ဆူညံသံဖြစ်ပေါ်စေတဲ့ ကိရိယာတွေတပ်ဆင်အသုံးပြုတဲ့ယာဥ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ယာဥ်ထိန်းရဲတပ်ဖွဲ့မှ သိရပါတယ်။
#Local_News
Published 27 December 2025
#ယာဥ်ထိန်းရဲတပ်ဖွဲ့ #ယာဥ်
#YMG/SW #Yangon_Times
#Local_News
Published 27 December 2025
■ ကမ္ဘာ့နိုင်ငံအချို၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကို မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက
ပြောသည်။
■ ဒီဇင်ဘာ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သည့်
ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည် ။
■ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လတ်တလောကမ္ဘာ့မီဒီယာများတွင် ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကိုမတွေ့ရှိရသေးကြောင်း၊ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန် မလိုအပ်ပါကြောင်း၊ ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ်ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားသည်။
■ အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေကြသော ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်နှင့်တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူနှင့် အခြားဖိတ်ကြားထားသော တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
▪️ အင်းစိန်မြို့နယ်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးတစ်ဦးေ-သဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ ၂၆ ရက်နေ့၊ ည ၁၀နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညှပ်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁) ေ-သဆုံးအား ကနောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 December 2025
ကရင်ပြည်နယ်၊ဘားအံ၊ကြာအင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုယမန်ေန့ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
၂၆.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၄နာရီ ၁၅ မိနစ်အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်မှ ကျား(၁)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူ ကျား(၁)ဦးအား မာဃလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စားသောက်ကုန်လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တွေမှာအသုံးပြုဖို့ စက်မှုလုပ်ငန်းသုံးဆီကို တစ်ပိသာကျပ်(၈၀၀၀)နှုန်းနဲ့ ရောင်းချပေးနေတယ်လို့စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 December 2025
#စက်မှုလုပ်ငန်းသုံးဆီ
#YMG/SW #Yangon_Times
#Local_News
Published 26 December 2025
#အစ်မတော်မြနန်းနွယ်
#YMG/NN #Yangon_Times
ရေနံနဲ့သဘာဝဓာတ်ငွေ့သမိုင်းကြောင်း၊ ထုတ်လုပ်မှုဖြစ်စဉ် နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အကြောင်းအရာတွေကိုလေ့လာနိုင်မယ့် စွမ်းအင်ပြတိုက် ကိုရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝန်းအတွင်းမှာ ဖွင့်လှစ်ထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်။
#Local_News
Published 26 December 2025
#ရေနံ #သန်လျင်ရေနံချက်စက်ရုံ
#YMG/NN #Yangon_Times
Page 7 of 2266