လာမယ့် ဇွန်လမှာစတင်ဖြစ်ပေါ်မယ့် အယ်နီညိုရာသီဥတုအခြေအနေကြောင့် အခုနှစ်မိုးရာသီအတွင်း မိုးနည်းပါးနိုင်သလို မုန်တိုင်းကြောင့်လည်း မထင်မှတ်ပဲ မိုးကြီးနိုင်တယ်လို့သိရပါတယ်။
#Local_News
Published 22 May 2026
#အယ်နီညိုရာသီဥတု #မုန်တိုင်း
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ ရန်ကုန်အထိုင်စားအုန်းဆီအခြေခံလက်ကားဈေးအနည်းငယ်ပြန်ကျလာတယ်လိုသိရပါတယ်။
#Local_News
Published 22 May 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
#Daily_News
Published 22 May 2026
၁။ ပြည်ပတင်ပို့မှုအားကောင်းလာသောကြောင့် စိန်တစ်လုံးသရက်ဈေးမြင့်တက်
၂။ အယ်နီညိုရာသီဥတုကြောင့် ယခုနှစ်မိုးနည်းနိုင်
၃။ စားအုန်းဆီအခြေခံလက်ကားဈေး အနည်းငယ်ပြန်ကျ
၄။ တရုတ်သို့လာရောက်လည်ပတ်သောဗလာဒီမာပူတင်အား သမ္မတရှီကျင့်ဖျင်လက်ခံတွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 May 2026
■ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် မေလ၂၀ ရက်နေ့ ညနေပိုင်းက Digitalization of Industrial Russia ၂၀၂၆ ဖိုရမ်တွင် ခင်းကျင်းပြသထားသော ပြခန်းများအားသွားရောက်ကြည့်ရှုလေ့လာသည်။
■ အဆိုပါပြခန်းများတွင် ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီများက လူမှုစီးပွားဘဝကဏ္ဍစုံတွင် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနည်းပညာများ အသုံးပြုဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ် Application များကို ရာနှုန်းပြည့် ရုရှားနိုင်ငံ၌ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ Digital Twin နည်းပညာကို မော်စကိုမြို့၏ မြို့ပြစီမံခန့်ခွဲမှုတွင် အသုံးပြုဆောင်ရွက်နေမှု၊ ဇီဝအချက်အလက်နည်းပညာကို နယ်ပယ်စုံတွင် အသုံးချဆောင်ရွက်နေမှုကို ခင်းကျင်းပြသထားသည်။
■ ထို့နောက် Astra Group ကုမ္ပဏီ၏ပြခန်း၌ ပြည်ပမှီခိုမှုကင်းသော Operating System ၊ ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ Application များ၊ နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် Software များအကြောင်းကို ကြည့်ရှုလေ့လာကြသည်။
■ ယင်းနောက် Astra Group ကုမ္ပဏီနှင့်ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံတွင် Operating System နှင့် Software များ အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှနည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပိုင်းဆိုင်ရာသုတေသနပြု အကောင်အထည်ဖော်နိုင်ရေးအတွက် Moscow Technical University of Communications and Informatics (MTUCI) နှင့် Naypyitaw State Polytechnic University (NSPU) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 22 May 2026
■ လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီးရထား (ရုံးချုပ်) မှ အာမခံ အလုပ်သမားဝန်ထမ်းများအား ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
■ အဆိုပါလူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) နှစ်စီးဖြင့် မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်) နှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တို့မှ အရာထမ်း၊ အမှုထမ်း အာမခံအလုပ်သမားဝန်ထမ်းများအား ယမာန်နေ့နံနက်ပိုင်းက လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးတို့ ကြည့်ရှုအားပေးသည်။
■ ရွေ့လျားဆေးကုသယာဉ်များဖြင့် ကွင်းဆင်းဆေးကုသပေးရာတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအား လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ၊ လွှဲပြောင်းကုသမှုများဆောင်ရွက်ပေးခြင်း၊ နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု ၃၂၇ ဦး၊ နှလုံးစမ်းသပ်စစ်ဆေးမှု ၁၈၅ ဦး၊ မျက်စိပါဝါစမ်းသပ်မှု ၃၂၅ ဦး၊ မျက်မှန်ပေးအပ်မှု ၃၂၀ ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ကျောင်းပြင်ပ ကျောင်းသားများအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပညာသင်ယူနိုင်ဖို့ Placement Test (အထူးအစီအစဉ်) လျှောက်လွှာတွေ စတင်ခေါ်ယူနေတယ်လို့ အခြေခံပညာဦးစီးဌာနကသိရပါတယ်။
#Local_News
Published 21 May 2026
#Placement_Test
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေး အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှာ မှတ်ပုံတင်ဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မေလ ၁၉ ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ဒူးရင်းသီးပွဲတော် ၂၀၂၆ မှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 21 May 2026
#မြန်မာ့ဒူးရင်းသီး #GACC
#YMG/SW #Yangon_Times
Page 21 of 2352