#Local_News
Published 16 July 2026
■ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ Lightion Myanmar Co., Ltd. ၏ အီလက်ထရောနစ်ပစ္စည်းများ၊ စပီကာများ၊ ဆားကစ်ဘုတ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံသို့ရောက်ရှိပြီး စက်ရုံလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။
■ ထို့နောက် Guston Amava Co., Ltd. ၏ CMP စနစ်ဖြင့် ပြည်ပပို့ကုန်အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး ပို့ကုန်အထည်များ ချုပ်လုပ်နေမှုကိုလည်းကောင်း၊ Showa Glove Myanmar Co., Ltd. ၏ လက်အိတ်အမျိုးမျိုးထုတ်လုပ်သည့်စက်ရုံမှ ပြည်ပသို့ တင်ပို့ရန် လက်အိတ်များ ချုပ်လုပ်နေမှုကိုလည်းကောင်း၊ Koyorad Co., Ltd. ၏ ကားရေတိုင်ကီနှင့် ဆက်စပ်အစိတ်အပိုင်းများ ထုတ်လုပ်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 July 2026
■ မန်းရတနာပုံလေကြောင်းလိုင်းသည် ဇူလိုင် ၁၇ ရက်နေ့ မနက်ဖန်မှစတင်၍ အပတ်စဉ်သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထိုသို့ပျံသန်းရာတွင် ရန်ကုန် – အနီးစခန်း (ပြင်ဦးလွင်) ဇူလိုင် ၁၇ ရက်နေ့တွင်ပျံသန်းမည်ဖြစ်ကာလေယာဉ်လက်မှတ်ခနှုန်းထားမှာ ၃၀၄,၀၀၀ကျပ် ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင် အနီးစခန်း (ပြင်ဦးလွင်) – ရန်ကုန် လေယာဉ်လက်မှတ်ခနှုန်းထားမှာ ၂၉၄,၀၀၀ကျပ်ဖြစ်ကာ ဟဲဟိုး – အနီးစခန်း (ပြင်ဦးလွင်)လေယာဉ်လက်မှတ်ခနှုန်းထားမှာ ၂၆၄,၀၀၀ကျပ်ဖြစ် ကြောင်း သိရသည်။
■ ၎င်းအပြင် အနီးစခန်း (ပြင်ဦးလွင်) – ဟဲဟိုးလေယာဉ်လက်မှတ်ခနှုန်းထားမှာ ၂၆၄,၀၀၀ကျပ်ဖြစ် ကြောင်း သိရသည်။
■ ကျိုင်းတုံ – အနီးစခန်း (ပြင်ဦးလွင်)ခရီစဉ်ကို ဇူလိုင်၂၄ရက် မှစတင် ၍ ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားမှာ ၄၁၆,၀၀၀ကျပ်ဖြစ်ကာအနီးစခန်း (ပြင်ဦးလွင်) – ကျိုင်းတုံဇူလိုင်၂၄ရက် မှစတင်၍ ပြေးဆွဲမည်ဖြစ်ပြီးလေယာဉ်လက်မှတ်ခနှုန်းထားမှာ ၄၁၆,၀၀၀ကျပ်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 16 July 2026
■ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုကဏ္ဍတွင် နေရောင်ခြည်စွမ်းအင် (Solar Energy) အသုံးချမှု ပိုမိုတိုးမြှင့်နိုင်ရေး ရည်ရွယ်၍ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပခဲ့ကြောင်းသိရသည်။
■ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
■ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် အရေးကြီးကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များကို အဓိကအားထားနေရကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မတည်ငြိမ်မှုများကြောင့် စွမ်းအင်လုံခြုံရေးအတွက် ရေရှည်စီမံခန့်ခွဲမှုများ လိုအပ်လာကြောင်း ပြောကြားခဲ့သည်။
■ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းစွမ်းအင်အရင်းအမြစ်များကို အခြေခံသည့် သင့်လျော်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုး (Generation Mix) ကို စီမံတွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင် အရင်းအမြစ်ပေါများသည့် နိုင်ငံဖြစ်သည့်အပြင် စီမံကိန်းအကောင်အထည်ဖော်ချိန် တိုတောင်းသည့်အားသာချက်များကြောင့် အမျိုးသားဓာတ်အားလိုင်းအတွင်း Solar System များကို သင့်တင့်သောအချိုးအစားဖြင့် ထည့်သွင်းအသုံးပြုနိုင်ရေးနှင့် Solar Home System များကို တစ်ဦးချင်းနှင့် အစုအဖွဲ့အလိုက် တပ်ဆင်အသုံးပြုနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
■ လက်ရှိကြုံတွေ့နေရသည့် နည်းပညာပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အခက်အခဲများကို ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးအဖြေရှာနိုင်ပါက ထိရောက်သော စီမံကိန်းများကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး ဆိုလာဓာတ်အားစနစ်ကို စွမ်းရည်မြင့်မားစွာ အသုံးချနိုင်ရေးမှာ အရေးကြီးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
■ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များနှင့် ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
■ ထို့အပြင် “မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားစနစ်၏ တည်ငြိမ်စိတ်ချမှုကို ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။
■ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပေါကြွယ်ဝသော နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များကို အပြည့်အဝအသုံးချ၍ ဓာတ်အားထုတ်လုပ်နိုင်ပါက စွမ်းအင်ဖူလုံပြီး စိမ်းလန်းစိုပြည်သည့် အနာဂတ်နိုင်ငံတော်ဆီသို့ အောင်မြင်စွာချီတက်နိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
■ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ အင်ဂျင်နီယာအသင်းအဖွဲ့များ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအပါအဝင် စုစုပေါင်း ၄၇၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဟုမ္မလင်းမြို့နဲ့ဖောင်းပြင်မြို့နယ်တို့တွင် ချင်းတွင်းမြစ်ရေနဲ့ မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ(၁၅)ရက်၊ မနက်ပိုင်း အချိန်ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 15 July 2026
#ဟုမ္မလင်း_ဖောင်းပြင်_မဒေါက်
#YMG/NN #Yangon_Times
#Local_News
Published 15 July 2026
■ ထိုင်းနိုင်ငံတွင်ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့်မြန်မာအလုပ်သမားအတွက်အာမခံကြေးငွေဘတ်ငါးသိန်းရရှိခဲ့ကြောင်း ထိုင်းရှိအလုပ်သမားသံအရာရှိရုံးမှ သတင်းထုတ်ပြန်ထားသည်။
■ အလုပ်သမားသံအရာရှိရုံးအနေဖြင့်ထိုင်းနိုင်ငံေရာက် မြန်မာအလုပ်သမားရေးရာများကို ကူညီဆောင်ရွက်ပေးလျှက်ရှိရာတွင်ထိုင်းနိုင်ငံ၊ စမုပရာကန်၌ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ယာဉ်မတော်တဆဖြစ်ရာမှ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား စိုင်းဝမ် (ခ) စစ်လူ အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၅၀၀,၀၀ဝိ/- အား ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ပြီး ဇူလိုင်လ၁၄ ရက် မွန်းလွဲပိုင်းအချိန်တွင် အလုပ်သမားသံအရာရှိရုံး၌ မိခင်ဖြစ်သူထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
#YMG/SW #Yangon_Timess
၂၀၂၅-၂၀၂၆ ထောပတ်သီးရာသီချိန်မှာပြည်ပသို့ ထောပတ်သီး တန်ချိန် ၁၂,၀၀၀ ခန့်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိရပါတယ်။
#Local_News
Published 15 July 2026
#ထောပတ်သီး
#YMG/SW #Yangon_Times
ဝါမျိုးစေ့ထုတ်လုပ်ရောင်းချသူတွေ ၊ ဝါစိုက်တောင်သူတွေအနေနဲ့ စပ်မျိုးဝါ F 2 မျိုးစေ့တွေကို ဖြန့်ဖြူးရောင်းချတာနဲ့အသုံးပြုစိုက်ပျိုးတာတွေမပြုလုပ်ကြဖို့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 15 July 2026
#ဝါ
#YMG/NN #Yangon_Times
Page 16 of 2397