ယခုလအတွင်းကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှတစ်ဆင့် EPS စနစ်နဲ့ မြန်မာလုပ်သား (၁၂၀)ဦးကို စေလွှတ်ထားတယ်လို့သိရပါတယ်။
#Local_News
Published 18 June 2026
#ကိုရီးယား #EPS
#YMG/SW #Yangon_Times
ဆိုက်ရောက်ဗီဇာတွေ များများလုပ်ဆောင်ပေးပြီး ဟိုတယ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ပါက ပြည်ပခရီးသွားတွေအများအပြားဝင်ရောက်လာနိုင်တယ်လို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်ကပြောပါတယ်။
#Local_News
Published 18 June 2026
#ဆိုက်ရောက်ဗီဇာ #ဟိုတယ်
#YMG/NN #Yangon_Times
#Daily_News
Published 18 June 2026
၁။ ရှန်ဟိုင်းအထည်အလိပ်ပြပွဲ၌ မြန်မာအထည်ချုပ်လုပ်ငန်းရှင်များပါဝင်ရန် ဖိတ်ခေါ်
၂။ ယခုလအတွင်း ကိုရီးယားသို့မြန်မာလုပ်သား(၁၀၀)ကျော်စေလွှတ်ထား
၃။ ဆိုက်ရောက်ဗီဇာများဆောင်ရွက်ပေးပြီး ဟိုတယ်ဝန်ဆောင်မှုများကောင်းမွန်ပါက ပြည်ပခရီးသွားပိုမိုဝင်ရောက်လာနိုင်ဟုဆို
၄။ ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို တရုတ်ရုပ်ရှင်ရုံများ၌တိုက်ရိုက်ထုတ်လွှင့်ပြသ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 18 June 2026
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့မှ ဟန်ကျိုးမြို့သို့ အထူးအမြန်ရထားဖြင့် ယနေ့ မွန်းလွဲပိုင်းအချိန်လိုက်ပါစီးနင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
■ တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ် သွားရောက်နေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၇ ရက်နံနက်အထိ ပေကျင်းမြို့တွင် ရှိနေစဥ် တရုတ်သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်လီချန်နှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့နှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းကူညီဆောင်ရွက်ရေးလုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သည့်အပြင် အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးခဲ့ကြောင်း သိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရှန်ဟိုင်းမြို့ရှိ လင်းကန်အထူးဒေသ(Shanghai Lingang Special Area) သို့ ယနေ့သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
■ လင်းကန်အထူးဒေသသည် တရုတ်နိုင်ငံက ၎င်း၏ စီးပွားရေးကို ကမ္ဘာနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ဖော်ဆောင်နေသည့် အရေးပါသော စီးပွားရေးနှင့် စက်မှုဖွံ့ဖြိုးရေးဇုန်တစ်ခုဖြစ်ပြီး ပိုမိုမြင့်မားသော တံခါးဖွင့်စီးပွားရေးစနစ်နှင့် နိုင်ငံတကာအဆင့်မီ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ရန် ရည်မှန်းထားကြောင်းသိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ Radisson Hotel ၌ ကျင်းပသည့် “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ခဲ့ကြောင်းသိရ
သည်။
■ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက MCITP-2026 Shanghai ထိပ်သီးအစည်းအဝေးကို တရားဝင်ဖွင့်လှစ်ပေးခဲ့ပြီး ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည်။
■ ထို့နောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုများ ပိုမိုခိုင်မာလာရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
Yangon Times/pp
#Local_News
Published 18 June 2026
■ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိ ပြီးပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်စိုးကမှာကြားခဲ့ကြောင်း သိရသည်။
■ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး ပြင်ပလူနာဌာနတွင် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
■ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံအတွင်းရှိ ဆေးဝါးသိုလှောင်ရုံနှင့် ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများ ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် ပိုမိုထိရောက်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
■ ဇွန်လ ၁၆ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Postraion Co.,Ltd. အထည်ချုပ်စက်ရုံနှင့် SMK Mingalardon Co.,Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထည်ချုပ်စက်ရုံများတွင် ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 13 of 2424