#Daily_News
Published 08 December 2025
၁။ ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းမျိုးစိတ်(၄၀)ခန့်နှင့်အပင်ပေါင်းနှစ်သိန်းကျော်ပြသ
၂။ ဒူဘိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြည်တွင်း၌ ရင်းနှီးမြုပ်နှံရန်စိတ်ဝင်စား
၃။ ရွှေရည်ညွန်းဈေးအနည်းငယ်မြင့်တက်
၄။ ယာဉ်ထိန်းရဲအရာရှိစက်ရုပ် ဟန်ကျိုးမြို၌စတင်တာဝန်ထမ်းဆောင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်တဲ့ ရွှေရည်ညွန်းဈေးမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လာခဲ့ပါတယ်။
#Local_News
Published 08 December 2025
#ရွှေ #ရန်ကုန်တိုင်းဒေသကြီး
#YMG/SW #Yangon_Times
ဒူဘိုင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့စိတ်ဝင်စားလျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#ဒူဘိုင်း #ဆောက်လုပ်ရေးလုပ်ငန်းရှင်
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ပြုလုပ်နေတဲ့ ပြင်ဦးလွင်ပန်းပွဲတော်မှာ ပန်းမျိုးစိတ်၄၀ခန့်နဲ့ အပင်ပေါင်းနှစ်သိန်းကျော် ပြသထားတယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#ပြင်ဦးလွင်ပန်းပွဲတော် #အမျိုးသားကန်တော်ကြီးဥယျာဉ်
#YMG/NN #Yangon_Times
#Local_News
Published 8 December 2025
▪️ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့် ကျေးရွာများအတွက် သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ထောက်ပံ့ပစ္စည်းများကို စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်၌ ခွဲဝေဖြန့်ဖြူးပေးနေမှုကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်အားပေးကြည့်ရှုပြီး ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည်တည်ဆောက်နေမှုကိုလည်းကောင်း၊ စစ်ကိုင်းမြို့ဝင် ဧရာဝတီတံတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များ လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် ငွေကြေးကောက်ခံမှုများမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
အရဟံဖောင်ဒေးရှင်း အရဟံသာသနာပြုကောလိပ် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကိုရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ဒီဇင်ဘာ၇ရက်နေ့က ကျင်းပခဲ့ရာ သံဃာတော်၊သီလရှင်နဲ့ လူပုဂ္ဂိုလ် ၁၆၉ ဦးကို ဘွဲ့လက်မှတ်တွေ ဆပ်ကပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 08 December 2025
#အရဟံဖောင်ဒေးရှင်း
#YMG/NN #Yangon_Times
ဒီဇင်ဘာ၈၊၂၀၂၅
မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် အရေးကြီးသော နိုင်ငံရေးအကူးအပြောင်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့် ကြောင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆာ့ခ် ဖောင်ကက်ခယို (Sihasak Phuangketkeow) က ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှတ်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာ့ရွေးကောက်ပွဲသည် ထိုင်းနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည့် ကျယ်ပြန့်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဒီဇင်ဘာ ၇ရက်က လာရောက်ကာ ဂါရဝပြုတွေ့ဆုံခဲ့ သည်။ သူသည် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေတို့နှင့်လည်းတွေ့ဆုံခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ြရေး၊နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် ဆွေးနွေးသဘောတူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အထူး သဖြင့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်း လိမ်လည်မှုများ (online scams) တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်မြှင့်တင်မည်ဟုဆိုသည်။
နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိကကဏ္ဍကို ပံ့ပိုးကူညီ ရေး၊ ဆက်သွယ်ချိတ်ဆက်မှုများမြှင့်တင်ရေးနှင့် ပုံမှန်ကုန်သွယ်မှု ပြန်လည်စတင်နိုင်ရန် အမှတ်(၂) ချစ်ကြည် ရေး တံတား (မဲဆောက်-မြဝတီ) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့အပြင်နှစ်နိုင်ငံ ရေအရည်အသွေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးကို အရှိန်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာအပေါ် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ ဖြစ်ကြသည့် ထိုင်းဘုရင့်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ် (Chief of Joint Staff) နှင့် ထိုင်းဘုရင့်တပ်မတော် ကြည်း တပ်စစ်ဦးစီးချုပ် (Army Chief of Staff) တို့လည်းလိုက်ပါလာခဲ့ကြကြောင်းသိရှိရသည်။
#ymg/knl
Page 24 of 2266