ပြည်ပဝယ်လိုအားလျော့ကျနေတာကြောင့် ပြောင်းဈေးကွက်အေးနေတယ်လို့မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းကသိရပါတယ်။
#Local_News
Published 04 June 2026
#ပြောင်း
#YMG/NN #Yangon_Times
#Daily_News
Published 04 June 2026
၁။ မင်္ဂလာဒုံအထူးကုဆေးရုံကြီး၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနစတင်ဖွင့်လှစ်
၂။ ထောက်ကြန့်ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးရုံးခွဲ သစ်၌ ယာဉ်မောင်းလိုင်စင်ဖြေဆိုနိုင်
၃။ တရုတ်မှအဝယ် အားပျော့မှုကြောင့် ပဲတီစိမ်းဈေးကျဆင်းနေ
၄။ တရုတ်၏ ဉာဏ်ရည်တုဖြင့်မောင်းနှင်စနစ် ဂျာမနီတွင်အခြေချ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)၌ သွားနှင့်ခံတွင်းရောဂါအထူးကုဌာနကို ဇွန် ၃ ရက်မှ စတင်ကာဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 04 June 2026
#မင်္ဂလာဒုံအထူးကုဆေးရုံကြီး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်မှာ ယာဉ်မောင်းလိုင်စင် စစ်ဆေးရေးရုံးခွဲကို ဇွန်လ(၈)ရက်မှာ ဖွင့်လှစ်သွားမှာဖြစ်ရာ နီးစပ်သူများ ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ ပိုဆောင်ရေးဝန်ကြီးဌာနကုန်းလမ်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 04 June 2026
#ထောက်ကြန့်ယာဉ်မောင်းလိုင်စင်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့မေလအတွင်းမှ စတင်ကာတရုတ်အဝယ် အားပျော့မှုနှင့်အတူ ပဲတီစိမ်းဆက်တိုက်ကျဆင်းနေတယ်လို့ ပဲကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။
#Local_News
Published 04 June 2026
#တရုတ် #ပဲတီစိမ်း
#YMG/SW #Yangon_Times
#Local_News
Published 04 June 2026
■ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိမွေးမြူရေးခြံ(၃၂)ခြံတွင်ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားကြောင်း သိရသည်။
■ ဇွန်လ ၂ ရက်နေ့ကဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူရေးခြံနှင့် အသားတိုးကြက်မွေးမြူ ရေးခြံများကို လိုက်လံကြည့်ရှုအားပေးခဲ့ရာ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ " မိသားစု" ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်အစာ ထုပ်လုပ်မှု၊ ဥစားကြက်မွေးမြူမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်မွေးမြူရေး ခြံပိုင်ရှင်မှ မွေးမြူရေးခြံ(၃၂)ခြံတွင်ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားရှိမှု၊ ထပ်မံမွေးမြူ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်သို့ ကြက်ဥတင်ပို့ရောင်းချမှုအခြေအနေများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်မှု၊ (၆၆)ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်၍ တိရစ္ဆာန်အစာကြိတ်ခွဲထုတ်လုပ်နေမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ မွေးမြူရေးဆိုင်ရာ အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်သည့်အတွက် အသား၊ ငါး၊ ဥ မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်လုပ်ကိုင်၍ စားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်လျော့ကျအောင် ဆောင်ရွက်ကြရန်၊ မွေးမြူရေးလုပ်ငန်းများ ပိုးမွှားရောဂါများ မကျရောက်စေရေး ဂရုပြု ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး ခြံသုံး ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့သည်။
■ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက် ဦးဆန်းလင်းဦး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိ၍ မွေးမြူရေးခြံ(၂)ခြံတွင် အလုံပိတ် အအေးခန်းစနစ်ဖြင့် အသားတိုးကြက်ကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချ နိုင်ရေး ဆောင်ရွက်ရန်၊ ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 04 June 2026
■ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကိုရည်ရွယ်၍ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကို နေပြည်တော်၌ ဇွန်လဒုတိယအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
■ ထိုသို့ကျင်းပရာတွင် ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
■ အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသသွားမည်ဖြစ်ရာ ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 19 of 2418