အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ ခရီးသည်တွေ သယ်ဆောင်လာတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေနဲ့ပတ်သက်ပြီး CEIR စနစ်မှာ မှတ်ပုံတင်ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ်ကို CEIR နှင့် EIR စနစ်စီမံကိန်းဦးစီးကော်မတီက အသိပေးထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 15 July 2026
#CEIR #မိုဘိုင်းလက်ကိုင်ဖုန်း
#YMG/SW #Yangon_Times
#Daily_News
Published 15 July 2026
၁။ ပြည်ပသို့ထောပတ်သီးတန်ချိန် ၁၂,၀၀၀ ခန့်တင်ပို့ထား
၂။ စပ်မျိုးဝါ F 2 မျိုးစေ့များ ဖြန့်ဖြူးရောင်းချခြင်းနှင့်စိုက်ပျိုးခြင်းမပြုရန်သတိပေး
၃။ လေဆိပ်အဝင်ခရီးသည်များ သယ်ဆောင်လာသည့် မိုဘိုင်းဖုန်း ၂ လုံးအထိသာ CEIR မှတ်ပုံတင်ဆောင်ရွက်ပေးမည်
၄။ နည်းပညာကုမ္ပဏီကြီးMicrosoft ကမ္ဘာတဝှမ်းမှအလုပ်အကိုင်နေရာပေါင်း(၄,၈၀၀)လျှော့ချမည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 15 July 2026
■ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၌ ယနေ့မနက်အစောပိုင်း၌ မီးလောင်မှုတစ်ခုဖြစ်ပွား
ခဲ့ကြောင်းသိရသည်။
■ ဇူလိုင်၁၅ ရက်နေ့၊ မနက်၂ နာရီ ၂၁ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
■ အဆိုပါသတင်းရရှိသဖြင့် မြင်းခြံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၃နာရီ ၇မိနစ် အချိန်၌မီးငြိမ်းခဲ့ကြောင်းသိရသည်။
■ မီးလောင်မှုဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းလျှက်ရှိကြောင်းသိရသည်။
YMG/NN #Yangon_Times
#Local_News
Published 15 July 2026
■ သာကေတမြို့နယ်၊ (၁၀) မြောက်ဈေးအနီးတွင် လိုက်ထရပ်တစ်စီး မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဇူလိုင်၁၅ ရက်နေ့၊ မနက်၈ နာရီ၅၀မိနစ် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ ၁၀ မြောက်ဈေးအနီးတွင် Light Truck (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
■ အဆိုပါသတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သာကေတနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
■ ထို့နောက် မနက်၈ နာရီ ၅၂ မိနစ်အချိန်က မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၅၇မိနစ် အချိန်၌ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
YMG/NN #Yangon_Times
မုတ်သုံလေအားကောင်းနေတာကြောင့် ဒေသအချို့၌မိုးကြီးလေထန်၍ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်နိုင်တာကြောင့် သတိထားနေထိုင်ကြဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမယ့်သတိပေးချက် အမှတ်စဉ်(၁၅/၂၀၂၆)ကို ဒီကနေ့ 'ထုတ်ပြန်ပြီး အသိပေးထားပါတယ်။
#Local_News
Published 14 July 2026
#မိုးကြီးလေထန် #မုတ်သုံလေ
#YMG/NN #Yangon_Times
ယာဉ်မောင်းလိုင်စင်ဝန်ဆောင်မှုလုပ်ငန်းများ၏ ကျသင့်ငွေများကို Digital Payment စနစ်ဖြင့်ပေးချေခြင်းနဲ့ အွန်လိုင်းစနစ်ဖြင့် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို လာမယ့် ဇူလိုင်လ ၁၇ ရက် မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမယ်လို့ ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 July 2026
#ယာဉ်မောင်းလိုင်စင်
#YMG/NN #Yangon_Times
ရန်ကုန်-ပြည် ရထားလမ်းပိုင်း၌ မကြာမီ DEMU ရထားတွဲဆိုင်းသစ်များနဲ့ ပြေးဆွဲမှာဖြစ်ရာ ယင်းလမ်းတစ်လျှောက်ရှိ တရားမဝင်ကျူးကျော်များကိုဖယ်ရှားရှင်းလင်းသွားမယ်လို့ သိရပါတယ်။
#Local_News
Published 14 July 2026
#ရန်ကုန်_ပြည် #DEMUရထား
#YMG/NN #Yangon_Times
Page 17 of 2397