ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ယခုဇွန်လအတွင်း ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 June 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
အခုနှစ် မိုးရာသီမှာအယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံလေအဆုတ်မြန်ပြီး မိုးစောစောပြတ်နိုင်ခြေရှိတယ်လို့သိရပါတယ်။
#Local_News
Published 01 June 2026
#အယ်လ်နီညို #မိုးရာသီ
#YMG/NN #Yangon_Times
#Daily_News
Published 01 June 2026
၁။ မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထား ဇူလိုင် လဆန်းတွင် နေ့ချင်းပြန်ပြေးဆွဲမည်
၂။ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ World Robot Contest (WRC 2026 )ရန်ကုန်တွင်ပြုလုပ်ခဲ့
၃။ ယခုလအတွင်းကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မည်
၄။ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းပြီးစစ်ရေးချဲ့ထွင်ရန်ကြံစည်နေသည့်ဂျပန်အစိုးရအား ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 01 June 2026
■ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGD-PL) ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယမာန်နေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် (၂၉) ၌ ကျင်းပသည်။
■ အဆိုပါ ခေတ်မီသိုလှောင်ရုံအတွင်းရှိ ခန်းမတွင်ဖွင့်ပွဲအခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက နိုင်ငံ၏ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် Transit Trade နှင့် Transshipment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီလဝါဒေသဆိပ်ကမ်းများသည် အဓိကအားကိုးရာနေရာများဖြစ်ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) အနေဖြင့် သီလဝါဆိပ်ကမ်းဒေသတွင် နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံဖြစ်သည့် ခေတ်မီသိုလှောင်ရုံကြီးကို အောင်မြင်စွာ တည်ဆောက်လည်ပတ်လုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံသုံးလုံးကိုလည်း အဆင့်လိုက်ရင်းနှီးမြှုပ်နှံတည်ဆောက်သွားရန်နှင့် သီလဝါဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
■ ထို့နောက် ခေတ်မီသိုလှောင်ရုံတည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး သိုလှောင်ရုံတည်ဆောက်မှုဆိုင်ရာမှတ်တမ်း Video Clip ကို ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခေတ်မီသိုလှောင်ရုံအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အသင်းအဖွဲ့အသီးသီးမှ ပြသထားသည့် ပြခန်းများ၊ ပြည်ပသို့တင်ပို့မည့် ပြောင်းစေ့များ စုပုံသိုလှောင်ထားမှုနှင့် ဆက်လက်တည်ဆောက်မည့် သိုလှောင်ရုံနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
■ ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ဒေါပုံရုံးခွဲ) သို့ ရောက်ရှိကြပြီး Computer Based Examination (CBE) Centre ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက CBE စနစ်ကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်္ဘောသားများအနေဖြင့် ပင်လယ်ပြင်တွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ခြင်းသည် အရေးကြီးသဖြင့် Decision-making ဆိုင်ရာမေးခွန်းများ ထည့်သွင်းနိုင်ရေး၊ စံပြအဖြေများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းနိုင်ရေးနှင့် နောင်စာမေးပွဲများတွင် မေးမြန်းနိုင်ရေး၊ မေးခွန်းများကို ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံရေးအထူးအလေးထားဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 01 June 2026
■ နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကိုဇူလိုင်လပထမအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှသိရသည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူးကာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လပထမအပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
■ မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေကြောင်း သိရသည်။
■ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးဟူ၍ နည်းလမ်း ၂ ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။
■ ယင်းသို့ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများ၊ စီမံကိန်းများသည် လျင်မြန်စွာ အကောင်အထည်ပေါ်လာမည်ဖြစ်သည်။
■ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန်နှင့် ဆွေးနွေးလိုသည့်ခေါင်းစဉ်များကို ဆက်သွယ်ပေးပို့ကြပါရန် အသိပေးဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့များရှိ ငလျင်ဒဏ်သင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများMSME လုပ်ငန်းများအတွက်ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Local_News
Published 31 May 2026
#စစ်ကိုင်း #မန္တလေး #MSME
#YMG/SW #Yangon_Times
မေ၃၀၊၂၀၂၆(နယူးဒေလီ)-
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ရာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာသို့ ရှေးဦးစွာ ရောက်ရှိခဲ့သည်။ အဆိုပါခရီးစဉ်တွင် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီးထံသို့ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပြီး ရွှေသင်္ကန်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မုစလိန္ဒအိုင်ရှိ ငါးများအား အစာကျွေးခြင်း၊ သုဇာတာစေတီတော်သို့ သွားရောက်ဖူးမြော်ခြင်းနှင့် ဗုဒ္ဓဂယာ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်း များနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဂါယာလေဆိပ်မှ နယူး ဒေလီမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နယူးဒေလီမြို့ရှိ Palam လေတပ်စခန်းသို့ ရောက်ရှိ ခဲ့ကြသည်။ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန Minister of State for External Affairs Shri Kirti Vardhan Singh၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ခမ်းနားစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်. ဂျိုင်ရှန်ကာ (Dr. S. Jaishankar) က မေလ ၃၀ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ "ကာလရှည်ကြာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာနက်ရှိုင်းစေရေးအပေါ် သမ္မတဦးမင်းအောင်လှိုင်၏ အပြုသဘော ဆောင်သော သဘောထားကို ကျေးဇူးတင်ရှိပါကြောင်း" အိန္ဒိယပြည်ပရေးရာဝန်ကြီးက ၎င်း၏ လူမှုကွန်ရက် ‘X’ (ယခင် Twitter) တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် သမ္မတဦးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုကို မျှော်လင့်စောင့်စားလျက်ရှိကြောင်းလည်း ဒေါက်တာ ဂျိုင်ရှန်ကာက ဆက်လက်ရေးသားခဲ့သည်။ ယခုခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်တို့အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
Page 23 of 2418