#Daily_News
Published 29 June 2026
၁။ ငလျင်ဒဏ်သင့်ညောင်ရွှေမြို့နယ်ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းတစ်ထောင်နီးပါးပေးအပ်
၂။ သုတစုံလင်ဗုဒ္ဓဝင်တတိယဆုရရှိသူအားဒဂုံဆိပ်ကမ်းမြို့နယ်မှ ထပ်ဆင့်ဂုဏ်ပြု
၃။ နေပြည်တော်သုခတော်ဝင်အိမ်ရာ အပိုင်း(၂)အတွက် ဇူလိုင် ၁ ရက်နှင့် ၂ ရက်တွင်မဲနှိုက်မည်
၄။ ပေကျင်း၌လူငယ်ရုပ်ရှင်ဖန်တီးသူများ ဂျက်ကီချန်းစတန့်အဖွဲ့နှင့်လေ့ကျင့်သင်ယူ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 29 June 2026
■ အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များနှင့် မသန်စွမ်းကျောင်းများမှ မသန်စွမ်းသူများ ပညာသင်ယူခွင့်ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အမှတ်စဉ် (၇/၂၀၂၆) သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
■ အဆိုပါထုတ်ပြန်ချက်၌ ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပံ့ပိုးပေးသောအရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်လည်းဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၆၆ ၊ ပုဒ်မခွဲ (က)၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ (က)၊ မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်အပိုဒ် ၂၈၊ ၂၉၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅ ခုနှစ်) ပုဒ်မ ၂၀ နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ခုနှစ်) ပုဒ်မ ၄၆၊ ၄၇၊ တို့တွင် ပညာသင်ယူခွင့်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းကြေညာထား ကြောင်း ဖော်ပြထားသည်။
■ ထို့အပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦးဖြေဆို အောင်မြင်ခဲ့ပြီး ယခုနှစ်နှင့်ပါဆိုလျှင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ဖြေဆိုအောင်မြင်မှုမှာ ၁၀၀ ရာခိုင် နှုန်းဖြင့် ၅ နှစ်ဆက်တိုက် ဖြေဆိုအောင်မြင်မှုဖြစ်ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး၊ စုစုပေါင်း အကျဉ်းသား ၄၆ ဦး အောင်မြင်ခဲ့ကြောင်း ၊ အောင်မြင်သူများတွင် ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၆ ဦး ပါဝင်ကြောင်းဖော်ပြထားသည်။
■ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ ဖြစ်ကြသော ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး)မှ ၁ ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦး၊ မန္တလေး လူငယ်သင်တန်းကျောင်းမှ ၄ ဦးလည်း အောင်မြင်ခဲ့ကြောင်း သိရသည်။
■ ပညာရေးကို မြှင့်တင်ရင်းနှီးမြှုပ်နှံခြင်းသည် လူတစ်ဦးချင်း၏ အနာဂတ်ကိုသာမက နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မရှိမဖြစ်အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သောကြောင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူအားလုံးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် အကျဉ်းထောင်များရှိ အကျဉ်းသား၊ အကျဉ်းသူများ၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးသူငယ်များနှင့်မသန်စွမ်းကျောင်းများမှ မသန်စွမ်းသူများ ပညာသင်ယူခွင့်ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟုယုံကြည်ပါကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 June 2026
■ MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ဇွန် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
■ အဆိုပါလက်ဖက်ရည်စကားဝိုင်း၌ ခရီးသွားကဏ္ဍအသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားမည်ဖြစ်သည်။
■ ယင်း “လက်ဖက်ရည်စကားဝိုင်း” ကို စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကျင်းပသွားရန် စီစဉ်ထားပြီး စကားဝိုင်းများမှ ရရှိလာသည့် ရလဒ်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများပါဝင်မည့် ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
■ ထို့အပြင် ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် အကြံပြုချက်များနှင့် အချက်အလက်များကို အစီရင်ခံစာအဖြစ်ပြုစုကာ သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ပြီး MSME ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများရရှိနိုင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတဆင့်မြန်မာလုပ်သား(၆၀၀ကျော်ကို ထပ်မံစေလွှတ်ခဲ့ရာ ယခုလအတွင်း မြန်မာလုပ်သား၂၀၀ခန့် ကိုရီးယားနိုင်ငံလုပ်ငန်းခွင်မှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီဖြစ်တယ်လို့ ဆိုးလ်မြို့ရှိမြန်မာသံရုံးမှ သိရပါတယ်။
#Local_News
Published 28 June 2026
#POEA #ကိုရီးယား
#YMG/SW #Yangon_Times
မြန်မာသင်္ဘောသားများ MSME လုပ်ငန်းများဆောင်ရွက်နိုင်မယ့် သမဝါယမအသင်းဖော်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#MSME #မြန်မာသင်္ဘောသား
#YMG/NN #Yangon_Times
နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ကိုရီးယားဈေးကွက်နှင့် ချိတ်ဆက်ပေးရန်၊ Global Supply Chain ချဲ့ထွင်ရန်နှင့် Business Matching အခွင့်အလမ်းများဖန်တီးပေးရန်ရည်ရွယ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့တစ်ခုတည်းသော သွင်းကုန်အထူးပြု B2B ကုန်စည်ပြပွဲဖြစ်တဲ့တောင်ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၆မှာ မြန်မာပြခန်းပါဝင်ပြသကာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာမှုမြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 27 June 2026
#တောင်ကိုရီးယားသွင်းကုန်ပြပွဲ
#YMG/SW #Yangon_Times
အမေရိကန်ဒေါ်လာနဲ့ ငွေထုတ်ပေးမယ့် မြန်မာသင်္ဘောသားများအတွက်ပင်စင်စနစ်ဖော်ဆောင်ဖို့ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲချုပ် (MSF)ကသိရပါတယ်။
#Local_News
Published 27 June 2026
#သင်္ဘောသား #ပင်စင်
#YMG/NN #Yangon_Times
Page 14 of 2378