#Local_News
Published 3 December 2025
▪️ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ယနေ့ ၃.၁၂.၂၀၂၅ ရက်နေ့၊နေ့လည် ၁၂ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရွှေတောင်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်း၊ ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် လျှော်ပင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါဆီဘောက်ဆာယာဉ်မီးလောင်မှုကို နေ့လည် ၁၂နာရီ ၅၀မိနစ် အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
#YMG/SW #Yangon_Times
အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် လေကြောင်းနဲ့ ငါးဖမ်းလှေများ ကို ကြိုတင်သတိပြုကြဖို့မိုးလေဝသမှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာ အသိပေးလိုက်ပါတယ်။
#Local_News
Published 02 December 2025
#မုန်တိုင်း #လေကြောင်း #ငါးဖမ်းလှေ
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုနယ်က ဒေးစွန်ပါစေတီတော်မှာ ဓာတ်လှေကားတပ်ဆင်သွားမှာဖြစ်တာကြောင့် မည်သူမဆိုပါဝင်လှူဒါန်းနိုင်တယ်လို့
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
#Local_News
Published 02 December 2025
#ပဲခူးတိုင်းဒေသကြီး #ဒေးစွန်ပါစေတီ
#YMG/NN #Yangon_Times
စက်သုံးဆီ သယ်ယူပိုဆောင်ရာမှာ လူကြောင့်အားနည်းမှုများ မဖြစ်ပေါ်စေ ရေးအတွက် Terminal များမှစကာ Auto Tank Gauging(ATG)စနစ်များကို တပ်ဆင်ဆောင်ရွက်ရမယ်လို့ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
#Local_News
Published 02 December 2025
#စက်သုံးဆီ # ATG
#YMG/SW #Yangon_Times
#Local_News
Published 2 December 2025
▪️ ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ်ရှိ စပါးကြွယ်ကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်းတည်ဆောက်မှု၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်ေန့က အဆိုပါဓာတ်အား ခွဲရုံ တည်ဆောက်ရေးစီမံကိန်း၏ လုပ်ငန်းတိုးတက်မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သွားသော Shunt Reactor Bushing ပျက်စီးသွားမှုကို အမြန်ဆုံး စစ်ဆေးပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးသတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး ဂရုပြုဆောင်ရွက်သွားရန်နှင့် ကျန်ရှိသည့်လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်သွား ရန်မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
▪️ ယခုအကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) ဓာတ်အား ခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၈၁ ဒသမ ၀၇ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 02 December 2025
▪️ ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် ချင်းမိုင်မြို့၌ ရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင် ဆန္ဒမဲပေးခြင်း ပထမနေ့ကို ယမာန်နေ့ကဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ ယခုလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) အတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ပြုလုပ်ရာ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ် ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ (၄)ရက်တိုင်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မြန်မာလုပ်သား ၅၀၀ကျော်ကို ဂျပန်နိုင်ငံကထပ်မံခေါ်ယူထားတယ်လို့ တိုကျိုမြို့ရှိမြန်မာသံရုံးမှထုတ်ပြန်ထားပါတယ်။
#Local_News
Published 02 December 2025
#ဂျပန်နိုင်ငံ #တိုကျိုမြို့
#YMG/SW #Yangon_Times
Page 30 of 2266