#Local_News
Published 29 May 2026
■ ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် အမျိုးသား၄၅ဦး နှင့်အမျိုးသမီး ၃၀ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
■ နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်း ဖြစ်သည်။
■ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် ယမာန်နေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။
■ နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ထိုသို့ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 29 May 2026
■ မြန်မာ-တရုတ် နှစ်နိုင်ငံအကြားမဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ (၂၀၂၆) တွင် စီမံကိန်းရှစ်ခုကိုအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
■ အဆိုပါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ (၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမာန်နေ့နံနက်ပိုင်းက နေပြည်တော်ရှိ M - Gallery ဟိုတယ်၌ကျင်းပသည်။
■ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ရှေ့မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
■ ယင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း များကို အကောင်အထည်ဖော်ရာတွင် အရေးပါလှပြီး ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို သိသာထင်ရှားစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစတင်၍ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၆ သန်းကျော်ခန့်တန်ဖိုးရှိ စီမံကိန်းစုစုပေါင်း ၁၄၀ ကိုရရှိခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များကိုအထောက်အကူပြုနိုင်မည့် စီမံကိန်းရှစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မဲခေါင် - လန်ချန်း ဒေသတွင်းငြိမ်းချမ်းရေး၊ သာယာဝ ပြောရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်လည်းကောင်း၊ အခြားသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြားသည်။
■ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျားက အမှာစကားပြောကြားသည်။
■ အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
■ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသောအဖွဲ့ဝင် နိုင်ငံခြောက်နိုင်ငံဖြင့်ဖွဲ့စည်းခဲ့သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားတစ်ရပ်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
NAY PYI TAW, May 28- At the invitation of Indian Prime Minister Shri Narendra Modi, Myanmar President U Min Aung Hlaing will soon make an official visit to the Republic of India to strengthen diplomatic, economic, and cultural relations between the two nations, the Ministry of Foreign Affairs announced today.
The upcoming diplomatic trip will feature high-level engagements, anchored by bilateral talks with Prime Minister Modi and a formal meeting with the President of India. Beyond discussions with top national leadership, President U Min Aung Hlaing’s itinerary includes meetings with Indian cabinet ministers, state governors, and prominent representatives from various business organizations to explore shared interests.
This official visit underscores an ongoing effort to foster multifaceted cooperation across the economic, religious, cultural, and social sectors. By prioritizing a cordial and open exchange of views, both nations aim to deepen the strategic ties bridging their governments and peoples. Highlighting a focus on regional development and economic partnership, the Myanmar delegation will also conduct tours of prominent Indian infrastructure facilities.
President U Min Aung Hlaing will be accompanied throughout the visit by a delegation of Union Ministers and senior government officials.
-End-
နေပြည်တော်၊ မေ ၂၈- အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်း အတွင်း အိန္ဒိယ နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၂၈ ရက်) တွင် သတင်းထုတ်ပြန်ကြေညာသည်။
ယခုသွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံ မည့်အပြင်၊ ဝန်ကြီးချုပ် မိုဒီနှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများကို ကျင်းပ သွားမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲများတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်သည်။
ယခုခရီးစဉ်သည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်များဖြစ်သည့် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်း များကိုလည်း နိုင်ငံတော်သမ္မတက သွားရောက်လေ့လာမည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ ပေါ်ထွက်လာရန် မျှော်လင့်ရသည်။
အဆိုပါ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-END-
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဖူးမျှော်နိုင်ဖို ပြေးဆွဲပေးနေတဲ့ ကေဘယ်လ်ကားများကို လာမယ့် သီတင်းကျွတ်မတိုင်မီ ပြန်လည်ပြေးဆွဲပေးမယ်လို့ ကျိုက်ထီးရိုးကေဘယ်လ်ကားကုမ္ပဏီကသိရပါတယ်။
#Local_News
Published 28 May 2026
#ကျိုက်ထီးရိုး #ကေဘယ်လ်ကား
#YMG/NN #Yangon_Times
ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်မှာ အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို ဇွန်လ၁ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 28 May 2026
#DEMU #ရထား
#YMG/SW #Yangon_Times
အခုမိုးစပါးရာသီမှာ စိုက်ပျိုးကြမယ့်Rice Export Zone မှ တောင်သူတွေ ကို စိုက်ပျိုးစရိတ်နဲ့သွင်းအားစုတွေ ရာသီချိန်အမီပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေသိရပါတယ်။
#Local_News
Published 28 May 2026
#Rice_Export_Zone
#YMG/NN #Yangon_Times
Page 26 of 2418