ရန်ကုန်မြို့တွင်းရှိ ရှုပ်ထွေးနေတဲ့ ကေဘယ်ကြိုးများရှင်းလင်းရေး လုပ်ငန်းစဉ်များပြုလုပ်နေတယ်လို့သိရပါတယ်။
#Local_News
Published 14 July 2026
#ရန်ကုန်မြို့ #ကေဘယ်ကြိုး
#YMG/NN #Yangon_Times
#Daily_News
Published 14 July 2026
၁။ အွန်လိုင်းစနစ်ဖြင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းနှင့် Digital Payment စနစ်ကိုစတင်မည်
၂။ ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တရားမဝင်ကျူးကျော်များကိုဖယ်ရှားမည်
၃။ ရန်ကုန်မြို့တွင်းရှိ ရှုပ်ထွေးနေသည့် ကေဘယ်ကြိုးများရှင်းလင်းရေးများပြုလုပ်နေ
၄။ တရုတ်ဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူအများအပြားထိခိုက်သေဆုံး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 July 2026
■ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဥုးပညာဝံသ(ခ) ဒေါက်တာဖေဉာဏ်ကို သတ်ဖြတ်ကာ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သူ တရားခံ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
■ မှော်ဘီမြို့နယ်၊ (၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက် အတွင်း၌ သီတင်းသုံးလျက်ရှိတဲ့ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ဆရာတော် ဥုးပညာဝံသ(ခ) ဒေါက်တာ ဖေဉာဏ်(၇၅)နှစ် (၁၅)ဝါသည် ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ဆရာတော်၏ လက်ကိုင်ဖုန်း ၂ လုံး ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် (ပ)၃၂၂/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုရေးဖွင့်ပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ အထူးအမှုစစ်အဖွဲ့သည် . တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး ကို ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြစ်မှုကျူးလွန်သူ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေး(၂၀)နှစ်အား ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သက်ပိုင်ထွန်း(ခ)ပိုင်လေးအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေပိုင်းတွင်ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် ကုလားကြီးကုန်းကျေးရွာနေ စိုးရာဇာ(ခ)စိုးဝင်းကျော်(၂၂)နှစ်နှင့် ဝေယံနိုင်(ခ)ဝေယံ(၁၉)နှစ်တို့ ၂ ဦးအား မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာရှိ ၎င်းတို့၏နေအိမ်များ၌လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နေ တရားခံတိုးဝင်းကျော် (ခ) တိုးဝေကျော် (ခ) ကုလား (၂၈) နှစ်အား လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၇)ရပ်ကွက်ရှိ ရွှေထိပ်တင် ဘီယာဆိုင်အနီး၌လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။
■ ဖမ်းဆီးရမိ တရားခံများဖြစ်ကြသည့် သက်ပိုင်ထွန်း(ခ)ပိုင်လေးအပါအဝင် ၄ ဦးအား စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးနှင့် ဖမ်းဆီးရန်ကျန် တရားခံ စိုးထက်(ခ)အေကေတီတို့ ၅ ဦးသည် မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာအတွင်း ပန်းရံလုပ်ကိုင်နေကြသူများဖြစ်ကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင် သက်ပိုင်ထွန်း(ခ)ပိုင်လေး၏နေအိမ်တွင် ၎င်းတို့ ၅ ဦးတွေ့ ဆုံခဲ့ကြပြီး သက်ပိုင်ထွန်း(ခ)ပိုင်လေးမှ ငွေကြေးအဆင်မပြေကြောင်းပြောရာ စိုးရာဇာ(ခ)စိုးဝင်းကျော်မှ မှော်ဘီမြို့နယ်၊(၂)ရပ်ကွက်ရှိ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်အတွင်း ဝင်ရောက်ခိုးယူရန် တိုင်ပင်ခဲ့ကြပြီး ည ၁၀နာရီအချိန်တွင် ၎င်းတို့ ၅ ဦးသည် စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ရှိ ကျောင်းဆောင်အတွင်းသို့. ဝင်ရောက်ခဲ့ကြကြောင်း၊ ကျောင်းဆောင်အတွင်း ရောက်ရှိစဉ် ဆရာတော်ကြီးအား ကုတင်ပေါ်တွင် ထိုင်လျက်တွေ့ရှိရပြီး ဆရာတော်ကြီးမှ ၎င်းတို့အား မြင်တွေ့သွားခဲ့သဖြင့် အသင့်ပါလာသည့်အရိုး/အသွား ၁၈ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်းနှင့် ကျောင်းဆောင်အတွင်းမှ တွေ့ရှိရသည့် စတီးဓား ၁ ချောင်းတို့ဖြင့် ဆရာတော်ကြီးအား ထိုးသတ်ခဲ့ကြကြောင်း၊ ထို့နောက် ဆရာတော်ကြီးထံမှ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းတို့အား လုယက်ယူဆောင်ခဲ့ပြီး ဖုန်း ၂ လုံးအား စိုးရာဇာ(ခ)စိုးဝင်းကျော်နှင့် သက်ပိုင်ထွန်း(ခ)ပိုင်လေးတို့မှ ၁ လုံးစီယူဆောင်ကာ ခိုးယူရရှိငွေ ၅ သိန်းကျပ်အား ဝေယံနိုင်(ခ)ဝေယံမှ ၁ သိန်း ၄ သောင်းကျပ်နှင့်တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလားနှင့် ဖမ်းဆီးရန်ကျန်တရားခံ စိုးထက်(ခ)အေကေတီတို့မှ ၁သိန်း ၈ သောင်းကျပ်စီ ခွဲဝေယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။
■ ၎င်း တို့၏ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများ သိမ်းဆည်း ရရှိရေးဆောင်ရွက်ခဲ့ရာ သက်သေခံဖုန်း ၂ လုံးအား မှော်ဘီမြို့နယ်ရှိ ဖုန်းအပိုပစ္စည်းအရောင်းဆိုင် များမှလည်းကောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင် ၁ ချောင်းနှင့် လောက်လေးခွ
ထည့်ထားသည့် ဘေးလွယ်အိတ် ၁ လုံးတို့အား စန္ဒကူးမြိုင် ရိပ်သာကျောင်းဝန်းအတွင်းရှိ ရေမြောင်း အတွင်းမှလည်းကောင်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ တောင်ငူမြို့နယ်နေ တရားခံ စိုးထက်(ခ)အေကေတီ(၁၉)နှစ်အား ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူ မြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးအနီး၌လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
■ ဖြစ်စဉ်တွင် မှော်ဘီမြို့နယ်၊ စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက် ဆရာတော်အား သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းအား လုယက်ယူဆောင်ခဲ့သူ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 July 2026
■ မကွေးတိုင်းဒေသကြီးအတွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်း မျိုးသန့်များ အသုံးပြုရေး၊ GAP သင်တန်းများ စနစ်တကျပေးရေးနှင့် ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်အစာများကို ဒေသတွင်း၌ပင် ထုတ်လုပ်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အလေးပေး လမ်းညွှန်မှာကြားလိုက်သည်။
■ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းရရှိရေးသည် အဓိကကျသဖြင့် သီးနှံအထွက်နှုန်းတိုးတက်စေရန် ဘက်ပေါင်းစုံမှကူညီဆောင်ရွက်ပေးရမည်ဖြစ်ပြီး၊ မကွေးတိုင်းမှထွက်ရှိသော ပြောင်း၊ ပဲ၊ ဖွဲ၊ ဆန်ကွဲစသည်တို့ကို အသုံးချကာ မွေးမြူရေးအတွက်လိုအပ်သော တိရစ္ဆာန်အစာများကို ထုတ်လုပ်သွားရန်နှင့် လုပ်ငန်းများ၏ လိုအပ်ချက်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
■ နိုင်ငံတော်သမ္မတသည် အဆိုပါလမ်းညွှန်ချက်များကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်စစ်ဆေးစဉ် ပြောကြား ခဲ့ခြင်းဖြစ်သည်။
■ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့နယ်ရှိ သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်သုံး 100 MW (Gas Engine + Solar) Hybrid လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက် နှမ်းနှင့် နှမ်းဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့လျက်ရှိပြီး Contract Farming ဖြင့် တောင်သူများကို အကျိုးပြုနေသည့် ကောင်းကိုအုပ်စု ကုမ္ပဏီလီမိတက်သို့ သွားရောက်ကာလုပ်ငန်းများ လည်ပတ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
■ ထို့အပြင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအုပ်စုရှိ ရှားပင်လှ စိုက်ပျိုးမွေးမြူရေးဇုန်သို့လည်း ဆက်လက်သွားရောက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်နေမှုများကို စစ်ဆေးခဲ့သည်။
■ ထိုသို့စစ်ဆေးရာတွင် စနစ်တကျ လယ်ယာမြေဖော်ထုတ်ထားရှိမှု၊ ရေရရှိရေး ဆောင်ရွက်ထားမှုနှင့် သမဝါယမအသင်းများ စုပေါင်း၍ ဥစားကြက်မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကာ၊ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#Local_News
Published 14 July 2026
■ နိုင်ငံတစ်ဝန်း အပူချိန်မြင့်မားမှုနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို ရင်ဆိုင်နေရသည့် မြန်မာ နိုင်ငံအလယ်ပိုင်းဒေသကို စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
■ ယင်းအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး မြန်မာ့မီးရထားဘူတာနှင့် မီးရထားကွန်ကရစ်စက်ရုံဝန်းအတွင်း တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။
■ ၂၀၂၄ ခုနှစ်အတွင်း ချောက်မြို့တွင် ၄၈ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်စ်အထိ စံချိန်တင် အပူချိန်မြင့်တက်ခဲ့မှုများကြောင့် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးသည် နိုင်ငံတော်အဆင့် အထူးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်လာကြောင်း သိရသည်။
■ ဤစိုက်ပျိုးပွဲတော်တွင် ခရေ၊ ယင်းမာ၊ ပိတောက်၊ မဲဇလီ၊ တမာ၊ သပြေ၊ ကုက္ကိုနှင့် မျောက်ဆိပ် စသည့် သစ်မျိုး (၈) မျိုး၊ အပင်စုစုပေါင်း ၃,၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
■ လက်ရှိ လေ့လာချက်များအရ နိုင်ငံဧရိယာ၏ သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ೧၅ ရာခိုင်နှုန်းရှိပြီး မကွေးတိုင်းဒေသကြီးတွင် ၁၁ ဒသမ ၅၁ ရာခိုင်နှုန်းနှင့် မင်းဘူးခရိုင်တွင် ၁၅ ဒသမ ၆၁ ရာခိုင်နှုန်းသာရှိရာမှ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေခြင်းဖြစ်သည်။
■ "နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြပ်စို့" ဟူသော မူဝါဒနှင့်အညီ ရာသီဥတု ပြောင်း လဲမှုကို တုံ့ပြန်နိုင်ရန်နှင့် ဒေသအပူချိန်လျော့ကျစေရန် ဤသို့ အင်တိုက်အားတိုက် စိုက်ပျိုးနေ ခြင်းဖြစ်သည်။
■ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ နိုင်ငံတော်သမ္မတနှင့်အတူ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်၍ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။
■ စိုက်ပျိုးပွဲတော်အပြီးတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မင်းဘူး-မင်းလှ-မင်းဘူး ရထားလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်စည်ပို့ဆောင်မှုနှင့် ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် လမ်းညွှန်မှာကြားခဲ့သည်။
■ ထို့ပြင် မင်းဘူးမြို့ ကမ်းနားလမ်း ပြန်လည် ထိန်းသိမ်းဖောက်လုပ်မည့် အခြေအနေများကို စစ်ဆေးခဲ့ကာ မြို့ပြအင်္ဂါရပ်များနှင့်အညီ Town Plan ဖြင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#Local_News
Published 14 July 2026
■ မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးထုတ်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ဝါတင်ပို့ရောင်းချသည့် နိုင်ငံအဖြစ် မလွဲမသွေ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
■ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ထိုသို့အမှာစကား ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
■ အဆိုပါ မျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ဝါမျိုးစေ့ထုတ်လုပ်သူများ၊ ဝါကြိတ်ခွဲထုတ်လုပ်သူများနှင့် ချည်ထည်ထုတ်လုပ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများလိုအပ်လျက်ရှိသည်။
■ အရည်အသွေးကောင်းမွန်သော Grade A နှင့် B ရရှိနိုင်မည့် ပြည်ပဝါစေ့များကို တင်သွင်းရန်နှင့် ရေရှည်တွင် မိဘမျိုးရင်းများတင်သွင်း၍ ပြည်တွင်း၌မျိုးပွားထုတ်လုပ်သွားရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
■ ထို့ပြင် ပြည်တွင်း၌ ဝါကြိတ်စက်များထုတ်လုပ်ရန် တပ်မတော်ကိုတာဝန်ပေးဆောင်ရွက်ခဲ့ရာ ယခုအခါ အရည်အသွေးမီ ဝါကြိတ်စက်များကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။
■ ကမ္ဘာပေါ်တွင် ဝါစိုက်ပျိုးသည့် နိုင်ငံများရှိသကဲ့သို့ ဝါတင်သွင်းသည့် နိုင်ငံများလည်းများစွာ ရှိနေသောကြောင့် မြန်မာနိုင်ငံမှအရည်အသွေးမီ ချည်မျှင်ရှည်ဝါများ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံခြားဝင်ငွေများရရှိကာ နိုင်ငံစီးပွားရေးကိုမြှင့်တင်နိုင်မည်ဖြစ်သည်။
■ ပြည်တွင်းထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ရန်နှင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တောင်သူများက ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။
■ ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဝါလုပ်ငန်းဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ကုန်စုံဆိုင်များ၊ စတိုးဆိုင်များနဲ့ အသင့်စားမုန့်ရောင်းချတဲ့ ဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ အသင့်စားမုန့်အမျိုးမျိုးရဲ့ ကုန်အညွှန်းအမှတ်အသားတွေ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 13 July 2026
#အသင့်စားမုန့်အမျိုးမျိုး
#YMG/SW #Yangon_Times
Page 18 of 2397