#Local_News
Published 17 July 2026
■ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းများ၏ ကျောင်းသား၊ ကျောင်းသူခေါ်ယူမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ သူနာပြုသိပ္ပံများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အချင်းပြည့်ဝကာ လူသားချင်းစာနာစိတ်ရှိသည့် သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်မည့် အရေးပါသည့် ကျန်းမာရေးပညာဗဟိုဌာနများဖြစ်လာကြောင်းယမန်ျန့ နံနက်ပိုင်းကသူနာပြုသိပ္ပံ(နေပြည်တော်)တွင်ပြုလုပ်သည့် သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၁၄ခုရှိသူနာပြုသိပ္ပံများဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
■ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ သူနာပြု-သားဖွားဒီပလိုမာရရှိသူ ၄၅,၂၄၅ ဦးနှင့် သားဖွား ၄၂,၅၂၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ လက်ရှိ ၂၀၂၆ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ ၅,၉၄၆ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းအတွက် ကျောင်းသူ ၁,၀၃၅ ဦးကို လေ့ကျင့်သင်ကြားပေးနေပြီး ၂၀၂၇ ပညာသင်နှစ်တွင် သူနာပြု-သားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသား၊ သင်တန်းသူ ၂,၉၀၀ ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်းအတွက် သင်တန်းသူ ၁,၄၀၀ ဦးအထိ တိုးမြှင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထို့ပြင် သူနာပြုပညာရေးကို အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်သည့် အရည်အသွေးအဆင့်အထိ မြှင့်တင်သွားမည်ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးလျက်ရှိသည့်အပြင် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များတွင် ပါရဂူဘွဲ့အဆင့်အထိ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
■ ၎င်းအပြင် ကျန်ရှိနေသည့် သူနာပြု၊ သားဖွားနှင့် နှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း အစိုးရအဖွဲ့သစ်၏ ရက်(၁၀၀)အတွင်း ဦးစားပေးဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံ၏ အနာဂတ်ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမည့် သူနာပြုနှင့် သားဖွားများကို ပညာရည်ပြည့်ဝပြီး ထူးချွန်သူများဖြစ်လာစေရန် စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သတ်မှတ်ထားတဲ့ ကျောင်းအင်္ဂါရပ်နှင့်စံနှုန်းများကို မပြည့်မီသေးတဲ့ ပုဂ္ဂလိကကျောင်းအချို့အား ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားပြီး လာမယ့်ပညာသင်နှစ်မှာ စံနှုန်းများနှင့်အညီ ပြင်ဆင်ပြီးစီးထားရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 16 July 2026
#ပုဂ္ဂလိကကျောင်း #ပညာရေးဝန်ကြီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 16 July 2026
■ သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက ကျောက်တံတားခရိုင်၊ လသာမြို့နယ်ရှိ သူနာပြုသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
■ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
■ အခမ်းအနားအစီအစဉ်အရ နိုင်ငံတစ်ဝန်းရှိ သူနာပြုသိပ္ပံများ ဖွင့်ပွဲကိုတစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Virtual စနစ်ဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
■ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက သူနာပြုသိပ္ပံ(ရန်ကုန်)၏ ဆိုင်းဘုတ်သစ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
■ ထို့အပြင် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံသာရည်ဖြင့် ပက်ဖြန်းဂုဏ်ပြုခဲ့ကြသည်။
■ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(ရန်ကုန်)ရှိ ကွန်ပျူတာခန်း၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) တွင် သင်ကြားလေ့ကျင့်နေမှုများ၊ စာကြည့်တိုက်၊ ထမင်းစားဆောင်၊ မီးဖိုဆောင်နှင့် စာသင်ခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ်(တိုက်ရိုက်)
Published 16 July 2026
၁။ ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ သက်တော်(၁၀၀)ပြည့်အကြို မွေးနေ့ပူဇော်ပွဲကျင်းပမည်
၂။ မော်တော်ယာဉ် အမည်ပြောင်းမှတ်ပုံတင်ခြင်းကို VAVS စနစ်ပြောင်းလဲကျင့်သုံး
၃။ ဝဥ၊ ချဥ်ပေါင်ဖာလာ ၊သီဟိုစေ့တင်ပို့မှုမှဒေါ်လာ (၉၄)သန်းကျော်ရရှိပြီးလျာထားချက်ထက်ကျော်လွန်
၄။ တရုတ်၏6Gနည်းပညာအစီအစဉ်ဖြင့် တိုင်းပြည်စီးပွားရေးကဏ္ဍများပိုမိုအားကောင်းလာစေမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီးရဲ့ သက်တော် (၁၀၀) ပြည့်ခါနီးရာပြည့်အကြို မွေးနေ့ပူဇော်ပွဲကို လာမယ့် ဇူလိုင်လ(၂၆)ရက်နေ့မှာ ရန်ကုန်မြို့ရှိ ချမ်းမြေ့ရိပ်သာကျောင်း၌ ကျင်းပသွားမယ်လို့ ချမ်းမြေ့ရိပ်သာဝေယျာဝစ္စအဖွဲ့ ရန်ကုန်ကသိရပါတယ်။
#Local_News
Published 16 July 2026
#ချမ်းမြေ့ဆရာတော်ဘုရားကြီး
#YMG/NN #Yangon_Times
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်တွေကို အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့အမည်နဲ့ အမည်ပြောင်းမှတ်ပုံတင်ရာမှာ အခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့ကစပြီး Vehicle Automatic Valuation System (VAVS) နဲ့ ပြောင်းလဲကျင့်သုံးဆောင်ရွက်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါတယ်။
#Local_News
Published 16 July 2026
#VAVS
#YMG/SW #Yangon_Times
၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဈေးကွက်ကို မြန်မာ့ဝဥ ၊ ချဉ် ပေါင်ဖာလာနဲ့သီဟိုစေ့တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၉၄ ဒသမ ၈၉ သန်း ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 16 July 2026
#ဝဥ_ချဥ်ပေါင်ဖာလာ_သီဟိုစေ့
#YMG/NN #Yangon_Times
Page 15 of 2397