နေပြည်တော်၊ ဩဂုတ် ၂၆
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ဗီယက်နမ်သမ္မတက ဖိတ်ကြားလိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍများ တိုးမြှင့်ရန် မြန်မာနှင့် ဗီယက်နမ်တို့ ဩဂုတ် ၂၆ ရက်တွင် နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိတ်ကြားချက်ကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Le Hoal Trung က နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင် တော်၌ တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ တိုလမ်၏ သတင်းစကားအဖြစ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ၏ လာမည့်ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာ တည်ဆောက် ထားသည့် ဆက်ဆံရေးအပေါ် အခြေခံကာ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသစ်များ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဗီယက်နမ် အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်တို့ကို လေးစားကြောင်းနှင့် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် ဆက်လက်ရပ်တည် မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတက မြန်မာနှင့် ဗီယက်နမ်တို့၏ သံတမန်ဆက်ဆံရေးသည် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ ပြည့် ကျော်လွန်ခဲ့ပြီဖြစ်ပြီး ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများတွင် တူညီမှုများရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများအပြင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ကောင်းမွန်နေကြောင်း ပြောကြားသည်။
နှစ်ဖက်ဆွေးနွေးမှုတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များ တိုးချဲ့ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ ပါဝင်တက်ရောက်ရေးအပြင် နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ အပြန်အလှန်ထောက်ခံရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ မြန်မာဘက်မှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Anh Duc နှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီးနောက် ပထမဆုံး တရားဝင် ပြည်ပခရီးစဉ်အဖြစ် မေလကုန်တွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဇွန်လတွင် တရုတ် နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ထို့နောက် ဩဂုတ် ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီး သွားရောက်ခဲ့ပြီး ဩဂုတ်လနှောင်းပိုင်းတွင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့လည်း တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံကလည်း နိုင်ငံတော်သမ္မတကို တရားဝင်ခရီးလာရောက်ရန်ဖိတ်ကြားထားပြီး ယခု ဗီယက်နမ်၏ ဖိတ်ကြားမှုသည် သမ္မတ တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင်၏ နိုင်ငံရပ်ခြား တရားဝင်ခရီးစဉ်များ ဆက်တိုက်ပြုလုပ် နေသည့် ကာလအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲကို ငါးရက်တိုင်တိုင်ကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 26 August 2026
#ရွှေတိဂုံစေတီတော်
#YMG/NN #Yangon_Times
၂၀၂၇ ခုနှစ် ဇန်နဝါရီ (၄)ရက်မှာကျရောက်မယ့် (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်နဲ့ ရောင်စုံဓာတ်ပုံပြိုင်ပွဲကိုကျင်းပသွားမယ်လို့သိရပါတယ်။
#Local_News
Published 26 August 2026
#ဓာတ်ပုံပြိုင်ပွဲ #
#YMG/SW #Yangon_Times
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့အရည်အသွေးပြည့်မီရေးအတွက် ဆေးဆိုင်များကို လစဉ်စီမံချက်ရေးဆွဲကာစစ်ဆေးနေပြီး ဆေးကုမ္ပဏီတွေရဲ့ ဆေးဝါးသိုလှောင်ရုံများကိုလည်းပုံမှန်စစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးက ပြောပါတယ်။
#Local_News
Published 26 August 2026
#ဆေးဆိုင် #ဆေးဝါးသိုလှောင်ရုံ
#YMG/NN #Yangon_Times
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတိုအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ရေးနဲ့ဈေးကွက်သစ်တွေ ဖော်ဆောင်နိုင်ရေးအတွက် B2B Mini Workshop နဲ့ Famtrip ခရီးစဉ်ကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။
#Local_News
Published 26 August 2026
#B2B_Workshop
#YMG/SW #Yangon_Times
#Daily_News
Published 26 August 2026
၁။ ရွှေတိဂုံစေတီတော်၌ အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ငါးရက်တိုင်တိုင်ကျင်းပနေ
၂။ “လှပသာယာ ပြည်မြန်မာ”ဓာတ်ပုံပြိုင်ပွဲကျင်းပမည်
၃။ ဆေးဆိုင်များကို လစဉ်စီမံချက်ရေးဆွဲကာစစ်ဆေးနေပြီး ဆေးဝါးသိုလှောင်ရုံများကိုလည်းပုံမှန်စစ်ဆေးနေ
၄။ သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက်လက်နက်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား ထိုင်းနိုင်ငံတင်းကြပ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 August 2026
■ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသားသုံးဦးနှင့် မလေးရှားနိုင်ငံသားနှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ငါးဦးတို့အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
■ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
■ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားသံရုံးမှ Third Secretary Mrs. Nur Shakila Binti Lawrence နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ Assistant Section Officer Mr. Jesse Elhanan Warbah နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
■ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၇၆၄ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၈၂၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
■ အဆိုပါ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၃၉ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၇၂၄ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၂၁၅ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်းသိရသည်။
■ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 11 of 2432