#Local_News
Published 26 June 2026
■ နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စွမ်းအင်ဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးကြပ်မတ်ဆောင်ရွက် နေပြီးသိုလှောင်ကန်များတွင် ATG (Automatic Tank Gauging) စနစ်၊ ဆီတင်ယာဉ်များတွင် GPS စနစ်နှင့် လက်လီအရောင်းဆိုင်များတွင် QR Code စနစ်တို့ကို အသုံးပြု၍ Real-time Monitoring ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းကပြောသည်။
■ ဇွန် ၂၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ "စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် မဟာဗျူဟာမြောက် အရန်ဆီသိုလှောင်မှုစနစ် ဖော်ဆောင်ရန်နှင့် တင်သွင်းဖြန့်ဖြူးမှုကွင်းဆက်ကို စနစ်တကျ ထိန်းကျောင်းနိုင်မည့် အစီအစဉ်ရှိ/မရှိ" ဟူသည့် ကြယ်ပွင့်ပြမေးခွန်းကို ဖြေကြားရာတွင် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ စက်သုံးဆီရရှိမှုသည် ပြည်ပတင်သွင်းမှုအပေါ် အခြေခံထားပြီး လက်ရှိတွင် စင်ကာပူကို အဓိကကုန်သွယ်ရေးဗဟိုချက် (Trading Hub) အဖြစ် မှီခိုတင်သွင်းလျက်ရှိကြောင်း ၊ စက်သုံးဆီတင်သွင်းမှု မပြတ်လပ်စေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများနှင့် ရေရှည်လောင်စာဆီထောက်ပံ့ရေး သဘောတူစာချုပ်များ (Long-term Supply Agreements) ချုပ်ဆိုနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
■ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ စွမ်းအင်ဖူလုံရေး၊ ပြည်သူများ စက်သုံးဆီကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် စက်သုံးဆီဖြန့်ဖြူးမှုကွင်းဆက်တစ်လျှောက် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ၊၎င်းအပြင် Supply Chain တစ်လျှောက် မလိုအပ်သော ကုန်ကျစရိတ်များ လျှော့ချနိုင်ရေးနှင့် စက်သုံးဆီတင်သွင်းရေးလုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် သိုလှောင်ကန်များတွင် ATG (Automatic Tank Gauging) စနစ်၊ ဆီတင်ယာဉ်များတွင် GPS စနစ်နှင့် လက်လီအရောင်းဆိုင်များတွင် QR Code စနစ်တို့ကို အသုံးပြု၍ Real-time Monitoring ဆောင်ရွက်လျက်ရှိပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် စနစ်တကျကြပ်မတ်စောင့်ကြည့်လျက်ရှိကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်များကို online စနစ်နဲ့စတင်ရောင်းချပေးနေပြီလို့ မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်_မော်လမြိုင်_ရန်ကုန်
#YMG/SW #Yangon_Times
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ကားတွေရပ်နားနိုင်တဲ့နေရာတွေမှာပုဂ္ဂလိကတွေအနေနဲ့ အတားအဆီးတွေချထားလေ့ရှိကြတာကို အသိပညာပေးတာတွေ လုပ်ဆောင်နေသော်လည်းထပ်မံချထားပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ (၂၀၁၈)နဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောပါတယ်။
#Local_News
Published 25 June 2026
#ရန်ကုန်မြို့တော်စည်ပင်သာယာရေး
#YMG/NN #Yangon_Times
ပြည်တွင်း၊ပြည်ပဝယ်လိုအားမြင့်တက်လာတာကြောင့် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ပေါက်ဈေးရှိလာတယ်လို့ ဈေးကွက်အတွင်းမှ သိရပါတယ်။
#Local_News
Published 25 June 2026
#ကုလားအော်ငရုတ်သီး
#YMG/SW #Yangon_Times
သင်္ဘောသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုဖန်တီးပေးတဲ့ Day of the Seafarer 2026 ပွဲကို ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ ရန်ကုန်မြို့ရှိ Wyndham Grand Hotelမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိကျင်းပခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 25 June 2026
#သင်္ဘောသား #Day_of_the_Seafarer_2026
#YMG/NN #Yangon_Times
#Daily_News
Published 25 June 2026
၁။ မော်လမြိုင်ရထားလက်မှတ်များကို online စနစ်ဖြင့်စတင်ရောင်းချ
၂။ ယာဉ်ရပ်နားနေရာ၌ပုဂ္ဂလိကများမှအတားအဆီးများချထားပါကဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်
၃။ ဝယ်လိုအားမြင့်တက်သည့် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ပေါက်ဈေးရှိလာ
၄။ အမေရိကန်နှင့်နားလည်မှုစာချွန်လွှာသစ်လက်မှတ်ရေးထိုးခဲ့သော်လည်း အီရန်လုံးဝဥဿုံမယုံကြည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 25 June 2026
■ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများဖြစ်သည့် မြန်မာနိုင်ငံသားဟောင်း ၁၅ ဦးနှင့် နိုင်ငံခြားသားများအား
တစ်ဦးချင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။
■ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယမာန်နေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနများမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်း အကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများတက်ရောက်ကြသည်။
■ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လူတွေ့မေးမြန်းအကဲဖြတ်ခြင်း မဆောင်ရွက်မီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
■ ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးဖြစ်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူတစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၅ ဦး၊ ၎င်းတို့နှင့်သွေးချင်းဆက်စပ်သည့် နိုင်ငံခြားသားခုနစ်ဦး စုစုပေါင်း ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံကာ အကဲဖြတ်အတည်ပြုခြင်း၊ ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ကြသည်။
■ ယင်းသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် လူတွေ့မေးမြန်းအကဲဖြတ်ခြင်း လုပ်ငန်း စိစစ်အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 7 of 2424