ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာရွှေဈေးလည်း ဆက်တိုက်မြင့်တက်လျှက်ရှိရာမှာ မြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း ကျပ်၁၄၀၀၀၀မြင့်တက်ခဲ့ပြီး တစ်ကျပ်သား ကျပ်(၉၃)သိန်းခန့်သို့ရောက်ရှိလာတယ်လို့ ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 23 December 2025
#ကမ္ဘာ့ရွှေဈေး #ရွှေ
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့တွင် ပြည်သူ့အငှားအိမ်ရာတစ်လုံးတည်ဆောက်လျှက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှသိရသည်။
▪️ အဆိုပါ RC(၄)ခန်းတွဲ(၄)ထပ်ဆောင် ပြည်သူ့အငှားအိမ်ရာတည်ဆောက်လျှက်ရှိသည့်တောင်ကြီးမြို့၊ ထီဖောင်ကျေးရွာသို့ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကသွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
▪️ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် RC(၄)ခန်းတွဲ(၄)ထပ်ဆောင်ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကာ တင်ပြချက်အပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးစနစ်တကျ ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်ခုချင်းစီတိုင်းအား တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2025
■ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။
■ ဥပဒေရေးရာဝန်ကြီးဌာနနှင့် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အမိန့်ကြော်ငြာစာ အမှတ် ၁၂၀/၂၀၂၅ ဖြင့် “AI နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွားရေးကြီးကြပ်မှုကော်မတီ” ကို ဖွဲ့စည်းပေးခဲ့ပြီး Legal Assistant AI Model ဆောင်ရွက်လျက်ရှိရာ ဥပဒေအသိပညာအချက်အလက်များ ထည့်သွင်းပြီးစီးမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
■ အဆိုပါ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဖုန်းကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
■ ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဒါရိုက်တာနှင့် စီမံကိန်း အဖွဲ့ဝင်တို့က AI နည်းပညာဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်း ဆောင်ရွက်ရန် data collection ပြုလုပ်ခြင်းနှင့်ရရှိပြီးသည့် data များကို Legal Assistant AI Model အတွင်း ထည့်သွင်းလေ့ကျင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
■ ထို့နောက် တက်ရောက်လာကြသူများက AI နည်းပညာကို ဥပဒေအသိပညာနှင့် ချိတ်ဆက်၍ ကျယ်ပြန့်စွာ အသုံးချခြင်းဖြင့် ပြည်သူများအား ဥပဒေဗဟုသုတအသိပညာများကို ဖြန့်ဖြူးနိုင်ရေး၊ Legal Assistant AI Model ပိုမိုကောင်းမွန်စေရန် ထပ်မံထည့်သွင်းလေ့ကျင့်ရမည့် ဥပဒေများအတွက် Data စုဆောင်းနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 December 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာစံမြို့နယ်လူနေအိမ်မီးလောင်မှု တစ်ခု ယနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဒီဇင်ဘာ၂၃ရက်နေ့၊ ယနေ့ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၇၃ x ၇၄ လမ်းကြား ၃၅ လမ်း မောရဂီဝရပ်ကွက်တွင် ပျဉ်ထောင်နှစ်ထပ်နံကပ် လူနေအိမ်မီးလောင်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ် မီးသတ်ယာဉ်အုပ်စုထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး မနက် ၇ နာရီ ၂၂ မိနစ်အချိန်တွင်မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိပုဂံ-ညောင်ဦးလေဆိပ်ကို အဆင့်မြင့်တင်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 22 December 2025
#ပုဂံ_ညောင်ဦး #မန္တလေးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ယုဇနနဲ့ကျန်စစ်မင်းအိမ်ရာတွေမှာ အိမ်ရာအဆောက်အအုံ၂၄လုံးထပ်တိုးတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 22 December 2025
#ယုဇန #ကျန်စစ်မင်းအိမ်ရာ
#YMG/SW #Yangon_Times
ယခုဘဏ္ဍာနှစ် ရှစ်လတာအတွင်း ပြည်ပနိုင်ငံတွေကို ပုစွန်တင်ပို့တာကနေ အမေရိကန်ဒေါ်လာ ၂၁သန်းကျော် ရရှိထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
#Local_News
Published 22 December 2025
#ပုစွန် #ငါး
#YMG/NN #Yangon_Times
Page 11 of 2266