#Local_News
Published 5 July 2025
▪️ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။
▪️ အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
▪️ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သဘာဝဘေး အန္တရာယ်တစ်ခုဖြစ်ပွားပြီး တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီအထောက်အပံ့ ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပြီးသည်နှင့် ပျက်စီးဆုံးရှုံးမှုနှင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကိုဆောင်ရွက်၍ ရရှိလာသည့်လေ့လာ တွေ့ရှိချက်များကို အခြေခံကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်လေ့ရှိကြပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အဆိုပါလုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူပြုစုပြီးဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက်ကို မူလအခြေ အနေထက် ပိုမိုကောင်းမွန်ပြီး အနာဂတ်ဘေးအန္တရာယ်များအတွက်ပါ ကြံ့ကြံ့ခံနိုင်သည့် လူ့အသိုက်အဝန်း ဖြစ်လာစေရေး ဦးတည်ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတကာစံနှုန်းများ၊ ပြည်တွင်း လုပ်ထုံးလုပ်နည်းများနှင့်ညီညွတ်သော ပြန်လည်ထူထောင်ရေး စီမံချက်ဖြစ်စေရေး ရေးဆွဲဆောင်ရွက်ကြရန်လိုပါကြောင်း၊ သက်ဆိုင်ရာကဏ္ဍ အလိုက်လက်တွေ့ကျပြီး လိုအပ်မှုနှင့်ကိုက်ညီကာ အမှန်တကယ်အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည့် စီမံချက်တစ်ရပ် ပေါ်ပေါက်စေရေး ဘက်စုံထောင့်စုံက စဉ်းစားကာ ရေးဆွဲပြုစုကြစေလိုကြောင်း ပြောကြားသည်။
▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က ပြန်လည်ထူထောင်ရေးစီမံချက် (Recovery Plan)ရေးဆွဲရာတွင် ကဏ္ဍတစ်ခုချင်းအလိုက် ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည့်အချက်များကို အကြံပြုဆွေးနွေးသည်။
▪️ အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနအသီးသီးမှ ဘာသာရပ်ဆိုင်ရာ အရာထမ်းများ တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 5 July 2025
▪️ နေပြည်တော်မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ကျင်းပသည့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲ၌ မန္တလေးမြို့မ တေးဂီတအဖွဲ့ အပါအဝင်နိုင်ငံကျော် တေးသံရှင်များပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။
▪️ အစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်ကြီး၏ နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြင့် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ယမာန် နေ့ညပိုင်းက နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV Auditorium) ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တေးဂီတဖျော်ဖြေပွဲ သို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာစိုးဝင်းနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးမြို့ မြို့မိ မြို့ဖများ၊ မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
▪️ ဖျော်ဖြေပွဲမစတင်မီ MRTV Lobby ၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်ကိုက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်လှူဒါန်းရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က လက်ခံရယူသည်။
▪️ ထို့နောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့က မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်ကြမည့် မန္တလေးမြို့မ တေးဂီတအဖွဲ့ကြီးနှင့် အနုပညာရှင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ အားလည်းကောင်း၊ ပြန်ကြား ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃၀ အားလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကပေးအပ်ရာ မြို့မတေးဂီတအဖွဲ့ကြီး၏ နာယကများဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးမြတ်စိုးဆွေနှင့် ဦးခင်မောင်ဆွေတို့က လက်ခံရယူကြသည်။
▪️ ယင်းနောက် မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို ဆက်လက်ကျင်းပရာ မန္တလေးမြို့မတူရိယာအသင်းကြီး၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် သန်းမြတ်စိုး၊ ဖိုးသောကြာ၊ အိအိချွန်၊ မစံပယ်တို့နှင့် မန္တလေးမြို့မ တူရိယာအသင်း၏ ပင်တိုင်တေးသံရှင်များဖြစ်ကြသည့် ညီနေမင်း၊ အောင်မျိုးမြင့်၊ ကျော်ဌေးအောင်၊ စွမ်းရည်ထက်၊ ကျော်ဇင်၊ မြတ်နုသွေးနှင့် ပန်းအိန္ဒြေထက် (ပန်းလေး)တို့က ကျောက်ဆည်မြို့၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ သမီးပျိုလေးများ၏ အကအလှများနှင့်တွဲဖက်၍ မန္တလေးမြို့၏ ထင်ရှားကျော်ကြားသော ပုံရိပ်များ၊ အနှစ်သာရများ ကို ပေါ်လွင်ထင်ရှားစေသည့် ခေတ်အဆက်ဆက်ကျော်ကြားခဲ့သော မြို့မတေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
▪️ တေးဂီတဖျော်ဖြေပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် မန္တလေးမြို့မ တီးဝိုင်းအဖွဲ့သားများနှင့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် တစ်ဦးချင်းအမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
▪️ မန္တလေး တက္ကသိုလ်ကြီး၏ မူလအစဖြစ်သည့် မန္တလေးဥပစာကောလိပ်ကို ၁၉၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် မန္တလေး ဝိဇ္ဇာ/သိပ္ပံကောလိပ်နှင့် ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်အဖြစ် ပေါ်ထွန်းခဲ့ရာ မန္တလေးတက္ကသိုလ် ကြီးသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၄ ရက်တွင် နှစ် ၁၀၀ ပြည့်မြောက်ခဲ့သဖြင့် လည်းကောင်း၊ မန္တလေးမြို့ကြီး၏ အသည်းနှလုံးဖြစ်သော မန္တလေးမြို့မ တူရိယာအသင်းကြီးတည်ထောင်ခဲ့မှုမှာလည်း နှစ်တစ်ရာပြည့်မြောက်လာ သဖြင့်လည်းကောင်း “မန္တလေး တက္ကသိုလ်ကြီး၏ ရာပြည့်အထိမ်း အမှတ်တေးဂီတဖျော်ဖြေပွဲ” ကို မန္တလေးမြို့မတူရိယာအသင်းကြီးက ဂုဏ်ယူစွာဖြင့် တီးခတ်ဖျော်ဖြေပေးခြင်းဖြစ်ရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက အပတ်စဉ်သောကြာနေ့ညတိုင်း တင်ဆက်လျက်ရှိသည့် Friday Night Live Show အစီအစဉ်တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်၍ နိုင်ငံတစ်ဝန်းသို့ တင်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၄ ဇူလိုင် ၂၀၂၅
PDF နှင့် လက်နက်ကိုင်အုပ်စုများကို ဥပဒေဘောင်အတွင်းတရားဝင်ရပ်တည်ကာ နိုင်ငံတော် အကျိုး ဒေသအကျိုးကို အစိုးရ၊တပ်မတော်တို့နှင့် အတူလက်တွဲဖော်ဆောင်ကြရန် နစက အစိုးရက ယနေ့ ဇူလိုင် ၄ရက်က ဖိတ်ခေါ်လိုက်ပါတယ်။
နစက သတင်းထုတ်ပြန်ရေးအဖွဲက့ ဇူလိုင် ၄ရက်နေ့စွဲနှင့် ပြည်ထောင်စု အကျိုးအတွက်ဖိတ်ခေါ်ချက် ထုတ်ပြန်ပြီး ယင်းကဲ့သို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။
“ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသ အကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်” လို့ အဆိုပါ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်ရပ် တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး PDFအမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန် းချက်မှာလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်တယ်လို့ ပြောဆိုကမ်းလှမ်းထားတာဖြစ်ပါတယ်။
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့်မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှု မရှိ သည့်အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်း ကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့်ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကိုထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ် အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အဝပူးပေါင်းပါဝင်ဆေင်ရွက်ကြဖို့လည်း အဆိုပါ ဖိတ်ခေါ်ချက်မှာ တိုက်တွန်းထားပါတယ်။
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲကို ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ၂၀၂၆ ဇန်နဝါရီ ပထမအတွင်း ကျင်းပပေးမယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောကြားအပြီး ယခုကဲ့သို့ ဖိတ်ခေါ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published 4 July 2025
၁။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများသူနာပြုနှင့် ဘက်စုံသားဖွားဒီပလိုမာသင်တန်း တက်ရောက်နိုင်
၂။ အာရုံကြောမကြီး ထိခိုက်ထားသည့် ဆင်ကလေးကျော်ပုလဲအား အချိန်ယူကုသရမည်ဟုဆို
၃။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲရန် လျာထား
၄။ နိုင်ငံတကာနျူကလီးယားစွမ်အင်အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရပ်ဆိုင်းရန် အီရန်သမ္မတအမိန့်ထုတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 4 July 2025
▪️ ရန်ကုန်မြို့ ဝင်္ဂဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်း တည်ရှိသည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဇူလိုင် ၅ရက်မှ စ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ဖွင့်လှစ်ရာတွင် နံနက်၁၀နာရီမှညနေ ၃ နာရီအထိဖွင့်လှစ်ပြသမည်ဖြစ်ပြီး ရုပ်ရှင်ချစ်သူများ၊ရုပ်ရှင်ဝါသနာရှင်များ၊ ရုပ်ရှင်သမိုင်းကိုစိတ်ဝင်စားသူများလေ့လာကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အသိပေးထားသည်။
▪️ ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုပ်ရှင်သမိုင်းပြတိုက်ကို မြန်မာရုပ်ရှင်နှစ် ၁ဝဝ ပြည့်အမီ ၂၀၁၉ ခုနှစ်ကအကြီးစား ပြန်လည်ပြင်ဆင်မှုပြုလုပ်ကာ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်နှင့် ပတ်သတ်သော အကြောင်း အရာများဖြစ်သော နိုင်ငံ၏ ရုပ်ရှင်သမိုင်းတွင်ထင်ရှား ကျော်ကြားခဲ့သော ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ထုတ်လုပ်သူများ၊ ဇာတ်ညွန်းရေးသူများ၊ စသော ရုပ်ရှင်နှင့်ပတ်သတ်ကြသူများ၏ စွမ်းဆောင်မှုများ ကိုပြသထားကြောင်း၊ အကြီးစားပြန်လည်ပြင်ဆင်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်သမိုင်းပြတိုက်တွင် ပြခန်းများအဖြစ် ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတု ပြခန်း၊ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် အကြိုပြခန်း၊ စက်မှုပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်း တို့ပါဝင်ကြောင်း သိရသည်။
▪️ ထို့နောက် ခေတ္တပြန်လည်ပိတ်ထားခဲ့သည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ဇူလိုင် ၅ရက်မှစ၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
သုံးပတ်ဆက်တိုက်မြင့်တက်ခဲ့တဲ့ ရန်ကုန်အထိုင်စက်သုံးဆီရည်ညွှန်း ဈေးနှုန်းတွေ အခုတစ်ပတ်မှာတော့ တစ်လီတာကို ကျပ်၉၀ကနေ ၁၃၅ ကျပ်အတွင်း ပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 4 July 2025
#စက်သုံးဆီဈေးကျဆင်း #စက်သုံးဆီရည်ညွှန်း ဈေးနှုန်း
#YMG/NN #Yangon_Times
လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက်ငွေကျပ် ၆ ဒသမ ၈၇ ဘီလီယံ သုံးစွဲဖို့ လျာထားတယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 4 July 2025
#ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန #ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း
#YMG/SW #Yangon_Times
Page 2 of 2039