“တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူ သော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်”
၈၁နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းထဲမှ မှတ်သားစရာ(၆)ချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)
◾️၁။ သမိုင်းကြောင်းနှင့်လွတ်လပ်ရေးတာဝန်- ၁၉၄၅ ခုနှစ်တွင် ဖက်ဆစ်ဝါဒီတွေကို တပ်မတော်နှင့် ပြည်သူ ပူးပေါင်းပြီး အောင်မြင်စွာ စတင် တွန်းလှန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကျင်းပခြင်းဖြစ်ပြီး တပ်မတော်သည် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် ဒို့တာဝန်အရေးသုံးပါးကို သမိုင်းတစ်လျှောက် အသက်သွေးချွေးပေးဆပ်၍ ကာ ကွယ်စောင့်ရှောက်ခဲ့သည်။
◾️၂။ အမျိုးသားနိုင်ငံရေးနှင့် ဒီမိုကရေစီ ကာကွယ်ရေး- တပ်မတော်သည် နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံရဲ့အရေးအတွက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ နိုင်ငံ၏လိုအပ်ချက်အရ ပူးပေါင်း ပါဝင် ဆောင်ရွက်နေခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရခြင်းမှာ မဲမသမာမှုများကြောင့် ဒီမိုကရေစီစနစ်ကို ကာကွယ်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲက တစ်ဆင့် အသစ် ပေါ်ထွက်လာမည့် အစိုးရသစ်ကို တပ်မတော်သည် အထောက်အကူပြု ဆောင်ရွက်သွားမည်။
◾️၃။ခေတ်မီတပ်မတော် တည်ဆောက်ရေးနှင့် စည်းကမ်း- အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက် သော တပ်မတော်ဖြစ်စေရန် စဉ်ဆက်မပြတ်လေ့ကျင့်ရေး၊ ခေတ်မီစစ်လက်နက်များ ကိုယ်တိုင်ထုတ် လုပ်တပ်ဆင်ရေးတို့ကို အလေးထားရမည့်အပြင် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုကို ခိုင်မာ အောင် တည်ဆောက်ရမည်ဖြစ်သည်။
◾️၄။အကြမ်းဖက်မှုနှိမ်နင်းရေးနှင့်ပြည်သူ့စစ်မှုထမ်းစနစ်- နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက် စေသော အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို အရှိန်အဟုန်မြှင့် နှိမ်နင်းလျက်ရှိပြီး ပြည်သူ့လုံခြုံရေးစနစ်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
◾️၅။ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်စနစ်တည်ဆောက်ရေး- တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ NCA သဘောတူညီချက်များမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် နေပြီး လူမျိုးကိုအခြေမခံဘဲ နိုင်ငံနှင့်ကိုက်ညီသော ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်နှင့် ပါတီစုံ ဒီမို ကရေစီစနစ်ကို ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်သည်။
◾️၆။ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရေး- တပ်မတော်သည် "ပြည်သူသာအမိ၊ ပြည်သူသာအဖ" ဟူ သော ခံယူချက်ဖြင့် ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်ကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဆက် လက် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်သည်။
ကိုးကား- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းအပြည့်အစုံ

နေပြည်တော်၊ မတ်၂၇ ၊ ၂၀၂၆
ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်နှင့် အရောင်းဆိုင်များ၌ ယာဉ်များ တန်းစီရမှု လျှော့ချနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ထားသော Bar Code/QR Code စနစ်သစ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ယနေ့မှစတင်၍ ကျင့်သုံးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
ယင်းစနစ်ဖြင့် စိစစ်ရောင်းချနေမှုကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းနှင့် တာဝန်ရှိ သူများက နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စနစ်၏ လုပ်ဆောင်ပုံနှင့် တိုးချဲ့မည့် အစီအစဉ်
ဤစနစ်သစ်အရ မော်တော်ယာဉ် တစ်စီးချင်းစီ၏ အင်ဂျင်စက်စွမ်းအား (Engine Power) အလိုက် သတ်မှတ်ထားသော ပမာဏအတိုင်း စက်သုံးဆီများကို စနစ်တကျ စိစစ်ရောင်းချပေးမည်ဖြစ်သည်။ လက်ရှိတွင် အဓိက မြို့ကြီး ၄ မြို့၌ စတင်နေပြီဖြစ်ပြီး၊ ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှောက်နှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင်လည်း ဆက်လက်ကျင့်သုံးနိုင်ရန် တာဝန် ရှိသူများအား သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနကပြောသည်။

နောက်ခံအကြောင်းအရာနှင့် ခြွင်းချက်များ
QR Code ဖတ်ရန် အခက်အခဲရှိသော ယာဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်ငယ်များနှင့် အခြား လုပ်ငန်းသုံး ကဏ္ဍများအတွက်မူ သီးခြားမှတ်တမ်းများထားရှိ၍ လိုအပ်သော စက်သုံးဆီများကို ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများမှ ပူးပေါင်းအဖွဲ့များသည် အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူညီပေးခြင်းနှင့် စစ်ဆေးခြင်းများကို ပြုလုပ် လျက်ရှိသည်။
အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စီစဉ်ထားပြီး အလုံအလောက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုဖြင့် အလုအယက် ဝယ်ယူခြင်းမပြုဘဲ လိုအပ်သလောက်သာ ဝယ်ယူကြရန် တာဝန်ရှိသူများက အသိပေးထားသည်။
ဆက်သွယ်တိုင်ကြားနိုင်မည့်ဖုန်းနံပါတ်များ
စက်သုံးဆီဝယ်ယူရာတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ကြုံတွေ့လာပါကဖြစ်စေ၊ အခြား တင်ပြတိုင်ကြားလိုမှုများ ရှိပါကဖြစ်စေ အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန် အောက်ပါ Call Center များသို့ ဆက်သွယ်နိုင်ကြောင်းလည်းသိရသည်။
ဖုန်းနံပါတ်များ: ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆
Viber: ၀၉ ၄၀၁၇၄၈၅၉၈
#Daily_News
Published 27 March 2026
၁။ သင်္ကြန်ကာလအတွင်း ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရေး အရံမော်တော်ယာဉ်များထားရှိသွားမည်
၂။ စက်သုံးဆီတစ်လီတာကျပ်၈၀၀ကျော် မှ ၁၂၀၀ ကျပ်ကျော်အထိ ထပ်မံမြင့်တက်
၃။ YBS စီးနင်းသူဦးရေ နှစ်သိန်းခွဲအထိတိုးလာ
၄။ (၁၉၈၃)နောက်ပိုင်းတစ်ပတ်အတွင်းရွှေဈေးကျဆင်းမှုအကြီးမားဆုံးဖြစ်ပေါ်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
သင်္ကြန်ကာကာလအတွင်း ခရီးသည်များအဆင်ပြေစွာသွားလာနိုင်ရေးအတွက် အဝေးပြေးယာဉ်လိုင်းတွေမှာ အရံမော်တော်ယာဉ်တွေထားရှိပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှသိရပါတယ်။
#Local_News
Published 27 March 2026
#သင်္ကြန် #အဝေးပြေးယာဉ်လိုင်း
#YMG/SW #Yangon_Times
စက်သုံးဆီအမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၈၀၀ ကျော်ကနေ ၁၂၀၀ ကျပ် ကျော်အတွင်း ဆက်လက်မြင့်တက်လာတယ်လို့
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 27 March 2026
#စက်သုံးဆီ
#YMG/NN #Yangon_Times
YBS စီးနင်းသူဦးရေဟာ မတ်လဆန်းနဲ့လက်ရှိအချိန် နှိုင်းယှဉ်ပါက နှစ်သိန်းခွဲအထိ တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
#Local_News
Published 27 March 2026
#YBS #YRTC
#YMG/SW #Yangon_Times
မြန်မာလုပ်သားတွေအနေနဲ့ ပြည်ပထွက်ခွာဖို့အတွက်ဆောင်ရွက်ရာမှာ မမှန်မကန်လိမ်လည်တင်ပြသူနဲ့ နောက်ကွယ်မှ ပါဝင်ကူညီသူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
#Local_News
Published 27 March 2026
#မြန်မာလုပ်သား #အလုပ်သမားဝန်ကြီးဌာန
#YMG/SW #Yangon_Times
Page 28 of 2368