အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၃၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ့် အမေဒေါ်လာ၄၇သန်းကျော်နဲ့ ကျပ်သန်းပေါင်းသုံးသိန်းနီးပါးတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခုကို ခွင့်ပြုခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသိရပါတယ်။
#Local_News
Published 30 May 2026
#ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
#YMG/NN #Yangon_Times
ယခုတစ်ပတ်အတွက် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၄ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၃၈၇ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။
#Local_News
Published 30 May 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးတွေမှာ ဒီဇယ်ဈေးပြန်တက်ပြီး ဓာတ်ဆီဈေးပြန်လည်ကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 30 May 2026
#ဒီဇယ်ဈေး #ဓာတ်ဆီဈေး
#YMG/NN #Yangon_Times
#Daily_News
Published 30 May 2026
၁။ ဒေါ်လာ(၄၇)သန်းကျော်နှင့်ကျပ်သန်းပေါင်း သုံးသိန်းနီးပါး တန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၁၂)ခုခွင့်ပြု
၂။ ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွန်းဈေးတစ်ပိဿာ ငွေကျပ် ၇,၃၈၇ အဖြစ်သတ်မှတ်
၃။ ဒီဇယ်ဈေးပြန်တက်ပြီးဓာတ်ဆီဈေးပြန်လည်ကျဆင်း
၄။ တရုတ်ပြည်၏ဒုတိယမြောက်အပျော်စီးသင်္ဘောကြီး ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုအောင်မြင်ပြီးစီး... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 30 May 2026
■ ကျောင်းနေရွယ် ကလေးငယ်တိုင်း စာသင်ကြားနိုင်ရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘပြည်သူများဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်၍အသိပေးတိုက်တွန်းထားသည်။
■ ပညာသင်ကြားခွင့်သည် လူသားတိုင်းရရှိရမည့် အခြေခံအခွင့်အရေးဖြစ်ပြီး ပညာသင်ကြားခွင့်နှင့် စပ်လျဉ်း၍ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၂၆(၁)နှင့် မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂၈ နှင့် ၂၉ တို့တွင် ဖော်ပြထားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၄၆၊ ၄၇ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၂၀ မှ ၂၅ အထိတို့တွင် အတိအလင်းပြဋ္ဌာန်း ထား ကြောင်း ယင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။
■ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မသန်စွမ်းကလေးငယ်များအပါအဝင် ကျောင်းနေအရွယ် ကလေးသူငယ်အားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက နှိုးဆော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံသားများ၏ ပညာရည်မြင့်မားရေးသည် ပဓာနကျသည်ဖြစ်ရာ ပညာရေးကိုအားပေးခြင်းဖြင့် ကလေးတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် ဆင်ခြင်တုံတရား မြင့်မားလာစေခြင်း၊ ကိုယ်ပိုင်ဘဝရပ်တည်နိုင်စွမ်းကို မြှင့်တင် ပေးနိုင်ခြင်း၊ မိသားစုနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့ကို အကျိုးပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) ကို အထောက်အကူပြုနိုင်သည့် မျိုးဆက်သစ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းသိရသည်။
■ သို့ဖြစ်ပါ၍ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသည့် နိုင်ငံတော်၏ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးများ စာသင်နှစ်အလိုက် ကျောင်းအပ်နှံရေး၊ စာသင်ခန်းသို့ ပြန်လည်ရောက်ရှိရေး၊ အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားခွင့်ရရှိရေး မိဘအုပ်ထိန်းသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အလေးအနက်တိုက်တွန်းနှိုးဆော်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 May 2026
■ ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်း၊လူသုံးကုန်ပစ္စည်းများရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
■ အကြမ်းဖက်သမားများဖျက်ဆီးခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုးရရုံးဌာနများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
■ ယင်းပစ္စည်းများမှာ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ခြင်းဖြစ်ပြီး မေလ ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ လည်းကောင်း၊ မေလ ၂၆ ရက်တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဖလမ်းမြို့သို့ လည်းကောင်း၊ မေလ ၂၇ ရက်တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် တီးတိန်မြို့သို့ လည်းကောင်း၊ ယနေ့ မေလ ၂၉ ရက်တွင် တီးတိန်မြို့မှ တွန်းဇံမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။
■ အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများကိုသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးအပ်ခဲ့ ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
Published 30 May 2026
■ မြန်မာကျောင်းသား လူငယ်များကို မြောက်ဝင်ရိုးစွန်းသို့ အခမဲ့ (၁၀) ရက်ကြာ သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
■ ရုရှားနိုင်ငံ ROSATOM အဖွဲ့အစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို မေ ၅ ရက်မှ ဇွန် ၁၅ ရက်ကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ ၁၀ ဦးသည် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို့ (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
■ အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ RAIN ကိုယ်ပိုင်အဖွဲ့အစည်းမှ ပြန်ကြားရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် အလက်ဇန္ဒားယူးစတပ်စ်က “ဗဟုသုတရေခဲခွဲသင်္ဘော (Icebreaker of Knowledge) စီမံကိန်းကို နိုင်ငံတကာအဆင့်အနေနဲ့ ကျင်းပတာ ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။
■ နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်တွေဟာ နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းဆီကို စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်နဲ့ စတင်ကြမှာပါ။
■ ၁၀ ရက်တာအတွင်းမှာ သူတို့ဟာ ထိပ်တန်းသိပ္ပံပညာရှင်တွေ၊ သိပ္ပံပညာပြန်ကြားရေး ကျွမ်းကျင်သူတွေ၊ ဘလော့ဂါတွေနဲ့အတူ အာတိတ်ဒေသကို လေ့လာစူးစမ်းကြမှာ ဖြစ်ပါတယ်။
■ ဒီခရီးစဉ်ဟာ ကမ္ဘာ့အမြင့်ဆုံးအမှတ်ကို ရရှိဖို့အတွက်သာမက ဗဟုသုတအမြင်တွေ ကျယ်ပြန့်လာစေဖို့၊ မိတ်ဆွေသစ်တွေရရှိဖို့၊ စံချိန်သစ်တွေတင်နိုင်ဖို့နဲ့ ဝင်ရိုးစွန်းဝက်ဝံတွေကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်” ဟု ပြောကြားသည်။
■ အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃ ရက် နောက်ဆုံးထား၍ တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများသည် အဆင့်(၁) အနေဖြင့် မေ ၅ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရာတွင် သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည့်အပြင် မေးခွန်းအားလုံးဖြေဆိုကာ သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို့ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
■ ထို့အပြင်အဆင့် (၂) အနေဖြင့် မေ ၁၈ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း Webinars ဆွေးနွေးပွဲများ တက်ရောက်ရမည်ဖြစ်ပြီး အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသရေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများအပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း၊အဆင့် (၃) အနေဖြင့် ဇွန် ၅ ရက်မှ ၁၅ ရက်ကာလအတွင်း ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ရမည်ဖြစ်ပြီး အဆင့် (၁) နှင့် အဆင့် (၂) တို့တွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံများမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို "Video Business Card" (ဗီဒီယိုဖြင့် မိတ်ဆက်တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲရလဒ်များကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကိုဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 24 of 2418