စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် ယခုဘဏ္ဍာနှစ်တွင် ကုန်စည်(၁၀)မျိုးကို ဦးစားပေးစစ်ဆေးသွားမှာဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 20 April 2026
#ကုန်စည်
#YMG/SW #Yangon_Times
အထူးသက်သာတဲ့ဈေးနဲ့ဓာတ်မြေဩဇာတွေကို နေပြည်တော်ကောင်စီနယ်မြေအတွင်း ကျေးရွာ ၆ ရွာရှိ တောင်သူတွေထံ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 20 April 2026
#ဓာတ်မြေဩဇာ
#YMG/NN #Yangon_Times
#Daily_News
Published 20 April 2026
၁။ 𝐌𝐂𝐄𝐅 နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်ကုန်စည်ပြပွဲပြုလုပ်မည်
၂။ မန်းရွှေစက်တော်ဘုရားပွဲကာလအတွင်း ဘုရားဖူးနှစ်သိန်းကျော် လာရောက်ဖူးမျှော်ခဲ့
၃။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ကုန်စည်(၁၀)မျိုးကို ဦးစားပေးစစ်ဆေးမည်
၄။ စစ်ပွဲပဋိပက္ခများကြောင့်ရေနံဈေးနှုန်းမြင့်တက်ရာကနေ တရုတ်လျှပ်စစ်ဘီးများပိုမိုရောင်းချလာရ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 April 2026
■ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေးခဲ့ကြောင်းသိရသည်။
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်နိုင်ရန် ဧပြီ ၁၂ ရက်မှ ၁၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့သွားရောက်ခဲ့ပြီး ယမာန်နေ့မွန်းလွဲပိုင်းက မန္တလေးအပြည်အပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။
■ အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအကြီးအကဲများနှင့် ဒေသဆိုင်ရာအကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေးဆောင်ရွက်သွားမည့် အစီအမံများအားဆွေးနွေးခြင်း၊ မြန်မာနိုင်ငံအတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းများအား ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 20 April 2026
■ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ လျှပ်စစ်ဓာတ်အားထိန်းချုပ်သည့်စနစ်နှင့် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့် စက်ရုံများလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
■ ထိုသို့ လေ့လာရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ဉီးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားနိုင်ငံတစ်ဝှမ်း လုံးအတွက် ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးမှုအား ထိန်းချုပ်သည့် Russian Power System Operator သို့သွားရောက် လေ့လာကြည့်ရှုခဲ့ရာ ဒုတိယဥက္ကဋ္ဌက စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ပေါင်းစပ်အသုံးပြုခြင်း၊ ( Power Generation Mix) ကို နာရီစဉ်အလိုက်အသုံးပြုသည့် ဝန်အားများအပေါ်တွင် ချိန်ညှိ၍ သုံးစွဲသူတို့ ဈေးနှုန်းအသက်သာဆုံး ဖြစ်စေရန်တွက်ချက်ပြီး Digital Control System ဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေခြင်းဖြစ်ပြီး စိတ်ချယုံကြည်ရသော တည်ငြိမ်သော ဓာတ်အားစနစ်အတွက် အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ကွပ်ကဲနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
■ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ရရှိနိုင်သော စွမ်းအင်အရင်းအမြစ်အမျိုးအစားများ အပေါ်တွင် မူတည်၍ အသင့်လျော်ဆုံးဖြစ်စေမည့် Power Generation Mix ကို ရယူအသုံးပြုနိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပြီး ဓာတ်အားထုတ်ယူမှု၊ ဓာတ်အားပို့လွှတ်မှု၊ ဖြန့်ဖြူးမှုတို့တွင် လေလွင့်ဆုံးရှုံးမှုလျော့နည်း သွားစေခြင်းဖြင့် လျှပ်စစ်ဓာတ်အားပိုမိုအသုံးပြုလာနိုင်မည်ဖြစ်သည့်အပြင် ဝယ်ယူသုံးစွဲသူများ အနေဖြင့်လည်း ဓာတ်အားခပေးဆောင်ရမှုများ သက်သာလာမည်ဖြစ်သည့်အတွက် Power Control System တစ်ခုကို နည်းပညာအကူအညီရယူ၍ တည်ဆောက်လိုကြောင်း ဆွေးနွေးရာနည်းပညာဆိုင်ရာ အဖွဲ့တစ်ခုစေလွတ်ပေးသွားမည်ဖြစ်ပြီး မိမိတို့အဖွဲ့အစည်းသို့လည်း ပညာရှင်များစေလွှတ်၍ လေ့လာစေခြင်း၊ သင်တန်းများ ပို့ချပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ ကြောင်းသိရသည်။
■ ထို့အပြင် ဧပြီလ၁၈ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့နယ်ရှိ GRANDTOP Fushan Circular Economic Industrial Park သို့ ရောက်ရှိရာ ကုမ္ပဏီမှတာဝန်ရှိသူများမှ Industrial Park အတွင်း စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန်အတွက် အမှိုက်များအား အမျိုးအစားခွဲခြား၍ သိမ်းဆည်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ အမှိုက်မှလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း အတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အား များအား ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် National Grid သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ၊ စက်ရုံ၏ Control Roomမှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ စောင့်ကြည့်ထိန်းကြောင်းခြင်း ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ် အဆင့်ဆင့်အပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး စက်ရုံသို့စေလွှတ်၍ လေ့လာ သင်ကြားပေးနိုင်ရန်နှင့် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍ ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားသည့်အပေါ် ကုမ္ပဏီ တာဝန်ရှိ သူများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
■ အဆိုပါ GRANDTOP Fushan Circular Economic Industrial Park ရှိ Guangzhou Waste to Energy Power Plant သည် တရုတ်နိုင်ငံတွင် အကြီးဆုံး အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး စက်စွမ်းအားမှာ နေ့စဉ် အမှိုက် ၉၃၀၀ တန်၊ နှစ်စဉ်အမှိုက် ၃.၁ သန်းတန် တို့မှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း ၁၂၀၀ ကျော်ခန့် ထုတ်လုပ်၍ National Grid သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
နေပြည်တော်-ဧပြီ၁၈၊၂၀၂၆
ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနံဓာတ်ငွေ့ရည် (LPG)၊ ဓာတ်မြေဩဇာနှင့် ရေနံစိမ်းကုန်ကြမ်းများကို သက်သာသော ဈေးနှုန်းဖြင့် ရရှိရေး၊ အရည်အသွေးနှင့် လမ်းခရီးလုံခြုံမှု အာမခံချက်ရှိစေရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ Investment Development Fund “RC Investments” တို့အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (Memorandum Of Cooperation - MOC) ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် ရုရှားနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားခရီးစဉ်အတွင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန၏ ကူညီပံ့ပိုးစီမံမှုဖြင့် ရုရှားအခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ စဉ်ဆက်မပြတ် ရေရှည်ထောက်ပံ့နိုင်မည့် အစီအမံများကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထိုနေ့မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် တွေ့ဆုံကာ ထားဝယ်ရေနက်ဆိပ်ကမ်း၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံနှင့် LNG ဆိပ်ကမ်းတည်ဆောက်ရေး ကိစ္စရပ်များကိုပါ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံအတွင်း စွမ်းအင်ကဏ္ဍ လည်ပတ်မှု ပိုမိုအားကောင်းစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများအတွင်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် သဘာဝဓာတ်ငွေ့သုံး တာဘိုင်များ၊ အင်ဂျင်များ၏ စွမ်းအား မြှင့်တင်ရေး၊ ပုံမှန်ထိန်းသိမ်းပြုပြင်ရေးနှင့် တာဘိုင်စက်များနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာများကို လက်တွေ့လေ့ကျင့်သင်ကြားပေးရေး စသည့် အခြေအနေများကိုလည်း ထည့်သွင်းညှိနှိုင်းခဲ့ကြသည်။
ယခု ချုပ်ဆိုခဲ့သော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ MOC အပြင် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ တစ်ရပ်လုံးတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်သင်ကြား ပေးခြင်းများပါဝင်မည့် နားလည်မှုစာချွန်လွှာ (Memorandum Of Understanding - MOU) တစ်ရပ်ကိုလည်း မကြာမီ အချိန်အတွင်း ထပ်မံရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၂၆ ဧပြီ ၁၇
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စွမ်းအင်ဖူလုံရေးတို့အတွက် ရုရှားဖက်ဒရေး ရှင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။
အထူးသဖြင့် ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ်၊ စွမ်းအင်ဝန်ကြီး၊ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအား စွမ်းအင်ဗဟိုချက် (Energy Hub) အဖြစ် အသုံးပြုရေးကို အဓိကထား ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၅ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် Mr. Anton Kobyakov၊ ရုရှားစွမ်းအင်ဝန်ကြီး Mr. Sergei Tsivilev တို့နှင့်တွေ့ဆုံ၍ မြန်မာ-ရုရှား ရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်ပို့ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU) အမြန်ဆုံးရေးထိုးရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင် သဘာဝဓာတ်ငွေ့ရည် (LNG) ကို မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ပိုက်လိုင်း ဖြင့် တင်ပို့ရေး၊ ကမ်းလွန်လုပ်ကွက်များတွင် ရင်းနှီးမြှုပ်နှံရေးနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ ကို ဆွေးနွေးခဲ့ပြီး ရုရှားစွမ်းအင်ဝန်ကြီးက မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် ဦးဆောင်ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL နှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သော ရေနံစိမ်းနှင့် ရေနံထွက် ပစ္စည်း များကို ရေရှည်သဘောတူညီချက်ဖြင့် ဝယ်ယူရေးနှင့် အရင်းအနှီးကြီးမားသည့် စီမံကိန်းများအတွက် သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ဤသို့ MOU ရေးထိုးနိုင်မည့်အပေါ် ဝမ်းသာဂုဏ်ယူကြောင်းနှင့် ရုရှား-မြန်မာ-တရုတ် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးသည် အလွန်အရေးကြီးသဖြင့် လိုအပ်သော အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါသည်။
အဆိုပါ ရုရှားနိုင်ငံခရီးစဉ်မတိုင်မီ ပြည်ထောင်စုဝန်ကြီးသည် ဧပြီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့လည်း သွားရောက်ခဲ့ပြီး China Railway Beijing Engineering Group၊ MEIGE Joint Energy Holding နှင့် Yunnan-Irrawaddy Supply Chain ကုမ္ပဏီ တို့မှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် သက်တမ်းရင့်ရေနံမြေများတွင် ပေနက်တွင်း များ တူးဖော်ရေး၊ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ပြန်ပြည့်မြဲစွမ်းအင် စီမံကိန်းများနှင့် ရေနံစိမ်း တင်သွင်းမှု ကွင်းဆက် (Supply Chain) တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါသည်။
တရုတ်ကုမ္ပဏီများ၏ စိတ်ဝင်စားမှုများအပေါ် မြေပြင်အခြေအနေကို လာရောက်ကြည့်ရှုရန်နှင့် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ဝန်ကြီးကဖိတ်ခေါ်ခဲ့သည်။ ယခု ရုရှားနှင့် တရုတ်နိုင်ငံများသို့ သွားရောက်နေသော ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်များသည် မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် ခိုင်မာသော ထောက်ပံ့ရေးလမ်းကြောင်းသစ်များ တည်ဆောက်နိုင်ရန်နှင့် အရှေ့တောင်အာရှဒေသတွင် စွမ်းအင်ဗဟိုချက် (Energy Hub) တစ်ခုအဖြစ် ရပ်တည်နိုင်ရန်စသည့် တရုတ်နှင့်ရုရှားနိုင်ငံတို့နှင့် လက်တွဲကာမဟာဗျူဟာမြောက်စွမ်းအင်စီမံကိန်းများလုပ်ဆောင်ရန်ပါဝင်ကြောင်းသိရှိရသည်။
-END-
Page 10 of 2314