Rice Export Zoneရှိ စိုက်ဧက တစ်သိန်း၌အပင်များအခြေအနေ၊ ရိတ်သိမ်းမှု အခြေအနေများကို စိစစ်ခြင်းအတွက် ဂြိုလ်တုမှထောက်လှမ်းအသုံးပြုတဲ့ စနစ်ဖြင့် စတင်ဆောင်ရွက်မယ့်အစီအစဉ်ကို Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 15 September 2026
#Rice_Export_Zone #ဂြိုလ်တု
#YMG/NN #Yangon_Times
မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို ပူးပေါင်းဆောင်ရွက်တဲ့ မိသားစုပြန်လည်ဆက်သွယ်ပေးရေး အခြေခံသင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့မှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 15 September 2026
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #တောင်ကြီးမြို့
#YMG/SW #Yangon_Times
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို လာမယ့်အောက်တိုဘာလ(၂၆)ရက် (သီတင်းကျွတ်လပြည့်နေ့)ကနေ(ကဆုန်လပြည့်နေ့ )အထိ ခုနှစ်လတိုင်တိုင် ကျင်းပသွားမယ်လို့ စေတီတော်ဂေါပကအဖွဲ့ကနေသိရပါတယ်။
#Local_News
Published 15 September 2026
#ကျိုက်ထီးရိုးစေတီတော်
#YMG/NN #Yangon_Times
ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးအနေနဲ့ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမီးရထားရိပ်သာမှာ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ တွေ့ဆုံပြီးရှမ်းပြည်နယ်အတွင်းရှိ ရထားလမ်းပိုင်းများနှင့် ဘူတာများ ကြံ့ခိုင်ကောင်းမွန်ရေး၊ လိုအပ်ချက်များဖြည့်ဆည်းပေးရေးတို့ကို မှာကြားခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 15 September 2026
#တောင်ကြီး_ကလော_သာစည် #ရထား
#YMG/SW #Yangon_Times
-ကောင်းမြတ်ကျော်ရေးသည်
မြန်မာနှင့် ကမ္ဘောဒီးယားတို့သည် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများမဟုတ်ကြသော်လည်း ထေရဝါဒဗုဒ္ဓဘာသာ၊ ယဉ်ကျေးမှုနှင့် လူမှုဓလေ့ထုံးတမ်းဆိုင်ရာ တူညီမှုများကြောင့် ရှည်လျားသည့် သမိုင်းဆက်နွယ်မှုရှိလာခဲ့ကြသည်။ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံ ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကလည်း ယင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ပေးခဲ့သည်။
ယင်းနောက်ခံအခြေအနေအောက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် တိုးတက်မှုတစ်ရပ်ဖြစ်လာသည်။ ခရီးစဉ်အတွင်း သမ္မတ ဦးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယား ယာယီနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆင်၊ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Khuon Sudary တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်သည် “နှစ်နိုင်ငံအကြား ကာလရှည်ကြာတည်ရှိလာခဲ့သည့် ချစ်ကြည်ရေး၊ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဆက်လက် ခိုင်မာလာနေမှုကို ထင်ဟပ်စေသည်” ဟု တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ သမ္မတ ဦးမင်းအောင်လှိုင်က လည်း ကမ္ဘောဒီးယားတော်ဝင်အစိုးရ၊ ပြည်သူများနှင့် ဝန်ကြီးချုပ်တို့၏ နွေးထွေးရင်းနှီးစွာ ကြိုဆို ဧည့်ခံမှုအတွက် အထူးကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ယာယီနိုင်ငံတော်အကြီးအကဲ ဟွန်ဆင်နှင့် တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅၅ ခုနှစ်မှစ၍ ဆက်ဆံရေးသည် ရင်းနှီးချစ်ကြည်စွာ ဆက်လက် တည်ရှိလာခဲ့ကြောင်း နှစ်ဖက်အသိအမှတ်ပြုခဲ့ကြသည်။ ဟွန်ဆင်က ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် “အရေးပါသည့် အထောက်အကူတစ်ရပ်” ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ သမ္မတ ဦးမင်းအောင်လှိုင်ကလည်း ၂၀၁၇ ခုနှစ်က မိမိလာရောက်ခဲ့ချိန်နှင့် နှိုင်းယှဉ်၍ ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ချီးကျူးပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေး၏ လက်ရှိအရေးပါဆုံး ကဏ္ဍတစ်ခုမှာ စီးပွားရေးဖြစ်သည်။ ခရီးစဉ်အတွင်း အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေး၊ ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်ကာကွယ်ရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် မီဒီယာ၊ ပြန်ကြားရေး ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် သက်ဆိုင်သည့် သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ လေးရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူညီချက်များအနက် ရင်းနှီးမြှုပ်နှံမှုကာကွယ်ရေးနှင့် အခွန်နှစ်ထပ်ကျသင့်မှု ရှောင်ရှားရေး တို့သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှု တိုးချဲ့ရေးအတွက် အထူးအရေးပါသည်။ ကုန်သွယ်ရေး၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အလားအလာရှိနေသည်။ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကဲ့သို့သော စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပေါ်လာနိုင်ရေးကို လည်း ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Khuon Sudary နှင့် တွေ့ဆုံရာတွင်မူ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ Khuon Sudary က သမ္မတ ဦးမင်းအောင်လှိုင်၏ ခရီးစဉ်သည် “နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ဖော်ဆောင်ပေးနိုင်မည့် အရေးပါသော မှတ်တိုင်တစ်ရပ်” ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံသည် ၁၉၅၅ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေးရှိခဲ့သည့်အပြင် ယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာအမွေအနှစ်တို့တွင်လည်း နီးစပ်မှု ရှိကြောင်း သူမက ထောက်ပြခဲ့သည်။
လုံခြုံရေးနယ်ပယ်တွင်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့် ဆိုက်ဘာရာဇဝတ်မှုတို့သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်းဖြေရှင်းရမည့် ပြဿနာများ ဖြစ်လာနေသည်။ ယင်းတို့သည် နယ်စပ်တစ်ခု၊ နိုင်ငံတစ်ခုအတွင်းသာ ကန့်သတ်မနေတော့ သည့်အတွက် မြန်မာ၊ ကမ္ဘောဒီးယားနှင့် အခြားဒေသတွင်းနိုင်ငံများအကြား သတင်းအချက်အလက် ဖလှယ်မှုနှင့် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုအရေးပါလာမည်ဖြစ်သည်။
ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေးသည် အာဆီယံမူဘောင်အတွင်းသာမက မဲခေါင်–လန်ချန်း၊ CLMV နှင့် ACMECS ကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့်လည်း ဆက်စပ်နေသည်။ ထို့ကြောင့် နှစ်နိုင်ငံအကြား နိုင်ငံရေးဆက်ဆံရေး တိုးတက်မှုကို ကုန်သွယ်ရေး၊ ချိတ်ဆက်မှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအဖြစ် မည်မျှပြောင်းလဲနိုင်မည်ဆိုသည်မှာ နောက်တစ်ဆင့်တွင် အရေးကြီးလာမည် ဖြစ်သည်။
သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဝန်ကြီးချုပ် ဟွန်မာနက်တို့ တွေ့ဆုံစဉ် နှစ်ဖက်စလုံးက နှစ်နိုင်ငံ အဆင့်သာမက ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိပြုခဲ့ ကြသည်။ ယင်းသည် မြန်မာ–ကမ္ဘောဒီးယား ဆက်ဆံရေးကို အစဉ်အလာချစ်ကြည်ရေးအဆင့်တွင်သာ ထားရှိမည့်အစား လက်တွေ့စီးပွားရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအထိ ချဲ့ထွင်ရန် နှစ်ဖက်ရည်ရွယ်နေမှုကို ပြသနေသည်။
အနှစ်ချုပ်အားဖြင့် မြန်မာနှင့် ကမ္ဘောဒီးယားတို့၏ ဆက်ဆံရေးတွင် သမိုင်းနှင့် ယဉ်ကျေးမှုက အခြေခံ အုတ်မြစ်ဖြစ်နေဆဲဖြစ်သော်လည်း၊ အနာဂတ်ဆက်ဆံရေးတွင် သဘောတူညီချက်များကို လက်တွေ့ အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအဖြစ် ဖော်ဆောင်ကြိုးပမ်းကြမည့် အခြေအနေသစ်တစ်ခု ရှိလာသည်။
နှစ်နိုင်ငံခေါင်းဆောင်များ၏ ယခုခရီးစဉ်အတွင်း ပြောကြားချက်များအရ ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းရန်သာမက စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးတို့အထိ ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် တည်ဆောက်လိုသည့် နိုင်ငံရေး ဆန္ဒကို တွေ့မြင်ရသည်။ ထိုဆန္ဒကို လက်တွေ့လုပ်ဆောင်ချက်များနှင့် ဆက်စပ်ဖော်ဆောင်နိုင်ပါက မြန်မာ–ကမ္ဘောဒီးယား ဆက်ဆံရေးသည် သမိုင်းကြောင်းရှည်လျားသည့် မိတ်ဆွေဆက်ဆံရေးမှ လက်တွေ့အကျိုးစီးပွားကို မျှဝေနိုင်သည့် မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ဆီသို့ ပိုမိုတိုးတက်လာ နိုင်မည်ဖြစ်ကြောင်းသုံးသပ်တင်ပြရပါသည်။
#Local_News
Published 15 September 2026
■ ရှေးဟောင်းဘုရားစေတီနှင့်အဆောက်အအုံများပြုပြင်ရာ၌ ရှေးမူမပျက်ပြုပြင်သွားရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ (SOP) လုပ်ထုံး လုပ်နည်းများအတိုင်း အရည်အသွေးပြည့်မီအောင်ပြုပြင်သွားရန်ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း က မှာကြားခဲ့ကြောင်း သိရသည်။
■ စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား၊ လေးကျွန်းမာန်အောင် ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှစေတီတို့တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေရာ ယမန်နေ့မနက်ပိုင်းက ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကြည့်ရှုစဉ် ရှေးဟောင်းသမိုင်း ဝင်ဘုရားများကို ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင်သွားရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်းမရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါကာကွယ်နိုင်ရန် ထည့်သွင်းစဉ်းစားတွက်ချက်၍ (SOP) လုပ်ထုံး လုပ်နည်းများအတိုင်း အရည်အသွေးပြည့်မီအောင်ပြုပြင်သွားရန်မှာကြားခဲ့ခြင်း ဖြစ်သည်။
■ မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိဗားကရာကျောင်း၊ ဆင်ကြိုရွှေကူဘုရားနှင့် မဟာမင်းထင် သစ်သားဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်း နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
■ ယမန်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနန်းမြို့ရိုး၊ သူရဲခို၊ မီးတား၊ ပြအိုးနှင့် ပြာသာဒ်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုက်နာ ဆောင်ရွက်ရမည့်(SOP)အတိုင်း အရည်အသွေး ပြည့်မီအောင်ပြုပြင်သွားရန်နှင့် နန်းမြို့ရိုး တစ်လျှောက်တွင် ရေဝပ်ဧရိယာများနှင့် စိုထိုင်းဆဖြစ်နေသော အကြောင်းအရင်းများကို စနစ်တကျ Survey ပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်သွားရန်မှာကြားသည်။
■ ထို့ပြင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပဟိုရ်စင်နှင့် စွယ်တော်စင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် တံခါးနီတံခါးတူးဖော်သုတေသနပြုထားသည့် နေရာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 September 2026
■ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ၏ ထူးခြားဆန်းသစ်သော ဖန်တီးမှုများ၊ နည်းပညာများနှင့် Project Design များ ပြပွဲကို စက်တင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့သည်။
■ အဆိုပါပြပွဲကို မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနောင်က အမှာစကားပြောကြားကာ မဟာရွှေဂုဏ်ထူးတည်ထောင်သူ ဦးဇော်ညွန့်က Science Project & Art Show ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
■ ပြပွဲတွင် ကျောင်းသား/ကျောင်းသူများ၏တီထွင်ဖန်တီးမှုလက်ရာများဖြစ်သည့် ထားဝယ် ရှင်ကိုးရှင်ဘုရားများ၊ Trash to Treasure ၊ Save Our Environment ၊ တိုးတက်စေလို မွေးရပ်မြေကို၊ မီးတောင်နှင့်ပတ်ဝန်းကျင်၊ Hydraulic Bridge ၊ TORNADO ၊ Tornado Season ၊ Idea Makes Group ၊ Our Health, Our Choice ၊ STOP Global WARMING ၊ လူသားအကျိုးပြု အဖြူရောင်ဂြိုဟ်တု ၊ Win Power Form ၊ Animal Cell၊ Waste to Fashion ၊ Water Mill Electricity ၊ Use the Power of Nature ၊ (Nuclear Energy- Clean Energy) တို့ကို ပြခန်းအလိုက် ခင်းကျင်း ပြသထားရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား/သူများနှင့်ကျောင်းသားမိဘများတို့က စိတ်ပါဝင်စာစွာလှည့်လည်ကြည့်ရှုအားပေးသည်။
လင်းလက်ကြယ်(ဧရာဝတီ)
Page 1 of 2438