#Local_News
Published 08 July 2026
■ ရှမ်းပြည်နယ်၊လာရှိုးမြို့နယ် နှင့်တာချီလိတ် မြို့နယ်များ၌ ယနေ့မနက်အစောပိုင်း ၌ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
■ ဇူလိုင် ၈ ရက်နေ့၊ မနက်၄နာရီ ၂၅ မိနစ်အချိန်ခန့်၊ ရှမ်းပြည်နယ်၊လားရှိုးခရိုင်၊ တန်းယန်းမြို့နယ်၊ ရပ်ကွက်(၆)၊ အုပ်စု(၂)၊ တန်းယန်း-နောင်လိုင်း လမ်း တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း ရရှိ သဖြင့် တန်းယန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၅နာရီ ၁၀မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
■ ယနေ့ မနက် ၂နာရီ ၄၅ မိနစ်အချိန်ခန့်ကလည်း ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဟိုနားလားဟူကျေးရွာတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၃နာရီ ၁၀ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 06 July 2026
■ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ဇူလိုင် ၃ ရက်က ဖလမ်းမြို့နယ် စည်ပင်သာယာဈေး၌ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
■ ထို့နောက် ဈေးပတ်ဝန်းကျင်နှင့်ဈေးအတွင်း သန့်ရှင်းသာယာလှပမှု ရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသူများ စိစစ်လက်ခံမှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
■ ယင်းနောက် ဖလမ်း-ရိဒ်လမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများကို ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ မိုးရာသီတွင် လမ်း၊ တံတားများပေါ်တွင် ရေမတင်စေရေး အလေးထား ဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍လမ်းပြတ်တောက်မှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍စီမံဆောင်ရွက်သွားရန် မှာကြားပြီးဆက်လက်၍ ဆူရ်ဘုန်လေဆိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ အဆိုပါ လေဆိပ်သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀၀ တွင်တည်ရှိပြီး လေယာဉ်ပြေး လမ်းအရှည် ပေ ၆၀၀၀ ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၆ ရက်တွင် BEECH လေယာဉ်ဖြင့် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၇ ရက်တွင် ATR-72-600 လေယာဉ်ဖြင့် လည်းကောင်း အောင်မြင်စွာစမ်းသပ်ဆင်းသက်နိုင်ခဲ့သည်။
■ ယခုလက်ရှိအခြေအနေတွင် လေယာဉ်ပြေးလမ်း၏ မျက်နှာပြင်အခြေအနေသည် ကောင်းမွန်လျက်ရှိသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများကြောင့် လေယာဉ်ပြေးလမ်းပေါ်ရှိ မီးများ၊ လေကြောင်းလုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ လေကြောင်းဆက်သွယ်ရေးဆိုင်ရာ စက်ပစ္စည်းများ၊ လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ ပျက်စီးလျက်ရှိပြီး လေဆိပ် အဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်အဆောက်အအုံ၊ မီးသတ်အဆောက်အအုံ၊ DVOR အဆောက်အအုံတို့မှာလည်း တစ်စိတ်တစ်ပိုင်းပျက်စီးလျက်ရှိသည်။
■ အဆိုပါ ဆူရ်ဘုန်လေဆိပ်ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် သွားလာရေးအဆင်ပြေနိုင်မည့်အပြင် ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက်လိုအပ်သောပစ္စည်းများကို လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ထိုင်းအစိုးရရဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်သွင်းမှုသက်တမ်းကို ၂ လ ထပ်မံတိုးမြှင့်ပေးလိုက်ပြီးတဲ့နောက်မှာတော့ ပြည်တွင်းဈေးကွက်မှ ပြောင်းဈေးအနည်းငယ်ကျဆင်းလာတယ်လို့သိရပါတယ်။
#Local_News
Published 06 July 2026
#ထိုင်း #ပြောင်း
#YMG/SW #Yangon_Times
တရုတ်နိုင်ငံသို့ တင်ပို့မယ့် မြန်မာကုန်စည်များအတွက် GACC မှတ်ပုံတင်လျှောက်ထားမှုမှာ ငါးနှစ်အတွင်း ၃,၉၄၇ စောင်အထိရှိလာပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 06 July 2026
#တရုတ် #GACC
#YMG/SW #Yangon_Times
တရုတ်နိုင်ငံသို့ တင်ပို့မယ့် မြန်မာကုန်စည်များအတွက် GACC မှတ်ပုံတင်လျှောက်ထားမှုမှာ ငါးနှစ်အတွင်း ၃,၉၄၇ စောင်အထိရှိလာပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 06 July 2026
#တရုတ် #GACC
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဇွန်လတစ်လတာအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သိန်းနှစ်သောင်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ မေလကထက် တန်ချိန် တစ်သိန်းနီးပါး ပိုမိုတင်ပို့ထားတယ်လိံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က သိရပါတယ် ။
#Local_News
Published 06 July 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Local_News
Published 06 July 2026
#ရန်ကုန်-မန္တလေးအမြန်လမ်း #ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး
#YMG/NN #Yangon_Times
Page 6 of 2378