ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ ကို ဖွင့်လှစ်ကာ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနဲ့ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးသွားမယ်လို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။
#Local_News
Published 22 November 2025
#ဂျပန် #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
စင်ကာပူနိုင်ငံ၊Cingapore Expoမှာ ယခုလ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့နိုင်ငံတကာအဆင့် Singapore Global Firefighters and Paramedics Challenge (SGFPC) 2025 ပြိုင်ပွဲတွေမှာ မြန်မာမီးသတ်တပ်ဖွဲ့က ဆုများရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 22 November 2025
#SGFPC_2025 #စင်ကာပူနိုင်ငံ
#YMG/SW #Yangon_Times
#Local_News
Published 22 November 2025
■ မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားလှသော ကဗျာဆရာကြီး ဦးကိုလေး (ကိုလေး-အင်းဝ ဂုဏ်ရည်) သည် ယနေ့ နိုဝင်ဘာ ၂၂ ရက် နံနက်တွင် မန္တလေးမြို့၌ ကွယ်လွန်သွားရှာပြီဖြစ်သည်။
■ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်ကြောင်းကို သမီးဖြစ်သူ ကဗျာဆရာမ မနီတာက သူမ၏ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ရေးသားသတင်းထုတ်ပြန်ပေးခဲ့သည်။
■ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၁ နှစ် အရွယ်ရှိပြီဖြစ်ပြီး မန္တလေးမြို့ Grand Mandalay ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
■ ဆရာကြီးသည် တံတားဦးမြို့ နီးပါးတန်းရပ်နေ ဦးချွန်နှင့် ဒေါ်မမကြီးတို့၏ သားကြီးဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဆရာမဒေါ်ညွန့်ညွန့်နှင့် သားသမီး (၇)ဦး၊မြေး(၆)ယောက်နှင့်မြစ်(၃) ယောက်တို့ ကျန်ရစ်ခဲ့သည်။
■ ဆရာကြီးအားအမျိုးသားစာပေဆု၊တစ်သက်တာစာပေဆု၊တော်ဘုရားလေးစာပေဆုများနှင့်အလင်္ကာကျော်စွာဘွဲ့များကို နိုင်ငံတော်ကချီးမြှင့်ခဲ့သည်။
■ ဆရာကြီး၏ ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို၂၃.၁၁.၂၀၂၅(တနင်္ဂနွေ)နေ့ မွန်းလွဲ(၁)နာရီတွင် တံတားဦးသုဿန်၌မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုက အသိပေးထားသည်။
■ ဆရာကြီးသည် အမ်အေဒေါ်အုန်း၊ မန္တလေး အမျိုးသားကျောင်းဆရာများနှင့် ဖခင် ဦးချွန်တို့ တည် ထောင်သော အင်းဝဂုဏ်ရည်ကျောင်းတွင် ပညာသင်ယူခဲ့ပြီး ဆဋ္ဌမတန်းကစတင်ကာ ကဗျာများရေးသားခဲ့ကြောင်းသိရသည်။
■ ယနေ့အထိ မြန်မာစာပေလောကအတွက တန်ဖိုးရှိလှသည့် ကဗျာစာမွန်များ ထောင်နှင့်ချီ၍ ရေးသားခဲ့သည့် ကဗျာစာဆိုတော်ကြီးတစ်ဦးဖြစ်သည်။
■ ဆရာကြီးသည် "သိင်္ဂါရ" အမည်ဖြင့် ကဗျာတစ်ပုဒ်ကို နိုဝင်ဘာ ၁၆ ရက်က ဆရာကြီး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် နောက်ဆုံးရေးသားသွားခဲ့သည်။
■ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ကွယ်လွန်ခြင်းသည် မြန်မာစာပေလောကအတွက် အဖိုးမဖြတ် နိုင်သည့်ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်အတူ "YMG" က ထပ်တူထပ်မျှကြေကွဲဝမ်းနည်းရပါသည်။
■ ဆရာကြီး ကောင်းရာသုဂတိရောက်ရှိစေကြောင်း လေးစားစွာဆုတောင်းအပ်ပါသည်။
#YMG/KNL #Yangon_Times
CarsDB မှကြီးမှူးကျင်းပတဲ့ Brand New ကား ၊ Used ကားကို BMF အရစ်ကျစနစ်နဲ့ တစ်ထိုင်တည်းလျှောက်ထားဝယ်ယူနိုင်မယ့် ကားအရောင်းပြပွဲကြီးကို ရန်ကုန်မြို့မှာသုံးရက်တာကျင်းပနေတယ်လို့သိရပါတယ်။
#Local_News
Published 22 November 2025
#ကား #Brand_New
#YMG/NN #Yangon_Times
“ပွင့်လင်းရာသီရောက်နေပေမဲ့ အဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ယခင်နှစ်ကလို အလုပ်မကောင်းဘူးလို သိရပါတယ်”
ဒါကြောင့် လက်ရှိအဝေးပြေးကုန်စည်ပိုဆောင်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ဆောင်နေကြရသလဲ ဆိုတာ နဲ့ ပတ်သက်လို မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပိုဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းကို ရန်ကုန်မီဒီယာဂရု(ပ်) ကအခုလိုသီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
#Local_News
Published 22 November 2025
#ပွင့်လင်းရာသီ #အဝေးပြေးကုန်စည်ပိုဆောင်ရေး
#YMG/PP #Yangon_Times
#Daily_News
Published 22 November 2025
၁။ အရစ်ကျပေးချေစနစ်ဖြင့်ဝယ်ယူနိုင်မည့် ကားအရောင်းပြပွဲကြီးကျင်းပနေ
၂။ SGFPC 2025ပြိုင်ပွဲတွင် မြန်မာမီးသတ်တပ်ဖွဲ့ဆုများရရှိ
၃။ ဂျပန်ဗီဇာလျှောက်ထားရေး စင်တာဖွင့်လှစ်မည်
၄။ တရုတ်လျှပ်စစ်ဆိုင်ကယ်နှင့်စက်ဘီးများ နိုင်ငံခြားဈေးကွက်သို့တင်ပို့မှုမြင့်တက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 22 November 2025
▪️ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၃၁) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကိုလာမည့်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနတက္ကသီလ မဟာဓမ္မာစရိယဘွဲ့ M.A ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယဘွဲ့ B.A ၁၁၉ ပါး စုစုပေါင်း သံဃာတော်အရှင်သူမြတ် ၁၄၃ ပါးတို့ကို ဘွဲ့ဆက်ကပ်မည့် (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ် နတ်တော်လပြည်နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဘွဲ့ခံယူတော်မူမည့် သံဃာတော်အရှင်မြတ်များထံသို့ ပင့် လျှောက်လွှာများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဌာနနှင့် ပြည်တွင်းသာသနာ ပြုဌာနခွဲတို့မှတစ်ဆင့် ပေးပို့ဆက်ကပ်ထားပြီးဖြစ်သည်။
▪️ ထို့အပြင် ပင့်လျှောက်လွှာလက်ခံရရှိခြင်းမရှိပါကလည်း ဘွဲ့နှင်းသဘင်ခန်းမသို့ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီအရောက် အချိန်မီကြွရောက်တော်မူပါရန် ဘွဲ့ခံသံဃာတော်များအား သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက နှိုးဆော်ပင့်လျှောက်ထားပါကြောင်းနှင့် မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူအပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံသံဃာတော် ၁၄၃ ပါး စုစုပေါင်း ၂၄၈ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမည်ဖြစ်ပါ၍ ဆွမ်းဆန်စိမ်းလောင်းလှူလိုသော ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တစ်ဦးချင်းပုဂ္ဂလိကအလှူရှင်များအနေဖြင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဌာနခွဲ ဖုန်း ၀၉-၄၂၃၉၉၇၈၅၁၊ ၀၉-၂၅၉၆၂၈၁၆၄၊ ၀၉-၂၅၅၉၅-၃၁၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
#YMG/NN #Yangon_Times
Page 15 of 2241