICS သည် အဓိကစွမ်းအင်တင်ပို့သည့် နိုင်ငံများနှင့် စွမ်းအင်သုံးစွဲမှု များပြားသော စီးပွားရေး နိုင်ငံများကို စုစည်းထားသည်။ ဤဖွဲ့စည်းမှုသည် စွမ်းအင်ထောက်ပံ့မှု လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကုန်သွယ်ရေးတို့ကို ဆွေးနွေးရန် အသုံးဝင်နိုင်သော ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်း တစ်ခု ဖြစ်စေသည်။

မြန်မာနိုင်ငံအတွက် ဤကွန်ရက်အတွင်း ပိုမိုနီးကပ်သော ဆက်ဆံရေးများ တည်ဆောက်ခြင်းက ပေးသွင်း(ထောက်ပံ့)သူများ ပိုမိုစုံလင်လာစေရေးနှင့် မရှိမဖြစ်လိုအပ်သော စွမ်းအင်အရင်းအမြစ်များ ရရှိနိုင်မှု အားကောင်းစေရေးတို့ကို အထောက်အကူပြုနိုင်သည်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း သည့် လမ်းကြောင်းများအပါအဝင် ရှိနှင့်ပြီးဖြစ်သော ထောက်ပံ့ရေးလမ်းကြောင်းများတွင် ပထဝီနိုင်ငံရေး  တင်းမာမှုများကြောင့် အနှောင့်အယှက်ဖြစ်ပေါ်သည့်အခါ ယင်းပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေး ပါလာနိုင်သည်။

သို့ရာတွင် သံတမန်ရေးအစုအဖွဲ့တစ်ခု၌ ပါဝင်ခြင်းတစ်ခုတည်းက စွမ်းအင်ပေးပို့မှု အဆက်မပြတ်ရှိရေး သို့မဟုတ် နိုင်ငံတကာဈေးနှုန်း အတက်အကျများမှ ကာကွယ်နိုင်ရေးကို အာမခံပေးနိုင်မည်မဟုတ်ပါ။ လက်တွေ့ထောက်ပံ့မှု လုံခြုံရေးသည် လောင်စာရရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံ  အဆောက်  အအုံ၊ စီးပွားရေးစာချုပ်များနှင့် ပေးပို့မှုအစီအစဉ်များ၏ ခံနိုင်ရည်တို့အပေါ် မူတည်သည်။

ထို့ကြောင့် လက်တွေ့ရည်မှန်းချက်မှာ ပိုမိုကျယ်ပြန့်ပြီး အားထားနိုင်သော ထောက်ပံ့ရေးကွန်ရက်တစ်ခု ဖော်ဆောင်ရန်ဖြစ်သင့်သည်။ BRICS နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် စီးပွားရေးအရ အကောင်အထည်ဖော်နိုင်သော သဘောတူညီချက်များနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံ  များအတွက် ရင်းနှီးမြှုပ်နှံမှုတို့မှတစ်ဆင့် ယင်းရည်မှန်းချက်ကို အထောက်အကူပြုနိုင်သည်။

ထောက်ပံ့ရေးအရင်းအမြစ်များ ပိုမိုစုံလင်လာစေရေးတွင် ပေးသွင်းသူအနည်းငယ်အပေါ် စုစည်းမှီခိုမှု ကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များကိုလည်း အလေးထားရန် လိုအပ်သည်။ မြန်မာနိုင်ငံ၏ စွမ်းအင်  မဟာဗျူဟာသည် ဈေးကွက်အခြေအနေများနှင့် ပေးသွင်းသူတစ်ဦးချင်းစီ၏ အခြေအနေများ ပြောင်းလဲ လာသည့်အခါ လိုက်လျောညီထွေ တုံ့ပြန်နိုင်မည့် အနေအထားကို ထိန်းသိမ်းထားသင့်သည်။

လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးမူဘောင်

BRICS ၏ မိတ်ဖက်နိုင်ငံအဆင့်အတန်း ရရှိရေး ကြိုးပမ်းခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတကာ  ပူးပေါင်း  ဆောင်ရွက်မှုကို တိုးချဲ့ရန် သင့်လျော်သော ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ ဖြစ်နိုင်ခြေရှိသော အကျိုး  ကျေးဇူးများတွင် စွမ်းအင်ဆိုင်ရာ ဆက်ဆံရေး ပိုမိုအားကောင်းလာခြင်း၊ နည်းပညာရရှိနိုင်မှု ကျယ်ပြန့်  လာခြင်းနှင့် ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ရရှိရေးအတွက် နောက်ထပ်အခွင့်အလမ်းများကို လေ့လာနိုင်ခြင်းတို့ ပါဝင်သည်။

ယင်းအကျိုးကျေးဇူးများကို လက်တွေ့ရရှိရန် ဦးတည်ချက်ရှင်းလင်းသော လုပ်ငန်းအစီအစဉ်တစ်ရပ် လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးစီမံကိန်းများ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေဆိုင်ရာ စည်းကမ်းချက်များ သုံးသပ်ခြင်းနှင့် ယုံကြည်စိတ်ချရသော အကောင်အထည်ဖော်ရေး အစီအစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်သည်။ ပြည်တွင်းတည်ငြိမ်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲနိုင်စွမ်းတို့သည် ပြည်ပပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေးအတွက် အဓိကကျနေမည်ဖြစ်သည်။

BRICS နှင့် ဆက်ဆံပူးပေါင်းမှုကို ဒေသတွင်းမိတ်ဖက်များ၊ အခြားဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် အပြု သဘောဆောင်သော ဆက်ဆံရေးများ ဆက်လက်ထိန်းသိမ်းသည့် ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ဖော်ဆောင်နိုင်သည်။ မိတ်ဖက်ဆက်ဆံမှုများ စုံလင်သော သံတမန် ရေးနှင့် စီးပွားရေးမဟာဗျူဟာက မြန်မာနိုင်ငံအား မိမိ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အစီအစဉ် များ ဖော်ဆောင်ရန် ပိုမိုကျယ်ပြန့်သော အခွင့်အလမ်း ပေးနိုင်သည်။

BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို စဉ်းစားသင့်သည့် အခိုင်မာဆုံး အကြောင်းရင်းမှာ စွမ်းအင်နှင့် ဘဏ္ဍာငွေဆိုင်ရာ လိုအပ်ချက်များ မြင့်မားနေချိန်တွင် လက်တွေ့ရွေးချယ်စရာများ တိုးချဲ့ ပေးနိုင်ခြင်းဖြစ်သည်။ လက်တွေ့နှင့်ကိုက်ညီသော မျှော်မှန်းချက်များ၊ သေချာစွာရွေးချယ်ထားသော စီမံကိန်းများနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်မှုတို့ ရှိပါက ပိုမိုနီးကပ်သော ပူးပေါင်း ဆောင်ရွက်မှုသည် ခံနိုင်ရည်ရှိသည့် စွမ်းအင်စနစ်တစ်ရပ်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးအခြေအနေများနှင့် ကိုက်ညီသော စွမ်းအင်ကူးပြောင်းရေးကို အထောက်အကူပြုနိုင်သည်။

ဝင်ရိုးစုံပိုမိုဖြစ်ပေါ်လာနေသည့် ကမ္ဘာတွင် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား၊ ကုန်ကျစရိတ်  တတ်နိုင်သော စွမ်းအင်နှင့် ရေရှည်အသုံးခံသော အခြေခံအဆောက်အအုံများ ဖော်ဆောင်ပေးနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို အထောက်အကူပြုမည်ဖြစ်သည်။ BRICS နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသည် ယင်းရည်မှန်းချက်များသို့ ဦးတည်နိုင်သော လမ်းကြောင်းတစ်ခု ဖြစ်ပြီး ၎င်း၏ အကျိုးတန်ဖိုးကို နောက်ဆုံးတွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများအတွက် ရရှိလာသော လက်တွေ့အကျိုးကျေးဇူးများဖြင့် တိုင်းတာသင့်ကြောင်းသုံးသပ်ရေးသားရပါသည်။

(ဘာသာပြန်ဆောင်းပါး)

Health

စပါးကြီးမြွေသွေးထဲက မော်လီကျူးကနေ အဝလွန်သူတွေအတွက် ဝိတ်ကျဆေးအသစ် ပေါ်ထွက်လာနိုင်

၁၄ ဧပြီ၊၂၀၂၆

စပါးကြီးမြွေတွေဟာ သမင်လို အကောင်ကြီးမျိုးကို တစ်ထိုင်တည်း မျိုချပြီးရင် လနဲ့ချီပြီး ဘာမှထပ်မစားဘဲ နေနိုင်ကြတဲ့ ထူးခြားတဲ့ အလေ့အထရှိပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက မြွေတွေရဲ့ ဒီလိုထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အဓိကကျတဲ့ မော်လီကျူးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒါဟာ အဝလွန်သူတွေအတွက် ဆေးဝါးအသစ်တွေ ထုတ်လုပ်ရာမှာ လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြွေတွေ အစာစားပြီးချိန်မှာ သူတို့ရဲ့ သွေးထဲမှာ အဆပေါင်း ၁၀၀၀ လောက်အထိ မြင့်တက်လာတတ်တဲ့ pTOS လို့ခေါ်တဲ့ မော်လီကျူးတစ်ခုကို အဝလွန်နေတဲ့ ကြွက်တွေကို စမ်းသပ်တိုက်ကြည့်ခဲ့ပါတယ်။ အဲဒီအခါ ကြွက်တွေဟာ အစားအသောက်ကို သိပ်မစားတော့ဘဲ ကိုယ်အလေးချိန် အမြန်ကျသွားတာကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။ ဒီမော်လီကျူးဟာ Wegovy လို နာမည်ကြီး ဝိတ်ကျဆေးတွေနဲ့ ဆင်တူတဲ့ အာနိသင်မျိုး ပေးစွမ်းနိုင်တာကို တွေ့ရပါတယ်။

လက်ရှိသုံးနေတဲ့ Wegovy လို ဆေးတွေက အစာအိမ်ထဲကနေ အစာဆင်းတာကို နှေးစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်နေသလို ခံစားရစေပေမယ့် ပျို့အန်တာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိတဲ့ pTOS မော်လီကျူးကတော့ အဲဒီလို ဘေးထွက်ဆိုးကျိုးတွေ မရှိဘဲ၊ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း (Hypothalamus) ကို တိုက်ရိုက် သွားရောက်သက်ရောက်စေတာ ဖြစ်ပါတယ်။

"ကျွန်တော်တို့က မြွေတွေမှ မဟုတ်တာ" လို့ တွေးစရာရှိပေမယ့်၊ ဒီမော်လီကျူးက လူတွေရဲ့ ဆီးထဲမှာလည်း နည်းနည်းပါးပါး ပါဝင်နေတတ်တဲ့ သဘာဝဓာတ်တစ်ခု ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာလည်း သဘာဝအတိုင်း ရှိနေပြီးသားဖြစ်တဲ့အတွက် အနာဂတ်မှာ ဆေးအဖြစ်ထုတ်လုပ်တဲ့အခါ ဘေးထွက်ဆိုးကျိုးနည်းပြီး ပိုမိုဘေးကင်းလုံခြုံမှု ရှိနိုင်တယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒီရှာဖွေတွေ့ရှိမှုကို လူတွေမှာ လက်တွေ့ဆေးအဖြစ် အသုံးပြုနိုင်ဖို့အတွက်တော့ ထပ်ပြီး သုတေသနတွေ အများကြီး လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ သဘာဝတရားကြီးထဲမှာ ဒီလို အလွန်အမင်း ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတဲ့ တိရစ္ဆာန်တွေဆီကနေ လူသားတွေ ကျန်းမာရေးအတွက် အကျိုးရှိမယ့်အရာတွေ အများကြီး သင်ယူနိုင်တယ်ဆိုတာကို ဒီလေ့လာမှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။  Source: The Guardian

ဗိုက်တာမင်အားဆေးတွေနှင့်တွဲမသုံးသင့်သည့်ဆေးမျာ

၁၄ ဧပြီ၊၂၀၂၆

လူအတော်များများက ကျန်းမာရေးအတွက် နေ့စဉ် အားဆေး (Multivitamins) တွေ သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့သော ရောဂါကုသတဲ့ ဆေးဝါးတွေနဲ့ အားဆေးတွေကို တွဲသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ဆေးစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ဆေးဝါးတွေနဲ့ လမ်းကြောင်းတူတူ ဖြတ်သန်းရတာမို့ ဆေးအာနိသင်ကို ပြောင်းလဲသွားစေနိုင်လို့ သတိထားဖို့ လိုပါတယ်။

လည်ပင်းကျိတ် (သိုင်းရွိုက်) ဆေးတွေနဲ့ အရိုးပွရောဂါဆေးတွေဟာ အားဆေးတွေနဲ့ သိပ်မတည့်ပါဘူး။ အားဆေးထဲမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေက အဲဒီဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ ဒါကြောင့် ဒီဆေးတွေကို မနက် အစာမစားခင် ဗိုက်ဟာနေချိန်မှာ အရင်သောက်တာ အကောင်းဆုံးဖြစ်ပြီး၊ အားဆေးသောက်မယ်ဆိုရင် ဆေးသောက်ပြီး အနည်းဆုံး ၂ နာရီကနေ ၄ နာရီလောက် ခြားပြီးမှ သောက်သင့်ပါတယ်။

ပဋိဇီဝဆေး (ပိုးသတ်ဆေး) တွေ သောက်တဲ့အခါမှာလည်း အားဆေးနဲ့ အနည်းဆုံး ၂ နာရီလောက် ခြားသောက်ရပါမယ်။ မဟုတ်ရင် အားဆေးထဲက သတ္တုဓာတ်တွေနဲ့ ပေါင်းသွားပြီး ပိုးသတ်ဆေးက အပြည့်အဝ အာနိသင် မပြနိုင်တော့ပါဘူး။ သွေးကျဲဆေး (Warfarin) သောက်နေတဲ့သူတွေဆိုရင်လည်း အားဆေးထဲမှာပါတတ်တဲ့ ဗီတာမင် ကေ (Vitamin K) ကြောင့် သွေးခဲတာကို ကာကွယ်ပေးတဲ့ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် ကေ ပါတဲ့ အားဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်၊ သောက်လိုက် မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

ဆီးသွားစေတဲ့ဆေး (Diuretics) နဲ့ အစာအိမ်ဆေးတွေ သောက်နေရင်လည်း သတိထားရပါမယ်။ သွေးတိုးကျဖို့ပေးတဲ့ ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ဓာတ်ဆားတွေကို အပြောင်းအလဲဖြစ်စေလို့ အားဆေးတွေနဲ့ တွဲသောက်ရင် ကယ်လ်ဆီယမ်ဓာတ်တွေ အရမ်းများသွားတာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အစာအိမ်လေနာဆေး (PPIs) တွေက အစာအိမ်အက်ဆစ်ကို လျှော့ချပေးတာမို့ အားဆေးထဲက ဗီတာမင် B12 နဲ့ သံဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းကောင်း စုပ်ယူဖို့ ခက်ခဲသွားစေပါတယ်။

အချုပ်ပြောရရင်တော့ ပညာရှင်တွေက အားဆေးဆိုတာ လိုအပ်တဲ့ အာဟာရကို ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အစားအစာအစစ်တွေနေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်စတဲ့ သဘာဝအစားအစာတွေကိုပဲ မျှတအောင် စားသုံးပေးဖို့ပါ။ တကယ်လို့ သင်က ပုံမှန်သောက်နေရတဲ့ ဆေးတွေရှိတယ်ဆိုရင်တော့ အားဆေးတွေ မသောက်ခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးတာ အလုံခြုံဆုံးပါပဲ။

မြန်မာနိုင်ငံတွင် ကြိုတင်ကာကွယ်ရေး အာရုံစိုက်ဆောင်ရွက်သင့်သည့် နီပါဗိုင်းရပ်စ်

-အယ်ဒီတာတစ်ဦး

အိန္ဒိယနိုင်ငံအခြေအနေ

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) ၌ နီပါဗိုင်းရပ်စ် ကူးစက်မှု အသစ်တစ်ခု ဖြစ်ပွားနေတယ်လို့ သတင်းများအရသိရပါတယ်။

    နောက်ဆုံးအခြေအနေအဖြစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ စာရင်းများအရ ကောလ်ကတ္တား (Kolkata) မြို့အနီးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် အတည်ပြုလူနာ ၅ ဦး တွေ့ရှိ ထားပါတယ်။

ထိုသူတို့အနက် အများစုမှာ ကျန်းမာရေးဝန်ထမ်းများဖြစ်တဲ့ သူနာပြုများနှင့် ဆရာဝန်များ ဖြစ်ကြပြီး ကနဦးလူနာကို ပြုစုကုသရာမှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်ပါတယ်။

လက်ရှိတွင် လူပေါင်း ၁၀၀ နီးပါးကို သီးသန့်ခွဲခြား (Quarantine) ထားပြီး စောင့်ကြည့်  စစ်ဆေးနေ    တယ်လို့သိရပါတယ်။ယခုဖြစ်စဉ်သည် အနောက်ဘင်္ဂလားတွင် ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နီပါဗိုင်းရပ်စ်သည် နှစ်စဉ်ကူးစက်လေ့ရှိသော်လည်း ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း ကူးစက်မှုပုံစံ ပြောင်းလဲလာကြောင်း သတိပေးချက်များ ထွက်ပေါ်နေပါတယ်။

ယခင်က ဒီဇင်ဘာမှ ဧပြီလအတွင်းသာ ဖြစ်ပွားလေ့ရှိသော်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လတွင် ရာသီပြင်ပ ကူးစက်မှုများ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်သည် ယခင်က မတွေ့ရှိဖူးသည့် ဘိုလာ (Bhola) ကဲ့သို့သော ဒေသအသစ်များသို့ ပြန့်နှံ့လာပြီး နိုင်ငံတစ်ဝန်းရှိ ခရိုင်ပေါင်း ၃၅ ခုတွင် ဗိုင်းရပ်စ်ပိုးကို တွေ့ရှိထားပါသည်။

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၅ ခုနှစ်အတွင်း တွေ့ရှိခဲ့သည့် အတည်ပြုလူနာအားလုံး သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း အလွန်မြင့်မားတယ်လို့ဆိုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်တွင် ယခုနှစ်အတွက် လူနာသစ် မတွေ့သေးသော်လည်း အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တွင်အတည်ပြုလူနားများတွေ့ရှိထားတဲ့အတွက် အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်နေပါတယ်။

ကူးစက်မှု အများစုသည် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးစပ်သော ဒေသများတွင် ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ထို့အပြင် ယခုအချိန်သည် နီပါဗိုင်းရပ်စ် အများဆုံး ကူးစက်လေ့ရှိသည့် ရာသီ (ဒီဇင်ဘာမှ မေလအတွင်း) ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တစ်နိုင်ငံလုံးရှိ ခရိုင်ပေါင်း ၃၅ ခုတွင် အထူးသတိပေးချက်များ ထုတ်ပြန်ထားဆဲဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ အခြေအနေ

မြန်မာနိုင်ငံသည် နီပါဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် လင်းနို့ (Fruit Bats) များ ကျက်စားရာဇုန်တွင် ရှိနေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ကူးစက်မှုများ ရှိနေခြင်း ရှိခဲ့ခြင်းတို့ကြောင့် ် "အန္တရာယ်ရှိ  နိုင်ခြေရှိသော နိုင်ငံ" (High-risk  area) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပညာ ရှင်များက သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နယ်စပ်ဒေသများတွင် စောင့်ကြည့်မှုများ အားကောင်းရန် လိုအပ်သည့် အခြေအနေဖြစ်ပါ တယ်။

နီပါဗိုင်းရပ်စ် ကာကွယ်ရန် နည်းလမ်းများ

ဗိုင်းရပ်စ်သည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် ဝက်များမှတစ်ဆင့် လူထံသို့ ကူးစက်နိုင်သဖြင့် အောက်ပါတို့ကို ဆင်ခြင်ရန် လိုအပ်ပါတယ်။

◾️သစ်သီးဝလံများလင်းနို့ကိုက်ထားသော အမှတ်အသားပါသည့် အသီးများကို လုံးဝမစားပါနှင့်။ ◾️အသီးများကို သေချာစွာဆေးကြောပြီး အခွံခွာစားပါ။

◾️ထန်းရည်/ဓနိရည်-    လတ်ဆတ်သော ထန်းရည်၊ ဓနိရည်များကို အစိမ်းလိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ (ချက်ပြုတ်အပူပေးပြီးမှ သောက်ပါ)

◾️တစ်ကိုယ်ရေသန့်ရှင်းရေး-လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောပါ။

◾️တိရစ္ဆာန်များနှင့် ထိတွေ့မှု-နေမကောင်းသော ဝက်များ သို့မဟုတ် လင်းနို့များနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။

Source: Wire News

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.