၃၀ ဇွန်၊၂၀၂၆
ပြည်ပနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူနေထိုင်သော မြန်မာနိုင်ငံသားဟောင်းများနှင့် အမည်မည်း
စာရင်းဝင် မြန်မာနိုင်ငံသားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် အပါအဝင် ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်နိုင်ရေးအတွက် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်းသိရသည်။
၂၀၂၆ခုနှစ် မေလ ၄ရရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၆၀/၂၀၂၆ ဖြင့် နိုင်ငံတော်သမ္မတရုံးက အဆိုပါစိစစ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစိစစ်ရေးအဖွဲ့တွင် နိုင်ငံခြာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊လူဝင်မှုကြီးကြပ်ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ကာ ပြည်ထဲရေး၊ ဥပဒေရေးရာ၊ပညာရေး၊ကျန်းမာရေးနှင့် ၊လူဝင်မှုကြီးကြပ်ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများက အဖွဲ့ဝင်များအဖြစ်ပါဝင်ကြသည်။
အဆိုပါအဖွဲ့သည် ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းများက မြန်မာနိုင်ငံသားအဖြစ် ပြန်လည် ခံယူ ခွင့်ပြုရန် လျှောက်ထားမှုများကို မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်ခြင်း၊ပြည်ပနိုင်ငံတွင် ဒုက္ခသည် အဖြစ် ခံယူနေထိုင်သော မြန်မာနိုင်ငံသားဟောင်းများနှင့် အမည်မည်း စာရင်းဝင် မြန်မာနိုင်ငံ သားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားမှုများကို ကိစ္စတစ်ခု ချင်းအလိုက် စိစစ်ထောက်ခံတင်ပြရန် သင့်မသင့် ဆုံးဖြတ်ခြင်း၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက် အထားမပြနိုင်သည့် မြန်မာနိုင်ငံသားဟောင်းများ၏ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုရန် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နိုင်ငံသား စိစစ်အတည်ပြုချက်၊ ၎င်း၏ပြည်ပတွင် နေထိုင်မှုအခြေအနေနှင့် ပြစ်မှုကင်းရှင်းသူ ဟုတ် မဟုတ် တို့ကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ သဘောထားမှတ်ချက်များရယူ၍ ကိစ္စတစ်ခု ချင်းအလိုက် စိစစ်ထောက်ခံ တင်ပြရန် သင့် မသင့် ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်သည်။
ထို့အပြင်မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုကြောင်း ထောက်ခံသင့်သည်ဟု ဆုံးဖြတ်ခြင်း ခံရသည့် မြန်မာနိုင်ငံသားဟောင်းများနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြရ မည်ဟု အမိန့်ကြော်ငြာစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုကြောင်း ထောက်ခံ တင်ပြထားသူများကို ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးက မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနအား ညွှန်ကြားမည်ဖြစ်ကြောင်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရဲ့ အသင်းသက်တမ်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ပဉ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအရောင်းပြပွဲ ၂၀၂၆ လာမယ့်ဩဂုတ်လမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။
#Local_News
Published 30 June 2026
#ကျောက်မျက်ရတနာ
#YMG/SW #Yangon_Times
အခု ၂၀၂၆ ခုနှစ်အတွင်း စက်မှုဇုန်များရှိ အလုပ်ဌာနနဲ့အလုပ်သမားဦးရေစာရင်းများကို ကွင်းဆင်းကောက်ယူသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက နေသိရပါတယ်။
#Local_News
Published 30 June 2026
#စက်မှုဇုန်
#YMG/NN #Yangon_Times
လာမယ့်ဇူလိုင်လအတွင်း ရန်ကုန်မြို့ရှိဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘော(၅၅)စီးဝင်ရောက်ဖို့ရှိတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားပါတယ်။
#Local_News
Published 30 June 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
ပြည်ပနိုင်ငံများသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလကနေမေလအထိ ၂ လအတွင်း အမေရိကန်ဒေါ်လာနှစ်သိန်းကျော်တန်ဖိုးရှိပျားရည်တန်ချိန်(၁၆၂)တန်တင်ပို့ခဲ့တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက သိရပါတယ်။
#Local_News
Published 30 June 2026
#ပျားရည်
#YMG/NN #Yangon_Times
#Daily_News
Published 30 June 2026
၁။ စက်မှုဇုန်များရှိ အလုပ်ဌာနနှင့်အလုပ်သမားဦးရေစာရင်းများကို ကွင်းဆင်းစစ်ဆေးမည်
၂။ ဇူလိုင်လအတွက် ကုန်သေတ္တာတင်သင်္ဘော(၅၅)စီးဝင်ရောက်မည်
၃။ ပြည်ပသို့ ဒေါ်လာနှစ်သိန်းကျော်တန်ဖိုးရှိပျားရည်တန်ချိန်(၁၆၂)တန်တင်ပိုထား
၄။ စီးပွားရေးကျပ်တည်းကာငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် အင်ဒိုနီးရှား၌စီးပွားရေးလုပ်ငန်းအကျပ်တွေ့... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 June 2026
■ ဆေးဝါးဈေးကွက်အတွင်းမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသည့် Albutein 20% Solution for IV Infusion ဆေးဝါးနှင့် အလားသဏ္ဌာန်တူ ဆေးဝါးအတုများ ရောင်းချနေမှုကို စိစစ်တွေ့ရှိထားသဖြင့် အများပြည်သူများအနေဖြင့် ဝယ်ယူသုံးစွဲခြင်းမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
■ FDA သည် အရည်အသွေးပြည့်ဝ၍ အာနိသင်ထက်မြက်ကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများကို ပြည်သူများ ဘေးကင်းလုံခြုံစွာ သုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း စဉ်ဆက်မပြတ် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ ဆေးဝါးအတု ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
■ အဆိုပါ စိစစ်တွေ့ရှိရသည့် ဆေးဝါးမှာ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော Grifols Biologicals LLC, USA ထုတ် Albutein 20% Solution for IV Infusion [Albumin (Human) USP 20g/100mL]ဆေးဝါးနှင့် ပုံပန်းသဏ္ဌာန် ဆင်တူသော်လည်း IP Specificationဟု ဖော်ပြထားသည့် Albutein 20% Solution for IV Infusionဆေးဝါးအတုဖြစ်ကြောင်း ဆိုထားသည်။
■ ထို့ကြောင့် အများပြည်သူများအနေဖြင့် IP Specification ဖော်ပြထားသော Albutein 20% Solution for IV Infusion ဆေးဝါးအတုကို ဝယ်ယူသုံးစွဲခြင်း မပြုကြရန်နှင့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် (Registration Number) ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူအသုံးပြုကြရန် နှင့် Albutein 20% Solution for IV Infusion သည် လူ့သွေးပလာစမာ (Blood Plasma) အတွင်းရှိ Albumin ပရိုတင်းဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသည့် သွေးကြောသွင်းဆေးရည် (Intravenous Infusion) အမျိုးအစားဖြစ်ပြီး အရေးပေါ်နှင့် ပြင်းထန်သော ရောဂါအခြေအနေများတွင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့်သာ သွေးပြန်ကြောမှတစ်ဆင့်သွင်းပေးရသည့် ဆေးဝါးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 12 of 2378