#Local_News
Published 18 September 2026
■ လာမည့် စက်တင်ဘာလ(၂၀) ရက်နေ့ ၊နေ့လည် ( ၁ )နာရီအချိန် သိမ်ဖြူလက်ဝှေ့ရုံ၌ ရွိုင်ရယ်-ဒီ ရွှေခါးပတ်ချန်ပီယံလက်ဝှေ့ဗိုလ်လုပွဲကြီးကို ကျင်းပသွားမည်ဖြစ်ရာစုစုပေါင်းတွဲဆိုင်း
( ၉ )ဆိုင်းထိ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
■ အထူးစိန်ခေါ်ပွဲ အဖြစ်တွဲဆိုင်း(၃)ခု ၊ရွှေခါးပတ်ချန်ပီယံဆုအတွက်ယှဉ်ပြိုင်မယ့် တွဲဆိုင်း(၆)ခု ထိ ပါဝင်သွားမည် ဖြစ်သည်။
■ အထူးစိန်ခေါ်ပွဲ တွဲဆိုင်း(၃)ဆိုင်းကို (၃)မိနစ် (၄)ချီ အဖြစ်ယှဉ်ပြိုင်ထိုးကြမည် ဖြစ်ပြီး
(၁) လားကပေါ(ရိုးရာကျား) VS ဇော်ဒူလ(Python တော်ဝင်ဧရာ)၊
(၂) ရွှေထီး(YMA) VS ဝူသောဒို(ရိုးရာကျား) ၊
(၃) ချမ်းမြေ့အောင်(PTC) VS ရဲမာန်သွေး(Ray) တို့ဖြစ်သည့်အပြင် ရွှေခါးပတ်ချန်ပီယံ အတွက် အပြိုင်ဆိုင်ယှဉ်ပြိုင်ကြမည့် တွဲဆိုင်း(၆)ဆိုင်း ကိုမူ(၃)မိနစ်(၅)ချီအဖြစ် ကစားကြမည် ဖြစ်ကြောင်းသိရသည်။
■ ပြီးခဲ့သည့်အကြိုဗိုလ်လုပွဲ၌ ပြိုင်ဘက်များကို အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်လုပွဲ ဆီတတ်လှမ်းလာသည့် ဖိုက်တာများက ချန်ပီယံခါးပတ်အတွက် အကြိတ်အနယ်ကစားကြမည်ဖြစ်ပြီး တွဲဆိုင်းအသေးစိတ်မှာ
(၁) ဆလိုင်းထန်ခွီးရှိန်း (ကျားမနိုင်) VS ဂေါဗက (ရိုးရာစွမ်းအား) ၊
(၂) အောင်ထွန်းဘို (ဒို့ရိုးရာ) VS မြလုံးချော (စိန်လက်သီး) ၊
(၃) ကျော်ဝေယံထွန်း (Top One) VS အာဖရိက (555 sports) ၊
(၄ )စီတိုး ( ခေးယုဝါး) VS သန့်ဇင် (Python တော်ဝင်ဧရာ) ၊
(၅) ထူးကညော (YKB) VS ရဲလင်းဦး (Vanguard) ၊
(၆) အဖိုးသွေး(ခေးယုဝါး)VS ကညောခွား(ဘိလပ်မြေစက်ရုံ) တို့က အသီးသီးယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။
■ ၎င်းအပြင်အမှတ်ပေးစနစ် ပါဝင်မည်ဖြစ်ပြီး ပွဲချိန်တွင်းအနိုင်အရှုံးမပေါ်ခဲ့ပါက အမှတ်ပေးဒိုင်(၃)ယောက်၏ အမှတ်များဖြင့် အနိုင်အရှုံးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 17 September 2026
၁။ ဗီယက်နမ်- မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့
၂။ စက်သုံးဆီအရောင်းဆိုင် ၂၀ အား PO လျှော့ချ၊ ဒဏ်ကြေးနှင့်သတိပေးအရေးယူ
၃။ မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ ဒုတိယအကြိမ်မြောက်ကျင်းပမည်
၄။ ဂျာဗားပင်လယ်တွင်မှောက်ခုံဖြစ်သွားသည့်ခရီးသည်တင်သင်္ဘောမှ (၁၂၉)ဦးပျောက်ဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဗီယက်နမ်နိုင်ငံ ဟနွိင်းမြို့၌ကျင်းပတဲ့ ဗီယက်နမ်- မြန်မာ စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ကသိရပါတယ်။
#Local_News
Published 17 September 2026
#ဗီယက်နမ်_မြန်မာ
#YMG/NN #Yangon_Times
စက်သုံးဆီရောင်းချရာမှာ စည်းကမ်းလိုက်နာခြင်းမရှိတဲ့စက်သုံးဆီအရောင်းဆိုင် ၂၀ အား PO လျှော့ချတာ၊ဒဏ်ကြေးနဲ့ သတိပေးအရေးယူတာတွေ ဆောင်ရွက်ခဲ့တယ်လို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 17 September 2026
#စက်သုံးဆီအရောင်းဆိုင် #PO
#YMG/SW #Yangon_Times
စက်သုံးဆီရောင်းချရာမှာ စည်းကမ်းလိုက်နာခြင်းမရှိတဲ့စက်သုံးဆီအရောင်းဆိုင် ၂၀ အား PO လျှော့ချတာ၊ဒဏ်ကြေးနဲ့ သတိပေးအရေးယူတာတွေ ဆောင်ရွက်ခဲ့တယ်လို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 17 September 2026
#စက်သုံးဆီအရောင်းဆိုင် #PO
#YMG/SW #Yangon_Times
ဒုတိယအကြိမ်မြောက် မြန်မာ့မော်တော်ယာဉ်နဲ့ အပိုပစ္စည်းပြပွဲ(Myanmar Auto & Parts Expo 2026 )ကို ရန်ကုန်မြို့ရှိ YCC ခန်းမမှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်။
#Local_News
Published 17 September 2026
#မြန်မာ့မော်တော်ယာဉ်
#YMG/NN #Yangon_Times
ရန်ကုန်ကနေ မန္တလေးအထိ အမြန်လမ်းတစ်လျှောက်ရှိ တိုးဂိတ်ကြီး ၆ ဂိတ်မှာ ကြိုတင်ငွေဖြည့်သွင်းပြီး အလိုအလျောက် လမ်းအသုံးပြုခပေးချေနိုင်မယ့် TollPass RFID စနစ် ကို ယနေ့ စက်တင်ဘာ ၁၇ ရက်က စတင်ရောင်းချတပ်ဆင်ပေးနေပြီဖြစ်ပါတယ်။
#Local_News
Published 17 September 2026
#ရန်ကုန်-မန္တလေးအမြန်လမ်း #TollPass_RFID
#YMG/SW #Yangon_Times
Page 4 of 2443