ရန်ကုန်တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လုပ်ငန်းရှင်များအတွက် One Stop Service ဝန်ဆောင်မှုပေးနိုင်မယ့် ရုံးဖွင့်လှစ်နိုင်ရေးဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေးခန်းမ (၃) မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 11 July 2026
#MSME_One_Stop_Service
#YMG/SW #Yangon_Times
#Daily_News
Published 11 July 2026
၁။ မြို့ပြပုံဖော်သူ လူငယ်များအစီအစဉ်အတွက်လျှောက်လွှာခေါ်ယူ
၂။ ဧရာဝတီအပါအဝင်မြစ်(၁၀)စင်း၏ မြစ်ရေများ မြင့်တက်နိုင်
၃။ ရန်ကုန်တိုင်းတွင် MSME One Stop Service ရုံးဖွင့်လှစ်နိုင်ရေးဆောင်ရွက်မည်
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းခွဲခြားဆက်ဆံခံရသည့်အပေါ် အီရန်ဘောလုံးအဖွဲချုပ်ရှုတ်ချ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 July 2026
■ မလေးရှားနိုင်ငံတွင်ကျင်းပမည့် FIFAe Continental Championship သို့ မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် Nation League ကို ကျော်ဖြတ်ကာ တက်ရောက်ခွင့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
■ FIFAe Mobile ကစားသမားများဖြစ်ကြသည့် CHARLIE ( အောင်သန့်ဇင်)နှင့် Z1ATAN (မင်းသူရသန့်) တို့ပါဝင်သည့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် National League တွင် (၃) ပတ်တာ ယှဉ်ပြိုင်ဆော့ကစားခဲ့ပြီး နိုင်ငံပေါင်း (၁၇) နိုင်ငံကို ကျော်ဖြတ်၍ Consistency Ranking တွင် အဆင့် (၆) ရရှိခဲ့ပြီး Continental Championship သို့ တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ မြန်မာကိုယ်စားပြုအသင်းပါဝင်ယှဉ်ပြိုင်မည့် အဆိုပါ Continental Championship ကို ဩဂုတ်လ ၁၉ရက်မှ ၂၂ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင်ကျင်းပမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းများသည် Saudi Arabia ရှိ FIFAe World Cup 2026 သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 July 2026
■ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် YBS မော်တော်ယာဉ်များအနေဖြင့် CNG ဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျ ဝယ်ယူဖြည့်သွင်းခြင်း ရှိ/မရှိကို ဇူလိုင်လ(၁၀)ရက်မှ စတင်ကာ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
■ YBS ယာဉ်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ညွှန်ကြားရေးမှူးဦးစီးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ အဖွဲ့ဝင်(၁) ဦးစီးအဖွဲ့တို့ ပူးပေါင်းကာ အဖွဲ့ (၃) ဖွဲ့ခွဲ၍ ယမန်နေ့နံနက်ပိုင်းမှစတင်ကာ CNG အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက်ရှိပြီး ထိုသို့ စစ်ဆေးဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က စော်ဘွားကြီးကုန်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၁၉) သို့ ရောက်ရှိစစ်ဆေးရာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန ညွှန်ကြားရေးမှူး ဦးခွန်မျိုးသန့် က YBS ယာဉ်များ CNG ဝယ်ယူခွင့်စာအုပ်ဖြင့် ဓာတ်ငွေ့ဝယ်ယူနေမှု၊ CNG ဌာနမှ နှစ်ပတ်လည် စစ်ဆေးမှုခံယူထားသည့် QR တံဆိပ်ဝိုင်းနှင့်ယာဉ်၏ ဘယ်/ညာတွင် CNG တံဆိပ် တပ်ဆင်ထားရှိမှု၊ ဓာတ်ငွေ့ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကိုလည်းကောင်း၊ YRTC အဖွဲ့ဝင် (၁) ဦးခင်မောင်ထွေး က YBS ယာဉ်ပေါ်တွင် Telematic Device နှင့် CCTV များ တပ်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
■ ထိုတင်ပြချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် က CNG သုံးစွဲခွင့်ပြုထားသည့် မော်တော်ယာဉ်များအနေဖြင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် YRTC တို့ ပူးပေါင်းကာ ဆက်လက် စစ်ဆေးကြပ်မတ်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
■ YBS ယာဉ်များအနေဖြင့် ဇူလိုင်လ (၁၀) ရက်နေ့မှစတင်ကာ CNG ဝယ်ယူခွင့်စာအုပ်နှင့်အတူ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် ဓာတ်ငွေ့ကို စနစ်တကျ ဝယ်ယူဖြည့်သွင်းကြရန်နှင့် စာအုပ်မပါရှိပါက ဓာတ်ငွေ့ဝယ်ယူခွင့်ပြုတော့မည်မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ ကြိုတင်အသိပေး ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 July 2026
■ နေပြည်တော်ကိုဗဟိုပြု၍ ဆက်စပ်ဒေသများ၌စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ်အကောင်အ
ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ပြောသည်။
■ ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၂၁ ရက်မြောက်နေ့၌ ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးနှင့်ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက
ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၂၀၂၆-၂၀၃၀ အရ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအစီအမံအဖြစ် တိရစ္ဆာန်ကာကွယ်ဆေးများထုတ်လုပ် ခြင်း၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်း၊ တန်ဖိုးမြှင့် မွေးမြူရေးထုတ်ကုန်ပစ္စည်းဆိုင်ရာ စံချိန်စံညွှန်းများရေးဆွဲထားရှိခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်လမ်းညွှန်ချက်များ ပြုစုခြင်း နှင့် လက်တွေ့လိုက်နာကျင့်သုံးခြင်း၊ ကျေးရွာအခြေပြု တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွက်လာရန် အားပေးဆောင်ရွက်ခြင်း၊ စားကျက်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ဖော်ထုတ်ခြင်း၊ အသေးစား မွေးမြူရေးလုပ်ငန်းများ ဒေသမျိုးရင်း ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်များကို မွေးမြူရေးစံပြကွက်များ တည်ထောင်ပြသခြင်း၊ နို့စားနွားမွေးမြူရေးအတွက် လိုအပ်သော အကူအညီများကို တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
■ အလားတူ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မွေးမြူထုတ်လုပ်မှု အခြေအနေနှင့် စားသုံးမှုအား ချိန်ညှိနိုင်ရန် ရည်ရွယ်၍ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခြင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာစေရေး၊ တိရစ္ဆာန် များ၏ အသား၊ နို့၊ ဥ ထုတ်လုပ်နိုင်စွမ်းမြင့်မားစေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခြင်း၊ နေပြည်တော်အား ဗဟိုပြုပြီး ဆက်စပ် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ သိုး၊ ဆိတ်၊ အသားတိုး ဝက်၊ ဥစားကြက်၊ ဒေသကြက်တိုးချဲ့မွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ စီးပွားဖြစ်မွေးမြူသူများအတွက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာန၏ အရင်းမပျောက် မတည်ငွေဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးပြီး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများ အတွက် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာများထူထောင်ပေးခြင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
■ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍတိုးတက်ရေး၊ ကုန်ဈေး နှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
စားအုန်းဆီ တင်သွင်းသုံးစွဲမှု အခြေအနေနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ရှင်းလင်းပြောကြား
#Local_News
Published 11 July 2026
■ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာမွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာအား ကလေးဆေးရုံကြီး (ရန်ကင်း)- မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးနေကြောင်း သိရသည်။
■ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကြာအင်းကျေးရွာနေ ဒေါ်ပပလှိုင် အသက် ၃၂ နှစ်သည်သားဦးအမြွှာ ကိုယ်ဝန်ဖြင့် လှည်းကူးမြို့ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခဲ့ ပြီး ကိုယ်ဝန်ဆောင်ကာလ (၃၂)ပတ်ကျော်ချိန်တွင် ရေမြွှာပေါက်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်တွင် လှည်းကူးမြို့ ပြည်သူ့ဆေးရုံမှတစ်ဆင့် မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတက်ရောက်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၅ မိနစ်တွင် ရင်ချင်းဆက်အမြွှာ မိန်းကလေးနှစ်ဦး (ဝမ်းဗိုက်နေရာမှ ဆက်နေသော Omphalopagus Type)ကို အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
■ အဆိုပါကလေးငယ်များသည် လမစေ့မီမွေးဖွားပြီး ရင်ချင်းဆက်အမြွှာကလေးများဖြစ်သဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မွေးကင်းစကလေးအထူးကြပ်မတ်ဌာန၌ ထားရှိကာ လိုအပ်သောကုသမှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခဲ့သည်။
■ ဇူလိုင် ၈ ရက်တွင် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး (ရန်ကင်း)-ရန်ကုန်သို့ လွှဲပြောင်းကာ မွေးကင်းစအထူးကြပ်မတ် ကုသဌာန၌ ဆက်လက်၍ ပြုစုကုသစောင့်ရှောက်ပေးလျက်ရှိပြီး အဆိုပါရင်ချင်းဆက်အမြွှာ ကလေးများအား လိုအပ်သောဆေးကုသမှုများဆောင်ရွက်ရန်နှင့် ခွဲစိတ်ကုသမှု (Separation Surgery) ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဦးဆောင်၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ ကြီးနှင့် ခုတင်-၅၅၀ ဆံ့ ကလေးဆေးရုံကြီး(ရန်ကင်း)တို့မှ ဘာသာ ရပ်ဆိုင်ရာပညာရှင်များပါဝင်သော ဆေးကုသရေးအဖွဲ့ကိုဖွဲ့စည်းပြီး ကုသမှုများဆက်လက် ဆောင်ရွက်ပေးလျက်ရှိကာ ကလေးများ၏ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း သိရသည်။
Y#YMG/NN #Yangon_Times
Page 3 of 2379